Beyond Borders

Beyond Borders

แชร์

Welcome to Beyond Borders! 🌏

We are dedicated to helping expats, travelers, and immigrants navigate life in new countries. Join our community

From practical tips to cultural insights, our mission is to make your transition smoother and more enriching.

13/06/2024

ဘန်ကောက်မြို့ သမိုင်း

အားလုံးဘဲ မင်္ဂလာပါ ခင်ဗျာ
ကျွန်တော်တို့ မြန်မာအများစုရဲ့ ခိုလှုံရာဖြစ်တဲ့ ဘန်ကောက်မြို့အကြောင်းကို အကျည်းချုပ်လေး မျှဝေပေးချင်ပါတယ်

🗺️တည်ထောင်ခြင်းနှင့် အစောပိုင်းကာလ

ဘန်ကောက်မြို့ကို ထိုင်းဘာသာဖြင့် Krung Thep Maha Nakhon လို့ ခေါ်ဆိုပြီး “နတ်ဘုရားမြို့” လို့ အဓိပ္ပာယ်ရပါတယ်။ ၁၇၈၂ ခုနှစ်တွင် Chakri မင်းဆက်ရဲ့ ပထမဆုံးဘုရင် 👑 King Rama I က တည်ထောင်ခဲ့ပါသည်။ ဘန်ကောက်မြို့တော်အဖြစ် မတည်ထောင်မှီ အယုဒ္ဓယခေတ်ကတည်းက အသေးစား ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ရာ နေရာ တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

📅Rattanakosin ခေတ်

Chakri မင်းဆက်ရဲ့ ပထမဆုံးဘုရင် King Rama I က Chao Phraya River ဘေးက Thonburi မြို့မှာ ရှိတဲ့ နန်းတော်ကနေ ဘန်ကောက်မြို့ မှာရှိတဲ့ နန်းတော်ကို ရွှေ့လာခဲ့ပါတယ်။ အဲဒီ ရွှေ့ပြောင်းတည်ထောင်တဲ့အချိန်ဝန်းကျင်ကို Rattanakosin ခေတ်လို့ ခေါ်ပါတယ်။ ဘန်ကောက်ဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့ မြို့ဖြစ်ပြီးတော့ ယခင်ကလဲ အသေးစားကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ရာနေရာဖြစ်တဲ့အတွက် ရွှေ့ပြောင်းခဲ့တဲ့ Rattanakosin ခေတ်မှာ နိုင်ငံခြားနဲ့ ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ တိုးတက်လာခဲ့ပါတယ်။

🏙️ ဖွံ့ဖြိုးတိုးတက်လာခြင်း

၁၉ ရာစုကာလအတွင်းမှာ ဘန်ကောက်မြို့ ဟာ စတင်ခေတ်မှီမြို့တော်အဖြစ် တိုးတက်လာတယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုရင် - King Rama IV and King Rama V တို့က အနောက်တိုင်းနည်းပညာတွေ ပညာရှင်တွေနဲ့ လုပ်ငန်းရှင် မြောက်များစွာကို ဘန်ကောက်မြို့ပေါ်ကို လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မြို့တော်ကိုလည်း ကားလမ်းအသစ်များစွာ , ရထားလမ်းအသစ်များစွာကို တည်ဆောက်ပြီး Pubilc Transportaion ကို တိုးချဲ့ခဲ့ပါတယ်။

📈စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း

၂၀ ရာစုကာလမှာတော့ ဘန်ကောက်မြို့ဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွာရေးနှင့် ယဉ်ကျေးမှုတို့၏တို့ကို မြှင့်တင်ပေးရာ နေရာတစ်ခု ဖြစ်လာပါတယ်။ နာမည်ကြီး Street food ဆိုင်တွေ ၊ ဘုရားရှိခိုးကျောင်းတွေ၊ Night club,Bar တွေ ၊ Shopping Mall တွေဟာလည်း အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ တဟုန်ထိုး တိုးတက်လာပြီး နိုင်ငံတကာခရီးသွားတွေကို ဖိတ်ခေါ်နေပါတော့တယ်။ ဒါအပြင် အစိုးရကလည်း Visa မျိုးစုံကို ထုတ်ပေးပြီး ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမဲ့ သူတွေကို ဖိတ်ခေါ်နေပါတော့တယ်။ တစ်နည်းအားဖြင့် ပိုက်ဆံသုံးမဲ့လူတွေပေါ့ဗျာ။ဒါကြောင့်မလို့ အစိုးရရဲ့ ကူညီမှုတွေနဲ့ အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာ ကမ္ဘာမှာ နာမည်ကြီးဆုံး မြို့တော်တွေထဲက တစ်ခုဖြစ်လာပြီး ဒီထက်လည်း တိုးတက်လာဖို့ဘဲ ရှိပါတယ်။


31/05/2024

🧱🧱 Firewall 🧱🧱
စစ်ကောင်စီ အသုံးပြုနေတယ်လို့ သတင်းထွက်နေတဲ့ Firewall ဆိုတာ ဘာလဲ???

အခု ကျနော်တို့ မြန်မာနိုင်ငံမှာ VPN သုံးမရတာတွေ Facebook, Instagram တို့လို Social Media App တွေ သုံးလို့မရဖြစ်နေတာတွေဟာ စကစက Firewall စနစ်ကို အသက်သွင်းလိုက်လို့ဆိုပြီး သတင်းထွက်နေပါတယ်။ ဒါကြောင့် Firewall စနစ်ဆိုတာ ဘာလည်းဆိုတာ သိရအောင် တင်ပေးလိုက်ပါတယ်။
Firewall စနစ်ဆိုတာ ကျနော်တို့ အသုံးပြုနေတဲ့ အင်တာနက်ပေါ်က အချက်အလက်တွေကို စောင့်ကြည့်ပြီးတော့ သူထဲကို ထည့်ထားတဲ့ System အတိုင်း အင်တာနက်ပေါ်က အချက်အလက်တွေကို ဘယ်ဟာကိုတော့ ပေးသုံးမယ် ပေးကြည့်မယ် ဘယ်ဟာကိုတော့ ပေးမသုံးဘူး ပေးမကြည့်ဘူးလို့ ထိန်းချုပ်တဲ့စနစ်လို့ ပြောရပါမယ်။
အလွယ်ကူဆုံး မြင်သာအောင် ပြောရရင် အင်တာနက်အသုံးပြုလို့ရတဲ့ ကျနော်တို့ရဲ့ ကွန်ပြူတာ ဖုန်းတွေကို 🏠အိမ်တစ်လုံးလို မြင်ကြည့်လိုက်မယ်ဆိုရင် Firewall က အိမ်ထဲကို ဝင်လို့ရတဲ့ 🚪တံခါးပေါက်ဖြစ်ပါတယ်။ သူက အိမ်ထဲကို ဘယ်သူတွေ ပေးဝင်မယ်/ပေးမဝင်ဘူးဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။ ဒါကြောင့် စကစက တစ်နိုင်ငံလုံးစာ Firewall စနစ်ကို သုံးလိုက်မယ်ဆိုရင် စကစရဲ့ အင်တာနက်လိုင်းကိုသုံးနေတဲ့ မြန်မာနိုင်ငံက လူတွေဟာ သူတို့ခွင့်ပြုတဲ့ အချက်အလက်တွေကိုသာ မြင်ရသုံးရတော့မှာ ဖြစ်ပါတယ်။ Facebook, Instagram, Tiktok, VPN အစရှိတဲ့ အင်တာနက်နဲ့ အသုံးပြုရတဲ့အရာတွေကို စကစကသာ တားမြစ်ထားလိုက်ရင် ဘာမှ သုံးရမှာမဟုတ်တော့ပါဘူး။
🗺️ နိုင်ငံတိုင်းနီးပါးဟာ လုံခြုံရေးအတွက် Firewall တွေ သုံးကျပေမဲ့ ဒီလို လူအခွင့်အရေးကို အများကြီး ချိုးဖောက်တဲ့စနစ်ကို အသုံးပြုတဲ့ နိုင်ငံ တော်တော်နည်းပါတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာဆိုလည်း နာမည်ကျော် "The Great Firewall" ကို အသုံးပြုပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာရှိတဲ့ လူတွေဆိုရင်တော့ အစိုးရတားမြစ်ထားတဲ့ App တွေဆို သုံးမရဘဲ သူတို့ သတ်မှတ်ပေးထားတဲ့ App တွေသာ အသုံးပြုရပါတယ်။ Facebook, Telegram, Messenger, What’s app စတဲ့ Social App တွေဆိုရင် ပိတ်ပင်ထားတာဖြစ်တဲ့အတွက် ရှိသမျှ VPN နဲ့ သုံးပြီး ဝင်လည်း လုံးဝ သုံးမရပါဘူး။ (မှတ်ချက်- တစ်ချို့ Paid Vpn တွေ သုံးပြီး ရတယ်လို့လည်း ကြားမိပါတယ်) ။ ဒါကြောင့် စစ်ကောင်စီကသာ တရုတ်နိုင်ငံလို Firewall စနစ်ကို ကျင့်သုံးလိုက်မယ်ဆိုရင် မြန်မာနိုင်ငံက လူတွေအနေနဲ့ အင်တာနက်သုံးရတာ အကန့်အသတ်တွေ အရမ်းများလာမှာ ဖြစ်ပါတယ်။ ကျနော်ရဲ့ ဒီပို့စ်ဟာ Firewall အကြောင်းကို အပေါ်ယံ ရှင်းပြုရုံပါဘဲ ခင်ဗျာ။ စကစက တကယ်အသုံးပြုတော့မှာလား ဆိုတာလဲ သေချာတဲ့ သတင်းရင်းမြစ်မရှိသေးတာမလို့ အရမ်းလည်း မစိုးရိမ်ပါနဲ့။ အကယ်၍ အသုံးပြုခဲ့ရင်လည်း နည်းပညာခေတ်ကြီးမှာ ဖြေရှင်းစရာတွေ ရှိလာမှာမလို့ သိပ်စိတ်မပူကျနဲ့နော်။
(ဖြစ်လာခဲ့ရင်လည်း Update news အပါအဝင် ဖြေရှင်းနည်းပါ ကြိုးစာရှာပြီး တင်ပေးမယ်နော်)
💪🏽💪🏽💪🏽အားလုံးဘဲ Fighting ပါဗျာ

31/05/2024

🌍 ထိုင်းမှာ 🛂Student Visa နဲ့ ပိုက်ဆံ ဘယ်လိုရှာလို့ရမလဲ??

သင်က ထိုင်းမှာ Student Visa နဲ့ နေထိုင်နေပြီး အပိုဝင်ငွေ ရှာနေပါသလား? ဒါဆိုရင်တော့ ဒီပို့စ်မှာ Student Visa နဲ့ တရားဝင်လုပ်လို့ရတဲ့ တစ်ချို့နည်းလမ်းလေးတွေ အကြံပေးမယ်နော်

1. Part-Time Jobs on Campus 🎓 - ထိုင်းမှာ ရှိတဲ့ တက္ကသိုလ်တော်တော်များများက ကျောင်းသားတွေအတွက် စာကြည့်တိုက်အကူ၊ ရုံးအကူ၊ ဆရာတွေရဲ့ အလုပ်တွေကို ကူလုပ်ပေးရတာမျိုး အစရှိတဲ့ Part-Time Jobs တွေ ရှိတတ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ကျောင်းရဲ့ Student Services Office မှာ စုံစမ်းနိုင်ပါတယ်။

2. Tutoring 📚တတ်ကျွမ်းတဲ့ ပညာရပ် (သို့) ဘာသာစကားကို သူများကို ပြန်သင်ပေးပြီးတော့လည်း အပိုဝင်ငွေ ရနိုင်ပါတယ်။ ဒီနေရာမှာ အင်္ဂလိပ်ဘာသာစကားကို အဓိက ပြောချင်ပါတယ်။ သူများကို သင်ပေးနိုင်လောက်အောင် ကို့ရဲ့ အင်္ဂလိပ်စကေးက ကောင်းတယ်ဆိုရင် ဒီနည်းလမ်းက ပိုက်ဆံ ဝင်နိုင်တဲ့ နည်းလမ်းပါ။ ထိုင်းက ကလေးတွေကို အင်္ဂလိပ်စာ သင်တဲ့အလုပ်က တကယ် ဝင်ငွေကောင်းပါတယ်၊၊ ဒါပေမဲ့ ထိုင်းတွေက နိုင်ငံခြားသားအဖြူတွေနဲ့ဘဲ သင်တာများလို့ အလုပ်ရဖို့ တော်တော်ကြိုးစားရပါမယ်။

3. Freelancing Online 💻 သင်က Graphic Designer, Programmer, Digital Marketing အလုပ်တွေကို ကျွမ်းကျင်တဲ့လူဆိုရင်တော့ Online ကနေ freelance အနေနဲ့ အလုပ်လုပ်ပြီး အပိုဝင်ငွေရနိုင်ပါတယ်။ ဒီလိုအလုပ်တွေကို သက်ဆိုင်ရာ Facebook Group တွေမှာ ရှာနိုင်သလို Upwork, Freelancer နဲ့ Fiverr တို့လို Platforms တွေမှာလဲ ကို့ကို အလုပ်ပေးမဲ့ clients တွေ အများကြီး ရှိပါတယ်။သေချာလုပ်မယ်ဆိုရင် ဒီအလုပ်ကလည်း တကယ် အပိုဝင်ငွေ ရပါတယ်။ (ဒီ Platforms တွေ အသုံးပြုပုံကို Google, Youtube တို့မှာ လေ့လာနိုင်ပါတယ်။ ကျနော်လည်း သက်သက်ပို့စ် တင်ပေးမယ်နော်)

4. Internships and Volunteering 🏢 ဒီအလုပ်တွေကိုတော့ NGO တွေလိုမျိုး တချို့အဖွဲ့အစည်းတွေမှာ လုပ်လို့ရတယ်လို့ ကြားဘူးပါတယ်။ ဒါပေမဲ့ သူတို့တွေ ပေးတဲ့ ပုံစံက တစ်နေ့စာ စားစရိတ်လောက်ငှရုံဘဲ တွက်ပေးတာဆိုတော့ အပိုဝင်ငွေအတွက် လုပ်ချင်တာမျိုးဆို အဆင်မပြေနိုင်ပါဘူး။ ကိုယ်က ပညာလိုချင်လို့ အတွ့အကြုံလိုချင်လို့ဆိုရင်တော့ စမ်းလုပ်သင့်ပါတယ်။

5. Online Business 🎨 ကျနော်တို့ မြန်မာတွေ တော်တော်များများ လုပ်နေတဲ့ အလုပ်လို့ ပြောရမယ်။ Facebook, Tiktok, Lazada, instagram အစရှိတဲ့ နေရာတွေကနေ ဈေးရောင်းတာပါ။ ထိုင်းက ပစ္စည်းကို မြန်မာဘက်ပို့ပြီး ရောင်းတာ၊ မြန်မာက ပစ္စည်းကို ထိုင်းဘက်ယူပြီး ရောင်းတာနဲ့ ထမင်းဟင်းကို လိုင်းပေါ်ကနေ ရောင်းပြီး အပိုဝင်ငွေ ရှာတဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းက တော်တော်များများလုပ်နေပြီး လုပ်လို့ရတဲ့ နည်းလမ်းတွေထဲမှာတော့ Customers များလာရင် တကယ်ဝင်ငွေကောင်းတဲ့ အလုပ်ပါ။

📌 Important Note: ဒါပေမဲ့ ထိုင်းဥပဒေအရဆိုရင် လုံးဝတရားဝင်နည်းလမ်းမဟုတ်တော့ လုပ်ငန်းကြီးလာရင် လိုင်စင်လုပ်တာဖြစ်စေ တစ်ခြားနည်းလမ်းတစ်ခုခုတော့ လုပ်စေချင်ပါတယ်။

6. Online Trading 💹 Online Trading မှာ တော်တော်များများ လုပ်ကျတာက Crypto Trading, Stock Trading နဲ့ Forex Trading ဆိုပြီး ရှိပါတယ်။ Crypto Trading ဆိုတာ Crypto Currency လို့ခေါ်တဲ့ Bitcoin, Ethereum အစရှိတဲ့အရာတွေကို Online ပေါ်မှာ အရောင်းအဝယ်လုပ်တာပါ။ Stock Trading ဆိုတာ Apple, Google အစရှိတဲ့ ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေကို အရောင်းအဝယ်လုပ်တာဖြစ်ပြီး Forex Trading ဆိုတာတော့ ရွှေ၊ ဒေါ်လာ၊ ထိုင်းဘတ် အစရှိတဲ့ ငွေကြေးတွေကို အရောင်းအဝယ်လုပ်တာလို့ ပြောရပါမယ်။ ဘယ်လို အလုပ်လုပ်လည်းလို့ အကျည်းချုပ်ပြောရရင် “ကျရင်ဝယ် တက်ရင်ရောင်း” တာလို့ ပြောရပါမယ်။ တကယ်နားလည်အောင် လေ့လာပြီး လုပ်မယ်ဆိုရင် အကျိုးအမြတ်များသလို ဝင်ငွေကောင်းတဲ့ အလုပ်ဖြစ်နိုင်ပြီး နားမလည်ဘဲ လုပ်ရင်တော့ လောင်းကစားနဲ့ မခြားတဲ့ အလုပ်မျိုးပါ။ (ကျနော်ကိုယ်တိုင်လည်း လုပ်နေတာဖြစ်လို့ ဒီအလုပ်အကြောင်းကိုလည်း သက်သက်ပို့စ်တင်ပေးမယ်နော်)

အခုပြောခဲ့တဲ့ နည်းလမ်းတွေထဲက တစ်ချို့က Student Visa နဲ့ နေထိုင်နေသူတွေတင်မဟုတ် အခြားနည်းလမ်းနဲ့ နေထိုင်နေတဲ့ လူတွေလည်း လုပ်လို့ရပါတယ်။ Online ကလုပ်ရတဲ့ အလုပ်တွေကတော့ ကျနော်တို့ မြန်မာတွေအတွက် အဆင်ပြေဆုံးနဲ့ အလုပ်ဖြစ်နိုင်ဆုံးလို့ မြင်ပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ကို ရွေးခြယ်ပြီး ဝင်ငွေရကျပါစေ…

💪🏽💪🏽💪🏽အားလုံးဘဲ Fighting ပါ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Soi Ramkhamhaeng 12 Yaek 2, Hua Mak, Bang Kapi District
Bangkok
10240