20/02/2026
Life Timing 🕛
ဘဝရဲ့အရာအားလုံးက Timing အပေါ်မှာ မူတည်တယ်။ အချိန်ကာလတစ်ခုပဲ လိုတာပါ။
ကောင်းမွန်တဲ့ဘဝလက်တွဲဖော် ပိုင်ဆိုင်ရဖို့ အချိန်လိုတယ်။ မိဘတွေကို ကောင်းကောင်းထားနိုင်ဖို့ အချိန်လိုတယ်။ အချစ်ဆုံးသူငယ်ချင်း ပိုင်ဆိုင်ရဖို့ အချိန်လိုတယ်။
ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်စောင့်ခိုင်းတာ မဟုတ်ဘူးနော်။ သိပြီးရင် လုံ့လစိုက်ပြီး ကြိုးစားရဦးမယ်။ ကိုယ်နဲ့အဆင်ပြေ၊မပြေ ဆုံးဖြတ်ချက် ချရဦးမယ်။ ဒီတော့ ကိုယ်လိုချင်တာရဖို့ အချိန်လိုတယ်။ ကြိုးစားဖို့ လိုတယ်။ ဆုံးဖြတ်ချက် ချတတ်ဖို့ လိုတယ်။ ရွေးချယ်တတ်ဖို့ လိုတယ်။
ကိုယ်သာ ရိုးသားဖြောင့်မတ်စွာ နေထိုင်ပြီး အရူးအမူး ကြိုးစားနေရင် လိုချင်တာ မရစရာ အကြောင်းမရှိပါ။
#ဘဝနှင့်အချစ်၏ချိုမြိန်ခြင်း
#နူးနူးအောင်
22/10/2025
" လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ မျိုးရိုးအဆင့်အတန်းပေါ်မှာ မမှီတည်ဘူး မောင်လေးရဲ့၊မိဘတွေရဲ့ အဆင့်အတန်းကို ကြည့်ပြီးတော့လည်းသားသမီးရဲ့ တန်ဖိုးကို ပုံသေသတ်မှတ်လို့ မရပါဘူး၊ကိုယ်ကိုယ်တိုင်ရဲ့ အပြုအမူ၊ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ဓာတ်တွေကပဲ ကိုယ့်အဆင့်အတန်းကို သတ်မှတ်တာပါ၊ကိုယ့်မိဘမျိုးရိုး အဆင့်အတန်းက နိမ့်ခဲ့ရင်တောင် ကိုယ်ကစပြီး ကိုယ်မျိုးရိုးကို မြင့်မြင့်မားမားဖြစ်အောင် တည်ဆောက်လို့ရတာပဲ၊ကြီးမြတ်တဲ့မျိုးရိုးဆိုတာကို မင်းက စတင်လိုက်ပါ
မောင်လေး "
( မြကျေးရုံ)
#လက်ကျန်လရောင်
#ပုညခင်
Photo credit.
27/09/2025
စာအုပ်တွေ ဆိုတာ ကိုယ်တိုင်ဝယ်လို့ရပေမယ့်
" ကိုယ့်အတွက်တကူးတက " ဆိုတဲ့
အရာလေးက တကယ်ကြည်နူးစရာပါ..📚🤍❤️❤️
18/09/2025
❤️ ဘယ်သူ့ကိုမှ အတင်းမချစ်ခိုင်းပါနဲ့ ❤️
သေချာ စဉ်းစားကြည့်ရင် လူတော်တော်များများကို ကျွန်တော်တို့က အတင်းချစ်ခိုင်းခဲ့သလိုပဲ။ငါ့ဆီ ဖုန်းဆက်ပါ၊ ငါ့ကို စာပို့ပါ၊ ငါ့ကို ဂရုစိုက်ပေးပါ၊ ငါနဲ့ တွေ့ပါ၊ ငါ့ကို ချစ်ပေးပါ၊ ငါ့ကို အချိန်ပေးပါ၊ ငါ့ကို စိတ်ညစ်အောင် မလုပ်ပါနဲ့၊ ငါ့ကို စိတ်ပူရအောင် မနေပါနဲ့ဆိုပြီး အမြဲတောင်းဆိုနေခဲ့ရသလိုပါပဲ။
ဒီလိုတောင်းဆိုနေရတယ်ဆိုရင်လည်း အဲဒီလူက ကျွန်တော်တို့ကို မချစ်လို့ပဲ နေမှာပါ။ ခက်တာက အချစ်ဆိုတာကလည်း လွယ်လွယ်လေး ဖြစ်လာတာမျိုးမှ မဟုတ်တာ။ လွယ်လွယ်လေးသာ ဖြစ်နေမယ်ဆိုရင်တော့ လူ့ဘဝကြီးက တအားလွယ်ကူသွားမှာပဲနော်။
လူတစ်ယောက်နဲ့ ပတ်သက်လာရင် ပြန်စဉ်းစားကြည့်ပါ။ အဲ့ဒီလူကို ငါက အတင်းချစ်ခိုင်းနေမိသလားဆိုတာကို။ အဲ့ဒီလူနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးမှာ ငါကပဲ တစ်ဖက်သတ်ကြိုးစားနေရသလားဆိုတာကိုပေါ့။ တချို့ ဆက်ဆံရေးတွေက ကိုယ့်ဘက်ကပဲ တစ်ဖက်သတ်ကြိုးစားနေရတာမျိုးပါ။ ဒီဆက်ဆံရေးတည်မြဲဖို့ရော၊ ရှေ့ဆက်ဖို့ရော၊ နွေးထွေးနေကြဖို့ရောပေါ့။
အချစ်ဆိုတဲ့ ကြိုးကတော့ တစ်ဖက်တည်းဆွဲလို့ မရနိုင်ပါဘူး။
#ပန်းခြံနှင့်ဥယျာဉ်မှူး
09/07/2025
Give away winner 🎉လေးပါရှင့်🍀
Won Na Mon .Congratulations 🎉ပါ
ဖုန်းနံပါတ် နဲ့ လိပ်စာလေး
Page messenger မှာပို့ပေးပါ
01/07/2025
Book Give away 🍀🍀🍀
မင်္ဂလာပါ စာချစ်သူလေးတို့ရေ...
July လ 9 ရက်နေ့ဟာ Admin ရဲ့ မွေးနေ့ဖြစ်တာကြောင့် စာချစ်သူလေးတို့ကို စာအုပ်လက်ဆောင်
မဲဖောက်ပေးချင်ပါတယ်။
ပါဝင်ကံစမ်းချင်တယ်ဆိုရင်တော့
Read for your Future ပို့စ်အောက်မှာ မိမိဖတ်ချင်တဲ့စာအုပ်ကို 9 ရက်နေ့မတိုင်ခင် comment ပေးပါ။
Free Delivery ပါ။
July 1 ရက်နေ့မှစ၍ စာချစ်သူအပေါင်း ကံကောင်းကြပါစေ။
24/06/2025
ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဆိုတဲ့
စိတ်အတက်အကျတွေဟာ
ကိုယ်တိုင်ဖန်တီးယူလို့ရတဲ့
အရာတွေပဲဖြစ်ပါတယ်။
ဒါကြောင့်...ကိုယ့်ပျော်ရွှင်ခြင်းကို
တပါးသူဆီ သွားမရှာနဲ့။
နာကျင်မှုတွေအတွက်လည်း
ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့။
ကိုယ့်ခွင့်ပြုချက်မပါဘဲ ဘယ်သူကမှ
ကိုယ့်ကိုနာကျင်အောင် လုပ်လို့မရပါဘူး။
ဘဝမှာ အရေးကြီးဆုံးက
တစ်စုံတစ်ယောက်ကြောင့်
မိမိကိုယ်ကို ပျောက်ဆုံးမခံမိစေဖို့ပါပဲ။
ကိုယ်လိုချင်တဲ့ ဘဝတစ်ခုကို
ကိုယ်တိုင်သာ
ဖန်တီးတည်ဆောက်ရပါလိမ့်မယ်။