NYEIN CHAN AUNG

NYEIN CHAN AUNG

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก NYEIN CHAN AUNG, ห้องสมุด, Bangkok.

26/03/2026

" ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသူများတွင် “
ရှိတတ်သော စရိုက်လက္ခဏာများ "
******************************
၁။" လောဘကြီးလွန်းခြင်း"

သင့်တင့်တဲ့ လောဘသို့ အပြုသဘောဆောင်တဲ့ မကျေနပ်မှုရှိခြင်းဟာ ၊တိုးတက်ပြောင်းလဲမှုအတွက် အားပေးသော အချက်ဖြစ်သော်လည်း တစ်ချို့လူများဟာ လွန်ကဲတဲ့ အတ္တလောဘစိတ်ကြောင့် လမ်းမှားကို ရောက်သွားတတ်ကြပါတယ်။

၂။ "အချိန်မလေးစားခြင်း"

တစ်စုံတစ်ဦးနဲ့ ချိန်းဆိုရာမှာပဲ ဖြစ်ဖြစ်၊ အလုပ်ကိစ္စတစ်ခုခုကို အပြီးသတ်ရာမှာပဲ ဖြစ်ဖြစ် အချိန်မလေးစားမှုဟာ ရေရှည်မှာ ကိုယ့်ကိုယ် ဂုဏ်သိက္ခာကျဆင်းပြီး လူအမ်ား၏ လေးစားမှုကို
ကျဆင်းစေပါလိမ့်မယ်။

၃။" အကောင်းမြင်စိတ် မရှိခြင်း"

အချို့သော အခြေအနေတွေဟာ အကောင်းမြင်လို့ မရလောက်အောင်
ဆိုးတယ်လို့ သင်ထင်လိမ့်မယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အခြားသောကောင်းတဲ့ အဓိပ္ပာယ်ဘာရှိနေသေးလဲဆိုတာ သင်ရှာဖွေကြည့်ရမယ်။

၄။" အားနာခြင်း "

ဘာပဲလုပ်လုပ် သင်သွားချင်လို့၊ စားချင်လို့၊ လုပ်ချင်လို့ပဲ လုပ်ပါ။ အချားသူကို အားနာလို့ လုပ်ပေးတယ်ဆိုပြီး မကျေမချမ်းဖြစ်နေတတ်ခြင်းဟာ အဓိပ္ပာယ်မရှိပါ။

၅။" ဒေါသကြီးခြင်း"

အချို့သောသူများဟာ လမ်းဘေးက ခွေးဟောင်လည်း စိတ်တိုသလို မိုးရွာနေပူရင်လည်း စိတ်တိုတတ်ကြတယ်။ အဲဒီအထဲမွာ သင်မပါ ပါစေနဲ့။ ဘာမဟုတ်တာလေးနဲ့ စိတ်တိုတတ်တာဟာ ပတ်၀န်းကျင်ကို အနှောက်အယှက်ဖြစ်စေသလို သင့်ကိုလည်း အသက်တိုစေနိုင်ပါတယ်။

၆။ "လောင်းကစားကျူးခြင်း"

လောင်းကစားလုပ်ခြင်းဟာ သင်တစ်ဦးတည်း မဟုတ်ပဲ သင့်မိသားစု ပတ်၀န်းကျင်ကိုပါ အောက်ကို ဆိုးဆိုးဝါးဝါး ဆွဲချသွားစေနိုင်ပါတယ်။

၇။" အပျင်းကြီးခြင်း"

သင်အပျင်းကြီးနေသမျှ ကာလပတ်လုံး လူတောကောင်းကောင်း မတိုးနိုင်တော့ဘူးဆိုတာကို သင်သိထားရင် အပျင်းမကြီးပါနဲ့။ အချိန်နဲ့ အလုပ်ပြီးအောင် လုပ်ပါ။

၈။ "ကျန်းမားရေး မလိုက်စားခြင်း"

သေတဲ့သူတွေဟာ ထပ်ပြီး ဘာမှ မလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် သင်ဘာကိုပဲ လုပ်နေ လုပ်နေ ဆက်လက်အသက်
ရှင်ဖို့ လူအများကို ကူညီနိုင်ဖို့
ကျန်းမာရေးကို လိုက်စားပါ။ လွယ်ပြီး ထိရောက်တာလေးတွေကနေ စပါ။

၉။" မာနကြီးခြင်း"

သင်မာနကြီးရင် သင်ယူလို့ မရေတာ့ဘူး ဖြစ်လာမယ်။ မာနကြီးရင် အခြားသူတွေကို သင်နဲ့အတူ အလုပ်လုပ်ဖို့ အကူအညီမတောင်းနိုင်ဘူး ဖြစ်လာမယ်။ ကျဉ်းမြောင်းတဲ့အမြင်တွေကို စွန့်လွှတ်လိုက်ခြင်းက သင့်ကို ပိုပြီး
တန်ဖိုးတက်လာပါစေလိမ့်မယ်။

၁၀။" အမှားအမှန် မခွဲခြားနိုင်ခြင်း"

သင်ဗဟုသုတနည်းတဲ့အခါ အမှားအမှန်ကိုမသိဘူး ဖြစ်လာမယ်။ အဲဒါကြောင့် စာများများဖတ်ပါ၊ ဘာသာတရား အဆုံးအမတွေကိုလည်း လေ့လာပါ။

၁၁။" အယုံလွယ်ခြင်း "

ချမ်းသာနည်းတို့ အောင်မြင်နည်းတို့
ပေးမယ်လို့ ဆိုရင် သင်သတိထားရတော့မယ်။ လွယ်လွယ်နဲ့ ဈေးပေါပေါနဲ့ တစ်ခုခုပေးတော့မယ်ဆိုရင် သင်အလိမ်ခံရနိုင်တယ်ဆိုတာကို သတိလေးထားပြီး လေ့လာကြည့်ပါ။

၁၂။" ကတ ိမတည်ခြင်း"

ကတိမတည်တဲ့သူကို ဘယ်သူမှ
ခေါင်းဆောင်မတင်ချင်ဘူး။ ကတိမတည်တဲ့သူဆီက ဘယ်သူမှ မ၀ယ်ချင်ဘူး။ အဲဒါကြောင့် သင့်လုပ်ငန်းကို အောင်မြင်ချင်ရင် ကတိတည်ပါ။

၁၃။" အသုံးအဖြုန်းကြီးခြင်း"

လိုအပ်တဲ့နေရာမှာ သုံးပါ၊ မလိုအပ်တဲ့နေရာတွေမှာ မဖြုန်းပါနဲ့။ ဖြုန်းတာများရင် သုံးရမယ့်နေရာတွေမှာပါ မသုံးနိုင်တော့ဘူး ဖြစ်လာလိမ့်မယ်။

၁၄။" အပေါင်းအသင်း မှားခြင်း"

Jim Ron က ပြောတယ်။ သင်အများဆုံးတွဲတဲ့ လူ ၅ ယောက်ရဲ့ ပျှမ်းမျှအတိုင်း သင်ဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းပါ။ ဆင်းရဲချမ်းသာထက် အကျင့်စာရိတ္တနဲ့ ကြိုးဟားအားထုတ်မှုကို အခြေခံပြီး ရွေးချယ်ပါ။

၁၅။" စည်းကမ်း မရှိခြင်း"

စိတ်အားတက်ကြွမှုရှိရင် လူတစ်ယောက်ဟာ စပြီးသွားတယ်။ စည်းကမ်းရှိရင် ဝေးဝေးကို သွားနိုင်တယ်။ အဲဒါကြောင့် သင့်ကိုယ်သင် စည်းကမ်းတွေ သတ်မှတ်ထားပါ။ သင်ကိုယ်တိုင်ပဲ ထိန်းသိမ်းပါ။

၁၆။" အပျော်အပါး မက်လွန်းခြင်း"

လူငယ်တွေဆိုရင် အပျော်အပါးနဲ့ ကင်းချင်မှ ကင်းမယ်။ ဒါပေမယ့် အကယ်၍ သင်အပျော်အပါးပဲ လုပ်တာများနေရင် တိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်မပေးနိုင်ဖြစ်လာပါလိမ့်မယ်။

၁၇။" မူးယစ်ဆေးဝါး သုံးစွဲခြင်း"

မူးယစ်ဆေးဝါးသုံးစွဲတာဟာ ဥပဒေကြောင်းအရ ရင်ဆိုင်ရရုံမျှမက ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအကုန်ထိခိုက်စေတာမို့ သင့်ကိုယ်သင် ပျက်စီးအောင် လုပ်တာနဲ့ တူတူပါပဲ။

၁၈။" သံသယစိတ် များလွန်းခြင်း"

ယုံလွယ်လွန်းတာဟာ ပြဿ......နာဖြစ်သလို သံသယများလွန်းတော့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။ သံသယစိတ်နဲ့ ဟိုစြပ္စြဲ ဒီစွပ်စွဲလုပ်တဲ့အခါမှာ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ မိသားစုနဲ့ ကိုယ်ရေးကိုယ်တာဘ၀မှာ ဖြစ်ဖြစ် အဆင်မပြေမှုတွေ ဖြစ်လာပါလိမ့်မယ်။

၁၉။" မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း"

ကိုယ့်ကိုယ်ကိုယ် အထင်သေးလွန်းရင် လူရာမ၀င်တော့သလို အထင်ကြီးလွန်းတော့လည်း တခြားသူတွေကို နှိမ်ချင်သလို ဖြစ်လာပါလိမ့်မယ်။

၂၀။" ဆုံးဖြတ်ချက် မပြတ်သားခြင်း"

သင်နိစ္စဓူ၀ ဟိုလိုလို ဒီလိုလိုနဲ့ မပြတ်သားကြတဲ့သူတွေ တွေ့ရလိမ့်မယ်။ အဲဒီလိုလူတွေဟာ ထိရောက်မှု မရှိတဲ့သူတွေဖြစ်ပါတယ်။

၂၁။" လုံ့လဝိရိယ အားနည်းခြင်း"

သင်လိုချင်တဲ့ ရည်မှန်းချက်က မြင့်တယ် မဟုတ္လား။ အဲဒါကို သာမန်လောက် ကြိုးစားအားထုတ်မှုနဲ့ ရလာမွာ မဟုတ္ဘူး။ အသားကုန် ကြိုးစားမှ သင်ရည်မှန်းတာတွေ ဖြစ်လာလိမ့်မယ်။

၂၂။" ပြုပြင်ပြောင်းလဲလိုစိတ် မရှိခြင်း"

တိုးတက်မှုနဲ့ ပြောင်းလဲမှုဟာ ဒွန်တွဲနေတယ်။ Transformation လို့ ပြောရင် တိုးတက်ပြောင်းလဲမှုလို့ နားလည်ရမယ်။ ပြောင်းလဲလိုစိတ်မရှိရင် တိုးတက်မှုလည်း ရွိလာမွာ မဟုတ္ဘူး။

၂၃။" လေ့လာသင်ယူမှု မရှိခြင်း"

လေ့လာသင်ယူမှုဟာ စစ်မြေပြင်ကို ထွက်မယ့် စစ်သူကြီးကို လက်နက်တပ်ဆင်ပေးသလိုပါပဲ။ သင်များများလေ့လာလေလေ ပိုပြီး အောင်မြင်ဖို့ အလားအလာများလေလေပါပဲ။ သင်ဘာစာအုပ်တွေ ဖတ်လဲ၊ ဘာသင်တန်းတွေ တက်လဲ။

၂၄။" နှမြောလွန်းခြင်း"

ချွေတာတတ်တာဟာ ကောင်းတဲ့အမူအကျင့်ဖြစ်တယ်။ နှမြောလွန်းရင်တော့ သင်ရှာဖွေထာ

26/03/2026

စိတ်ဖိစီးမှုတွေနဲ့သာ ကြုံတွေ့နေရတဲ့ ဒီဘဝမှာ ကျွန်တော်အတွက်တော့
အသက်ရှင်ဖို့ လုံလောက်တဲ့အကြောင်းပြချက်တွေ လိုလာခဲ့တယ်

26/03/2026

ခရီးတွင်ဖို့ ရွက်ရှိဖို့မလိုသလို
စက်ရှိဖို့လဲမလိုပါဘူး
လက်မလျော့ပဲ ဇွဲရှိဖို့ပဲလိုတာပါ
THIS IS LIFE !

22/03/2026
19/03/2026

ကလေးငယ်တစ်ဦးရဲ့ ကိုယ့်ကိုယုံကြည်ချက်ဟာ
သူကြီးပြင်းရတဲ့မိသားစုပတ်ဝန်းကျင်နဲ့သက်ဆိုင်ပါတယ်.........
အဆင်းနဲ့အတတ်ဆုံတဲ့နေရာမှာအဆင်းသမားကိုသူဦးစားပေးခဲ့တယ်
ဒါဟာတကူးတကသင်ပေးလို့တတ်တာမဟုတ်ပဲ
သူဟာသူလေ့လာသင်ယူပြီးတတ်တဲ့အကျင့်တစ်ခု.........

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok