Mon State Federal Council - MSFC

Mon State Federal Council - MSFC

แชร์

MSFC is a political organization representing Mon State and Mon people during the Spring Revolution.

Photos from Mon State Federal Council - MSFC's post 14/05/2026

“လလောင်တြးပရိုင်”
“သတင်းထုတ်ပြန်ချက်”

ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် ကေုာံ ဒပ်ပၠန်ဂတးဍုၚ်မန် ကဵုအထံက်အပၚ် သွက် စှ်ေဘာဥတုကညၚ် ပ္ဍဲဍုၚ်သေံ

ဂိတုမေ ၁၄၊ ၂၀၂၆

ပ္ဍဲကဵုစၟတ်တ္ၚဲ ၉ ၊ ပ္ဍဲအသေအဟာန် စှ်ေဘာဥတုကညၚ် သွက်ကွးဘာ ဗတောန်လိက်မန် ပ္ဍဲကဵုဘာစရေဲ ပွိုၚ်ဍုၚ်ၜါန်ဖေဝ် ခရိုၚ်သမုဒ်သဃန်ဂှ် နူကဵု ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် ကေုာံ ဒပ်ပၠန်ဂတးဍုၚ်မန် ကဵုအထံက်အပၚ် သြန်သေံ (၁၀၀၀၀) ၜါတ်ရ။

ပ္ဍဲကဵု အသေအဟာန် စှ်ေဘာဥတုကညၚ်ဂှ် ကွးဘာ နူကဵုဘာလကျာ်စရေဲ၊ ဘာလကျာ် သာဲနဳ၊ ဘာလကျာ် စေတဳယာရာမ် ဗၞတ် (၈၆) တၠကဵု အာစာဂမၠိုၚ် မိမဂမၠိုၚ် တိုန်စိုပ်ရ။

ကြဴနူကဵု ပၞာန်သီအဝဵု အပ္ဍဲဍုၚ်မန် (အပ္ဍဲကၟိန်ဍုၚ်) သက္ကရာဇ် ၂၀၂၁ တုဲ ကောန်ၚာ်ဂမၠိုၚ် ဂြိပ်ဒဴလုပ်ဍုၚ် မွဲစွံကဵု မိမဍေံတံတုဲ ဆောံလေၚ်ကၠုၚ် ပရေၚ်ပညာဂှ်ရ ဘာမန်ဍုၚ်သေံတံ ဖန်ဗဒှ်ကဵု သွက်ဂွံဗတောန်လိက်မန် အခိၚ်ဥတုကညၚ်ဝွံရ။


================

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF မှ နွေရာသီ မွန်စာသင်တန်းဆင်းပွဲအတွက် အလှူငွေပေးအပ်

မေလ ၁၄၊ ၂၀၂၆

မေလ ၉ ရက်နေ့ တွင် ထိုင်းနိုင်ငံ စမွတ်ဆာခွန် ခရိုင်၊ ဘန်းဖယ်မြို့ နယ်၊ ကျရေးမွန်ဘုန်းတော်ကြီး နွေရာသီမွန်စာသင်တန်းဆင်းပွဲတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့မှ အလှူငွေ ၁၀၀၀၀ ဘတ် လှူဒါန်းခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ကျရေးကျောင်း၊ ဘန်ကောက်မြို့ပေါ် ရှိ ဆိုင်နွိုင်ကျောင်း၊ လော့ဘူရီခရိုင် စေတီရာမ်ကျောင်း တို့မှ ကျောင်းသား/သူ ပေါင်း (၈၆) ဦး၊ ဆရာ/ဆရာမများနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင်းရှိကလေးငယ်များ ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ အများအပြား ရွှေ့ပြောင်းလာပြီး ထိုင်းနိုင်ငံ ထိုင်းမွန်ဘုန်းကြီးကျောင်းများတွင် မိခင်ဘာသာစကားကို ခက်ခက်ခဲခဲ သင်ကြားနေရပါသည်။

#မွန်ပြည်ဖက်ဒရယ်ကောင်စီ #ကံင်ဇြဳဖေဝ်ဒရေဝ်ဍုင်မန် #ဒပ်ပၠန်ဂတးဍုၚ်မန်

14/05/2026

အတးဂၠာဲသြန်ဂအုံ ပ္ဍဲဍုၚ်နေဝ်တာလာန်

ဂိတုမေ ၁၄၊ ၂၀၂၆။

ပ္ဍဲကဵု စၟတ်တ္ၚဲ (၉) ဂိတုမေ တ္ၚဲအဒိုတ်ဂှ် ရန်တၟံကဵု ဂၠာဲသြန်ဂအုံ သွက်ပၠန်ဂတး ကောန်ဍုၚ်အရေၚ်ကၟိုန်ဍုၚ်မန်ဗၟာတုဲ ကၠောန်ဗ္ဒျ်သ္ဘၚ်အတးသၚ်္ကြာန် ဍုၚ်နေတာလာန် ရးယူရောပ် မ္ဒျ်ရ။
သွက်ဒပ်ပၠန်ဂတးဍုၚ်မန် တၞဟ်နဂွံလုပ်အာပေဲါဗ္တိုက်အဆက်က်မာန် ရန်တၟံတုဲ ပံၚ်တောဲကုကောန်ဍုၚ်အရေၚ် သွံဖျာ ဂၠာဲသြန်ဂအုံမွဲစွံရောၚ်ကီု နူကဵု ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် (MSFC) ပလံၚ်ဗစိုပ်နၚ် လိက်သဝဏ် ဘာသာဗၟာ ကေုာံ အၚ်္ဂလိက် ၜါဘာသာဂှ် နူဂကောံမန် ဍုၚ်နေဝ်တာလာန် မာံညာဏ်ထဝ် ကဵု မိခေန်အံၚ်မာဨ ဗှ်ထ္ၜးဏာ အတိုၚ်သၟဝ်ဝွံရအဴ။

-----------------------------------------------------------------------------------------------

နယ်သာလန်တွင် တော်လှန်ရေးအတွက် အတာသၚ်္ကြာန်ရန်ပုံငွေရှာဖွေ
မေ ၁၄၊ ၂၀၂၆
မေလ ၉ ရက်နေ့ တနဂ်နွေနေ့တွင် မြန်မာနိုင်ငံ မွန် မြန်မာ အတွက်ရည်ရွယ်ပြီး တော်လှန်ရေးရန်ပုံငွေ အတွက် နယ်သာလန်နိုင်ငံတွင် အတာသၚ်္ကြာန်ပြုလုပ်ခဲ့ပါသည်။
ရှေ့ဆက်မွန်တော်လှန်ရေးတပ်တိုက်ပွဲဝင်သွားနိုင်အောင်ရန်ရွယ်၍ နိုင်ငံသားနှင့်ပူးပေါင်းပြီး ရန်ပုံငွေအ တွက်ဈေရောင်းပွဲတော်ပြုလုပ်ခဲ့ပါသည်။ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနှင့် သဝဏ်စာ မြန်မာဘာသာ နှင့် အင်ဂလိက်ဘာသာ ကိုပို့ပေးပြီး နယ်သာလန်နိုင်ငံရှိသည့်မွန်အဖွဲ့အစည်းမှ မင်းညာဏ်ထော နှင့် မိခင်အောင်မာအေး တို့ကဖတ်ပြပေးခဲ့ပါသည်။

#မွန်ပြည်ဖက်ဒရယ်ကောင်စီ

Photos from Mon State Federal Council - MSFC's post 13/05/2026

“လလောင်တြးပရိုင်”
"သတင်းထုတ်ပြန်ချက်"

ဒပ်ပၠန်ဂတးဍုၚ်မန် (MSRF) ကၠောန်ဗဒှ် ကောံဓရီုသ္ကိုပ်ဒပ် အလန် (၁/၂၀၂၆) တုဲဒှ်အာဗွဲမအံၚ်ဇၞး

ဂိတုမေ(၁၃)၊ သၞာံ ၂၀၂၆

ပ္ဍဲဂိတုမေ စၟတ်တ္ၚဲ (၉) စဵုစိုပ် (၁၁) ပွိုၚ်(၃)တ္ၚဲ ဂှ် ကံင်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် (MSFC) ကေုာံ ဒပ်ပၠန်ဂတးဍုၚ် မန် (MSRF) တံ ကၠောန်ဗဒှ်လဝ် ကောံဓရီုသ္ကိုပ်ဒပ် အလန် (၁/၂၀၂၆) ပ္ဍဲရုၚ်တံဒပ်ပၠန်ဂတးဍုၚ်မန် (MSRF) ဂှ် တုဲဒှ်အာဗွဲမအံၚ်ဇၞးရ။
ပ္ဍဲကောံဓရီုဂှ် ညးမချဳဒရာၚ်ယိုၚ်ဂၠေၚ်ဒၟံၚ်တာလျိုၚ် ပ္ဍဲရုၚ်တံဒပ် ကေုာံ ဌာန တၞဟ်ဟ်ဂမၠိုၚ်တအ် ပ္တိုန်ထ္ၜး သ္ၚဳဂၠိပ် လိခ်ဒုၚ်စဳရေၚ် ပရေၚ်လဝေၚ်ပၞာန် ကေၚ်ကာပၞာန် တံတုဲ ဥက္ကဌကမ္မတဳ ပရေၚ်အုပ်ဓုပ်၊ ဒုဥက္ကဌ၊ သ္ကိုပ်ဌာန ပရေင်စဵုဒၞာ၊ သ္ကိုပ်ဌာန ပရေင်အပ္ဍဲဍုၚ်၊ ညးမၞုံတာလျိုၚ်ဌာန နူကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် (MSFC) ဂမၠိုၚ်ကီု၊ ကေုာံ သ္ကိုပ်တံဒပ်၊ ဒုသ္ကိုပ်တံဒပ်၊ ညးတာလျိုၚ်၊ စက္ကာဲ၊ ညးလျိုၚ်ဌာနဂမၠိုၚ် ကေုာံ သ္ဂံၚ် နူဒပ် ပၠန်ဂတးဍုၚ်မန် (MSRF) ဂမၠိုၚ်ကီု တိုန်စိုပ်အိုတ်ရ။

ကောံဓရီုဝွံ သ္ပတၚ်ပတဝ်က္ဍိုပ်ကဵုဒပ်ပၠန်ဂတးဍုၚ်မန် (MSRF) တုဲ သဳကၠဳလဝ် သွက်ဂွံကၠောန်အာကမၠောန် ဌာန်ဂတ၊သွက်ဂွံသၠုၚ်ပ္တိုန်အာဍာ်ဒကေဝ်စရာဲ ကမၠောန်တအ်ရ။ ပ္ဍဲတံဒပ်၊ ဒပ်ပၞာန် ကေုာံ အကြာမဟာ မိတ်ကီု ညံၚ်ဂွံကၠောန်အာကမၠောန် ပရေၚ်ချဳဒရာၚ်ပၞာန် ဗွဲမခိုၚ်ကၠိုက် ကေုာံ ညံၚ်ဂွံထိၚ်ဒဝ်အာ ဒ္ဂေတ်ဝတ် ပၞာန် ဗွဲမဇိပ်ဂၠိပ် သွက်ဂွံလုပ်အာပေဲါဗ္တိုက်ဂှ် သဳကၠဳဖျေံလဝ်သ္ကုတ်သွာတ်ရ။

ပဲါနူဂှ်ပၠန် သဳကၠဳလဝ် ညံၚ်ဂွံဒှ်အာဒပ်သွက်တွဵုရးဍုၚ်မန် ကေုာံ လ္တူညးဍုၚ်ကွာန်မန်တအ် ဂွံဗဒဲါဒၠာဲကီု ညံၚ်ဂွံဒှ်အာစဵုဒၞါညးဍုၚ်ကွာန် တုဲ ဆက်ကၠောန်အာပၠန်ဂတး ဆက်လုပ်အာပေဲါဗ္တိုက်ရောင်တုဲ ပရေၚ်က မၠောန်ပၠန်ဂတးဂမၠိုၚ် ညံၚ်ဂွံစိုပ်တရဴမာန် သွက်ဂွံ ပံၚ်တောဲအာကဵု မဟာမိတ်ဂမၠိုၚ်ကီု သီုကဵုပရေၚ်ပၞာန်၊ ပရေင်ဍုင်ကွာန်ကီုရ။

ပ္ဍဲကောံဓရီုသ္ကိုပ်ဒပ်ဂှ် တၚ်ပ္တဝ်က္ဍိုပ်ပရေၚ်ပၞာန်၊ အုပ်လဒံတိဍာ် ကေုာံ ပရေၚ်ကမၠောန်သွက်ဂွံစဵုဒၞါအာညး ဍုၚ်ကွာန်ဂမၠိုၚ်ဂှ် သ္ပဒတန်သ္ဂုတ်သွာတ်မာန်တဴရ။

-------------------------------------------------------------------

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၏ တပ်မှူးများအစည်းအဝေး (၁/၂၀၂၆) အောင်မြင်စွာကျင်းပပြီးစီး

မေလ (၁၃) ရက်၊၂၀၂၆

မွန်ပြည်ဖက်ဒရယ်‌ကောင်စီ (MSFC) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ မှ ၂၀၂၆ ခုနှစ် တပ်မှူးများအစည်းအဝေး (၁/၂၀၂၆) ကို မေလ (၉) ရက်မှ (၁၁) ရက်နေ့အထိ မွန်ပြည်တော်လှန်ရေးတပ် (MSRF )၏ တပ်ရင်းဌာနချုပ်၌ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

တပ်မှူးများအစည်းအဝေးတွင် မွန်ပြည်ဖက်
ဒရယ်ကောင်စီ (MSFC) အုပ်ချုပ်ရေးကော်မတီမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ ကာကွယ်ရေးဌာန ဌာနမှူး၊ ပြည်ထဲရေးဌာန ဌာနမှူး၊ ဌာနတာဝန်ရှိသူများ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ရင်းတာဝန်ရှိ အရာရှိများ၊ ဌာနဆိုင်ရာ တာဝန်ခံများနှင့် ရဲဘော်များတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တပ်ရင်းနှင့် ဌာနအသီးသီးမှ ဆောင်ရွက်ခဲ့သော စစ်ရေးလှုပ်ရှားမှုနှင့် အစီရင်ခံစာများကို အသေးစိတ် ပြန်လည်သုံးသပ်ခဲ့ကြသည်။ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၏ အားသာချက်နှင့် အားနည်းချက်များအပေါ် အခြေခံ၍ ရှေ့ဆက်လုပ်ဆောင်မည့် စစ်ရေးစွမ်းရည် မြှင့်တင်နိုင်ရေး ကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြပြီး တပ်ရင်း၊ တပ်ဖွဲ့များနှင့် မဟာမိတ်များအကြား ပိုမိုကျစ်လစ်အားကောင်းသည့် စစ်ရေးလှူပ်ရှားမှုများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို တိကျစွာ လိုက်နာစောင့်ထိန်းသည့် တော်လှန်ရေးတပ်အဖြစ် ဆက်လက်တိုက်ပွဲဝင်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ဒါ့အပြင် မွန်ပြည်နှင့် မွန်ပြည်သူလူထုမှ အားကိုးရသော၊ပြည်သူ့အကျိုးအပြု၍ စနစ်ကျသော၊ ပြည်သူကို အကာအကွယ်ပြုသော တော်လှန်ရေးတပ်အဖြစ် ဆက်လက်တိုက်ပွဲဝင်သွားကြရန် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။

လက်ရှိတော်လှန်ရေး အခင်းအကျင်းအရ ဒေသတွင်းရှိ တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် စစ်ရေး၊ နိုင်ငံရေးအရ ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ဗျူဟာမြောက် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးအဖြေရှာခဲ့ကြသည်။

တပ်မှူးများအစည်းအဝေးတွင် ရှေ့ဆက်ဖော်ဆောင်သွားရမည့် စစ်ရေးရည်မှန်းချက်များ၊ နယ်မြေစိုးမိုးရေးနှင့် ပြည်သူ့ကာကွယ်ရေး လုပ်ငန်းစဉ်များကို အတည်ပြုချမှတ်နိုင်ခဲ့သည်။

#မွန်ပြည်ဖက်ဒရယ်‌ကောင်စီ #ဒပ်ပၠန်ဂတးဍုၚ်မန် #ကောံဓရီုသ္ကိုပ်ဒပ်

08/05/2026

ဥရောပရောက် မြန်မာနိုင်ငံတိုင်းရင်းသား အတာသင်္ကြန်အခမ်းအနားအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ပေးပို့သောထုတ်ပြန်ချက်

မေလ ၉ရက်၊ ၂၀၂၆ ခုနှစ်

#မွန်ပြည်ဖက်ဒရယ်ကောင်စီ

08/05/2026

Statement by the Mon State Federal Council (MSFC)
To Ethnic Communities from Burma in Europe
on the Occasion of the Thingyan Festival

9 May 2026

#မွန်ပြည်ဖက်ဒရယ်ကောင်စီ

07/05/2026

ပြည်သူ့ ကာကွယ်ရေးတပ်မတော် (၅) နှစ်ပြည့် အထိမ်းအမှတ်သို့
မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ပေးပို့ သော သဝဏ်လွာ

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိကတည်းက မြန်မာ့ (ဗမာ) တပ်မတော်သည် ဖက်ဆစ်စစ်တပ်ဆန်ဆန် တိုင်းရင်းသား လူထုကို ဖိနှိပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ နိုင်ငံရေးတွင် အပြည့်အဝ ပါဝင်စွက်ဖက်ခဲ့ပြီး ၎င်း၏ ဖက်ဆစ်တပ်မှလည်း ပြည်သူလူထုကို ကာကွယ်မည့်အစား စစ်အစိုးရနှင့် စစ်ဘက်မှ ထိန်းချုပ်ထားသည့် အရပ်သား အစိုးရ အဆက်ဆက်အား ဆန့်ကျင်သည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများနှင့် ၎င်းတို့ ၏ ပြည်သူတို့အား နည်းမျိုးစုံဖြင့် ဖိနှိပ် သတ်ဖြတ်ခဲ့သည်မှာ ရာစုနှစ် တစုနီးပါးသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် ၂၀၂၁ ခုနှစ် အာဏာရှင် အကြမ်းဖက်မင်းအောင်လှိုင်မှ အာဏာသိမ်းပြီးသည့်နောက်ပိုင်း၊ တနိုင်ငံလုံး ရှိ ပြည်သူလူထုတို့ အား ဖိနှိပ်ခဲ့သည်။ ယခင်က မြန်မာ (ဗမာ) မဟုတ်သည့် တိုင်းရင်းသားပြည်သူတို့ အား အပြင်းအထန် နှိပ်စက်ခဲ့သည့် စစ်တပ်သည် အာဏာသိမ်းပြီးသည့်နောက် ဗမာပြည်သူအများစုကို ဆက်တိုက် ဖိနှိပ်ခဲ့သည်။ ထို့ကြောင့် မိမိတို့ ၏ ဒေသ၊ မိမိတို့ ၏ ပြည်သူတို့အား ကာကွယ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကို အသီးသီးဖွဲ့ စည်း လာခဲ့သည်။ ၎င်းအပြင် စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး မြို့ သိမ်း စခန်းသိမ်း တိုက်ပွဲများကို ဆင်နွဲခဲ့ပေသည်။

ယခုဆိုလျှင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကွပ်ကဲမှုအောက်တွင် ရှိနေသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ၄င်း တို့ ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် ရပ်တည်နေကြသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ များသည် တူညီသော ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြားသော တော်လှန်ရေး အင်အားစုများနှင့် အတူ တိုက်ပွဲဝင်လျှက် ရှိသည်။ ယခုကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၅) နှစ်ပြည့် အထိမ်း အမှတ်ကာလတွင် ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူတရပ်လုံးအား ခေတ်အဆက်ဆက် ဖိနှိပ်ခဲ့သည့် စစ်အာဏာရှင် စနစ်အား အပြီးအတိုင် ဖျက်သိမ်း နိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဖြစ်ကြရန် အလေးအနက် တိုက်တွန်းပါသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ
မေလ (၇) ရက်၊ ၂၀၂၆ ခုနှစ်

#ကံင်ဇြဳဖေဝ်ဒရေဝ်ဍုင်မန် #မွန်ပြည်ဖက်ဒရယ်ကောင်စီ

02/05/2026

"လလောၚ်တြးပရိုၚ်"
"သတင်းထုတ်ပြန်ချက်"

ဒပ်ပၠန်ဂတးဍုၚ်မန်(MSRF) ကေုာံ ဒပ်ပၠန်ဂတးမဟာမိတ်တံ သုင်စောဲပၞာန်ဒမၠုက်တုဲပန်ပှော် လဝေၚ်ဏာပၞာန် ကု ကရောၚ်ပၞာန်ကံၚ်ဇြဳပၞာန်ဗၟာ မချဳဒရောၚ်မံၚ် ပ္ဍဲပွိုၚ်ဍုၚ်ရေဝ်သၟဝ်ကျာ

ဂိတုမေ ၂ ၊ သၞာံ၂၀၂၆

ဂိတု အေပြေလ်(၂၈) ဂှ် ဒပ်ပၠန်ဂတးဍုၚ်မန်(MSRF) ကေုာံ ဒပ်ပၠန်ဂတးမဟာမိတ်တံ သုင်စောဲပၞာန်ဒမၠုက်တုဲပန်ပှော် လဝေၚ်ဏာ ပၞာန် ကု ကရောၚ်ပၞာန်ကံၚ်ဇြဳပၞာန်ဗၟာ မချဳဒရောၚ်မံၚ် ပ္ဍဲပွိုၚ်ဍုၚ်ရေဝ်သၟဝ်ကျာ ပ္ဍဲတွဵုရးဍုၚ်မန် ဂှ်နွံရ။
အပ္ဍဲအခိၚ်လဒေါဝ်တ္ၚဲ(၁၂)နာဍဳ(၁၀)မိနေတ်ဂှ် က္တဵုဒှ် ပေဲါဗ္တိုက် ဗ္ဒဲါကွာန်အံၚ်သာယာတုဲ လ္ပာ်သၞကံၚ် ဇြဳပၞာန်ဗၟာတံ ချိုတ်အာ(၄) တၠ ဒးဝပ် (၁၀) တၠနွံတုဲ လ္ပာ်ဒပ်ပၠန်ဂတးတအ်ဟွံထိခေက်မွဲသာ်က လေၚ်နုက်တိတ်ကၠုၚ်ဗွဲမအံၚ်ဇၞးရ။
ပ္ဍဲဒပ်ပၠန်ဂတးမဟာမိတ်ဂမၠိုၚ်ဂှ်ဝွံ ဒပ်ပၠန်ဂတးဍုၚ်မန် (MSRF)၊ ဒပ်စဵုဒၞာညးဍုၚ်ကွာန်ရေဝ် (YPDF)၊ ဒပ်မန်ရာမည (RMA) တံဒပ် (၉၀၁)၊ KNLA တံဒပ် (၂၇) ဒပ်ပါ် (၁) ကေုာံ ဒပ်ပါ်မုက်ပၞာန် တံဒပ်ဒမၠုက်ရေဝ်(စၟတ်-၈၀၀၁) တအ် ပံင်တောဲလုပ်လဝ်ပေဲါဗ္တိုက်ရ။
—-----------------------------
မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်း တွင်လှုပ်ရှားနေသော စစ်ကောင်စီ စစ်ကြောင်းအား မွန်ပြည်တော်လှန်ရေးတပ် နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့မှ ပြောက်ကျားတိုက်ခိုက်

၂ ၊ မေလ၊ ၂၀၂၆ ခုနှစ်

မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းတွင်လှုပ်ရှားနေသော စစ်ကောင်စီ စစ်ကြောင်းအား မွန်ပြည်တော်လှန်ရေးတပ် နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့မှ ပြောက်ကျားတိုက်ခိုက်ခဲ့သည်။
ဧပြီလ ၂၈ ရက်နေ့ နေ့လည် (၁၂:၁၀) နာရီဝန်းကျင်တွင် အောင်သာယာရွာနား ၌ ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် မှ တပ်သား ၄ ဦး သေဆုံးကာ ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအပြီးတွင် မိမိတို့တပ်ဖွဲ့များမှ ထိခိုက်မှုမရှိ အောင်မြင်စွာ ခွါစစ်ဆင်နိုင်ခဲ့သည်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နှင့် ရေး‌ပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲ တို့ ပူး‌ပေါင်းပါဝင်ခဲ့ကြပါသည်။

Photo -

#ကံင်ဇြဳဖေဝ်ဒရေဝ်ဍုင်မန် #မွန်ပြည်ဖက်ဒရယ်ကောင်စီ

02/05/2026

ညးတာလျိုၚ် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် တိုန်စိုပ်ဟီုဂလာန် ပ္ဍဲတ္ၚဲသၟာကမၠောန်အလုံလိုက်

မေ ၂၊ ၂၀၂၆

ပ္ဍဲကဵုစၟတ်တ္ၚဲ (၁) ဂိတုမေ အဃော သမဂ္ဂသၟာကမၠောန်ကၟိန်ဍုၚ် (ဗၟာ) Confederation of Trade Union of Myanmar ကၠောန်ဗဒှ် တ္ၚဲသၟာကမၠောန်အလုံလိုက် International Labour Day ဂှ် နူကဵု နာဲဖုၚ်မျာတ် (ဒု-ဥက္ကဌ ကမ္မတဳပရေၚ်အုပ်ဓုပ်) တိုန်ဟီုဂလာန်ရ။ အရေဝ်ဂလာန်ဂှ် အတိုၚ်ဗွဲသၟဝ်ရ။

--------------------------------------------------------------------------
မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ခေါင်းဆောင်တဦးမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ တွင် မိန့် ခွန်းပြောကြားခြင်း

မေလ ၂ ရက်၊ ၂၀၂၆

၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့ တွင် မြန်မာနိုင်ငံ အလုပ်သမားကွန်ဖက်ဒရယ်ရှင်း (သမဂ္ဂ) ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ မွန်ပြည် ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မီတီ ဒု-ဥက္ကဌ နိုင်ဘုန်းမြတ်မှ ဗီဒီယို မိန့်ခွန်း ပေးပို့ ခဲ့သည်။ မိန့် ခွန်း အပြည့်အဝကို အောက်တွင် ဖော်ပြသည်။

#မွန်ပြည်ဖက်ဒရယ်ကောင်စီ

01/05/2026

"လလောင်တြးပရိုင်"
"သတင်းထုတ်ပြန်ချက်"

ဌာနပရေၚ်ထတ်ယုက် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် လွဳလွတ်ညးဍုၚ်ကွာန် ပ္ဍဲ ပွိုၚ်ဍုၚ်ရေဝ်
ဂိတုမေ ၁၊ ၂၀၂၆
သၞာံ ၂၀၂၆ ဂိတုဧဗြဴ သတ္တဟလက္ကရဴအိုတ်ဂှ် နူဂကောံအာစာဂဥုဲ ဌာနပရေၚ်ထတ်ယုက် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် အာလွဳလွတ်ယဲ ကုညးဍုၚ်ကွာန် ဗီုပြၚ် ထိုၚ်ဗအ် မိုဝ်ဗါၚ် အလန်တတိယ (ပ္ဍဲသၞာံဏံ) ပ္ဍဲဒေသကွာန်တမ္ၜဳရေဝ်ကီု သီုကဵု ဒပ်ပၠန်ဂတးတံ တုဲဒှ်ဗွဲမအံၚ်ဇၞးရ။
အဓိက တၚ်ရန်တၟံ မေတ်ယှေန် (Mission) ဏံဝွံ အာကဵုလညာတ်ဆေၚ်ကဵု ပရေၚ်ထတ်ယုက်၊ လွဳလွတ်ယဲ ကု ညးဍုၚ်ကွာန် ကေုာံ အိန်ထံၚ်ကောန်သ္ဂံၚ် ဒၞာဲရုၚ်ဂဥုဲ ဟွံမွဲတံရ။
ပ္ဍဲကဵုစှေ်ဒေသဏံမ္ဂး လွဳလွတ်လဝ်ကဵုယဲ မပ္တံယဲ မဆေၚ်စပ်ကဵု ဥတုရာသဳ (ရာသီတုပ်ကွေး)၊ ယဲထိုၚ်စၞ၊ ယဲဆေၚ်စပ်ကဵုကြုတ်၊ ယဲ ဆေၚ်စပ်ကဵု ဖျုန်လတေၚ် တံမဒှ်ရ။ တုဲမၞိဟ်ယဲယီုဂြေက် (အက်စမာ) တအ်ဂှ် ပၠံၚ်ဗစိုပ်ကဵု ရုၚ်ဂဥုဲဗွဲမဂတာပ်အခိၚ်တုဲ သွက်ဂွံစဵုဒၞာယဲတအ်ဂှ်လေဝ် သောၚ်ကၠးလဝ်ကဵုလညာတ်ရ။
တုဲပၠန် အာစာဂဥုဲတံ ထပ်ကဵု လွဳဝတ်ကဵု မၞိဟ်အာယုက်ဇၞော် ညးဗျုဗျု မၞိဟ်နွံကဵု ယဲဍာ်ဇမၠိၚ်တံကီုတုဲ စမ္ၜိုတ်လဝ်ကဵု ယဲဆီၜေတ် ကေုာံ ယဲနမ်ဍာတ် တအ်နွံရ။ သွက်မၞိဟ်ယိုက်လဝ်ဂဝ်ဂၞဴတအ်ဂှ် စမ္ၜိုတ်လဝ်ကဵုပရေၚ်ထတ်ယုက်တုဲ ပါ်ပရအ်လဝ် လညာတ် သွက်ဂွံမၚ်မွဲ ဂဝ်ဂၞဴရ။ ပ္ဍဲကဵု Mission ဏံဝွံ လွဳလွတ်မၞိဟ်ယဲဗၞတ် ၁၀၀ တၠရ။
ဌာနပရေၚ်ထတ်ယုက်ဝွံ နွံသၟဝ်တဲ ကမ္မတဳပရေၚ်အုပ်ဓုပ် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန်တုဲ ရေၚ်တၠုၚ်ကဵုမံၚ် ပရေၚ်ဒတုဲဖဵုပရေၚ်ထတ်ယုက် ဒေသသၟဝ်ကျာ ကေုာံ ဒေသသၠုၚ်ကျာ တွဵုရးဍုၚ်မန်၊ ပွိုၚ်ဍုၚ်ဍာ်ဗု တံ နွံကီုရ။

--------------------- ------------------ -----------

ရေးမြို့နယ်တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်
မေလ ၁ ရက်၊ ၂၀၂၆
၂၀၂၆ ခုနှစ် ဧပြီလ နောက်ဆုံးအပတ်တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ ကျန်းမာရေးဌာနမှ ရေးချောင်း အောက်ပိုင်းတွင် မိုဘိုင်းကျန်းမာရေးဝန်ဆောင်မှု မစ်ရှင် ၃ ကြိမ်မြောက်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။
မိုဘိုင်းကျန်းမာရေးဝန်ဆောင်မှု၏ အဓိကရည်ရွယ်ချက်မှာ ဆေးခန်း ဆေးရုံ လုံလောက်စွာ မရရှိနိုင်သော ဒေသခံပြည်သူများနှင့် တော်လှန်ရေးရဲဘော်အိမ်ထောင်သည်များအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ၊ ဆေးဘက်ဆိုင်ရာ အကြံပေးမှုများနှင့် ကျန်းမာရေး ပညာပေးမှုများ ပံ့ပိုးပေးရန် ဖြစ်သည်။
ကွင်းဆင်းဆောင်ရွက်မှုတွင် ရာသီတုပ်ကွေး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ကြွက်သားနှင့် အဆစ်ပြဿနာများ၊ အသားအရေရောဂါများ ကုသပေးခဲ့သည်။
ထို့အပြင် အသက်ရှူခက်ခဲခြင်းနှင့် အက်စမားရောဂါရှိသူများအတွက် အရေးပေါ်ဆေးကုသမှုများကို အချိန်မီ ပံ့ပိုးပေးခဲ့ပြီး နောက်ထပ် ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် ကျန်းမာရေးပညာပေးမှုများ ကိုလည်း ဆောင်ရွက်ခဲ့သည်။
နာတာရှည်ရောဂါများအတွက်လည်း အသက်ကြီးသူများကို သွေးဖိအားနှင့် သွေးချိုအဆင့် စစ်ဆေးပေးကာ လိုအပ်သည့်ကုသမှုများ ပံ့ပိုးပေးခဲ့သည်။ မိခင်နှင့် ကလေးကျန်းမာရေးကဏ္ဍတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် အခြေခံကျန်းမာရေး စစ်ဆေးမှုများနှင့် အကြံပေးမှုများ ပြုလုပ်ခဲ့ သည်။ မိုဘိုင်းကျန်းမာရေးဝန်ဆောင်မှုအတွင်း လူနာအယောက် စုစုပေါင်း ၁၀၀ ဦးကို ကျန်းမာရေး ကုသပေးနိုင်ခဲ့သည်။
ကျန်းမာရေးဌာနသည် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ အုပ်ချုပ်ရေးကော်မီတီအောက်တွင် ရှိပြီး မွန်ပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ရေဖြူဒေသတို့တွင် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ် နေပါသည်။

#မွန်ပြည်ဖက်ဒရယ်ကောင်စီ

Photos from Mon State Federal Council - MSFC's post 27/04/2026

ဌာနဓရ်ဗစာရဏာမၞိဟ် ကေုာံ ဟံၚ်ပြာ် MSFC ကဵုအရီုအဗၚ် ညးဍုၚ်ကွာန် ဒးဘဲပၞာန်

ဧပြဳ ၂၇၊ ၂၀၂၆

နူကဵု ဂိတုမာတ်ကီု ၊ ပ္ဍဲဂိတုဧပြဳဏံကီု ဟိုတ်နူကဵု ဒပ်ပၞာန်ကျာဗမာတံ ထောံဖျေံဗုၚ် နကဵုက္ၜၚ်ကျာပၞာန်တုဲ ညးဍုၚ်ကွာန် နူကဵုပွိုၚ်ဍုၚ်ၜဳကလေၚ်တံ ဒးဂြိပ်ဒဴမံၚ် ဂၠိုၚ်ကဵုလ္ၚီတၠတုဲ နူကဵု ဌာနဓရ်ဗစာရဏာမၞိဟ် ကေုာံ ဟံၚ်ပြာ် သၟဝ်ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် (MSFC) အာကဵုအရီုအဗၚ် ဆေၚ်စပ်ကဵု ကပေါတ်တိက်မံင်တံကီုရ။

ညးလျိုၚ်ဌာန ဌာနဓရ်ဗစာရဏာမၞိဟ် ကေုာံ ဟံၚ်ပြာ် သ္ပက္ဍိုပ်တုဲ ညးတာလျိုၚ် နူကဵု ဌာနတံ ရာန်ကပေါတ် ယာတ် သကဝ် ကၞဴ တံတုဲ ကေတ်အခိၚ် ပွိုၚ်မွဲသတ္တဟ ကဵုအရီုအဗၚ် ကုညးဒဴပၞာန် နူကဵု ဇၟာပ်ပ်အိန်ထံၚ် မၞုံ ပ္ဍဲကဵုပွိုၚ်တိုက် ဝေန်တာပါန်၊ ပွိုၚ်ဍုၚ်ၜဳက္လေၚ်၊ တွဵုရးဍုၚ်မန် ဒေသသၟဝ်ကျာတေံရ။

နကဵု ဌာနဓရ်ဗစာရဏာမၞိဟ် ကေုာံ ဟံၚ်ပြာ် ကဵုဂွံအရီုအဗၚ် ကုအိန်ထံၚ် ဗၞတ် (၃၄၈) အိန်ထံၚ်တုဲ သွက်ဇၟာပ်ပ်အိန်ထံၚ်ဂှ် ကဵုလဝ် ယာတ် ကၞဴ သကဝ် နွံကီုရ။

ဌာနဓရ်ဗစာရဏာမၞိဟ် ကေုာံ ဟံၚ်ပြာ်ဝွံ နွံကဵု သၟဝ်ကမ္မတဳပရေၚ်အုပ်ဓုပ်တုဲ ဆေၚ်စပ်ကဵု ပရေၚ်ကဵုအရီုအဗၚ် ကုညးဒဴပၞာန်ဂှ် ကဵုမံၚ်အရီုအဗၚ် ဇွောံမ၊ သြန် (သွက်ဂွံရာန်ဇွောံမ) ကေုာံ ကပေါတ်ဗွိုက်လတက် ယာတ် သကဝ် ကၞဴတံ နွံမံၚ်လၟေၚ်ၚ်ရ။
-------------------------------------------------------------------------

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနမှ စစ်ရှောင်ပြည်သူများအတွက် အကူအညီပေးအပ်

ဧပြီလ ၂၇၊ ၂၀၂၆

လွန်ခဲ့သည့် မတ်လတွင်လည်းကောင်း၊ ယခုဧပြီလတွင် လည်းကောင်း မွန်ပြည်နယ်မြောက်ပိုင်း ဘီးလင်းမြို့ နယ်တွင် မြန်မာစစ်တပ် လေကြောင်းမှ ပြည်သူတို့အား ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ပွားနေစဉ် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနမှ စစ်ရှောင်ပြည်သူများအတွက် အစားအစာမဟုတ်သည့် အကူအညီများအား ပေးအပ်ခဲ့သည်။

လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနမှ ဌာနမှူးမှ အချိန်ရက်သတ္တပတ် (၁) ပတ်ခန့် အချိန်ယူပြီး လိုအပ်သည့် ခြင်ထောင် စောင်နှင့် ဖျာများကို ဝယ်ယူပြီး
ဘီးလင်းမြို့နယ် ဖိုးဝါးသိမ်ကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်ပြည်သူများကို အိမ်ထောင်စုအလိုက် ဝေဌခဲ့သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနမှ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စုဦးရေ (၃၄၈) အိမ်ထောင်စုအား စောင် ခြင်ထောင်နှင့် ဖျာ
အကူအညီပစ္စည်းများ ပေးအပ်ခဲ့သည်။

လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနသည် မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မီတီအောက်တွင် ရှိနေသည့် ဌာနဖြစ်ပြီး မွန်ပြည်နယ်နှင့် အနီးတဝိုက် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် ဆန်၊ ငွေ နှင့် အစားအစာ မဟုတ်သည့် အကူအညီများကို ပေးအပ်ခဲ့သည်။

Photo-MSFC


#မွန်ပြည်ဖက်ဒရယ်ကောင်စီ
#ကံင်ဇြဳဖေဝ်ဒရေဝ်ဍုင်မန်
#လူသားချင်းစာနာအကူညီ
#မွန်ပြည်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok