27/01/2026
ရဲဘော်များအတွက် အားမလျှော့ပဲ လစဉ်ပုံမှန် လှူဒါန်းပေးသော ထိုင်းရောက် ထောက်ပို့များအားလုံးကို အထူးကျေးဇူးတင်ပါသည်။
ဒါကတော့ ဒီနေ့ ပေးပို့ခဲ့သော ကျပ် ၂၀ သိန်းအတွက် CDF-Matupi တပ်ရင်း ၃ မှ ပေးပို့လာသော ဂုဏ်ပြုလွှာ ဖြစ်ပါသည်။
12/12/2025
🥀 Farewell Comrade
🥀 စစ်အာဏာရှင်ကို တော်လှန်ရင်း ဒီနေ့ မြင့်မြတ်စွာ ကျဆုံးသွားသော CDF-Matupi တပ်ရင်း - ၃ မှ ရဲဘော် အန်တိုနီအား လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။ ရဲဘော်အန်တိုနီဟာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်မပေးခင်မှာလည်း တပ်ရင်း ၃ အတွက် ဆင်းရဲဒုက္ခအမျိုးမျိုး ခံရပြီး များစွာ ပေးဆပ်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း မိခင်တပ်ရင်းက ရဲဘော်ရဲဖက်သာမက မတူပီမြို့နယ် တော်လှန်ရေးကို စိတ်ဝင်စားသူတိုင်း အသိဆုံး ဖြစ်ပါတယ်။ ပေးဆပ်မှုများအတွက် ကျေးဇူးတင်ပါသည်သာ ပြောနိုင်ပါသည်။ ကောင်းစွာ အနားယူပါတော့ ရဲဘော်။
🥀 We Shall Meet Again Comrade.
27/11/2025
Farewell Comrade
စစ်အာဏာရှင်ကို တော်လှန်ရင်း ဒီနေ့ မြင့်မြတ်စွာ ကျဆုံးသွားသော CDF-Matupi တပ်ရင်း - ၃ မှ ရဲဘော် ကီးထန်အား လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေး ပေးဆပ်သော ရဲဘော်ကို လေးစားစွာ နှုတ်ဆက်ပါသည်။
We Shall Meet Again Comrade.
15/07/2025
ရဲဘော်များအတွက် အားမလျှော့ပဲ လစဉ်ပုံမှန် လှူဒါန်းပေးသော ထိုင်းရောက် ထောက်ပို့များအားလုံးကို အထူးကျေးဇူးတင်ပါသည်။
ဒါကတော့ ဒီလ ဇွန်လိုင်လတွင် ပေးပို့ခဲ့သော ကျပ် ၂၀ သိန်းအတွက် CDF-Matupi တပ်ရင်း ၃ မှ ပေးပို့လာသော ဂုဏ်ပြုလွှာ ဖြစ်ပါသည်။
25/05/2025
ရဲဘော်များအတွက် အားမလျှော့ပဲ လစဉ်ပုံမှန် လှူဒါန်းပေးသော ထိုင်းရောက် ထောက်ပို့များအားလုံးကို အထူးကျေးဇူးတင်ပါသည်။
ဒါကတော့ ဒီလ မေလတွင် ပေးပို့ခဲ့သော ကျပ် ၂၀ သိန်းအတွက် CDF-Matupi တပ်ရင်း ၃ မှ ပေးပို့လာသော ဂုဏ်ပြုလွှာ ဖြစ်ပါသည်။
30/03/2025
🌹 ဝမ်းနည်းကြေကွဲခြင်း
🌹 စစ်အာဏာရှင်ကို တော်လှန်ရင်း ဒီနေ့မနက်ပိုင်းတွင် ကျန်းမာရေးချို့ယွင်းမှုကြောင့် မီဇိုရမ်တနေရာတွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့သော CDF-Matupi တပ်ရင်း ၃ မှ ရဲဘော် ဆန်ဒါဆင့်အား အထူးနှမျှောမိသလို ကျန်ရစ်သော မိသားစု၊ ရဲဘော်၊ ပြည်သူများနဲ့အတူတူ ထပ်တူ ဝမ်နည်းကြောင်း ဖော်ပြလိုပါသည်။
🌹 Rest in Power Comrade!
24/03/2025
🎯 ဂုဏ်ပြုလွှာ
🎯 ယခု မတ်လတွင် တပ်ရင်း ၃ အတွက် ထိုင်းရောက် ပြည်သူများမှ ထောက်ပို့ငွေ သိန်း ၂၀ ပေးပို့နိုင်ခဲ့ပြီး၊ ဒီကနေ့ ရက်စွဲဖြင့် တပ်ရင်း ၃ မှ တရားဝင် ပေးပို့လာသော ဂုဏ်ပြုလွှာ ဖြစ်ပါသည်။
🎯 CDF-Matupi တပ်ရင်းအတွက် လစဉ် လူတစ်ဦးလျှင် ဘတ် ၅၀၀ ကောက်ပြီး ပုံမှန်ထောက်ပို့ပါဝင်နေကြသောကြောင့် ရဲဘော်များကို ကူညီလိုသော ပြည်သူများ ဒီပေ့ချ်တွင် ဆက်သွယ် ပါဝင်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
02/03/2025
ဝမ်းနည်းကြေကွဲခြင်း
CDF-Matupi တပ်ရင်း ၃ တွင် တာဝန်ထမ်းဆောင်ရင်း ဒီကနေ့ တွင် ခရစ်တော်၌ အိပ်ပျော်သွားသော တပ်ရင်းမှူးဟောင်း ဆလိုင်း ပဲသီးအား အထူးလေးစားဂုဏ်ယူကြောင်းနှင့် မိသားစု၊ ရဲဘော်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြပါသည်။
13/02/2025
CDF-Matupi တပ်ရင်း ၃ နယ်မြေအတွင်း အေအေနဲ့ ပူးပေါင်းထားသော တပ်မဟာ ၁ မှ ကန့်သတ်ချက် အမျိုးမျိုးပြုလုပ်နေဟု ထုတ်ပြန်
ချင်းပြည်နယ်တောင်ပိုင်း၊ တပ်ရင်း ၃ နယ်မြေတွင် အေအေနဲ့ ပူးပေါင်းထားသော CDF-Matupi တပ်မဟာ ၁ မှာ တားဆီးပိတ်ပင်ကန့်သတ်ချက် အမျိုးမျိုး ပြုလုပ်နေသောကြောင့် တပ်ရင်း ၃ နယ်မြေအတွင်း အုပ်ချုပ်ရေး ဖော်ဆောင်ရန် အခက်အခဲ အမျိုးမျိုး ရင်ဆိုင်နေရတယ်လို့ တပ်ရင်း ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF-Matupi တပ်ရင်း ၃ မှ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
တပ်ရင်း ၃ ပြည်သူ့အုပ်ချုပ်ရေးမှ ကိုယ်ထူကိုယ်ထ ဖောက်လုပ်ထားသော လမ်းတွင်လည်း တပ်မဟာ ၁ မှ ဂိတ်ချပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် (၅) ကြိမ်မြောက် ပြည်သူ့အုပ်ချုပ်ရေးညီလာခံကို တက်ရောက်မဲ့ တာဝန်ရှိပုဂ္ဂိုလ်များကို သွားလာဖြန်သန်းခွင့် အကြောင်းမဲ့ ပိတ်ပင်ခြင်းလည်း ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့ကြောင့် တပ်မဟာ ၁ မှ သွားလာဖြတ်သန်းခွင့်ကို အကြောင့်မဲ့ ဆက်လက် ပိတ်ပင်ပါက နောက်ဖြစ်လာမဲ့ မျိုးနွယ်စုများအကြားက ပြဿနာများကို တာဝန်ယူရလိမ့်မယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
09/02/2025
CDF-Matupi တပ်ရင်း ၃ ၏ ၅ ကြိမ်မြောက်တပ်ရင်းညီလာခံကို ဖေဖော်ဝါရီလ ၄ ရက်နေ့ ၂၀၂၅ တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ညီလာခံက ပုံရိပ်များကို အများပြည်သူအတွက် ပြန်လည် မျှဝေပေးလိုက်ပါသည်။