23/05/2026
ပင်ပန်းမှုတွေကို အမောဖြေမယ်...
Trainingဆိုတာ ခန္ဓာကိုယ်ကိုပဲ လေ့ကျင့်တာမဟုတ်ပါဘူး
စိတ်ဓာတ်၊ခံယူချက်တွေကိုပါ ကြံ့ခိုင်လာအောင် သင်ကြားပေးတာပါ
စိတ်ကောလူပါ ပင်ပန်းနွမ်းနယ်မှုတွေကို Tarining နားချိန်လေးခဏအတွင်းမှာ ရဲဘော်အချင်းချင်းရယ်စရာဟာသများ ပြောပြီး စိမ့်ရေလေးတွေသောက်ရင်း အားတင်းရှေ့ဆက်နေကြပါတယ်။
-9918
11/05/2026
" မေတ္တာ ''
ပူလောင်ခြင်းအလျဥ်းမရှိ အေးမြခြင်းသည်ကိုသာ အသားပေးဆောင်သည်။ ကမ်းလင့်ရင်း ထွေးပွေ့ရင်းသွားကြသောခရီးရှည်နှင့် အတူ CRTF ရဲဘော်များအတွက် အသားဟင်းတစ်နပ်စာမွေးနေ့အလှူဖြင့် အားဖြစ်စေရပါသော '' 4.5.2026 မွေးနေ့ရှင်မီးမီးလေး Nunam (ခ) မေသရဖီ '' မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရပြီး သူတစ်ပါးစိတ်အနှောင့်ယှက်ပြုခြင်းအပေါင်းမှ ကင်းဝေးပါစေ🥰🥰
- 9918
06/05/2026
" 5.5.2026 အသားဟင်းအလှူရှင် မနော်ထွေးငယ် ''
လိုအင်တွေဖြည့်ကူကြရင်း ရှေ့ဆက်ကြတဲ့အခါ ပင်ပန်းနေတဲ့ခြေလှမ်းတွေ ရပ်တန်းသွားခြင်းဆီကို မရောက်တော့ဘူး။ ရင်ဘတ်ချင်းတူသူတွေ ဆုံကြတဲ့အခါ အခက်ခဲကိုမျှဝေကျော်ဖြတ်ရင်း ချွေးသိတ်ပေးကြသည်ကား ယခုလိုမြင်ကွင်းမျိုးလေးများနဲ့ သာယာစေလိုပါ၏ ။
" အသားဟင်းအလှူရှင် မနော်ထွေးငယ်ကို ကျွန်တော်တို့ရဲဘော်ရဲမေများမှ အထူးပင်လေးစားလျက်🙏🙏''
05/05/2026
ရဲဘော်များ နဲ့ Training
Trainingတွေက ပင်ပန်းတယ် ခက်ခဲတယ် ငြီးငွေ့တယ် ဒါပေမဲ့.... ကိုယ့်ရဲဘော်ညီအစ်ကိုတွေနဲ့ အတူတူရှိနေရတာဟာ ရုန်းကန်ကျော်ဖြတ်နိုင်ဖို့ အားဖြစ်စေတယ်။
ခက်ခဲတာတွေက ပျက်ဆီးစေဖို့တစ်ခုတည်းမဟုတ်ပဲ ပိုသန်မာလာအောင်လည်း သင်ကြားပေးတယ်ဆိုတာ နားလည်ထားကြတယ်။
ရဲဘော်တွေဟာ စကားနည်းနည်းနဲ့လည်း နားလည်လွယ်ပြီး အလုပ်တာဝန်ကို ကိုယ့်အသိစိတ်နဲ့လုပ်ဆောင်ကြသူတွေပါ။
အခက်ခဲတွေကြားမှာ တစ်ယောက်ကိုတစ်ယောက် မပစ်ပယ်တဲ့အရာကို "ရဲဘော်"လို့ ခေါ်တယ်......
- 9918
24/04/2026
" 24.4.2026 ''
" အလှူရှင် - Finland နိုင်ငံမှကိုဂျိမ်း ''
နေ့စွဲတွေဟာ ကျော်လွန်လာခဲ့ပေမယ့် နှလုံးသားတွေထဲမှာကိန်းဝပ်နေသော သူတို့အကြောင်းတွေ....၊ အချိန်ရထားဟာပုံမှန်ခုတ်မောင်းနေဆဲ၊
အမှတ်တရတွေလည်းကျန်ရစ်နေဆဲ ၊ တာဝန်ကိုကျေပွန်စွာထမ်းဆောင်သွားနှင့်ပြီး (24.4.2024 ရက်နေ့တွင်ကျဆုံးခဲ့ရသော ရဲဘော်အာလူးနှင့်ရဲဘော်အာတူး) တို့အားရည်စူး၍ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ရှိ ရဲဘော်ရဲမေများအတွက် '' မုန့်ဟင်းခါး '' ကျွေးမွေးလှူဒါန်းပေးပါသော "Finland နိုင်ငံမှကိုဂျိမ်းအား'' အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ......
#အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့
24/04/2026
ကျနော်တို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ တပ်တည်ဆောက်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစ၍ ဧပြီလ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့သော ‘နိုင်ငံမဲ့ စိတ်ဝိညာဉ်’ Mini album ရန်ပုံငွေ ရှာဖွေရေးကမ်ပိန်းလေးမှာ မျှော်မှန်းပမာဏထက်ကျော်လွန်၍ သိန်း ၃၂၀ ကျော်ပမာဏခန့်ဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်။
ယခုကဲ့သို့ အောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် ကမ်ပိန်းကာလတစ်လျှောက်လုံး ပါဝင်အားဖြည့်ခဲ့ကြသော မိဘပြည်သူလူထုကို ဦးစွာကျေးဇူးတင်အပ်ပါသည်။ ထို့နောက် Mini album ဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့ကြသော ကိုခန့်၊ KGX Music Band၊ ဦးပန်၊ ကိုဖိုးသင်္ကြန် နှင့် ကူညီချိတ်ဆက်ပေးသော ရဲဘော်ဟောင်း Raymee တို့ကိုလည်း ကျေးဇူးအထူးတင်ပါသည်။
Mini album campaign အောင်မြင်ရေးအတွက် ရန်ပုံငွေဝိုင်းဝန်းကူညီရှာဖွေပေးသော နွေဦးကံ့ကော် အင်ပါယာ၊ Promotion video ဖြင့် ပြည်သူလူထုကို တိုက်တွန်းနှိုးဆော်ပေးပါသော ကိုဖိုးစံ၊ ကိုမင်းလွန်တို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းလျက်ရှိသော ပြည်သူလူထုနှင့်အတူ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့သည်လည်း နေ့ညမပြတ်ကြိုးပမ်းလျက်ရှိနေပြီး အာဏာရှင်ချုပ်ငြိမ်းသော စနစ်တစ်ခုဖြစ်စေဖို့ ပိုမိုအားထုတ်ကြရပါမည်ခင်ဗျာ။
#နိုင်ငံမဲ့စိတ်ဝိညာဉ်
#အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့
22/04/2026
ဟင်းလျာ.....
" အရသာမြိန်ခြင်းဆိုတာ အရသာခံယူသောသူ၏လျာ၌တည်သည် '' ဆိုသည့်အတိုင်း အဟာရပြုလိုသော '' အလှူရှင် - မပပ '' ရဲ့ အဟာရဒါနကို ဝမ်းမြောက်နှစ်သက်ခြင်းဖြင့်ခံယူရင်း '' မပပ '' ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ ရဲဘော်ရဲမေများမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ..။
#အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့
17/04/2026
ပြုံးရင်းနဲ့ဖြစ်ဖြစ် ၊ မဲ့ရင်းနဲ့ဖြစ်ဖြစ် ခဏလောက်ရပ်ကြည့်ရင်း ငဲ့စောင်းကြည့်ပေးပါ ။ အခုနေအနာခံမှ နောင်တစ်ချိန်အသာစံရမယ်ဆိုလည်း အနာခံရင်း ဆက်လက်အသာပါဆက်ခံသွားကြတာပေါ့။ အတူတူသွားရင် ဒီလမ်းဟာကြမ်းမယ်မထင်ရသည့်နှယ်🥰🥰
#အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့
15/02/2026
ပြည်သူမရှိဘဲ နိုင်ငံတစ်ခု ဖြစ်မလာနိုင်ပါဘူး...
နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေ စိတ်တွေအကျဥ်းချခံနေရ... နိုင်ငံရပ်ခြားကို ထွက်ပြေးတိမ်းရှောင်နေရသူတွေ နိုင်ငံမဲ့နေကြ... လွတ်မြောက်နယ်မြေမှာ ရှိနေသူတွေ နိုင်ငံပျောက်ပြီး ကိုယ်ရော စိတ်ပါ မလွတ်မြောက်နိုင်ကြ...
ဒါ့အပြင် တော်လှန်ရေးထဲမှာ အသက်စွန့်ပြီး ထွက်ခွာသွားကြတဲ့ မျောလွင့် ဝိညာဥ်တွေ...
နိုင်ငံမဲ့တယ်ဆိုတာ.. နေ့စဉ် ရှင်နေလျက်နဲ့ စိတ်တွေ သေနေသလိုပါပဲ.. အခွင့်အရေးတွေ ဆုံးရှုံးနေရပြီး ခက်ခဲစွာ ဖြတ်သန်းနေကြရတယ်.. စိတ်ဝိညာဥ်တွေ ပျောက်ဆုံးနေကြတယ်..
ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ဘယ်မှာပဲရှိနေနေ ငါတို့စိတ်ဝိညာဥ်တွေက မလွတ်မြောက်နေကြဘူး .. နိုင်ငံမဲ့ နေကြတယ်..
ဒီလိုနိုင်ငံမဲ့နေသူတွေအားလုံးအတွက် ကျနော်တို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရဲဘော်တွေ စုပေါင်းဖန်တီးထားတဲ့ "နိုင်ငံမဲ့ စိတ်ဝိညာဉ်" Mini Album က စိတ်ခွန်အားတစ်ခု ပေးနိုင်ဖို့ ယုံကြည်ထားပါတယ်... ကောမန့်မှာ ထည့်ပေးထားတဲ့ Website link ကနေ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်...
"နိုင်ငံမဲ့ စိတ်ဝိညာဉ်" Mini Album ကို နားထောင်နိုင်ဖို့အတွက် "အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့" Page messenger မှာ မိမိတတ်နိုင်သည့် ငွေကြေးဖြင့် open donation လုပ်ပြီး password ရယူနိုင်ပါတယ် ခင်ဗျာ...
#နိုင်ငံမဲ့စိတ်ဝိညာဉ်
#အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့