13/06/2024
Chulalongkorn ကနေ program အသစ်တခုကို
Launch လုပ်ထားပါတယ်
Payment process ပြီးတာနဲ့ ED visa အတွက် apply လုပ်လို့ရနိုင်ပါတယ်
✌️✌️ဒါဆိုဘယ်လောက်ကုန်မှာလဲ??
Apply လုပ်ရင် ဘတ် ၁၅၀၀ ပေးရမှာဖြစ်ပြီး
တနှစ်လုံးအတွက် ၂၅၀၀၀ ဘတ်ပါ
စုစုပေါင်း ၂၆၅၀၀ ဘတ်ပေးဖို့လိုအပ်ပါတယ်
Agent fees , service fees လုံးဝ မပါဝင်ပါဘူး
👍👍ဘာတွေသင်မှာလဲဆိုတော့
Media and communication အတွက် certificate courseတခုပါ
👉👉ဘာတွေထူးခြားလဲ?
ED visa 12လရမယ်
Online ကပဲ လေ့လာရမယ်
Module တခု ချင်းမှာ 4-7 minutes လောက်ရှိတဲ့ Video 10 ခုနဲ့ Quiz လေးတွေ Assignmentလေးတွေ ရှိမယ်
Onsite အတွက် activity ၅ခုတော့လုပ်ပေးရမယ်
Cultural trip တွေ workshop တွေတော့ တက်ပေးဖို့လိုအပ်ပါတယ်
👌👌ဘာတွေ အကျိုးရမလဲ?
ထိုင်းနိုင်ငံရဲ့ media သဘောသဘာဝ
ချိတ်ဆက်မှုတွေနဲ့အတူ
အခြား တိုးတက်ရာတွေပိုတက်လှမ်းနိုင်ပါတယ်
June လ ၃၀ ရက်နေ့နောက်ဆုံးထားပြီးလျှောက်ထားနိုင်ပါတယ်
Acceptance letter ကို July အစ ပထမလောက်မှာရရှိမှာပါ
ပထမဆုံး လူ အယောက် ၁၀၀၀သာလက်ခံမှာမလို့
မရခဲ့ရင်နောက်အပတ်စဥ်တွေစောင့်ရမှာပေါ့
အားသာချက်တွေက
၁)မိမိကိုယ်တိုင်လျှောက်လို့ရတယ်
၂) visa အတွက် document supportရတယ်
၃) media နဲ့ communicationအတွက်လမ်းပွင့်စေမယ်
၄)ကျောင်း activity တွေဝင်လုပ်ရလို့ ဒီကျောင်းနဲ့ရင်းနှီးစေမယ်.နောက်ခြေလှမ်းတွေလှမ်းလို့ရမယ်
ဘာတွေလိုအပ်မလဲ
အသက် 18 နှစ်ပြည့်ပြီး အထက်တန်းကျောင်းပြီးတာနဲ့ရမယ်
English က IELTS 5.5 ရှိရင်ပိုကောင်းတယ်
မရှိရင် any recommendation letter for English ကို တခုခု တင်လို့ရပါတယ်
Visa process အသေးစိတ်ကတော့
Cbမှာလာမေးနိုင်ပါတယ်
😍လျှောက်ချင်ရင်လည်း လိုအပ်တာပြောပေးနိုင်သလို
လျှောက်ပြီးသွားရင်လည်း မီ့ကို informပေးဖို့ဘဲလိုပါတယ်
ဘာagent fees မှထပ်ဆောင်းပေးဖို့မလိုပါဘူးနော်
ကြုံတောင့်ကြုံခဲ အခွင့်အရေးမို့
လက်မလွှတ်ကြပါနဲ့လို့ တိုက်တွန်းပါရစေ
စိတ်ဝင်စားရင် Cb
08/05/2024
Vix Bar အတွက် မြန်မာ unplugged singer နဲ့ band များ လူတွေ့auditionခေါ်ယူခြင်း .. 🎤
ဘန်ကောက် Victory Monument က Vix Bar အတွက် မြန်မာ unplugged singer, player နဲ့ freelance band များခေါ်ယူနေပါတယ် ✨
ကျွန်တော်တို့ Vix Bar Team ကနေ ဘန်ကောက်မှာရှိတဲ့ unplugged အဆိုရှင်တွေ ၊ မြန်မာ band လေးတွေကို Vix Bar ရဲ့ entertainment အစီအစဉ်တွေအတွက် ပုံမှန်လက်တွဲသွားဖို့ ရှာဖွေနေပါတယ် ။
စိတ်ဝင်စားတဲ့ Band တွေ၊ Vocalist တွေ၊ Playerတွေ အနေနဲ့ Vix bar ရဲ့ Message Box ကနေ Audition လာဖို့အတွက် စာရင်းပေးနိုင်ပြီး လာမယ့် May လ 9 ရက် Vix Bar မှာ Audition အတွက် တွေ့ဆုံဖို့စီစဉ်ထားပါတယ် ။
☝️ထိုင်းဘားဖြစ်တဲ့အတွက် International Songs ကိုပိုင်ပိုင်နိုင်နိုင်ရရင် ပိုပြီးအဆင်ပြေတာဖြစ်တဲ့အတွက် Audition နေ့မှာ မြန်မာ+English Song ငါးပုဒ်လောက် ပြင်ဆင်လာခဲ့ဖို့လိုပါလိမ့်မယ်ခင်ဗျာ ။
⚡️ Vix Bar Bkk နဲ့ လက်တွဲအလုပ်လုပ်ဖို့ စိတ်ဝင်စားတဲ့ လူငယ်အဆိုရှင်တွေ ၊ unplugged band တွေအနေနဲ့ auditionအတွက် စာရင်းလာပေးထားကြဖို့ ဒီ postကနေတဆင့် ဖိတ်ခေါ်လိုက်ရပါတယ် ။ Audition အတွက် ကိုယ့်personal လိုအပ်တဲ့ ဂစ်တာ သို့ instrumentလေးယူလာပေးပါခင်ဗျ ။
Welcome to work with us ! 👐
Phone : 0889191222
Line ID :
Line : https://lin.ee/g1EIAc6
Google Map - https://maps.app.goo.gl/yux7TSfv1eykM8f39?g_st=ic
#รับจัดเลี้ยงสังสรรค์ #ดูฟุตบอล
#รถไฟฟ้า
#ย่านอนุสาวรีย์ #ทีมชาติไทย #รักไทยเชียร์ไทย
06/05/2024
“Mohingarr စားသောက်ဆိုင်အတွက် ဝန်ထမ်းခေါယူခြင်း”
~~~~~~~~~~~~~~~~~~~~~~~~
ဟင်းချက်အကူ- 1 position (M/F)
- အရင် စားသောက်ဆိုင် (သို့) လက်ဖက်ရည်ဆိုင်တွေ လုပ်ဖူးသူ ဦးစားပေးမည်။
- အစားအသောက် အချက်ပြုတ် လေ့လာသင်ယူလိုသူဖြစ်ရမည်။
- လိုအပ်ပါက စျေးသွားဝယ်ပေးနိုင်ရမည်
~~~~~~~~~~~~~~~~~~~~~~~~
အလုပ်အချိန် ၇:၀၀ မှ ၄:၃၀ ထိ
တပတ် ၅ရက် (လိုအပ်ပါက တပတ် ၆ရက်ဆင်းရမည်)
လခ လုပ်ငန်းအတွေ့အကြုံမူတည်ပြီ ညှိုနှိုင်းပေးမည်။
အချိန်ပိုဆင်းရလျှင် အချိန်ပိုခပေးပါ့မည်
အစမ်းခန့် ၁ပတ်ကို လုပ်နိုင်မှ လာလျှောက်ပါ။ (အစမ်းခန့်ကာလ အတွင်း ရက်တွက်နဲ့ ပေးမည်)
လိပ်စာ : Spring Tower ( Bts Ratchathewi နား)၊ ဘန်ကောက်မြို့
Line : wutyee1985 သို့ မက်ဆေ့ပို့ပြီ လျှောက်ထားနိုင်သည်။
06/05/2024
ထိုင်း မှာ အလုပ် လျှောက်ရတာ လွယ်လား။ အလုပ်တွေ ပေါလား ??
ကိုယ့်ပြည်တွင်းမှာတောင်မှ အလုပ်ရှာရတာ လွယ် မလွယ် အရင် ဆုံး ဆန်းစစ်စေချင်တယ်။ သူများတိုင်းပြည်မှာ အလုပ်ရှာရတာဟာ 100% မလွယ်ပါဘူး။
နေထိုင်ခွင့်အကြောင်း ၊ ဗီဇာ တွေအကြောင်း ၊ work permit တွေ အကြောင်း ၊ SPass တွေ အကြောင်း စုံလို့ပါပဲ။
တစ်နိုင်ငံနဲ့ တနိုင်ငံ မတူပါဘူး။
အားလုံးကတော့ လောလောဆယ်မှာ ကိုယ့်နိုင်ငံထက် လစာ ပို ရနေတာချည်းပါပဲ။
မိမိက English လို ပြောဆို ဆက်ဆံနိုင်တယ်။ သက်ဆိုင်ရာ ဘွဲ့တခု ရှိမယ် ဆိုရင် ကိုယ်က ဘယ်နိုင်ငံ ဘယ်အလုပ်မျိုးနဲ့ ပို ကိုက်ညီမလဲ သေချာ လေ့လာဖို့လိုပါတယ်။
အားလုံးက တိုးတက်နေတဲ့ နိုင်ငံတွေ ချည်းမို့ အလုပ်က ပေါပါတယ်။
ဘယ်လောက် အလုပ် ပေါပေါ နိုင်ငံခြားသား ဆိုတာ သူတို့ ပြည်တွင်းမှာ ပညာရှင် မလုံလောက်မှ ၊ ဒါမှ မဟုတ် သူတို့မလုပ်ချင်တဲ့ အလုပ်မျိုးမှ ခန့်ကြပါတယ်။
ကိုယ်က IT သမားဆို IT Job opportunities in Thailand ဆိုပီး Google မှာ အရင် ရိုက်ရှာ လိုက်ပါ။ လစာ အနေအထားတွေ၊ အလုပ် လိုအပ်ချက်တွေ အရင် ကြည့်ပါ။ ပြီးတော့ နေထိုင်ခွင့် က ဘယ်လို visa မျိုးလဲ လေ့လာပါ။
အခု Ai search တွေ ဖြစ်တဲ့ Chat GPT , Open aIတွေ သုံးပြီး ကိုယ်သိချင်တာ အချိန် ၅ စက္ကန့်အတွင်း ရှာ လို့ရတယ်။
ပြီးတော့ နိုင်ငံတကာ မှာ Myanmar group တွေ ရှိနေကြပါပီ။ ဝင်ရောက်မေးမြန်းရင်း စနည်းနာ ရပါတယ်။ အရမ်းကြီး တလုံးမှ မသိတာမျိုးတော့လဲ မကောင်းဘူးပေါ့။ ကိုယ့်ဟာကိုယ် အားစိုက်ထုတ်ရတာပဲ။
ဘယ်သူကမှ ကိုယ့်အတွက် အလုပ်ရှာပေးမှာ မဟုတ်ဘူး။ ဒါကြောင့်လဲ အလိမ်ခံရကြတဲ့သူ အများကြီးပါ။
ထိုင်းမှာ white collar အလုပ် ပေါတယ်။ ဒါပေမဲ့ သူတို့လူမျိုးနဲ့ သူတို့ လုံလောက်တယ်။ တချို့ နိုင်ငံခြားသား နဲ့ တွဲလုပ်ရတဲ့ အလုပ်မျိုေးတွကျ English လို ပြောတတ်ဖို့ မြန်မာ white collar တွေ အတွက် အားသာချက် ရှိတယ်။ ကြိူးစားရှာပါ။
ဘယ်လောက်ရှာရှာ မရသေးလဲ စိတ်ဓာတ် မကျပါနဲ့။
တချို့တွေ တလအတွင်း အလုပ်ရတယ်။
တချို့က ၃ လ
တချို့ က ၈ လ
လူဟာ network လိုတယ်။ Facebook platform တခုထဲက မရှာနဲ့။ Linked In ရှိတယ်။ တခြား website တွေ တော်တော်များများရှိတယ်။
တချို့ မြန်မာ group တွေ မဟုတ်ပဲ Exparts တွေ အတွက် သီးသန့် ဖွင့်ထားတဲ့ private တွေ ရှိတယ်။ သူတို့ချင်း တင်တယ်။
ကိုယ်တွေ့ရင် တွေ့တာလေးကို သူတို့ society မှာ မျှဝေတယိ။
မြန်မာတွေမှာ အားနည်းချက်တစ်ခုက ကိုယ်သိရင် သူများသိသွားမှာ သိပ်ကြောက်တာပဲ။ အဲ့တာကြောင့် society တခုလုံး မတိုးတက်လာတာ။
မျှဝေ ပေးရမှာ ကို ကြောက်တာ။
သူများက ပြောတယ် ဆိုရင် အဲ့တာ ငါသိပြီးသားပဲ။
ဒါဆို က်ုယ်ကျ ဘာလို့ သူများကို မမျှဝေချင်လဲ ???
ကိုယ့်အတွက် အကျိုးမရှိဘူးလို့ ထင်နေကြလို့ပဲ။ အကျိုးအမြတ်ရမှ လမ်းညွန်ပေးချင်ကြတယ်။ အသိပေးချင်ကြတယ်။ စမတ်ခ ပေးရတယ် ဆိုတာ မြန်မာတွေက မြန်မာချင်း အေးဂျင့်ပြန်လုပ်နေကြလို့ပဲ။
ဒီမှာ ခေါ်နေတာ တွေ့တယ်။ အဲ့တာ လျောက်ကြည့်လိုက်ဦးဆိုပြီးသာ လူတိုင်းက ကိုယ်သိတာ ကို ပြန်ပြောပေးနေရင် အလုပ်ဆိုတာ အမြဲတစေ ပေါနေတာပါ။
ဒါပေမဲ့ ဘယ်တော့မှ သူများ အားကိုးဖို့ချည်း မစဉ်းစားပါနဲ့။
ကိုယ့်ဟာကိုယ်နည်းလမ်းရှာပါ။ ကြိူးစား အားထုတ်ပါ။
04/05/2024
ထိုင်းနိုင်ငံမသွားခင်သိထားသင့်သောအချက်များ
1. Sim Card
တစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ထိုင်းSim Cardတွေကတော မရှိမဖြစ်လိုအပ်တဲ့ထဲမှာ ပါပါတယ်ဗျ။ Simcard ကို foreigner တွေအတွက်သီးသန့် လေဆိပ်မှာဝယ်လို့ရတဲ့ SimCardမျိုးမဟုတ်ဘဲ ထိုင်းဖုန်းSim card ဝယ်တာက အကောင်းဆုံးပါ။ AIS နဲ့ True Move ကိုတော့ အသုံးများကြပြီး Simcardတွေကို အလွယ်တကူ လမ်းက 7eleven မာ(ဒါမှမဟုတ်) AIS , True Move showroom တွေမှာဝယ်နိုင်ပါတယ်ဗျ ။ ဘယ်မှာပဲဝယ်ဝယ် Simcard တွေ မှတ်ပုံတင်ရမှာဖြစ်လို့ Passport ယူဆောင်သွားရပါမယ်ဗျ။ Passportမပါရင် လုံးဝမရောင်းပါဘူး။ Passport ပေးပြီးရင် မှတ်ပုံတင်မယ့်သူရဲ့ မျက်နှာကို Scanဖတ်ပြီး ရပြီဆို ဆိုင်က ရနိုင်တဲ့Package planတွေပြပါတယ်။ အဲ့ထဲက ကိုယ်အဆင်ပြေတဲ့Package ကိုဝယ်ရင်ရပါပြီနော်။
2.Passport နဲ့ Visa
နောက်တစ်ချက်အနေနဲ့ကတော့ ထိုင်းကိုမသွားခင် Passport နဲ့ Visa ကိုစစ်ဆေးရမှာဖြစ်ပါတယ်ဗျ။ အားလုံးသိထားတဲ့အတိုင်း မြန်မာကနေဆိုရင်တော့ အလည်အပတ်ဆို (14) ရက်အတွင်းဆို Visa မပါပဲ Passport ကိုင်ဆောင်ထားတာနဲ့တင် ရပါတယ်ဗျ။ Passport ကအနည်းဆုံး ကုန်ဆုံးရန်ကျန်ရှိချိန် ၆လအထက်ဖြစ်နေရပါမယ်ဗျ။
3. Money Exchange
Airport မှာဖြစ်နိုင်ရင် ငွေလုံးဝမလဲပါနဲ့ ။
ပြန်ရတဲ့ Rateက တအားနည်းပါတယ်။ အလျှင်လိုရင်တော့ လိုသလောက်ပမာဏပဲ ထုတ်ထားပြီး ကျန်တာကိုတော့ နာမည်ရှိတဲ့ Money Exchange ဆိုင်တွေမှာလဲသင့်ပါတယ်။ အများစုကတော့ Superrich Thai Exchange နဲ့ Rattana Supply ကနေ ငွေလဲရတာ အဆင်ပြေတယ်ပြောပါတယ်။ ဆိုင်ခွဲတော်တော်များများက Mallတွေထဲမှာရှိတတ်ပါတယ်။ ATM တွေလည်းတော်တော်များများရှိပါတယ်ဗျ။
4. Seasons (ရာသီဥတု)
မြန်မာနိုင်ငံလိုပဲ နွေ၊ မိုး၊ ဆောင်း ဆိုပြီး (၃)ရာသီရှိပါတယ်။ အထူးသဖြင့် မိုးရာသီတွေဆို ထိုင်းနိုင်ငံဟာ သွားရလာရတာ အဆင်မပြေလှပါဘူး။ ကားလမ်းမထက်တွေအထိပါ ရေတွေတက်တာ ၊ ရွာရင် ဝုန်းဒိုင်းဆိုပြီး ချက်ချင်းရွာတာ၊ ရေအိုင်တာတွေ၊ ရေတွေနဲ့ စိုစွတ်စွတ်ဖြစ်ရတဲ့ထဲ Traffic ကြောင့် လမ်းတွေပိတ်တာ စတာတွေကြောင့် ထိုင်းရောက်လို့ လှလှလေးဝတ်ပြီး ဘန်ကောက်ရဲ့ အသက်ဖြစ်တဲ့ မုန့်စျေးတန်းတွေ ၊ ရှုခင်းလှလှလေးတွေကို လျှောက်လည်မယ်ဆို မိုးရာသီဟာ အဆင်မပြေဆုံး ရာသီဥတုဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ထိုင်းကို လာရောက်လည်ပတ်မယ်ဆို ရာသီဥတုကို အဓိကထားပြီး စဉ်းစားရပါမယ်ဗျ။
ထိုင်းနိုင်ငံရှိရာသီဥတုများအနေနဲ့
နွေရာသီ- မတ်လ ၊ဧပြီလ ၊ မေလ
မိုးရာသီ -ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလ၊အောက်တိုဘာလ
ဆောင်းရာသီ-နိုဝင်ဘာလ၊ဒီဇင်ဘာလ၊ဇန်နဝါရီလ၊ဖေဖော်ဝါရီလတို့ပဲဖြစ်ပါတယ်ဗျ။
5. နာမည်ကြီးပွဲတော်များ
နာမည်ကြီး ပွဲတော်များ ကျင်းပတဲ့ ရက်တွေနဲ့ နေရာတွေကို တစ်စုတစည်းတည်းဖော်ပြရရင်
Chaung Mai ပန်းပွဲတော် (2-4February)
တရုတ်နှစ်ကူး (Feb လထဲ)
သင်္ကြန်ပွဲတော် (13-15 April)
သရဲပွဲတော် (23-25June)
သပ်သပ်လွတ်ပွဲတော် (3-10 October) အဲ့အချိန်ဆို Shopping Mallတိုင်းသက်သက်လွတ်ပဲရောင်းကြပါတယ်။
မီးမျှောပွဲ - လွယ်ကထုံ (15Nov)
6. သွားလာရေးအတွက် အသုံးပြုရမည့် App များ
Indrive - https://bit.ly/3J93dZZ
Bolt - https://bit.ly/3Uaj8gU
Grab - https://bit.ly/3xA2LRY
Via bus - https://bit.ly/3Qhfobt
Bangkok MRT & BTS Metro Guide - https://bit.ly/4cKktCt
အခြား မရှိမဖြစ် သုံးသင့်တဲ့ App များး
Hotel ငှါးဖို့ဆို Agoda - https://bit.ly/3J8oSBN
အိမ်ပြောင်းဖို့ဆို Lala Move App - https://bit.ly/3VNDpdy
အိမ်ငှါးဖို့ဆို Renthub - https://bit.ly/3PUxgst
Online Shopဆို Lazada - https://bit.ly/3TXJDFo
#ထိုင်း
#ထိုင်းမလာခင်
#ထိုင်းရောက်ရွှေမြန်မာ
#ထိုင်းကိုသွားမယ့်သူတွေအတွက်
်းပညာ
04/05/2024
ထိုင်းနိုင်ငံ မှာ လာရောက်အခြေချမယ့် Videogrpher/Editor များအတွက်
🎥Video Editor - 5 (Male/Female)
🎥Videographer - 3 (Male)
🎥Company Type - Media Production
📍 Requirements
- Video Editing နှင့်ပတ်သက်သော (သို့မဟုတ်) Media ပိုင်းနှင့်ပတ်သက်ပြီး Certificate (or) Diploma ရရှိထားသူ။
- Media လုပ်ငန်းခွင်တွင် ၁ နှစ်အထက်အတွေ့အကြုံရှိသူ။
- Adobe Premiere Pro, Pro Tools, After Effect (သို့မဟုတ်) အခြား Professional Video Editing Software သုံးနိင်သူ။
- လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး အချိန်ပိုဆင်းနိုင်သူ။
📍 Job Description
- Vlog, Short Video, Documentary စသည့်အမျိုးအစားမျိုးစုံကိုတည်းဖြတ်ရပါမည်။
- ရိုက်ကူးထားသော Video များအား ဇတ်ညွှန်းအပေါ််အခြေခံပြီး ကိုယ်ပိုင်စိတ်ကူးနှင့်ပေါင်းစပ်ဖန်တီးပုံဖော်နိုင်ရမည်။
- ဖန်တီးထုတ်လုပ်ရမည့် Program/ Project ၏ လိုအပ်ချက်အတိုင်း တည်းဖြတ်ပေးရပါမည်။
- တည်းဖြတ်ရာတွင်လိုအပ်သည့် Title Animation, Effect, Colorization, Subtitling စသည့်ပညာရပ်များအား ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုလုပ်ကိုင်နိုင်သူဖြစ်ရမည်။
Page Cb တွင် စုံစမ်းရန်
04/05/2024
👉 Chiang Mai Connection ရုံး မှာ
လက်တွဲလုပ်ကိုင်ဖို့ ဝန်ထမ်း ၃ ဦး
လိုနေပါတယ်။
👉 Client Care x 3 Positions
လုပ်ရမယ့်အလုပ်တွေကတော့
ရွေးချယ်ခန့်ထားပြီးတာနဲ့
အရင်ဆုံး
relocation အတွက် consultation လုပ်နိုင်ဖို့ ပညာရှင်များနဲ့ Training တွေ တက်ရပါမယ်။
ပြီးတာနဲ့
ဒီကာလမှာ မပြန်ရသေးတဲ့
Messenger ကဖြစ်စေ၊ Viber ကဖြစ်စေ
မေးထားတဲ့ Facebook မိတ်ဆွေတွေကို
ပြန်ဖြေပေးဖို့။ အကြံပေးဖို့ပါ။
(အခုချိန်ထိ စာမပြန်သေးနိုင်တဲ့သူတွေကိုလဲ အားလည်းနာပါတယ်။)
ပုံမှန်အလုပ်ကတော့
ချင်းမိုင်ကို
ရွှေ့ပြောင်းနေထိုင်မယ့်သူမိတ်ဆွေများ၊
Second Home Set Up လုပ်ချင်တဲ့
မိတ်ဆွေများကို
တစ်နေရာတည်း ဝန်ဆောင်မှုပေးရမှာပါ။
👉လိုအပ်ချက်တွေ
သူတပါးကို စိတ်ရှည်လက်ရှည် ကူညီပေးတဲ့ ဗီဇရှိသူ
Client တွေကို လိုအပ်ရင် ကားမောင်းပို့တာမျိုး
လုပ်နိုင်သူ။ ကားမရှိလည်း ရပါတယ်။
အထောက်အထားရှိသူ
မြန်မာလို အရမ်းကျွမ်းကျင်သူ
(ကောင်းကောင်းရှင်းပြတတ်မယ်၊
မြန်မာလို စာရိုက်တတ်ရပါမယ်။)
အင်္ဂလိပ် - တော်တန်ရုံကျွမ်းကျင်
ထိုင်း - အခြေခံ သို့မဟုတ် ခုမှသင်ယူနေဆဲ ရပါတယ်။
ဗီဇာကိစ္စ၊ ကျောင်းကိစ္စ၊ real estate နဲ့ ရွှေ့ပြောင်းခြင်းဆိုင်ရာ ကိစ္စတွေမှာ ဗဟုသုတ ရှိရင်ပိုကောင်းပါတယ်။ မရှိလည်း စိတ်ဝင်စားရင် လျှောက်ထားနိုင်ပါတယ်။
Saraphi မှာ ရုံးတက်နိုင်သူ
Page Cb ကို ဆက်သွယ်ရန်
04/05/2024
ထိုင်း မြန်မာ အလုပ်ခေါ်စာ ‼️‼️‼️‼️‼️
ကဲ အလုပ်မှအလုပ်ဆိုပီးရှာနေကြတဲ့
ညီ ညီမ အကို အမ တို့ ကျနော့်ပုံမှနထုံးစံလူတွေကို အလုပ်ရစေလိုတဲ့ ဆန္ဒအတိုင်း
ကျနော့်ရဲ့ joint venture company အသစ်လေး
စထောင်ထားတာမို့ man power resources
တေအများကြီးလိုနေပါတယ်
JD တေက visa ရောင်း၊ ကျောင်းလျှောက်တာရောင်း
Company ထောင်တာ၊ real estate ပိုင်းလေးတေပါပါမယ်
မြန်မာရုံးခွဲအတွက်
===============
Sales and marketing stuff
(ရုံးလာတက်, WFH)
Male - 10 pos
Female - 10 pos
ထိုင်းရုံးခွဲအတွက်
======================
Sales and marketing stuff
ချင်းမိုင်
========
Female -3 pos
Male - 2 pos
ဘန်ကောက်
==========
Female -3 pos
Male -3 pos
လျှောက်ထားလို့ပါက
cb မှတဆင့်
လာမေးပီးလျှောက်ထားနိုင်ပါပီ
04/05/2024
"When I asked Copilot about popular platform for Job search in Thailand.......”
ထိုင်းနိုင်ငံတွင် အလုပ်ရှာမယ်ဆိုရင် ဒီ Website 10 ခု ကို နေ့တိုင်း သုံးပါ။ ကျနော် တစ်ခုချင်း ဝင်ရောက် ကြည့်ရှုပြီးပါပြီ။ အားလုံး Active ဖြစ်ပီး Foreigner Expats တွေ လဲ ဒီကနေ ဝင်ရှာ ကြတာ ဖြစ်ပါတယ်။
Top 10 Websites in Thailand
1.JobsDB
2.Jobtopgun
3.LinkedIn
4.Adecco Thailand
5.Monster Thailand
6.CareerJet Thailand
7.Craiglist Bangkok
8.ThaiVisa Job Forum
9.Bangkok Post Jobs
10.jobdb
Orlendo WP
04/05/2024
Bangkokမှာ အသစ်ဖွင့်မယ့်Education company အတွက်
Admin and Reception Female (2)posts အလိုရှိပါတယ်။
90% fluent in Thai Language
(Thai + Chinese or English Language)
ထိုင်းစကားအပြင် Chinese or Englishတစ်ခုခု
တတ်ထားရပါမယ်။
ထိုင်းကျောင်းသားတွေ မိဘတွေနဲ့ ပြောဆိုဆက်ဆံ
ရမှာမို့ ထိုင်းစာအရေးအဖတ်အပြော ကျွမ်းကျင်
ရပါမယ်။
Pageကနေ ထိုင်းလူမျိုးတွေမေးတာကို ထိုင်းလို
ပြန်ဖြေ ဖုန်းဆက်ပြီးရှင်းပြပေးရမှာပါ။
ရုံးကိုလာတိုင်ပင်ရင်လဲ ဆွေးနွေးတိုင်ပင်ပေး
ရမှာမို့ ထိုင်းစကားအနည်းငယ်ရတွေ အဆင်မပြေ
ပါဘူး။ ကျွမ်းကျင်မှ အဆင်ပြေပါမယ်။
📝 အင်တာဗျူးမှာ ထိုင်းလူမျိုးတွေနဲ့ ထိုင်းစာအရည်အချင်းကို စစ်ဆေးမှာမို့ ကျွမ်းကျင်မှ
လာလျှောက်ပေးပါနော်။
Looking for employee
For education Company
Job title
Admin& Reception
Job Details
employee who can speak Thai fluently
Monday to Saturday(9am to 5pm)
Age 20 to 35
Salary negotiate
Thai Language and Chinese or English
Basic salary + percentage %
Have to explain students our education services in Thai language
Page Cb တွင်စုံစမ်းမေးမြန်းရန်
Noted လိုအပ်ချက်နှင့်ကိုက်ညီမှ cvပို့ပေးပါရန်