11/10/2026
Order တစ်ခုကို ၁၀ မိနစ်အတွင်း အရောက်ပို့ပေးဖို့ဆိုတာ Logistics ကဏ္ဍတင်မဟုတ်ဘဲ နောက်ကွယ်က Backend နဲ့ Infrastructure အတွက် Software Time Budget က စက္ကန့်ပိုင်းပဲ ရပါတယ်။
Quick Commerce စနစ်တွေဟာ ရိုးရိုး E-commerce architecture တွေနဲ့ မတူဘဲ အချိန်တိုအတွင်း Flash Surges တွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားရပါတယ်။ ဒီ Article မှာတော့ 10-minute instant delivery platform တွေရဲ့ နောက်ကွယ်က High-throughput Distributed System နဲ့ Kubernetes Scaling Setup တွေကို ရှင်းပြထားတာ တွေ့ရပါတယ်။
လက်တွေ့မှာ Dark Stores တွေရဲ့ Inventory ကို Race Condition မဖြစ်ဘဲ တိတိကျကျ စီမံနိုင်ဖို့ Sub-millisecond Atomic Locking အတွက် Redis Lua Scripts တွေကို အသုံးပြုထားပါတယ်။ ဒါ့အပြင် မြို့ပြဧရိယာအလိုက် Rider Dispatch နဲ့ Stock တွေကို မြန်မြန်ဆန်ဆန် တွဲပေးနိုင်ဖို့ H3 Geospatial Indexing ကို အားကိုးထားပါတယ်။
Checkout, Inventory နဲ့ Warehouse Dispatch စတဲ့ Pipeline တွေကို Cascading Failure မဖြစ်စေဖို့ Apache Kafka နဲ့ Event-driven ပုံစံ Decouple လုပ်ထားပါတယ်။ ဒါကြောင့် Traffic ရုတ်တရက် တက်လာရင်တောင် Service တစ်ခုပြဿနာကြောင့် တစ်ခုလုံး ပြိုကျမသွားအောင် ထိန်းထားနိုင်ပါတယ်။
Platform Engineering ရှုထောင့်ကကြည့်ရင် ရုတ်တရက် မိုးရွာတာမျိုးလို Flash Spikes တွေမှာ CPU ဒါမှမဟုတ် Memory Threshold နဲ့ Autoscaling လုပ်နေတာက တော်တော်လေး နှေးပါတယ်။ ဒါကြောင့် Kubernetes ပေါ်မှာ KEDA ကိုသုံးပြီး Kafka Queue Lag ပေါ်မူတည်ကာ Consumer တွေကို လျင်မြန်စွာ Scale လုပ်နိုင်အောင် ချိန်ညှိထားတာက အတော်လေး လက်တွေ့ကျတဲ့ Pattern တစ်ခုပါ။
Distributed Systems တွေမှာ Latency-critical State တွေကို Event Streaming၊ Atomic Caching နဲ့ Queue-aware Autoscaling တွေသုံးပြီး ဘယ်လို Manage လုပ်သလဲဆိုတာ DevOps နဲ့ Platform Engineer တွေအတွက် လေ့လာစရာ အချက်ကောင်းတွေ ပါဝင်ပါတယ်။
Low-latency Event-driven Architecture တွေ စနစ်တကျ ပြင်ဆင်ချင်သူတွေနဲ့ Kubernetes Autoscaling ကို Spiky Traffic တွေအတွက် အကောင်းဆုံး Tune လုပ်ချင်တဲ့ Platform Engineer တွေ ဖတ်ကြည့်သင့်တဲ့ Reference တစ်ခု ဖြစ်ပါတယ်။
Reference:
https://kodekloud.com/blog/quick-commerce-tech-stack/