09/04/2026
ကျွန်မနဲ့ လူသစ် ဘတ်လုပ်ထားပြီး
ဗီဇာ ထုထားသူများနဲ့ ၃၁.၃.၂၀၂၇ သက်တမ်း
တိုး ဗီဇာထုထားသူများရဲ့ စာအုပ်များအားလုံး
ဗီဇာတုံးထုလို့ပြီးပါပြီရှင် ။
စာအုပ်များကို ကျွန်မရဲ့ ရုံးခန်းမှာ
၁၂.၄.၂၀၂၆ ရက်နေ့အထိ မနက် ၉ နာရီ မှ
ည ၈ နာရီ အတွင်း လာယူနိုင်ပါတယ် ။
၁၃ ရက်နေ့က ၁၈ ရက်နေ့အထိကတော့
ရုံးပိတ်ရက်ဖြစ်ပါတယ် ။
ကိုယ်တိုင် လာမယူနိုင်သူများ လိပ်စာများ
ကို ကျွန်မရဲ့ ပေ့ချ် မက်စင်ဂျာ ကပို့လာ
ပေးနိုင်ပါတယ် ။ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့
တွေမှာ အစိုးရစာတိုက်ကတဆင့်
ပြန်ပို့ပေးပါမယ် ။ ပို့ခ ပေးစရာမလိုပါဘူးရှင် ။
ကိုယ်တိုင်လဲ လာမယူနိုင် ၊
အမြန်လဲ လိုချင်တယ် ဆိုရင်တော့ ကိုယ်နေတဲ့
နေရာ လိုကေးရှင်း ပို့လာပေးရင်
Lalamove ဆိုင်ကယ်နဲ့ပို့ပေးပါမယ် ။
ဆိုင်ကယ် ခ တော့ ကိုယ့်ဘာသာရှင်းရပါမယ်ရှင် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆
07/04/2026
စီအိုင်စာအုပ် ၂၀၂၆ ၊ ၂၀၂၇ သက်တမ်း
ကုန်တော့မယ် ။ စီအိုင်စာအုပ်အသစ်လဲလို့
ရမလား ။ အနီ လဲလို့ရမလား လို့ တော်တော်
များများ မေးလာနေ ကြတဲ့အတွက် ကျွန်မ
သိရှိ နားလည်ထားသလောက် လမ်းညွှန်
ပြောပြပေးပါမယ် ။
♦️စီအိုင် စာအုပ် ကနေ စီအိုင်စာအုပ်
အသစ် လဲပေးတဲ့ရုံးတွေကပိတ်သွားပြီ
ဖြစ်တဲ့အတွက်အခုချိန်မှာ
လုံးဝ လဲလို့မရ တော့ ပါဘူး ။
နောက်ဆုံးကြားရတဲ့သတင်းအရ
စီအိုင်စာအုပ်အသစ်လဲပေး မယ့်ရုံးတွေက
၂၀၂၈ လောက်မှ သာ ဖွင့်နိုင်မယ်လို့
သိထားရပါတယ် ။
♦️စီအိုင် စာအုပ်ကနေ အနီစာအုပ်
စာရင်းတင်ထားပြီး နာမည်စာရင်းမကျ
လာသေးလို့ စာအုပ် မရသေးသူ ၊
စာရင်းမတင်ရသေးဘဲ အခုမှ စာအုပ်အနီ
ထုတ်ချင်သူများအတွက်
စာအုပ်အစိမ်း ကနေ အနီ လဲပေးတဲ့ ရုံးက
ယာယီ ပိတ်ထားပါတယ် ။
အခုချိန်မှာ စာအုပ်အစိမ်းကနေ အနီကို လုံး၀
လဲလို့ မရသေးပါဘူး ။ ဘယ်အချိန် ပြန်ဖွင့်မယ်
ဆိုတဲ့ကြေငြာချက်ထုတ်ထားတာလဲ မရှိပါဘူး ။
အဲ့ဒီအတွက်
🟥မှတ်ပုံတင် အိမ်ထောင် မရှိသူ
၂၀၂၆ ၊ ၂၀၂၇ သက်တမ်းကုန် စီအိုင်စာအုပ်
ကိုင်ထားသူများ
💠 ပထမ လမ်းကြောင်း
မြန်မာပြည်ပြန် ၊ မှတ်ပုံတင်ပြန်လုပ်ပြီး
စာအုပ်အနီထုတ်ယူလာပြီးမှ စာအုပ် အဟောင်း နဲ့အသစ် ဗီဇာချိန်းပါ ။
💠ဒုတိယ လမ်းကြောင်း
ထိုင်းအစိုးရက လူသစ်ဘတ်ဖွင့်ချိန်
(ခန့်မှန်း _ ၂၀၂၆ နှစ်ကုန်ပိုင်း)
မှာ ဘတ်သစ်ဝင်လုပ်ပါ ။ စီအိုင်စာအုပ်အသစ်
ထုတ်ပါ ။ လက်ရှိကိုင်ထားတဲ့ စာအုပ် ၊ ဗီဇာ ၊
ဝေါ့ပါမစ် အဟောင်း တွေကိုအကုန်စွန့်ပစ်ပါ ။
🟥မှတ်ပုံတင် အိမ်ထောင်စု ရှိသူများထဲမှ
💠 ၈ လပိုင်း ၂၀၂၆ မတိုင်ခင် စီအိုင်စာအုပ်
သက်တမ်းကုန်သူများ
မြန်မာပြည်ပြန် ၊ စာအုပ်အနီ ထုတ်ယူလာပြီးမှ
စာအုပ် အဟောင်း နဲ့အသစ် ဗီဇာချိန်းပါ ။
💠 ၈ လ ပိုင်း ၂၀၂၆ နောက်ပိုင်း စီအိုင်စာအုပ်သက်တမ်းကုန်သူများ စာအုပ်အနီလဲပေးမည့်
ရုံး ဖွင့်မည့်အချိန်ကို ဂရုတစိုက် စောင့်ကြည့်ပါ ။
ရုံးဖွင့်ပါက စာအုပ်အမြန်ဆုံး စာရင်းတင်ပါ ။
⛔️ မိမိ စာအုပ်သက်တမ်းမကုန်ခင် ၆ လ
အလိုအထိ စာအုပ်အနီ လဲပေးမည့်ရုံးမဖွင့်ပါက
မြန်မာပြည်ပြန်ပြီး စာအုပ်အနီ အသစ်ထုတ်
သင့်ပါသည် ။
🎯 မှတ်ချက် ။
မြန်မာပြည်ပြန်ပြီးစာအုပ်အနီ မထုတ်ချင်သူများ
လူသစ်ဘတ်ဖွင့်ပါက လူသစ်ဘတ်ဝင်လုပ်ပြီး
စီအိုင် စာအုပ်အသစ်ထုတ်ကြပါရန် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆
04/04/2026
၃၁.၃.၂၀၂၆ သက်တမ်းကုန် သက်တမ်းတိုးမည့်
သူများအတွက်
၇.၄.၂၀၂၆ ရက်နေ့မှ ၂၁.၄.၂၀၂၆ ရက်နေ့အထိ
သက်တမ်းတိုးရန်အချိန် ၁၅ ရက် ထပ်တိုး
ဖွင့်ပေးမည် ဟု ကြားသိရပါသဖြင့်
🟥ဝေါ့ပါမစ်ထဲမှသူဌေးနှင့် သက်တမ်း
တိုးမည့် သူဌေး တူညီသူများကို ၁၈.၄.၂၀၂၆
ရက်နေ့အထိ ထပ်မံလက်ခံပေးပါမည် ။
ဝေါ့ပါမစ် ၁ နှစ်စာ
သူဌေးရှိ သက်တမ်းတိုးသူများ ၅၅၀၀
မနှစ်က ကျွန်မ သူဌေးငှားထားသူများ ၆၅၀၀
စာအုပ်ရှိထားသူများ ဗီဇာ ၁ နှစ်စာ ၁၅၀၀
🟥သူဌေးငှားပြီးသက်တမ်းတိုးမည့်သူများကို ၁၀.၄.၂၀၂၆ အထိ လက်ခံပေးပါမည် ။
ဝေါ့ပါမစ် ၁ နှစ်စာ ၈၀၀၀ ဘတ်
ဗီဇာ ၁ နှစ် ၁၅၀၀ ဘတ်
🟪မှတ်ချက် ။
စာရွက်စာတမ်းများအား ဖုန်းမှ ဓါတ်ပုံရိုက်
ပို့ခြင်း များလက်မခံပါ ။ လူကိုယ်တိုင်ဖြစ်စေ ၊
စာတိုက်မှဖြစ်စေ ပေးပို့လာရပါမည် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆
03/04/2026
ကျွန်မနှင့်အလုပ်အပ်ထားသည့်မောင်နှမ များ
အတွက် အသိပေး အကြောင်းကြားအပ်ပါသည် ။
ကျွန်မ၏ ရုံးခန်း ( ဘန်ခွန်ထီယမ် ၁၄ လမ်းရှိ
M K Min Co,ltd ) အား ယခင်က ပိတ်ရက်မရှိ
နေ့စဉ် ဖွင့်ခဲ့သော်လည်း
မနက်ဖြန် ၄.၄.၂၀၂၆ ရက်နေ့ စနေနေ့ မှ
စတင်ပြီး အပတ်စဥ် စနေနေ့ တိုင်း ရုံးပိတ်မည်
ဖြစ်ပါသည် ။
သင်္ကြန် အလုပ်ပိတ်ရက်မှာ
၁၃.၄.၂၀၂၆ မှ ၁၈.၄.၂၀၂၆ ရက်နေ့
အထိ ၆ ရက်ပိတ်မည် ဖြစ်ပါသည် ။
အလုပ်ပိတ်ရက်များအတွင်း
ကျွန်မ၏ပေ့ချ့်မက်စင်ဂျာ မှ မေးမြန်း
ထားသည်များကို ပြန်လည်ဖြေကြားပေးမည်
မဟုတ်ပါ ကြောင်း ကြိုတင်အသိပေး
အပ်ပါသည် ။
ရုံးဖွင့်ရက်များအတွင်း
မနက် ၉ နာရီမှ ည ၈ နာရီ အတွင်းတွင်
ပေ့ချ်မှ လိုအပ်သည်များကို ဆက်သွယ်
မေးမြန်း တောင်းယူနိုင်ပါသည် ။
ကျွန်မနှင့်အလုပ်အပ်ထားသည့်
ဗီဇာတုံး ထုထားသည့်စာအုပ်များအား
၁၀.၄.၂၀၂၆ ရက်နေ့မတိုင်ခင်
အပြီးလုပ်ပေးမည်ဖြစ်ပါသည် ။
၆.၄.၂၀၂၆ ရက်နေ့ နောက်ပိုင်းမှ ပို့လာသည့်
စာအုပ်များ သင်္ကြန် ပိတ်ရက်အပြီး ရုံးများ
ဖွင့်ချိန် မှသာ ပြန်ရမည်ဖြစ်ပါသည် ။
လူသစ်ဘတ် နှင့် ၃၁.၃.၂၀၂၆ လူဟောင်း
သက်တမ်းတိုးထားသူများ အနေနှင့်
စာရွက်စာတမ်းမရသေးသူများရှိပါက
ကျွန်မ ၏ပေ့ချ် မက်စင်ဂျာ မှ တဆင့်
လာရောက်တောင်းယူနိုင်ပါသည် ။
ဗီဇာတုံးထုထားသည့်စာအုပ်များကို
သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင် ကျွန်မ၏ရုံးခန်း
တွင် လာယူနိုင်ပါသည် ။ လာမယူနိုင်သူများ
ကျွန်မ၏ ပေ့ချ် မက်စင်ဂျာတွင် လိပ်စာပို့
လာပေးနိုင်ပါသည် ။ ထိုင်းအစိုးရ စာတိုက်ရုံး
များမှတဆင့် စာအုပ်များကို ပြန်လည်
ပို့ပေးပါမည် ။
အမြန်လိုသူများ Bolt (သို့) Lalamove ဖြင့်
လာယူနိုင်ပါသည် ။
မှတ်ချက် ။
အချို့ အလုပ်အရမ်းများသောရက်များ
အတွင်း ကျွန်မ၏ ပေ့ချ် တွင် မေးမြန်းလာသည်
များအား ချက်ချင်း အဖြေမပေးနိုင်ခြင်း ၊
တောင်းယူသည့်စာရွက်များအား ချက်ချင်း
မပို့ပေးနိုင်ခြင်း ၊ စောင့်ရသည်များ ရှိခြင်း
တို့အား အနူးအညွှတ် တောင်းပန်အပ်ပါသည် ။
ပထမ အကြိမ် မေးထားပြီး ပြန် ဖြေခြင်း
မရှိပါက ရက်ခြားပြီးထပ်မံမေးမြန်းနိုင်ပါသည် ။
ဝင် ထားသော စာများပြီး ပြန်ဖြေရန်
ကျော်သွားသည်များရှိ ၍ဖြစ်ပါသည် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆
03/04/2026
၃၁.၃.၂၀၂၆ သက်တမ်းကုန် အုပ်စုများ
၏ ယခင်ရှိထားသော အထောက်အထားများ
ဖြစ်သည့် ဗီဇာနှင့်ဝေါ့ပါမစ်များသည်
၃၁.၃.၂၀၂၆ ရက်နေ့ တွင် သက်တမ်းကုန်ပြီ
ဖြစ်ပါသည် ။
ယခုအချိန်တွင်
သက်တမ်းတိုးအုပ်စုများသည် သက်တမ်း
တိုးထား သောအထောက်အထားများ ဖြစ်သည့်
ဘိုင်လပ်ခမ်ခေါ် ( လူပုံပါစာရွက်) ၊ ဝေါ့ပါမစ်
ငွေခြေစာရွက် ၁၀၀ တန်နှင့် ၉၀၀ တန်စာရွက်
(ဘိုင်စေ့လပ်ငိင်) များ ရှိထားရမည်ဖြစ်ပါသည်။
၃၁.၃.၂၀၂၇ နှင့် ၂၈.၉.၂၀၂၆ ဗီဇာတုံး
မထုထားရသေးသော စာအုပ်များနှင့်
ဝေါ့ပါမစ် သက်တမ်းတိုးထားသည့်
အထောက်အထား မရရှိထားသော သူများ
အနေနှင့် အသွား အလာ အနေ အထိုင်
ဂရုစိုက်ကြပါရန် သတိပေးအပ်ပါသည် ။
ဘိုင်လပ်ခမ်ခေါ် ( လူပုံပါစာရွက်) ၊ ဝေါ့ပါမစ်
ငွေခြေစာရွက် ၁၀၀ တန်နှင့် ၉၀၀ တန်စာရွက်
(ဘိုင်စေ့လပ်ငိင်) ရထားပြီးသူများအနေနှင့်
စာအုပ်တွင် ဗီဇာထု၍ရပြီဖြစ်ပြီး
ဝေါ့ပါမစ်စာရွက်( ဘိုင်အနုမတ်) ကျလာအောင်
စောင့်ရမည်ဖြစ်ပါသည် ။ ဝေါ့ပါမစ်စာရွက်
ရပါက ဝေါ့ပါမစ်ကတ်ပြားထုတ်ရမည်
ဖြစ်ပါသည် ။
ဝေါ့ပါမစ်ကတ်ပြား ရပြီးမှသာ သူဌေးပြောင်း
ခွင့်ရမည်ဖြစ်ပါသည် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆
သက်တမ်းတိုးထားသူများရရှိထားရမည့်
စာရွက်နမူနာများ
31/03/2026
ဒီနေ့ ၃၁.၃.၂၀၂၆ ရက်နေ့က
ထိုင်းအလုပ်သမားဝန်ကြီးဌာနကို
လူသစ်ဘတ်လုပ်ထားသူတွေနဲ့
၃၁.၃.၂၀၂၆ သက်တမ်းတိုးတဲ့သူတွေအတွက်
ဝေါ့ပါမစ်ဖိုးငွေ ၁၀၀၀ ဘတ် ကို နောက်ဆုံး
သွင်းရမယ့်ရက်ဖြစ်ပါတယ် ။
ကျွန်မဆီမှာ အလုပ်အပ်ထားတဲ့
လူသစ် ဘတ် တင်ထားသူများနဲ့
၃၁.၃.၂၀၂၆ သက်တမ်းတိုး လူဟောင်းများ
အားလုံးအတွက် တယောက်မှ မကျန်အောင်
ဝေါ့ပါမစ်ဖိုးငွေသွင်းပေးပြီးပြီဖြစ်ပါတယ် ရှင့်။
ကျွန်မနဲ့အလုပ်အပ်ထားသူ မည်သူမဆို
ဝေါ့ပါမစ်ငွေ ခြေ ဖြတ်ပိုင်း မရသေးသူများ
ရှိပါက ဝေါ့ပါမစ်ငွေခြေဖြတ်ပိုင်းများအား
ကျွန်မရဲ့ ပေ့ချ် မက်စင်ဂျာ က နေ တဆင့်
လာရောက်တောင်းယူနိုင်ပါတယ်ရှင် ။
ဆက်လက်လုပ်ပေးရမယ့်
ဝေါ့ပါမစ်စာရွက် ၊ ဝေါ့ပါ မစ်ကတ်ပြား ၊
ဘတ်ပန်းရောင်ကတ်ပြား တွေအတွက်လဲ
အတတ်နိုင်ဆုံး အမြန်ထုတ်ပေးနိုင်အောင်
ကြိုးစားပေးပါမယ်ရှင် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆
29/03/2026
ကျွန်မနဲ့ ၃၁.၃.၂၀၂၆ သက်တမ်းတိုး
အလုပ်အပ်ထားတဲ့ မောင်နှမ တွေအတွက်
နည်းလမ်းပေါင်းစုံနဲ့ တယောက်မှ
မကျန်ခဲ့အောင် ကြိုးစားပေးနေပါတယ် ။
ပြသနာပေါင်းစုံ ၊ အခက်အခဲ ပေါင်းစုံထဲမှာ
အလုပ်လုပ်နေရတာမို့ အခုချိန်ထိ
ဘာ စာရွက်စာတမ်းမှ မရသေးတဲ့မောင်နှမ
တွေကိုလဲ ၃၁.၃.၂၀၂၆ ရက်နေ့ အပြီး
၂ ရက်အတွင်း စာရွက်စာတမ်းအကုန်ရအောင်
လုပ်ပေးမှာ ဖြစ်တဲ့အတွက် ဘာမှ စိတ်မပူကြဖို့
အသိပေးချင်ပါတယ်ရှင် ။
အခုချိန်မှာ ကျွန်မတို့အနေနဲ့
🎗၁၃.၂.၂၀၂၇ အောက်ဆော့ ဝက်ဆိုက်
အသစ်နဲ့ သက်တမ်း တိုးပြီးသွားတဲ့အုပ်စု
ေတွအတွက်ဝေါ့ပါမစ်ကတ်ထုတ်ပေးတာ
🎗လူသစ်ဘတ်သမားတွေအတွက်
လက်ဗွေနှိပ်ပေးရတာ ၊ ဝေါ့ပါမစ် ၁၀၀ တန်
နဲ့ ၉၀၀ တန် ငွေခြေ စာရွက်ပို့ပေးတာ ၊
ဝေါ့ပါမစ်စာရွက်ပို့ပေးတာ ၊ ဝေါ့ပါမစ်ကတ်
ထုတ်တာ
🎗၃၁.၃.၂၀၂၆ သက်တမ်းတိုးအုပ်စုအတွက်
၁၀၀ တန် ငွေခြေ ၊ ၉၀၀ တန်ငွေခြေ ဖြတ်ပိုင်း
ပို့ပေးတာ ၊ ဝေါ့ပါမစ်ကတ်ပြားထုတ်ပေးတာ
တွေ
အကုန်လုံးကို တပြိုင်ထဲ ကြိုးစား လုပ်ပေး
နေပါတယ် ။
ဝေါ့ပါမစ်ကတ်ပြားရထားပြီးသူတွေထဲက
ဘတ်ပန်းရောင်ကတ်ပြား လိုချင်သူတွေ
ကို ပန်းရောင်ကတ်စတင် ထုတ်ပေးတော့မှာ
ဖြစ်ပြီး ထုတ်ပေးမယ့်အချိန် ကိုပို့စ် တင်
အကြောင်းကြားပေးပါမယ်ရှင် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆
26/03/2026
ကျွန်မနှင့်လူသစ်ဘတ်တင်ထားပြီး
ဘော်တော် ၅၀ ရထားပြီးသူများ လက်ဗွေ
မနှိပ်ရသေးသူများရှိပါက
၂၇.၃.၂၀၂၆ ရက်နေ့နှင့် ၃၁.၃.၂၀၂၆ ရက်နေ့
များတွင် အိုင်တီစကွဲ လပ်စီး၌ မည်သူမဆို
လက်ဗွေ လာနှိပ်နိုင်ပါသည် ။
ဘော်တော် ၅၀ များ တယောက် မကျန်
ကျထားပြီးဖြစ်ပါ၍ မရထားသူရှိပါက
မက်စင်ဂျာ မှ ဆက်သွယ်တောင်းယူနိုင်ပါသည် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆
22/03/2026
လာမယ့်အပတ်ထဲ ကျွန်မနဲ့ ရိုးရိုးလူသစ်
ဘတ် (VIP မဟုတ်) တင်ထားသူများအားလုံး
နီးပါး(လူ ၁၀၀ ကျော်ခန့်သာကျန်) ကို
တနင်္လာ
🎈မနက် ၁၀ နာရီ လူသစ်ဘတ် လက်ဗွေ
နှိပ်မယ် ။
(ဘော်တော် ၅၀ စာရွက်ရထားပြီးသူများသာ)
အင်္ဂါ
🎈မနက် ၆ နာရီ စီအိုင် ရုံး စီအိုင်စာအုပ်
ထုတ်ပေး မယ် ။
🎈မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲ အထိ
လူသစ်ဘတ် ဝေါ့ပါမစ်ကတ်ပြားထုတ်ပေးမယ် ။
ဗုဒ္ဓဟူး
🎈မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ
လူသစ်ဘတ် ဝေါ့ပါမစ်ကတ်ပြားထုတ်ပေး မယ် ။
ကြာသာပတေး
🎈မနက် ၆ နာရီ စီအိုင် ရုံးစာအုပ်ထုတ်ပေးမယ် ။
🎈မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ လူသစ်
ဘတ် ဝေါ့ပါမစ်ကတ်ပြားထုတ်ပေးမယ် ။
သောကြာ
🎈မနက် ၈ နာရီ ကနေ ညနေ ၄ နာရီခွဲအထိ
လူသစ်ဘတ် ဝေါ့ပါမစ်ကတ်ပြားထုတ်ပေးမယ် ။
ကွျန်မနဲ့လူသစ်ဘတ်လုပ်ထားသူများ
ဝေါ့ပါမစ်ကတ်ပြားထုတ်ဖို့ အဆင်သင့်
ပြင်ထားကြပါလို့ ကြိုတင်အသိပေး
ပါတယ်ရှင် ။
ကျွန်မ ဖုန်းနံပတ် ၀၉၄၉၉၈၈၀၅၆ နဲ့
ဖုန်းဝင်ထားရင်လဲ ပြန်ခေါ်ပေးကြပါ ။
မက်စင်ဂျာ ကိုလဲ စစ်ပေးကြပါ ။
အခွင့်အရေး က ဒီတကြိမ်လွတ်သွားရင်
နောက်တ ကြိမ် က ၈ လ ပိုင်း မှ ရ တော့မှာ
ဖြစ်ကြောင်းကြိုတင်အသိပေးပါတယ်ရှင် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆
21/03/2026
လူသစ်ဘတ်
စာရင်းတင်လက်ခံတာ
ပိတ်ပါပြီရှင်
19/03/2026
၃၁.၃.၂၀၂၆ သက်တမ်းတိုးအုပ်စုများ
အတွက် ထိုင်းအစိုးရအား ဝေါ့ပါမစ်ဖိုး
၁၀၀၀ ဘတ်သွင်းပေးရမည့် နောက်ဆုံးရက်မှာ
၃၁.၃.၂၀၂၆ ရက်နေ့ဖြစ်ပါသည် ။
ကျွန်မ ထံမှ ဝေါ့ပါမစ်ငွေခြေဖြတ်ပိုင်း
၁၀၀ တန်ရထားသူများ လက်ကျန်သွင်းရန်
ကျန်ငွေများကို ၂၂.၃.၂၀၂၆ ရက်နေ့
နောက်ဆုံးထားပြီးသွင်းပေးရပါမည်။
၂၂.၃.၂၀၂၆ ရက်နေ့နောက်ပိုင်းမှ
လက်ကျန်ငွေသွင်းလာသူများကို ဝေါ့ပါမစ်
ရရန် အတတ်နိုင်ဆုံးကြိုးစားပေးမည်
ဖြစ်သော်လည်းဝေါ့ပါမစ် ရပါမည်ဟု
အာမခံချက်မပေးနိုင်ပါကြောင်း
သတိပေးအပ်ပါသည် ။
လက်ကျန်ငွေသွင်းလာ မှသာ ကျမ်းမာရေး
ပကန်ဝယ်ခြင်း ၊ သွေးစစ်ခြင်း ၊ ဝေါ့ပါမစ်ဖိုး
၉၀၀ တန် သွင်းခြင်းများကိုဆက်လက်
လုပ်ဆောင်ရဦးမည်ဖြစ်သောကြောင့်
ဖြစ်ပါသည် ။
သူဌေးတူ သက်တမ်းတိုးသူများထဲမှ
ငွေခြေ ၁၀၀ တန်မရသေးသူများ မက်စင်ဂျာ
မှ လာရောက်တောင်းယူနိုင်ပါသည် ။
သူဌေးပြောင်း သက်တမ်းတိုးထားသူများ
ထဲမှ ဝေါ့ပါမစ်ငွေခြေ ၁၀၀ မရသေးသော
ကျန်နေသူအနည်းငယ်ကို ရက်ပိုင်းအတွင်း
အမြန်ဆုံး ပို့ပေးမည် ဖြစ်သည့်အတွက်
လက်ကျန် ငွေသွင်းရန်အတွက် အဆင်သင့်
ပြင်ပေးထားကြပါရန် အသိပေးအပ်ပါသည် ။
မှတ်ချက် ။
ကျွန်မနှင့်
သူဌေးတူ သက်တမ်းတိုးအလုပ်မည့်သူများ
အား မနက်ဖြန် ၂၀.၃.၂၀၂၆ ရက်နေ့
နောက်ဆုံးလက်ခံသက်တမ်းတိုးပေးပါမည် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆
18/03/2026
လူသစ်ဘတ် တင်ထားပြီးသူများ
ကျန်ငွေသွင်းဖို့ အဆင်သင့်ပြင်ပေးထား
ကြပါရှင် ။ စာရွက်ထွက်တာနဲ့ လက်ကျန်ငွေ
သွင်းရပါမယ်ရှင်။
ယနေ့မှစ ပြီး အသစ်ထပ်တင်မယ့်သူများ
ငွေအကြေတခါထဲ သွင်းရပါမယ်ရှင် ။
၃၁.၃.၂၀၂၆ မတိုင်ခင် လက်ဗွေ
အပြီးနှိပ်ပေးပါမယ် ။ ဝေါ့ပါမစ်ငွေခြေ ၁၀၀ တန်
နဲ့ ၉၀၀ တန် စာရွက်ထုတ်ပေးပါမယ် ။
(ဒီစာရွက်တွေရရင်ဗီဇာထုလို့ရပါပြီ)
ဝေါ့ပါမစ်စာရွက်နဲ့ ဝေါ့ပါမစ်ကတ် ကိုတော့
စောင့်ယူရပါမယ်ရှင် ။
လူသစ်ဘတ်စာရင်းတင်ခြင်းများ
၃ ၊ ၄ ရက်အတွင်းပိတ်တော့မှာဖြစ်တဲ့အတွက်
အမြန်ဆုံးစာရင်းတင်ကြဖို့ အသိပေး
အပ်ပါတယ်ရှင် ။
အစိုးရ သတ်မှတ်ရက် ၃၁.၃.၂၀၂၆ ရက်နေ့
နောက်ဆုံး လက်ဗွေနှိပ်တာနဲ့ဝေါ့ပါမစ်ဖိုးငွေ
၁၀၀၀ သွင်းတာ ရယ်ကိုအပြီးလုပ်ရမှာ
ဖြစ်ပါတယ် ။
မမိုးခိုင်
၀၉၄၉၉၈၈၀၅၆