အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အင်အားစု

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အင်အားစု

แชร์

To encourage entrepreneurship for myanmar youth and SME development

26/10/2020
Photos 19/10/2016

မြန်မာ့စီးပွား ဘယ်လိုလှုပ်နှိုးမလဲ

မည်မျှထိတောင့်ခံရမည်နည်းဟု လက်ကျန်ငွေနှင့် ရက်များကို လက်ချိုးရေတွက်သည့် စီးပွားရေးလုပ်ငန်းရှင်ငယ်များ များလာသည့်အတွက် မြန်မာ့စီးပွားရေးမှာ လူအများ၏ အမြင်တွင် အမြန်လှုပ်နိုးမှသာရတော့မည်။ အစိုးရအောင်မြင်ရေးသည် နိုင်ငံ့အောင်မြင်ရေး၊ နိုင်ငံ့အောင်မြင်ရေးသည် နိုင်ငံ့စီးပွားအောင်မြင်ရေး ဖြစ်သည့်အတွက်မြင်သမျှ တွက်ချက်မိသမျှကို အခြေခံကာ အဖြေရှာပေးလိုက်ပါသည်။

၁) လူစားလဲ သို့မဟုတ် လူဖြည့်

မြန်မာနိုင်ငံ၏ နာတာရှည်ပြဿနာမှာ လူသားရင်းမြစ်ပင်ဖြစ်ရာ စီးပွားရေးပြဿနာကို ဖြေရှင်းရာတွင်လည်း အစိုးရ၏ အားနည်းချက်မှာ လူသားရင်းမြစ်ပင်ဖြစ်သည်။
လက်ရှိဝန်ကြီးဌာနအချို့မှာ ယခင်ဝန်ကြီးဌာနကြီးများကို ပေါင်းထားခြင်းဖြစ်ရာ ၀န်ကြီး၊ ဒုဝန်ကြီး ၄ယောက်၊ ၆ယောက် ထားရမည့်ဌာနကြီးများဖြစ်သည်။ ယင်းကို ၀န်ကြီးတစ်ပါးတည်းဖြင့် မောင်းရန်ကြိုးစားလျင် ယခင်အခြေအနေဖြင့်ပင် မဖြစ်နိုင်။
ယခုအခါ မျှော်လင့်ချက်မြင့်မားနေသည့်အပြင် အကူးအပြောင်းနောက်တစ်ဆင့်ဖြစ်သည်။ ထို့ပြင် ၀န်ကြီးအများအပြားသည် အပြင်လူများဖြစ်ကြရာ ဌာနသဘော၊ ကိုင်တွယ်ရသည့် လုပ်ငန်းသဘောကို နားလည်အောင် အချိန်ယူနေရသည်။
ခြောက်လရှိပြီဖြစ်ရာ ခြေမပေါ်လျင် လူစားလဲသင့်ကြောင့် ယခင်သီတင်းပတ်ကဆောင်းပါးတွင်လည်း အနည်းငယ်ဖော်ပြခဲ့သည်။ အစိုးရအနေဖြင့် ကိုယ့်လူညံ့မှန်းသိလျင်ပင် လူစားလဲရန် ခဲယဉ်းကြောင်း သဘောပေါက်မိပါသည်။ လူစားလဲပါက မူလခန့်ထားသည့် ဆုံးဖြတ်ချက်မှားယွင်းကြောင်း ၀န်ခံသလိုဖြစ်မည်။ ထို့ကြောင့် လူအင်အားဖြည့်တင်းခြင်းသည် ပိုလွယ်နိုင်သည်။
ယခင်ဝန်ကြီးဌာနနှစ်ခုပေါင်းထားသော ၀န်ကြီးဌာနတွင် ဒုဝန်ကြီးနှစ်ယောက်ခန့်ထားပါက ၀န်ကြီးထမ်းနေရသော ၀န်ထုပ်ဝန်ပိုးကြီးလျော့သွားပြီး မူဝါဒများ လျင်မြန်စွာနှင့် မှန်ကန်စွာချမှတ်နိုင်မည်။ ၀န်ကြီးဌာနများတွင် လူလတ်တန်းများတွင် ထူးချွန်သူများ ရှိရာ ယင်းတို့ကို ဆွဲထုတ်သုံးစွဲနိုင်လျင် ၀န်ကြီးဌာနများ၏ efficiency တက်လာမည်။ ၀န်ကြီးဌာနများအောက်ရှိ စီးပွားရေးလုပ်ငန်းများကို ကောင်းကောင်းကိုင်တွယ်နိုင်မည့် CEO များနှင့် လွှဲအပ်နိုင်လျင် ၀န်ကြီးများတွင် သိသိသာသာဝန်ပေါ့သွားမည်။

၂) အရင်းအနှီး

အရင်းအနှီးရှားခြင်းသည် မြန်မာ့စီးပွား၏ အဓိကပြဿနာတစ်ရပ်ဖြစ်သည်။ အရင်းအနှီးတွင် ပြည်ပနှင့် ပြည်တွင်း နှစ်မျိုးရှိသည်။
ပြည်ပအရင်းအနှီးအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ဖိတ်ခေါ်သည့်အဆင့်သာရှိနေပြီး လိုက်မရှာဟု မြင်ပါသည်။
initiative ခေါ် ကိုယ့်ဘက်က ဦးဆောင်ဦးရွက်ပြုမှု အားနည်းပါက ကိုယ်လိုချင်သော ရင်းနှီးမြုပ်နှံမှုများ ၀င်လာရန် ခဲယဉ်းသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအောင်မြင်စွာ ဆွဲဆောင်နိုင်သော နိုင်ငံများကိုကြည့်လျင် ဘောလုံးအပေးမစောင့်ဘဲ ဘောလုံးဆင်းယူသည့်နိုင်ငံများဖြစ်သည်ကို တွေ့ရသည်။ မြန်မာသံရုံးများတွင် commercial attaché ခေါ် စီးပွားရေးသံမှုးများ ထားလာပြီဖြစ်ရာ ယင်းတို့၏အားကို ယူနိုင်သည်။ ပြည်ပမှ ရင်းနှီးမြုပ်နှံမှုတိုင်း ကိုယ်ပိုင်ငွေနှင့် လာသည်မဟုတ်ဘဲ ချေးငွေနှင့်လာသည်လည်းဖြစ်နိုင်ရာ ငွေလဲလှယ်နှုန်း ၀ါ ဒေါ်လာဈေးကို တည်ငြိမ်အောင် ထိန်းသိမ်းထားမှသာ ပြည်ပရင်းနှီးမြုပ်နှံမှုများလာကြမည်။ ငွေလဲလှယ်နှုန်းကို အကြောင်းကြောင်းကြောင့် နိုင်အောင် မကိုင်နိုင်သေးပါ။ တဖန် မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုပြီးသည်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိစ္စ ပြီးသည် မဟုတ်ရာ လုပ်ငန်းလည်ပတ်နိုင်ရေး အဆင်ပြေချောမွေ့မှသာ ပြည်ပလုပ်ငန်းများ ၀င်လာကြမည်ဖြစ်သည်။ သို့မဟုတ်က စာရွက်ပေါ်တွင်သာ ရင်းနှီးမြုပ်နှံမှု ကိန်းဂဏန်းများ တက်လာပြီး လက်တွေ့တွင် ငွေကြေး၊ လုပ်ငန်း၊ စက်ပစ္စည်း ၀င်မည်မဟုတ်။

မြန်မာနိုင်ငံကဲ့သို့ အလယ်အလတ်အရွယ်အစားရှိ နိုင်ငံသည် ပြည်ပရင်းနှီးမြုပ်နှံမှုပေါ်ချည်း အားကိုးနေရန် မသင့်ပါ။ ပြည်တွင်းရင်းနှီးမြုပ်နှံမှုသည်လည်းအားကိုးလောက်သည်။
ပြည်တွင်းရင်းနှီးမြုပ်နှံမှုတွင် နှစ်ချက်ပြောလိုပါသည်။

နံပါတ်တစ်မှာ ခရိုနီများကိစ္စဖြစ်သည်။ ခရိုနီများ မည်သည့်နည်းနှင့် ငွေရခဲ့သည်ဖြစ်စေ ယနေ့ ယင်းတို့တွင်သာ ငွေကြေးများ ပုံနေသည်ဖြစ်ရာ ထိုငွေများကို ပြည်သူများအကျိုးရှိအောင်သုံးရန် အရေးကြီးသည်။ ပြည်သူများအတွက် အကျိုးရှိမည့်၊ အရင်းအနှီးကြီးမားသော လုပ်ငန်းများ ဥပမာ infrastructure၊ မြို့ပတ်ရထားလမ်းကဲ့သို့ လုပ်ငန်းများတွင် ရင်းနှီးစေပြီး အစိုးရက အာမခံချက်ပေးနိုင်မည်ဆိုလျင် ပြည်သူရော ယင်းတို့ပါ နှစ်ဦးနှစ်ဝ အကျိုးရှိမည်ဖြစ်သည်။ နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်သော်လည်း အချိန်ကြာမှ ငွေပြန်ရမည့်လုပ်ငန်းများ၊ စွန့်စားရသည့်လုပ်ငန်းများတွင် ယင်းတို့ရင်းနှီးမြုပ်နှံကြလျင် နိုင်ငံအတွက် အကျိုးရှိမည်၊ ယင်းတို့လည်း နိုင်ငံ့အကျိုးကိုဆောင်သည့်အတွက် နာမည်ကောင်းရနိုင်သည်။ တစိမ်းတရံဆံ နိုင်ငံခြားသားများကိုပင် ဆွဲဆောင်နေရသည်ဖြစ်ရာ နိုင်ငံသားများကို ဆွဲဆောင်ခြင်းမှာ ထူးဆန်းသည်မဟုတ်ပါ။

ဒုတိယအချက်။ စတော့ရှယ်ယာ။ ပြည်တွင်းတွင် အတန်အသင့်ငွေကြေးရှိသူများသည်အလုပ်မလုပ်ဘဲ ပုံမှန်ဝင်ငွေရရှိရန် ရင်းနှီးမြုပ်နှံလိုကြသည်။
စတော့ဈေးကွက်စတင်နေပြီ ဖြစ်သော်လည်း ကုမ္ဗဏီနည်းသေးသည်။ အရှိန်ရလာလျင် စတော့ဈေးကွက်ဝင် ကုမ္ဗဏီများလည်း လုပ်ငန်းတိုးချဲ့ရန် အရင်းအနှီးရ၊ ပြည်သူများလည်း ငွေရင်းနည်းနည်းဖြင့် ကုမ္ဗဏီပိုင်ရှင်ဖြစ်ကြမည်။ ထိုအခါ စတော့ဈေးကွက်သို့ စာရင်းသွင်းရန် ကုမ္ဗဏီများ အပြိုင်အဆိုင်ကြိုးစားကြမည်။ စတော့ဈေးကွက်ဝင် ကုမ္ဗဏီများ၏ ပွင့်လင်းမြင်သာမှုသည် စတော့ဈေးကွက်မ၀င်သော ကုမ္ဗဏီများထက် သာလေ့ရှိရာ နိုင်ငံတွင်းစီးပွားရေးတွင် ပွင့်လင်းမြင်သာမှုတက်လာပြီး ယုံကြည်မှုလည်းတက်လာမည်။

၃) လမ်းပန်းဆက်သွယ်ရေး

လမ်းပန်းဆက်သွယ်ရေးသည် စီးပွားရေး၏ သော့ချက်ဖြစ်သည်။ မည်သည့်အောင်မြင်သောနိုင်ငံမဆို ကြည့်လိုက်လျင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ အမေရိကန်ပြည်ထောင်စု တရှိန်ထိုးစီးပွားရေးတက်သောအချိန်မှာ တစ်နိုင်ငံလုံးကို ရထားလမ်းများ လက်ချင်းယှက်ဖောက်လုပ်ပြီးသွားသည့်အချိန်ဖြစ်သည်။ ကုန်ရော လူပါ အချိန်တိုတို ငွေအကုန်အကျသက်သက်သာသာနှင့် ရောက်နိုင်သည့်ကာလသည် အမေရိကန်ပြည်ထောင်စုကို မဟာအင်အားကြီးနိုင်ငံအဖြစ် မွေးဖွားပေးလိုက်သည့်ကာလဖြစ်သည်။ မြန်မာနိုင်ငံတွင် မြေမျက်နှာသွင်ပြင် ပထ၀ီအနေအထားအမျိုးစုံသည့်အတွက် ကားလမ်း၊ ရထားလမ်း၊ ရေလမ်း၊ လေကြောင်း ပို့ဆောင်ရေးအမျိုးစုံဖွံ့ဖြိုးလာမှသာ နိုင်ငံ အရှိန်အဟုန်ဖြင့်တိုးတက်မည်။ ဒေသအချင်းချင်းဆက်သွယ်ရေးအရေးကြီးသလို ဒေသတွင်းဆက်သွယ်ရေးသည်လည်း အရေးကြီးသည်။ အဓိကမြို့ကြီးများ၊ စီးပွားရေးအင်ဂျင်များဖြစ်သည့် ရန်ကုန်နှင့် မန္တလေးတွင် ယာဉ်ကြောပိတ်ဆို့မှုများသည် ယင်းမြို့ကြီးများတွင် မှီတင်းနေထိုင်သူများကိုသာ သက်ရောက်သည်မဟုတ်ဘဲ နိုင်ငံ၏ အခြားဒေသများတွင် နေထိုင်သူများကိုပါ သက်ရောက်သည်။ ရန်ကုန်၊ မန္တလေးတွင် နေသူအများအပြားသည် ယင်းဒေသမူရင်းများမဟုတ်ကြသလို တစ်နိုင်ငံလုံးရှိ ကုန်စည်စီးဆင်းမှု၊ ပင်လယ်ထွက်ပေါက်၊ လေကြောင်းထွက်ပေါက်၊ လမ်းများဆုံဆည်းရာသည် ထိုမြို့ကြီးများဖြစ်ရာ ရန်ကုန်မန္တလေးတွင် ယာဉ်ကြောစီးဆင်းမှု မှန်ကန်မြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်လျင် မြန်မာ့စီးပွားရေးကို ကြီးမားစွာအကျိုးပြုမည်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးသည် အရင်းအနှီးကြီးပြီး ငွေပြန်ရရန်ကြာသည့်အတွက် နာမည်ကောင်းပြန်လိုချင်သော ခရိုနီတို့၏ ရင်းနှီးမြုပ်နှံမှုကို သုံးနိုင်သည်။ လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများသည် လူအားငွေအားအများအပြားသုံးရသည်ဖြစ်ရာ ယင်းလုပ်ငန်းကြီးတို့မှတဆင့် စီးပွားရေး၏ အခြားနေရာများသို့ ငွေများစီးဆင်းသွားကာ တစ်နိုင်ငံလုံးငွေကြေးလည်ပတ်မှု အားကောင်းလာနိုင်သည်။

အချုပ်ပြောပါမည်။ လူစားလဲ သို့မဟုတ် လူဖြည့်၊ အရင်းအနှီးရှာ၊ လမ်းပန်းဆက်သွယ်ရေးတိုးတက်လျင် မြန်မာ့စီးပွားရေးကို လှုပ်နှိုးနိုင်မည်။

ဇေယျသူ
The Voice Weekly။ အောက်တိုဘာ ၁၅ ၂၀၁၆

Bank Interest Caculation 05/10/2016

Interest rate calculation

Bank တွေရဲ့ အတိုးတွက်ပုံတွက်နည်း လေး တွေကို မီမီနဲ့အတူ ဖတ်ကြမယ်လေ သူငယ်ချင်းတို့

credit to online

04/10/2016

ဘဏ်တိုးနှုန်းတွေ လျှော့ချတာနဲ့ ပတ်သက်ပြီး သေသေချာချာ သိစေချင်လို့ပါ။

၁။ ဘယ်လိုမျိုးလျှော့တာလဲ?
ဘဏ်အားလုံးလား?
ဘာဖြစ်လို့ လျှော့ကြတာလဲ?

- Call deposit (အလွယ်ခေါ် နေ့ပြန်တိုး) နဂို တစ်နှစ်ကို ၈% ပေးရာကနေ အခု ၆% ကို လျှော့ချတာပါ။ (သိန်း တစ်ရာအောက်ကို ၄%၊ တစ်ရာအထက်ကို ၆%ပါ)
ဘဏ်အားလုံး လျှော့တာ မဟုတ်ပါဘူး။ (ပုံတွေအရ MAB, MOB, GTB နဲ့ တစ်ခြားဘဏ်တွေ လျှော့ပါတယ်)။
KBZ, AYA က ကျပ်သိန်းတစ်ရာအထက်ကို call deposit အတွက် ၈% ပေးတုန်းပါ။

နေ့ပြန်တိုး ဆိုတဲ့အတိုင်း နေ့တိုင်းအတွက် အတိုး တွက်ပေးတာပါ။
- အိမ်၊ခြံ၊မြေ၊ ကား ရောင်းတဲ့သူတွေဆို သောကြာနေ့မှာ သိန်း ထောင်ချီ အပ်၊ နောက် အပတ်မှာ ပြန်ထုတ်သုံးပြီး၊ စနေ၊တနင်္ဂနွေ အတွက် အတိုး ထုတ်ယူကြပါတယ်။ ၈%နဲ့ဆို ( ကျပ်သိန်း တစ်ထောင်အတွက် တစ်ရက်ကို ၂၁၉၁၇ကျပ် အတိုး ရပါတယ်)။ ၆% နဲ့ဆို (ကျပ်သိန်း တစ်ထောင်အတွက် တစ်ရက်ကို ၁၆၄၃၈ ကျပ် အတိုးရပါမယ်)။
တစ်နှစ်စာအတိုးကို ၃၆၅ နဲ့ စားပြီး တွက်ထားတာပါ။ တိုးရင်းပေါင်းမဟုတ်ပါဘူး။
(သိသူများ ပြောပေးပါ)။
Call deposit မရှိခင်တုန်းကဆို ဘဏ်တွေမှာ လဆန်းရက်တွေပဲ လူများတာပါ။

- ဘဏ်တွေ အနေနဲ့က ရက်ပိုင်းပဲလာအပ်တဲ့ငွေကို မသုံးရပဲ၊ အတိုးထိုင်ပေးရသလို ဖြစ်နေတာပါ။ ဘဏ်ဆိုတာက အပ်ငွေကို ပြန်ချေးပြီး (multiplier effect) နဲ့ သွားရတာပါ။ အဲဒါနဲ့ပဲ ကိုက်အောင် ရွှေ(သို့) ဒေါ်လာဝယ်စုကြပါတယ်။ အရင်ကတော့ call deposit အတိုးကို customer အပြိုင်ခေါ်တဲ့အနေနဲ့ ဗဟိုဘဏ်က ပေးထားတဲ့ range အတွင်းမှာ အမြင့်ဆုံးတွေ ပေးကြတာပါ။ အခုက တချို့ဘဏ်သေးတွေက အနိမ့်ဈေးကို ပြောင်းလိုက်တာပါ။
(ကျွန်တော့်အထင် ဗဟိုဘဏ်က ဒေါ်လာဈေးတွေတက်လာလို့ ဒေါ်လာစုတာကို သတိပေးတာက တစ်ကြောင်း၊ ဘဏ်ကြီးတွေလို မတောင့်နိုင်တာက တစ်ကြောင်း call deposit အတိုးကို ၈% ကနေ ၆% လျှော့တယ်ထင်ပါတယ်)။

- အခုအတိုင်းဆို အတိုးမလျှော့တဲ့ KBZ တို့ AYA တို့မှာ call deposit အကောင့်ဖွင့်တဲ့သူတွေ များကုန်မှာပါ။ အဲ့ဒီဘဏ်တွေလည်း တစ်ချိန်မှာတော့ လျှော့နိုင်ပါတယ်။ လောလောဆယ် မလျှော့သေးတဲ့အကြောင်းပြောတာပါ။ (မီဒီယာ တော်တော်များများက ဒါကို မရှင်းပြကြပါဘူး။ ဘဏ်အားလုံးလျှော့သယောင် ရေးကြပါတယ်။)

- ဘဏ်ကြီးတွေက မလျှော့သေးတာက နိုင်ငံခြားဘဏ်တွေမလာခင် မားကတ်ကို ဦးထားချင်တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရက်က အတည်ပြုလိုက်တဲ့ ရင်းနှီးမြုပ်နှံမှုဥပေဒေသစ်မှာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြုပ်နှံသူတွေကို အခွင့်အရေးတန်းတူညီမျှ ပေးမယ်ဆိုပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် ကောင်းပေမယ့်၊ ပြည်တွင်းလုပ်ငန်းရှင်များအတွက် ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်ထားရတော့မှာပါ။
ဒီရက်ပိုင်းဆို AYA ဘဏ်က(ကားတွေ ကွန်ဒိုတွေကို ၅နှစ် အရစ်ကျ စနစ် မိတ်ဆက်လာသလို၊ သိန်း ၅၀ကို ရက် ၅၀ အတိုးမပေးရတဲ့ အကြွေးဝယ်ကဒ် (credit card အစစ်)လည်း မိတ်ဆက်လာပါတယ်။ CB, KBZ မှာလည်း credit card ရှိပါတယ်။ ဒါပေမယ့် ဘဏ်အကောင့်မှာ သိန်း ၅၀ ကိုlock လုပ်ထားပါတယ်။ Credit cardတွေအားလုံး နိုင်ငံခြားမှာပါ သုံးနိုင်ပါတယ်။
AYA credit card မှာတော့ ATMမှာ ငွေသားထုတ်သုံးရင် တစ်သိန်းကို ၆၀၀၀ ဖြတ်ပါတယ်။ ဆိုင်တွေမှာ ကဒ်နဲ့ရှင်းရင်တော့ တချို့ဆိုင်တွေမှာ ၅% discount ရပါတယ်။ market place တို့မှာ ဈေးဝယ်တဲ့သူတွေ၊ ပိုက်ဆံအများကြီး မကိုင်ချင်သူတွေအတွက် တော်တော် အဆင်ပြေပါတယ်။ သိန်း ၅၀ လောက် သုံးတာကို ရက် ၅၀ အတိုး မပေးရတဲ့အတွက်။ အကြေးရရင် ဆင်တောင် ၀ယ်ချင်တဲ့ မြန်မာလူမျိုးနဲ့တော့ အကိုက်ပါပဲ။ ရက် ၅၀ အတွင်း ပိုက်ဆံ ပြန်မထည့်ရင်တော့ တစ်ရက်ကို ၁% အတိုး ပေးရမှာပါ။

- အခု လူတော်တော်များများက saving တွေပါ အတိုးလျှော့တယ် ထင်ကြပါတယ်။ saving အတိုး က ဘဏ်တော်တော်များများက အတူတူပါပဲ။
Fixed deposit တစ်နှစ်အပ်ငွေကို ၁၀% ပေးတယ်၊ ချေးငွေကို ၁၃% နဲ့ ပြန်ချေးတယ်။ saving အတွက် အတိုးက အရင်အတိုင်းပါပဲ။
အလွယ်ပြောရရင် သင်က ဘဏ်မှာ သိန်း တစ်ရာကို တစ်နှစ်ပုံသေအပ်ထားရင် တစ်နှစ်ပြည့်ရင် သင့်ဘဏ့်အကောင့်မှာ သိန်း တစ်ရာ့တစ်ဆယ်ရှိမယ်။ ဘဏ်ကလည်း တစ်ခြားလူကို တစ်နှစ် ပြန်ချေးတယ် ကြားထဲကနေ ၂ သိန်း စားမယ်။ (service က ၁%ပါ)

- နောက် လူတော်တော်များများက မြန်မာပြည်ရဲ့ ဘဏ်တိုးနှုန်းက များတယ် ထင်ကြတယ်။ အဲဒါက inflation ငြိမ်နေရင်တော့ ဟုတ်ပါတယ်။ အခုလို inflation က ၁၅% လောက် ဖြစ်နေတဲ့အချိန်ဆို

negative interest rate တောင် ဖြစ်နေတာပါ။ ထိုင်း မှာ (inflation က ၀.၄၆%၊ Interest rate 2%)၊
ဗီယက်နမ်မှာ (inflation က ၂.၂၈%၊ interest 7%)၊ လာအိုမှာ (inflation က ၁.၁၃%၊ Interest rate က ၅%)။ ဂျပန်မှာဆို ဘဏ်မှာ ငွေလာအပ်ရင် အတိုးမပေးတဲ့အပြင် ၀န်ဆောင်ခတောင် ပြန်ပေးရပါသေးတယ်။

NLD အစိုးရအနေနဲ့လည်း inflation ကို ထိန်းပြီး၊ အပ်ငွေကော ချေးငွေကောအတွက် ဘဏ်တိုးနှုန်းတွေကို အဆင်ပြေစေမယ့် နှုန်းထားတွေအဖြစ် သင့်လျော်သောအချိန်မှာ လျှော့ချစေချင်ပါတယ်။

အချက်အလက်တွေ မှားနေတာ၊ လိုအပ်နေတာကို ထောက်ပြ၊ ဖြည့်ဆွတ် ပြောနိုင်ပါတယ်။

အားလုံးပဲ စီးပွားလာဘ်လာဘတွေ တိုးပွားပါစေ။

Aung Moe Lwin
3.10.2016

-credit goes to Original writer

29/09/2016

သမ္မတကြီး မှ တဆင့်
………. တာဝန်ရှိသူများသို့ ……..

လွန်ခဲ့သော ၂ နှစ်လောက်က သူငယ်ချင်းတစ်ယောက်
�စုဆောင်းထားတဲ့ ငွေလေးနဲ့ မြန်မာပြည်ပြန်ပြီး
စီးပွားရေးတစ်ခုပြန်လုပ်ပါတယ်။
အခန်းလေးတစ်ခန်းငှား ဆိုင်ကလေးတစ်ခုကို
နိုင်ငံခြားပုံစံလေးပြန်ဖွင့်ပါတယ်။

စေတနာ ၊ နည်းပညာ ၊ နည်းစနစ်လေးပေါင်းဆက်လုပ်ကိုင်လိုက်တော့
အောင်မြင်မှု အတော်အသင့်လေးရလာပါတယ်။
အောင်မြင်တော့မှ ပြသာနာလည်းတက်ရပါတယ်။

အခန်းပိုင်းရှင်က အရမ်းရောင်းကောင်းလာတော့
အခန်းခကို တိုးတောင်းပါတယ်။
နောက်ဆုံး အဆင်မပြေတော့ လုပ်ငန်းကိုရပ် ၊
လုပ်ငန်းသုံးပစ္စည်းတွေကို ရရာဈေးဖြင့်ရောင်းချပြီး
မိသားစုရှိရာတိုင်းပြည်ကိုပြန်သွားပါရပါတယ်။

ယနေ့ထိ မြန်မာပြည်ပြန် စီးပွားရေးလုပ်ချင်တဲ့အသံ
သူ့ဆီမှ လုံးဝမကြားရတော့ဘူး။
မြန်မာပြည်ပြန်ပြီး စီးပွားရေးပြန်လုပ်ဖို့လည်း
ဆွဲဆောင်စည်းရုံးလို့မရတော့ပါဘူး။

တိုင်းပြည်တည်ဆောက်ဖို့
အခွန်ငွေတွေလိုအပ်ပါတယ်။
အခွန်ငွေတွေရဖို့ လူတွေအလုပ် လိုအပ်ပါတယ်။
လူတွေအလုပ်ရဖို့ အလုပ်ရှင်တွေ
များများပေါ်ပေါက်လာဖို့လိုပါတယ်။
ဒါမှ ကျနော်တို့ မျှော်မှန်းတဲ့ အာရှမှာ
ရှေ့ပြေးနိုင်တဲ့ ကျားတစ်ကောင်ဖြစ်လာမှာပါ။

အခုတော့ ..
အမြဲတမ်းပြောနေတဲ့ ယုံကြည်ချက် စကားလုံးတွေလည်း မြန်မာပြည်မှ
အခန်းပိုင်ရှင် ၊ မြေပိုင်ရှင်များကြောင့် စီးပွားရေးလုပ်ချင်စိတ်၊
တိုင်းပြည်ပေါ်ထားသည့် စေတနာများလည်း ပျောက်ဆုံးသွားပါတယ်။

မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံမှုတွေမလာအောင် အဓိက ခြိမ်းခြောက်နေတဲ့
ပြသာနာက အလုပ်နေရာအတွက် မြေ ၊ အခန်း ငှားရမ်းမှုတစ်ခုပါ။
ဈေးအရမ်းကြီးတဲ့ မြေ ၊ အခန်းငှားခဟာ စဉ်းစားစရာတစ်ခုဖြစ်သလို
ငှားရမ်းသူ နှင့် သုံးစွဲသူကြားမှာ ရပ်တည်ပေးမည့်
အဖွဲ့အစည်း နှင့် ဥပဒေ အားနည်းနေခြင်းဟာ ရင်းနှီးမြှုပ်နှံ
လုပ်ချင်သူတွေအတွက် ခြောက်လှန့်မှု တစ်ခုဖြစ်နေပါတယ်။

အခြားနိုင်ငံတွေမှာ လုပ်ငန်းအတွက် အခန်းငှားသည့်အခါ �
အခန်းခကို သတ်မှတ်ထားသည့် အတိုင်းသာ ပေးချေရပါတယ်။
တစ်ပတ်ခြင်း ၀င်ငွေရရင် တစ်ပတ်ခြင်းပေးချေရပါတယ်။
တစ်လခြင်းဝင်ငွေရရင် တစ်လခြင်းပေးချေရပါတယ်။

ထိုကြောင့် တစ်နှစ်စာ ကြိုတင်ပေးငွေ
မလိုအပ်သည်ကြောင့် အသေးစားလုပ်ငန်းများ
လျင်မြန်စွာအကောင်ထည် ပေါက်ပေါက်လာပါတယ်။
ထို့အပြင် ကြိုတင်ငွေမပေးရသည့်ကြောင့်
ထိုကြိုတင်ငွေကိုလည်း တခြားရင်းနှီးမြုပ်နှံမှုအတွက် အသုံးပြုခွင့်ရပါတယ်။

မြန်မာပြည်မှာတော့ ထိုသို့မဟုတ်ပါ။
အခန်းခအတွက် တစ်နှစ်စာကြိုတင်ပေးရပါတယ်။
အခန်းခဟာ တစ်လကို ၁၀သိန်းဆိုရင်
သိန်း(၁၂၀)ဟာ အခန်းပိုင်ရှင်ကို ကြိုတင်ပေးချေရတဲ့အတွက်
ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေ ၊ အခန်းငှားရမ်းသူတို့အတွက် အရမ်းနစ်နာပါတယ်။
ငွေအရင်းနှီးနည်းပါးသူတို့အတွက် တစ်နှစ်စာ ကြိုတင်ငွေကြောင့်
အသေးစားလုပ်ငန်း အိမ်မက်မက်ခွင့်ကိုလည်း ဆုံးရှုံးရပါတယ်။

လုပ်ငန်းအောင်မြင်လာတဲ့အခါမှာလည်း အခန်းပိုင်ရှင် ၊ မြေပိုင်ရှင်က
ငွေပိုတောင်းခြင်းခံရပါတယ်။ ပိုတောင်းတဲ့ငွေဟာ
အမြတ်ငွေကိုပါထိခိုက်အောင် တောင်းသောကြောင့် အောင်မြင်နေသော
လုပ်ငန်းများ ရပ်ဆိုင်း ၊ ကျရှုံး ထွက်ပြေးရသည့် အခြေအနေကို ရင်ဆိုင်ရပါတယ်။

ထိုပြသာနာများကို တခြားတိုင်းပြည်တွေမှာ
ဥပဒေသတ်မှတ်၍ ဖြေရှင်းပေးကြပါတယ်။
စားသုံးသူကာကွယ်ရေးအသင်းကြီးများဖွဲ့စည်း၍ ထိုအသင်းကြီးမှ
ငှားရမ်းသူ နှင့် သုံးစွဲသူကြားမှာ သမာသမတ်ကျစွာဖြင့်
ဥပဒေနဲ့ �ရပ်တည်ပေးပါတယ်။

မြေပိုင်ရှင် ၊ အခန်းပိုင်ရှင်တွေအတွက်
လိုက်နာရမည့် စည်းကမ်းများကို ချမှတ်ပေးပါတယ်။
မြေငှား ၊ အခန်းငှားသူတွေ လိုက်နာရမည့်
စည်းကမ်းများကို ချမှတ်ပေးထားပါတယ်။

အခန်းငှားတဲ့အခါ အခန်းတစ်ခုမှာ
ရှိသင့်ရှိထိုက်သည့် ပုံစံကို သတ်မှတ်ပေးထားပါတယ်။
ဈေးကွက်အရ ငွေပိုတောင်းဖို့လိုအပ်သည့်အခါ
အချိန်ကာလ ကိုသတ်မှတ်ပေးထားပါတယ်။
အနည်းဆုံး ၂ လ ကြိုတင် အကြောင်းကြားရပါတယ်။
သုံးစွဲသူမှ တောင်းသည့်ဈေးကို မကြိုက်လျှင် အခြားနေရာတစ်ခုကို
ရှာဖွေရန် လုံလောက်သည့်အချိန်ပေးရပါတယ်။ တောင်းသည့်အခါ
ဈေးကွက်ပေါက်ကြေးထက်ပိုတောင်းရင် တရားရင်ဆိုင်ရပါတယ်။

ယခု လို စားသုံးသူအသင်းကြီးမှ ၀င်ရောက်ဖြေရှင်းပေးသည့်အတွက်
အိမ်ရှင် အိမ်ငှားကြားမှ အနိုင်ကျင့်မှု ၊ ပြသာနာများ နည်းပါးသွားပါတယ်။
အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းများလည်း ရပ်တန့်မှု နည်းပါးကြပါတယ်။

မြန်မာပြည်မှာလည်း ရင်းနှီးမြှပ်နှံမှု ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ၊
အသေးစားလုပ်ငန်းများပြားလာစေရန် ခိုင်မာသည့် ဥပဒေ နှင့်
သမာသမတ်ကြသော အကွာအကွယ်ပေးနိုင်မည့်
စာသုံးသူအသင်းကြီး ပို၍ အားကောင်းမှု အရေးကြီးလိုအပ်နေပါတယ်။

ထိုအသင်းကြီးရဲ့ မြေရှင် ၊ မြေငှားများအတွက်
လုပ်ဆောင်မှုဖြင့်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ၊ အသေးစားလုပ်ငန်းရှင်များ
ပိုမို ပေါ်ပေါက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ပါတယ် ……..

Please share ...

Credit: ဟန်လင်းထွန်း

Photos 02/09/2016

ကိုယ်ပိုင် လုပ်ငန်းစမယ် ဆိုရင်...

Startup လုပ်မယ်ဆိုရင် အလုပ်ထွက်လုပ်ရမယ်လို့ အားပေးကြတယ်။ အမှန်တော့ လက်တွေ့လိုအပ်တာက Commitment (ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ နှစ်မြှုပ်လုပ်ကိုင်တာ) ကိုလိုအပ်တာပါ။
ဥပမာ.. လက်ရှိ အချိန်ပြည့်အလုပ်က ပြန်လာပြီး ညစဉ် ၂ နာရီ ကိုယ့်ရည်ရွယ်ချက်ရှိတဲ့ လုပ်ငန်းအတွက်လုပ်မယ်၊ ကြိုးစားလေ့လာမယ် ဆိုရင် ညစဉ်ညတိုင်း မပျက်မကွက် ၂ နာရီ ညပေါင်းများစွာ လုပ်ဖို့။ ပိတ်ရက်တွေမှာ တစ်ရက် ၈ နာရီ သုသေတန လုပ်မယ်၊ ဖန်တီးမယ် ဆိုရင် ဆက်တိုက် ပိတ်ရက်တိုင်း အပြင်မထွက်ဘဲ ၈နာရီ ရက်ပေါင်းများစွာ လုပ်ဖို့.. ဒီလို မျိုး အပျက်မကွက်၊ စိတ်ဓါတ် ခိုင်ခိုင်မာမာနဲ့ လုပ်ဖို့ လိုပါတယ်။
အလုပ်ထွက်လိုက်ပြီး Startup လုပ်တော့လည်း အဲသလို ခိုင်ခိုင်မာမာ နှစ်မြှုပ် မလုပ်ကိုင်ဘဲ၊ အိယောင်ဝါး လုပ်၊ အချိန်တွေ ဖြုန်းနေ၊ ပကာသနတွေမှာ ပျော်မွေ့နေရင်၊ အလုပ်ထွက်လိုက်လို့ ဝင်ငွေ မရှိတော့တာပဲအဖတ်တင်မယ်။ Startup လည်း ရှေ့မတိုးနိုင်ရင် မျောက်သစ်ကိုင်းလွတ်ဖြစ်မယ်။
အလုပ်ထွက်လိုက်တာဟာ ဝင်ငွေ မရှိတော့တဲ့ အတွက်၊ ကိုယ့်အတွက် Risk တိုးလာတယ်၊ ကိုယ့် Startup လေးအတွက် Risk တိုးလာတယ် ဆိုတာ သိဖို့လိုတယ်။ မဖြစ်မနေ အချိန်ပြည့် ပေးရတော့မယ့် အဆင့်ရောက်မှာ အလုပ်အပြောင်းအလဲ လုပ်သင့်တယ်။
ဒီလိုဆိုလို့ ညဘက်ကို ကိုယ့်အပ်ထားတဲ့ Freelance အလုပ်တွေ ယူလုပ်ဖို့အားပေးတာ မဟုတ်ဘူး။ Moonlighting service လုပ်တာ Startup မဟုတ်ဘူး။ Moonlighting လုပ်တာဟာ ကိုယ့်လက်ရှိ အလုပ်မှာ သုံးတဲ့ ကျွမ်းကျင်မှုကို ပဲ အလုပ်အပ်သူက၊ လုပ်ငန်းကို အပ်တာထက် ဈေးသက်သာလို့၊ ကိုယ်ကလည်း လက်ရှိ အလုပ်မှာ ရတာထက် ပိုရချင်လို့ဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး လုပ်တဲ့ စီးပွားရေး ဖြစ်တဲ့ အတွက် ရေတိုမှာ ငွေလည်းမြိုးမြိုးမြက်မြက် ရတာကလွဲရင်၊ ရေရှည်မှာ ကိုယ့် သက်မွေးမှု၊ နာမည်နဲ့၊ လေ့လာဖို့ အချိန်တွေ ဆုံးရှုံးရတာဟာ ရတဲ့ငွေနဲ့ မတန်တော့ပါဘူး။ ဒါမျိုးက ရေရှည်လည်းမခံဘူး။ Moonlighting လုပ်တာ အလုပ်တွေ သိပ်များလာတော့ လုပ်ငန်းလည်း တည်ထောင်ရော အမှန်တကယ် တိုးချဲ့ဖို့ အခက်တွေ့ရတယ်။ တည်ထောင်မှု အခြေခံ မကောင်းရင်ဖြစ်တတ်တာမျိုးပါ။
ဒါကြောင့်အလုပ်အားချိန်မှာ အလုပ်ထဲမှာ မလုပ်ရတဲ့ ပိုမို ကျယ်ပြန့်တဲ့ အရာတွေကို လေ့လာဖို့ အချိန်ပေး၊ ကိုယ့်ကျွမ်းကျင်မှုကို အခြေခံတဲ့ ဆန်းသစ်မှုမျိုးတွေ လုပ်၊ ကိုယ်ဝါသနာပါရာတွေကိုလုပ်ပြီး Startup idea တစ်ခု အပေါ် စမ်းသပ်မှု ပဲဖြစ်ဖြစ်၊ တကိုယ်ရည် စွမ်းဆောင်ရည် တိုးတက်ရေးပဲ ဖြစ်ဖြစ်လုပ်သင့်တယ်။
အာမခံတယ် စိတ်ဓါတ်ခိုင်ခိုင်မာမာ တစ်စိုက်မတ်မတ် အချိန်မှန်မှန်လေးပေးပြီးလုပ်၊ Startup ဆိုလည်းဖြစ်တယ်၊ ရာထူးတိုးဆိုလည်းဖြစ်တယ်၊ လုပ်ငန်းရှင်ဆိုလည်းဖြစ်တယ်။ အလုပ်ထွက်ဖို့မလိုဘူး။
မှတ်ချက်။။
ဒါမျိုးရေးလို့ ကျွန်တော့်အလုပ်က လူတွေကိုများ စိတ်ပေါက်လို့ရေးသလားထင်နေမယ်။ ကျွန်တော့် လုပ်ငန်းမှာ Policy ရှိတယ်။ Moonlighting လုပ်ရင် မသိအောင်လုပ်၊ သိရင် အလုပ်တန်းထွက်။ နှစ်ဦးနှစ်ဖက်လုံး လွတ်လွတ်လပ်လပ် အကျိုးရှိတယ်။ လုပ်ငန်းထဲမှာ ကိုယ်၌ Startup Idea စမ်းသပ်မှုတွေ အများကြီးလုပ်တယ်။ ဒါပေမယ့် ရေသည်ယောကျာ်းလိုပေါ့ ထောင်ထုပ်လည်း လိုချင်တယ်၊ ငွေတစ်ပဲလည်း လိုချင်တယ်။ သိပ်ခက်တယ်။ ကိုယ်တွေ့တွေပေါ့။

Credit Ko Thar Htet ကိုသာထက်

11/08/2016

Income Rich ဖြစ်ကြစေဖို့

ကမ္ဘာပေါမှာ သန်းကြွယ်သူဌေး ၁၄ သန်းလောက်ရှိပါတယ်။ လူ ၅၀၀ မှာ တယောက်က သန်းကြွယ်သူဌေးပါ။ သန်းကြွယ်သူဌေးဆိုတာ ကိုယ်တိုင်နေနေတဲ့ အိမ်တန်ဖိုးထည့်မတွက်ဘဲ ရင်းနှီးမြုပ်နှံထားတဲ့ ငွေ ပိုင်ဆိုင်မူ စတော့ရှယ်ယာ

စသည်တို့ရဲ့ တန်ဖိုးပေါင်း ဒေါလာ ၁ သန်းကျော်တဲ့သူကို ခေါတာပါ။ သန်းကြွယ်သူဌေး စဖြစ်တဲ့အရွယ်က အသက် ၄၅ နှစ်နောက်ပိုင်းမှ စဖြစ်ကြပြီး အများစုဟာ အမွေဆက်ခံပြီး သန်းကြွယ်သူဌေးဖြစ်တာ မဟုတ်ဘဲ ကိုယ်တိုင်စီးပွားရှာပြီး

ကြီးပွားလာသူတွေပါ။ ပညာတတ်တွေထဲမှာတော့ Master ဘွဲ့ရတွေကတော့ သန်းကြွယ်သူဌေးအများဆုံးဖြစ်တတ်ကြပေမဲ့ သန်းကြွယ်သူဌေးဖြစ်ဖို့ ပညာအရည်အချင်းထက် ကိုယ်ပိုင်လုပ်ငန်းတခုခု လုပ်ကိုင်သူတွေက အခွင့်အရေး ပိုများကြပါတယ်။

ဒါအပြင် သန်းကြွယ်သူဌေးဖြစ်ဖို့ ငွေများများရှာနိုင်တာထက် ရှာလို့ရတဲ့ငွေကို စနစ်တကျ ရင်းနှီးမြုပ်နှံနိုင်ဖို့က ပိုအရေးကြီးပါတယ်။ တချို့ နာမယ်ကြီး အားကစားသမား အဆိုတော် သရုပ်ဆောင်တို့ဟာ ဝင်ငွေ အများကြီးရပေမဲ့

အသုံးအဖြုန်းကြီးလွန်းလို့ ပြန်ဆင်းရဲသွားတာမျိုးတွေ့ရပါတယ်။ ဥပမာ အာဂျှုင်တီးနား ဘောလုံးသမား မာရာဒိုနားပါ။ မိုက်ကယ်ဂျက်ဆင်လည်း သေတဲ့အချိန်မှာ အကြွေး သန်း ၄၀၀ လောက်ကျန်ခဲ့ပါတယ်။ ဘီလီလျံနာ သန်း ၁၀၀၀ အထက်

ချမ်းသာတဲ့သူကတော့ တကမ္ဘာလုံးမှာ လူ ၂၀၀၀ လောက်ရှိပါတယ်။ လက်ရှိအချမ်းသာဆုံးက Bill Gate ပါ။ သူက billion ပေါင်း ၇၀ ကျော် ၈၀ နီးပါးလောက် ချမ်းသာပြီး သူ ချမ်းသာတဲ့ အကြောင်းရင်းကို လေ့လာကြည့်တော့

ကွန်ပြူတာ ခေတ်စားလာတဲ့အချိန်မှာ ကွန်ပြူတာ နဲ့ ပတ်သက်တဲ့ အလုပ်လုပ်မိလို့ ဆိုတဲ့ အချက်ကိုသွားတွေ့တာဟာ စီးပွာရှာတဲ့နေရာမှာ ခေတ်ရေစီးကြောင်းနဲ့ အမှီ လိုက်နိုင်တာဟာ အရမ်းအရေးကြီးတာကိုပြတာပါ။ ကမ္ဘာပေါမှာ

ဝန်ထမ်းအနည်းဆုံး သူဌေးက အမေရိကန်နိုင်ငံက ဒုတိယ အချမ်းသာဆုံး Warren Buffet ပါ။ ဝန်ထမ်း ၁၃ ယောက်ဘဲရှိပါတယ်။ ဒါတောင် နှစ်ပေါင်းများစွာ ခန့်ထားပြီးသားဖြစ်နေလို့ မထုတ်ဘဲထားလို့ပါ။ သူက ဒီထက်

ဝန်ထမ်းလျော့လို့ရပါသေးတယ်။

မြန်မာပြည်က ကမ္ဘာ အဆင်းရဲဆုံးနိုင်ငံထဲမှာပါပါတယ်။ သူဌေးဘယ်လောက်ရှိလဲသေချာ မသိကြပါဘူး။ ကမ္ဘာပေါကနှုန်း ( ၅၀၀ မှာ တယောက် ) အတိုင်းရှိရင် သန်းကြွယ်သူဌေး တသိန်းလောက် ရှိနိုင်ပါတယ်။ Billionaire တော့ ၁၀ ၂၀

ယောက်လောက် ရှိနိုင်ပါတယ်။ ကမ္ဘာပေါက သူဌေးတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည်က သူဌေးတွေက income rich ဝင်ငွေအရချမ်းသာတာ မဟုတ်ကြပါဘူး။ ပိုင်ဆိုင်မူအရချမ်းသာတာ property rich ပါ။ ဒါကလည်း ပြီးခဲ့တဲ့ ၄ ၅

နှစ်အတွင်းမှာ အိမ်မြေဈေး အရမ်းတက်ပြီး ချမ်းသာသွားကြတာပါ။ ဒီလို ချမ်းသာသွားတာကို မူဒီတာပွားနိုင်ပေမဲ့ တိုင်းပြည်အတွက် လုံးဝမကောင်းဘူးဆိုတာ သိစေချင်ပါတယ်။ အဲဒီလူတွေချမ်းသာသွားတယ်လို့ ပြောနိုင်တာထက်

တနိုင်ငံလုံးက ကျန်တဲ့သူတွေ အိမ်မြေ မဝယ်နိုင်တော့တဲ့အတွက် မွဲသွားတယ်လို့ ပြောရင်ပိုမှန်ပါတယ်။ property rich သမားတွေက ဓနခွဲဝေမူ နည်းတတ်ပါတယ်။ အလုပ်အကိုင်လဲ မဖန်တီးပေးနိုင်ပါဘူး။ နောက်ပြီး ထုတ်ကုန်တခုခုလည်း

မထုတ်တတ်ပါဘူး။ နောက်ပြီး property rich တွေက ပိုချမ်းသာကြတဲ့အတွက် သူတို့က သုံးစရာရှိရင် နိုင်ငံခြားထွက် ပြီးသုံးကြပါတယ်။ ဥပမာ နိုင်ငံထွက်ပြီး shopping သွားတာမျိုး အလည်သွားတာမျိုး ဆေးကုတာမျိုး

ကလေးကျောင်းထားတာမျိုးပါ။ ဒါကြောင့် သူတို့ချမ်းသာတာကလွဲရင် နိုင်ငံထဲမှာ တခြားလူကို အန္တရာယ်ပိုဖြစ်စေပါတယ်။ ကိုယ်တိုင်ကလည်း ကြာလေ ဥစ္စာစောင့်နဲ့ ပိုတူလာလေပါ။

income rich ကတော့ အလုပ်ကိုင်သစ် ဖန်တီးပေးတတ်ပါတယ်။ ဓနခွဲဝေမူလည်းဖြစ်ပါတယ်။ ထုတ်ကုန်လည်းထုတ်ပါတယ်။ ဒါကြောင့် ကာယကံရှင်ရော အလုပ်သမားရော နိုင်ငံရော ကောင်းပါတယ်။

နိုင်ငံစီးပွားလည်းတက်စေပါတယ်။ income rich က မြန်မာပြည်မှာ နဲပါတယ်။ တနှစ်ကို ဒေါလာ ၁ သန်းအထက် ဝင်ငွေရှိတဲ့လူ ကမ္ဘာပေါမှာ လူ တသန်းလောက်ရှိပါတယ်။ လူ ၇၀၀၀ ၈၀၀၀ မှာ တယောက်ဆိုပါတော့ မြန်မာပြည်မှာတော့

လွန်ရောကျွန်ရော လူ ၄၀၀၀ ၅၀၀၀ ထက်မပိုနိုင်ပါဘူး။ လူ တသောင်းမှာ တယောက်နှုန်းထက် နည်းနိုင်ပါတယ်။ ရန်ကုန်လို မြို့ကြီးမှာ ဘွဲ့ရ လုပ်သက် နှစ်နှစ်ရှိတဲ့ လူငယ် အများစု ရဲ့ ဝင်ငွေက တလကို ၅ သိန်းအောက်မှာဘဲ

ရှိပါသေးတယ်။

အခု မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ပြန်ကြေညာတာမျိုးမရှိပေမဲ့ အမြဲနေပြီးစီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားသားတွေ သိန်းဂဏန်းရှိနေပါပြီ။ ကန့်သန့်ထားတဲ့ လုပ်ငန်းကလွဲပြီး လုပ်ငန်းပေါင်းစုံ လုပ်နေပါပြီ။ အဲဒီလူတွေက နိုင်ငံတကာက

အတွေ့အကြုံ နည်းပညာ အဆက်အသွယ် ပိုရှိပြီး အရင်းအနှီးပိုကြပါတယ်။ ဒါအပြင် အရမ်းကြိုးစားကြပါတယ်။ လုပ်သက် အတွေ့အကြုံရှိတဲ့ လူငယ်တွေကို တလ ၅ သိန်း ကျော်အောင်ပေးခန့်နေတဲ့ လုပ်ငန်းရှင်တွေက အဲဒီ

နိုင်ငံခြားသားတွေဖြစ်နေပါပြီ။ SME small an median enterprises လုပ်နေတဲ့ မြန်မာနိုင်ငံသား အဖေအမေတွေက သားသမီးတွေအတွက် တည်ငြိမ်တဲ့ အလုပ် မဖန်တီးပေးနိုင်တော့ပါဘူး။ သားသမီးတော်တော်များများက

ဝန်ထမ်း စဖြစ်နေပါပြီ။ ဈေးကွက်အနေအထား သေချာ မလေ့လာနိုင်တဲ့ မြန်မာသူဌေးများလည်း လုပ်ကွက်ပျောက်တော့မှာပါ။ ဥပမာ အိမ်မြေဆိုပါတော့ ကွန်ဒို တလုံးဆောက်ပြီး လက်တွေ့မကျတဲ့ ဈေးနှုန်းခေါပြီး မရောင်းဘဲထားပြီး ထိုင်စောင့်ကြမှာ

မြန်မာသူဌေးတွေပါ။ နိုင်ငံခြားသားတွေတော့ အရောင်းအဝယ်ဖြစ်နိုင်မဲ့ ဈေးနှုန်း ဒါမှမဟုတ် နည်းလမ်းတွေတခါထဲရှာလာပြီးရောင်းထွက်အောင် အလုပ်ဖြစ်အောင် လုပ်သွားမှာပါ။ တခုခြင်းမှာ အမြတ်များများတင်ရောင်းထက် အရေအတွက်များများ ကို

အမြတ်နည်းနည်းနဲ့ ရောင်းတာမျိုး ဝန်ဆောင်မူ ပိုပေးတာမျိုး ဖောက်သည်ရှိတဲ့နေရာ အထိ လိုက်ရောင်းတာမျိုး လုပ်လာကြတော့မှာပါ။ ဘဏ်တွေဆိုရင်လည်း တကယ် အလုပ်လုပ်မဲ့

လုပ်ငန်းရှင်တွေကို ထုတ်ချေးပေးတာမျိုး လုပ်ရတော့မှာပါ။ အခုအချိန်မှာတော့ မြန်မာပြည်က ဘဏ်သူဌေးက လာအပ်တဲ့ငွေတွေကို သူတို့ ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ဖို့ ကိုယ့်ဖာသာကိုယ်ဘဲပြန်ချေးတာပါ။ အပြင်လုပ်ငန်းရှင်တွေကို

ချေးပေးတာမျိုး အရမ်းနည်းပါတယ်။

အကြမ်းအားဖြင့်တော့ property rich ကြတဲ့ မြန်မာသူဌေးတွေက income rich ဖြစ်အောင် မလုပ်ရင် ရေရှည်ရပ်တည်ဖို့ ခက်သွားပါလိမ့်မယ်။ အစိုးရကလည်း နိုင်ငံအတွက် productive ဖြစ်အောင် မလုပ်တဲ့သူကိုတော့ ဆက်ထားမယ် မထင်ပါဘူး။

Tin sein

Photos 06/08/2016

၂၀၁၆ ဇွန်လထိ တိုင်း တာချက်အရ မြန်မာနိုင်ငံမှာ ဖေ့ဘုတ် အသုံးပြု သူ အရေအတွက် မှာ ၁၁သန်း ပြည့်မြောက်သွားပြီ ဖြစ်ကြောင်း ဖေ့ဘုတ် website တွင် ဖော်ပြထားသည်

2012 : less than 1,000,000
2013 August: 1,060,000
2015 November: 7,100,000
2016 June: 11,000,000

Source: Facebook
ဈေးကွက် သဘောတရား အရတော့ အတော်ပင်ကြီးမားသော ဈေးကွက် တခုပင်ဖြစ်၍ စီးပွားရေး လုပ်ငန်းရှင်များ အတွက် ကြော်ငြာ media တစ်ခု အဖြစ် ပြောင်းလဲလာနေသည်။
သို့ဖြစ်ရာ ယခုနောက်ပိုင်းတွင် ဖေ့ဘုတ်စာမျက်နှာများမှတဆင့် အရောင်းအဝယ် လုပ်ငန်းများ စီးပွားရေး လုပ်ငန်းများပြု လုပ်ခြင်းကို အတော်ပင် တင်းတင်းကြပ်ကြပ် ထိန်းချု ပ်လာသည်ကို တွေ့ရသည်။
အသေးစား စီးပွားရေးလုပ်ချင်သူများ တပိုင် တနိုင် လုပ်ငန်းစချင်သူများ အတွက်မူ ဖေ့ဘုတ်မျာ ရေပန်းအစားဆုံး ကြားခံတခု ဖြစ်နေသည်မှာ ငြင်းမရပေ။
ထို့အတူ လုပ်ငန်းကြီးများအတွက်လဲ အကုန်ကျမှု အနည်းဆုံး နှင့် ထိရောက်မှု အများဆုံး မီဒီယာ တခု အဖြစ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

04/08/2016

လုပ်ငန်း X က ပစ္စည်း တစ်ခုကို ၁၅ကျပ်နဲ့ရောင်းတယ် သူရဲ့ ပစ္စည်းဖြစ်ဖို့ production cost အရင်းက ၁၀ ကျတယ်။ ရောင်းတော့ သူက gross profit ၅ ကျပ်မြတ်တယ်။
လုပ်ငန်း Y က တော့ ဒီလိုပစ္စည်းကို ဘဲ ၁၆ကျပ်နဲ့ရောင်းတယ် အရင်းတူတူဖြစ်ရင် ဒီတော့ သူရဲ့ gross profit အကြမ်းအမြတ် က ၆ ကျပ်ဖြစ်နေတယ်။ ဒီလုပ်ငန်း X နဲ့ Y နဲ့ ရှိနေချိန်မှာ လူတွေက မအ တော့ ပစ္စည်းချင်းတူတော့ ၁၅ကျပ် နဲ့ရောင်းတဲ့သူဆီဘဲ ဝယ်ကြတယ်။ ဒီတော့ ဈေးကွက်ဝေစုက ၉၀% ကို X က ရထားတယ်။အဲ ဒီမှာ X က 90% နဲ့ Y က 10% ရထားကြတယ်။ ဘာလို့ Yက ၁၀% ရသလဲဆိုတော့ အိမ်နဲ့နီးလို့ လွယ်လို့ X ရဲ့ ပစ္စည်းကုန်နေဆဲမို့လို့ စတာတွေကြောင့် ဝယ်ကြတယ်။

အဲဒီအချိန်မှာ လုပ်ငန်း Z က ဝင်မယ်လို့ စဉ်းစားရင် လုပ်ငန်း X က ဈေးကွက်ဦးဆာင်သူ market leader ဖြစ်နေတယ် သူက Volume ပမာဏများများ နဲ့ သွားတယ် လုပ်ငန်း Y က တော့ နဲတဲ့ ဈေးကွက်ဝေစုမှာ ပိုမြတ်အောင် ရောင်းနေတော့ Z အတွက်က ဈေးကွက်ကို ဝင်ဖို့ လုပ်ငန်း Y ဈေးနဲ့ဝင်ရင်တော့ ရောင်းရဖို့ မလွယ်ဘူး။ တကယ်လို့ သူက လုပ်ငန်း X ဈေးနဲ့ရောင်းမယ်ဆိုရင်တော့ အဲဒီသူတွေက သူဆီကို လာဝယ်ဖို့ စားရိတ် Switching cost တိုတဲ့ပြောင်ဝယ်ရမည့်စားရိတ် တွေက ရှိမယ်။ အဆင်ပြေနေတဲ့ သူနဲ့ ရောင်းဝယ်နေကြရာက နောက်လူဆီကို ဈေးတူရင် ပြောင်းဖို့ ခက်မယ်။ ဘာလို့ လဲဆိုတော့ ဝယ်နေကျဖောက်သယ်ဆိုတော့ သိပ်ပြောစရာမလို မှားစရာမရှိတော့ ဖောက်သည်ဖြစ် နေကြတာဖြစ်လို့ အဆင်ပြေပြီး ဖြစ်လို့ လွယ်လွယ်နဲ့ မပြောင်းတတ်ကြဘူး။ အသစ်နဲ့ဆက်ဆံ ရတော့ အဆင်မပြေမှာစိုးတော့ ဈေးတူယုံနဲ့ မဝယ်ကြဘူး ဒီတော့ သူက ဈေးကွက်မှာ ရောင်းရဖို့ ၁၄ကျပ်နဲ့ဝင်လာရတယ်။
သို့ သော် industry average လုပ်ငန်းတွေ အနေအထား က အရ လုပ်ငန်း ရဲ့ သဘောသဘာဝကန်ုကျစားရိတ်တွေ များတတ်တယ်ဆိုရင် အကြမ်းအမြတ်မှာ မြတ်နေပေမဲ့ တကယ် အမြတ်မှာကျန်ဖို့ အခြား စားရိတ်တွေသုံးရတယ်။ ကြော်ငြာတွေ ဝန်ထမ်းခတွေ အခန်းခတွေ ပညာရှင်ခ after sale ရောင်းပြီးဝန်ဆောင်မှု့ ဝန်ဆောင်ခတွေရှိမယ်။ အဲဒီစားရိတ်တွေ တကယ် ကာမိဖို့ တကယ်တန်း အနည်းဆုံး ၅ ကျပ်မြတ်မှ ဖြစ်မယ်ဆိုရင် တကယ်လို့ သာ သူက အခုလို ၄ ကျပ်ဘဲ မြတ်ရင် ရည်ရှည်မှာ မခံနိုင်ဘူး။ ဒီတော့ သူက ဈေးကွက်မှာလည်း ၁၄ကျပ်နဲ့ရောင်းနိုင်ရမယ် ၅ကျပ်လည်းမြတ်မှ လုပ်ငန်းရှင်သန်နိုင်မယ်ဆိုရင် တကယ်ရအောင်လျော့ရမှာက အရင်း ကျတဲ့ စားရိတ် production cost ဖြစ်တဲ့ ၁၀ကျပ်ကို အရည်အသွေးမလျော့စေဘဲ ဘယ်လောကျအောင်ချမလဲဆိုတာ ပါလာပါတယ်။အဲဒီမှာ ထိရောက်စွာစွမ်းမိုင်မှု့ efficiency ဆိုတာပါလာတယ်။ ပြောရရင် input သွင်းအားစု နဲနဲနဲ့ output ထုတ်နိုင်စွမ်း များများထွက်အောင်လုပ်နိုင်ရမယ် အားစိက်ထုတ်မှု့ နဲနဲနဲ့ ရလာပ်များဖို့လိုတယ်။ ဒီလိုမှမပြိုင်နိုင်ရင် လုပ်ငန်း Z က ဈေးကွက်ထဲ ကို industry လုပ်ငန်အနေနဲ့ကို ဝင်လာဖို့ မလွယ်ဘူး။ ဒါက ဈေးနှုံးပြိုင်တာဘဲ ရှိသေးတယ် Price competition ဆိုပါတော့။

နောက် ဈေးပြိုင်တာမဟုတ်တဲ့ non price competition ဆိုတာရှိသေးတယ်။ အဲဒါကတော့ ဥပမာ ဆေးရုံ A B C သုံးခုရှိတယ် ဈေးကွက်မှာ သူတို့ ဖာသာသူတို့ ပြိုင်ဆိုင်ပြီးဝန်ဆောင်မှု့ပေးနေကြတယ် တစ်ချိန်ကျတော့ A က CAT scan ဆိုတာကြီးဝယ်ပြီး ရင်းနှီးပြီး ဝန်ဆောင်မှု့တွေပေးတော့ B နဲ့ C မှာ မရှိတော့ A ရဲ့ အားသာချက်ဖြစ်သွားတယ်။ ပြိုင်ဆိုင်မှု့ မှာ ဈေးနှုံးနဲ့ပြိုင်တာမဟုတ်ဘဲ ဝန်ဆောင်မှု့နဲ့ပြိုင်တယ်။ နောက်ဖြစ်လာတာက ဆေးကုရာမှာ CAT scan က အသုံးကျလာတော့ B နဲ့ C က ဆရာဝန်တွေကလည်း A ပြောင်းထိုင်လာကြတာမျိုး B နဲ့ C က ဆရာဝန်တွေက သူတို့ လူနာတွေကို A ကို လွတ်တာမျိုးတွေ ဖြစ်လာတယ်။ ဒီလိုနဲ့ ဆေးရုံ B က လည်း CAT scan ကို ဝယ်ရင်းလိုက်ရတယ် အဲလို ဖြစ်လာတော့ ဒီ လောကမှာ Industry မှာ အများစုမှာ CAT sacn ရှိလာတော့အများစုမှာ ရှိနေသလိုဖြစ်နေတော့ A က အားသာချက်မဟုတ်တော့ဘဲ အခုကိစ္စမှာ ဒီပစ္စည်းဝယ်ဖို့ က C အတွက်က လိုအပ်ချက်ဆိုတာ ဖြစ်လာတယ်။ ဒီလိုနဲ့ သူတို့ အားလုံး CAT scan ရှီလာပြီးနောက်ပိုင်းမှာ ဒါဟာ လိုအပ်ချက် industry standard လုပ်ငန်းတွေရဲ့စံ ဆိုတာဖြစ်လာတယ်။ နည်းပညာ Technology တွေက တဖြည်းဖြည်းနဲ့ ဒီလိုဘဲ product and service ဆိုတဲ့လုပ်ငန်းတွေ ဝမ်ဆောင်မှု့တွေ မှာဝင်လာတယ် စီးပွားရေးဆိုတာ တကယ်တော့ ရည်ရှယ်ပြိုင်နိုင်ဖို့ က တကယ်ပွင့်လင်းတဲ့ခေတ်မှာ အတော်ခက်ခဲတယ်လို့ ဆိုရမယ် ဒီလို အနေအထားမှာ အောင်မြင်အောင် လုပ်နိုင်တဲ့ သူတွေဟာ ဘောင်ထဲမှာ CSR ၄ ချက်လိုက်နာပြီး နေနိုင်သူတွေ ကို အမြတ်ကြီးစားလို့ မြင်ဖို့ ထက် တကယ့်ဈေးကွက်စီးပွားရေးမှာ လူတွေ ပိုကောင်းတဲ့ ပစ္စည်းတွေ ပိုသက်သာအောင် ဈေးချင်းတူရင် ပိုကောင်းအောင် ဖန်တီးနေရသူတွေ ဖြစ်တယ် ။

စာကျက်သူ စာကို တကယ်ကြိုးစားလေ့လာသူဘဲ စာမေးပွဲအောင်အောင် အမှတ်များအောင် စီစဉ်ထားရင် ပညာတတ်တွေထွက်မယ် မေးခွန်းရောင်းစား ကျူရှင်ပြ ဒါသင်ဒါမေးလုပ်နေရင် ပညာတတ်မထွက် သလို စဉ်းစားရင်
တိုင်းပြည်စီးပွားတက်စေချင်ရင် တကယ် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေအားပေးဖို့ လိုပြီး ဂွင်ရှာမဲ့ မဟုတ်တာလုပ်မဲ့ အလုပ်မလုပ်တတ်တဲ့ လုပ်နိုင်စွမ်းချင်းမယှဉ်နိုင်တဲ့ သူတွေကို နေရရစေပြီး ကာပေးနေရင် စီးပွားမဖြစ်နိုင်ပါဘူး။
အလားတူဘဲ တစ်ဖက်မှာ စားရိတ်တက်လို့ လုပ်ခပိုတက်လာပြီး ထုတ်လုပ်နိုင်စွမ်းမတက်ရင်လည်း ထုတ်ကုန်စားရိတ်တက်လာတတ်ပါတယ်။ အလားတူ လိုင်စင်တွေ ခက်တာ ကြာတာ ရှုပ်ထွေးတာ စားရိတ်ကြီးတာ အချိန်ကုန်တာတွေ အစိုးရစားရိတ်များတာ ရှုပ်ထွေးတာတွေလည်း တကယ်တော ရောင်းတဲ့ ပစ္စည်းနဲ့ ဝန်ဆောင်မှု့ ပေါ်တက်ပါတယ်။ ဘဏ်တွေက ချေးငွေရဖို့ ခက်တာ အတိုးများတာကလည်း နိုင်ငံတကာစီးပွားပြိုင်ဆိုင်မှု့မှာ စားရိတ်တက်လို့ ခက်ပါတယ်။ ကိုယ်လူတွေ သူများတိုင်းပြည်က အလုပ်သမားတွေ ၁၀ခုပြီးချိန်မှာ ကိုယ်တွေက ၃ ခုဘဲ ပြီးရင်လည်း Producity ထိရောက်မှု့ မရှိလို့ စားရိတ်တက်ပါတယ်။ QC မှာ မအောင်လို့ အပျက်အစီးများလည်း စားရိတ်တက်ပါတယ်။မီးစက်ဝယ်ရတာ။ မြေငှားခတွေတက်လာတာ သယ်ယူပိုတောင်ခတွေတက်လာတာ အခွန်အခတွေတက်လာတာ တွေကလည်း စားရိတ်တက်ပါတယ်။
ဒါကြောင့် နိုင်ငံတကာ စီးပွားရေး ပြိုင်ဆိုင်မှု့မှာ စီးပွားရေးလုပ်ငန်းရှင်တွေဘဲ ပြိုင်ရတာမဟုတ်ဘဲ အစိုးရတွေ ပေါ်လစီတွေချင်းလည်းပြိုင်ရပါတယ်။ အစိုးရ ရဲ့ ပေါ်လစီတွေ ဝန်ထမ်းတွေ ရဲ့ အနေအထားတွေ ၊အလုပ်ရှင်အလုပ်သမားတွေရဲ့ အစွမ်းတွေ ၊လုပ်ငန်းချင်း ချိတ်ဆက်နိုင်တာ အစိုးရချင်းချိတ်ဆက်နိုင်တာ ပူးပေါင်းဆောင်ရွက်နိုင်ကြတာ တွေ အချင်းချင်း ယုံကြည့်မှု့ တွေ ရှိကြတာတွေဟာ တကယ်တော့ ကိုယ်ဆီက စားရိတ်တွေကို ဖြစ်စေပြီး ဒီလိုစွမ်းဆောင်မှု့တွေက စီးပွားရေးလုပ်ငန်းတွေနဲ့ အတူ နိုင်ငံတကာနဲ့ အကုန်ပြိုင်ဆိုင်နေကြရပါတယ်။

နောက်ဆုံးစားသုံးသူ end user ဆီမှာ ရှိတဲ့ ပစ္စည်းတိုင်းရဲ့ဈေးနှုံးဆိုတာ အဆင့်ဆင့် က နေ ဖြစ်လာတဲ့ Value change ဆိုတဲ့ အဆင့်ပြောင်းတိုင်းမှာ ကျတဲ့ တန်ဘိုးအပေါ်မူတည်ပါတယ်။ ဒီတော့ ကုန်ကြမ်းက ကုန်ချော ဖြစ်တဲ့ လမ်းကြောင်းမှာ ဘယ်သူတွေဘယ်လောက် ရကြသလဲဆိုတာတွေရဲ့ တန်ရာတန်ကြေးဟာ နောက်ဆုံးဈေးဖြစ်လို့ မြေဈေးကြီးတာ ဘဏ်တိုးကြီးတာ လိုင်စင်ခက်တာ အခွန်များတာ သယ်စားရိတ်ကြီးတာတွေ ကလည်း ကုန်ထုတ်လုပ်မှု့ ရဲ့ စားရိတ်တွေပါဘဲ။ နောက်ဆုံး စားရိတ်ကြီးတာတွေဘဲ သုံးစွဲပြီး စီးပွားလုပ်ကြရင် အရင်း ကိုက ကြီးနေပြီး ပြိုင်ရောင်းနိုင်မဲ့ ထွက်ကုန် မဖြစ်လာနိုင်ပါဘူး။
မလိုတဲ့ အဆင့်တွေ ရှုပ်ထွေးမှု့တွေကလည်း စားရတ်တွေပါ။
လူမှန်နေရာမှန်ရှိဖို့ အလုပ်လုပ်နိုင်သလောက် ရပိုင်ခွင့်ရှိဖို့ အကျိုးအမြတ်ခွဲဝေမှု့မျှတဖို့ နဲ့ မူဘောင်အတွင်းလွတ်လပ်စွာပြိုင်ဆိုင်နိုင်ခွင့် ရှိကြဖို့ အရေးကြီးပါတယ်။ ပြိုင်ဆိုင်မှု့ ကဘဲ ပိုမိုကောင်းမွန်တဲ့ ဈေးသက်သာတဲ့ ပစ္စည်းတွေ ဝန်ဆောင်မှု့တွေဆီ သွားရောက်နိုင်မှာဖြစ်သလို တီထွင်ဆန်းသစ်မှု့တွေ နည်းပညာတွေ အတတ်ပညာ ကျွမ်းကျင်မှု့တွေကို ဖြစ်ပေါ်လာစေမှာဖြစ်တယ်လို့ ယုံကြည့်မိပါတယ်။တကယ်တော့ စီးပွားရေးလုပ်ငန်း ရှည်ရှည်ခံဖို့ ဆိုတာ မလွယ်ပါဘူး ပြိုင်ဆိုင်မှု့တွေများရင်ပိုခက်ပါတယ်။ အားလုံး ကိုယ်နဲ့တန်တဲ့ ရသင့်တာရတဲ့ စနစ်ကို လက်ခံ ဆောင်ကျင်း နိုင်ကြစေချင်ပါတယ်။ အချောင်လိုချင်တာ တွေနဲဖို့ လိုပါတယ်။ မတန်မရာနေရာတွေမှာ မနေကြဖို့ မထားကြဖို့ လိုပါတယ်။ တန်ဘိုး သိ ကြရှိကြသူများ ဖြစ်ကြစေချင်ပါတယ်။

Credit to Sayar Ye Myat Thu

26/07/2016

ဖတ်မိတဲ့စာ...
ကြွက်ပုံပြင်
*******
ပြည်ပမှာ လစာ ဒေါ်လာ နှစ်ထောင်ကျော်နဲ့  အလုပ်လုပ်နေတဲ့ ငယ်သူငယ်ချင်းက ဝန်ထမ်း မလုပ်ချင်တော့ကြောင်း၊ ပြန်လာပြီး စီးပွားရေး လုပ်ချင်တဲ့ အကြောင်း၊ သူ့ မှာ အလုပ်အတွက် အိုင်ဒီယာ ရှိကြောင်း၊ လုပ်နိုင်တဲ့ အရည်အချင်း လည်း ရှိကြောင်း ပြောပြတယ်။

ကိုယ်လည်း သူကို အိုင်ဒီယာ ရှိရင် လာလုပ်သင့်တယ်၊ တိုင်းပြည် စီးပွားရေး အတက်မှာ ရောပါသွားနိုင်တယ်၊ ပြည်ပ အတွေ့ အကြုံနဲ့  အမြင်ရှိသူ တွေဆို ပိုပြီး အခွင့်အလမ်း ရှိတယ်လို့  ပြောပြတယ်။ ခက်တာက သူမှာ အကြောက်တရား ရှိနေတယ်။

မြန်မာပြည်မှာ နေရာ ငှားခတွေ အရမ်း ဈေးကြီးတယ်။ အစိုးရက SME တွေကို လုံခြုံအောင် ကာကွယ် မပေးနိုင်ဘူး။ ဘဏ် ချေးငွေ အတိုးနှုန်း မြင့်တယ်။ မြန်မာတွေက လစာသာ လိုချင်တယ်။ အရည်အချင်း မရှိဘူး။ ဒီတော့ မြတ်ဖို့  မလွယ်ဘူး။ ရှုံးသွားရင် ဘယ်လို လုပ်မလဲမေးတယ်။

နားခါးမယ့် အမှန်တရားပဲ ပြောပြရတယ်။ "လုပ်တဲ့သူ အများစုလည်း ဒီလိုပဲ စလုပ်တုန်း ရှုံးတာပဲ၊ မင်းလည်း စလုပ်ခြင်းတော့ ရှုံးဖို့ များတယ်၊ အဲဒါကို သင်ခန်းစာယူ၊ နောက်မဆုတ်ဘဲ ဆက်ကြိုးစားရင် တနေ့  အောင်မြင်နိုင်တာပဲ” လို့ ပြောပြတယ်။ ဒါပေမယ့် သူက အဲဒီ ရှုံးမယ့် ဒဏ်ကို မခံနိုင်ဘူး။

လက်ရှိ လုပ်နေတဲ့ အလုပ်က "လကုန်ရင် ကျိန်းသေ လစာ ရတယ်။ လုံခြုံမှု ရှိတယ်။ စီးပွားရေးက မြတ်ချင်မှ မြတ်မယ်၊ ရှုံးချင်ရှုံးမယ်၊ စိတ်မချ ရတဲ့ဘဝ" လို့  ဆိုတယ်။ မှန်ပါတယ်။ လုပ်ငန်းရှင် ဆိုတာ လုပ်ငန်းအတွက် မြင်သာတဲ့ ဆုံးရှုံးမှု တွေကို အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်ပြီး မမြင်သာလိုက်တဲ့ ဆုံးရှုံးမှု တွေကိုတော့ လက်ခံ ရင်ဆိုင် လိုက်ရတာပါပဲ။ ဘဝမှာ ကိုယ်လိုချင်တာ ကိုယ်ရွေးရပါတယ်။ တစ်ခု လိုချင်ရင် တစ်ခု စွန့် လွတ်ရတယ်။ တကယ် စီးပွားရေး လုပ်ချင်တဲ့ လူတိုင်းဟာ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးရတဲ့ ဘဝကို လုံခြုံသလို ရှိနေတဲ့ ဘဝထက် ပိုမြတ်နိုးလို့  စွန့် စားကြည့်တာပါပဲ။

ကြွက် ပုံပြင်လေးတစ်ခု သတိရတယ်။ ကြောက်တတ်တဲ့ ကြွက်လေးတစ်ကောင် ရှိတယ်။ သူ ကြောက်တာက ကြောင်။ ကြောင်သံကြားတာနဲ့  စိတ်ဆင်းရဲလာရော။ တနေ့ တော့ ဖန်ဆင်းရှင်ကို ဆုတောင်းသတဲ့။ ကြောင်ဖြစ်ပါရစေ။ ဖန်ဆင်းရှင်လည်း သနားပြီး ဖန်ဆင်းပေးလိုက်တယ်။ ကဲ ကြွက်လေးလည်း ကြောင် ဖြစ်သွားပြီ။

ကြောင် ဖြစ်တော့ ကြောက်စိတ် ထပ်ပေါ်လာတယ်။ ခွေးကို ကြောက်တာ။ ဒါနဲ့  ဖန်ဆင်းရှင် ကို ထပ် ဆုတောင်းတယ်။ ခွေး ဖြစ်ပါရစေတဲ့။ ဖန်ဆင်းရှင်လည်း စီစဉ် ပေးလိုက်တယ်။ ခွေး ဖြစ်သွားပြီ။

ခွေး ဖြစ်တော့ မြေခွေးကို ကြောက်ပြန်သတဲ့။ ဖန်ဆင်းရှင် စိတ်လေလာပြီ။ ကဲ လုပ်ပေးလိုက် ဦးမယ် ဆိုပြီး မြေခွေး ဖြစ်အောင် လုပ်ပေးတယ်။

မြေခွေး ဖြစ်တော့ ဝံပုလွေကို ကြောက်ပြန်ရော။ ဆုတောင်းပြန်ပြီ။ ဝံပုလွေ ဖြစ်ပါရစေ။ ဖန်ဆင်းရှင်လည်း နောက်ဆုံးပဲ ဆိုပြီး ဝံပုလွေ အဖြစ် ပြောင်းပေးလိုက်တယ်။

ဝံပုလွေ ဘဝ ရောက်လို့ မကြာခင် ကျား ကို ကြောက်ပြန်တယ်။ ထပ်ဆုတောင်းတယ်။ ကျား ဖြစ်ပါရစေ။

နောက်နေ့  မနက်ကျတော့ ကျားမဖြစ်ဘဲ သူ ကြွက် ပြန်ဖြစ် နေတယ်။ ဖန်ဆင်းရှင်ကို ငိုယိုပြီး ဘယ်လို ဖြစ် တာလည်း မေးတော့ ဖန်ဆင်းရှင်က ရှင်းပြတယ်။ "မင်းက ခန္ဓာကိုယ်သာ ပြောင်းသွားတယ်။ ကြောက်တတ်တဲ့ နှလုံးသားက လုံးဝ မပြောင်းလဲသွားဘူး။ ငါ မင်းကို ဘာကောင် ဖြစ်အောင် လုပ်လုပ် မင်း ကြောက်နေမှာပဲ။ ဒီတော့ ကြွက်ဘဝပဲ နေပါကွာ၊ မင်းနဲ့ ပိုသင့်တော် ပါတယ်" တဲ့။

ဒီပုံပြင်ထဲကလိုမျိုး လူလည်း ကံကောင်းလို့  အပြင်ပန်း ဘဝ ပြောင်းလဲသွားရင်တောင် နှလုံးသားထဲက အကြောက်တရား မပြောင်းလဲနိုင်ရင် အခက်အခဲ တွေကိုပဲ အာရုံစိုက် မိလိမ့်မယ်၊ အခွင့်အလမ်းကို အာရုံစိုက် မိမှာ မဟုတ်ဘူး။

ဘဝတစ်ခုကို ပြောင်းပစ်တော့မယ် ဆုံးဖြတ်ရင် စိတ်ထဲက အရင်ပြောင်းဖို့  ပိုအရေးကြီးတယ်။ အပြင်ဘက်မှာ အားနည်းနေလည်း အတွင်းထဲက ရဲရင့်တဲ့ နှလုံးသား ရှိရင် ယှဉ်ပြိုင် နိုင်တယ်။

၁၉၇၆ မှာ စတိပ်ဂျော့နဲ့  ဝေါ့ဇနိယက် တို့ နှစ်ဦးပေါင်းပြီး အရင်းအနှီး ဒေါ်လာ ၁၇၅၀ လောက်နဲ့  Apple ကုမ္ပဏီကို တည်ထောင်တယ်။ အိုင်ဘီအမ် (IBM)ကို ယှဉ်ပြိုင်ဖို့  ဆုံးဖြတ်တယ်။ အိုင်ဘီအမ်ဆိုတာ ၁၉၁၁ ထဲက တည်ထောင်ခဲ့ပြီး အဲချိန်တုန်းက အင်အားအကြီးဆုံး နည်းပညာနဲ့ ကွန်ပြူတာ ကုမ္ပဏီ။ ခေါင်းမာပြီး ရဲရင့်တဲ့ စတိပ်ဂျော့နဲ့  ကွန်ပြူတာ ပါရမီရှင် ဝေါ့ဇနိယက် တို့  နှစ်ဦးဟာ နည်းပါးလှတဲ့ ကနဦး အရင်းအနှီးနဲ့  ဘီလူးကြီး IBM ကို နောက်ကောက်ချ အနိုင်ယူခဲ့ပါတယ်။ စတိပ်ဂျော့ဟာ Apple ကို ဒီနေ့  ကမ္ဘာတန်ဖိုး အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်အောင် စွမ်းဆောင်ခဲ့တာ ထက်မြက်တဲ့ ဥာဏ်ပညာ တစ်ခု တည်းကြောင့် မဟုတ်ဘဲ သတ္တိရှိတဲ့၊ အရှုံးမပေးတဲ့ နှလုံးသား ကြောင့်လည်း ပါပါတယ်။

ကျော်ထင်နော်ရထာ ဟာ နောင်ရိုးတိုက်ပွဲမှာ သူထက် အင်အား ၁၀ ဆ ကြီးတဲ့ ရန်သူနဲ့  ရင်ဆိုင်ရပေမယ့် နှလုံးသားက အကြောက်တရား မရှိဘူး။ အရေးနိမ့်ရင် ပြန်ပြေးရမယ့် ဖောင်တွေပါ ဖျက်ဆီးပစ်တယ်။ “စစ်တို့ ၏ သဘောမှာ အင်အားနည်းသည်၊ များသည် အဓိက မဟုတ်၊ လုပ်ရည် ကြံရည်နဲ့ ရဲစွမ်း သတ္တိသာ အဓိက” လို့  တပ်ထွက် မိန့် ခွန်း ပြောတယ်။ စစ်ကြောင်း သုံးကြောင်းနဲ့  သူကပဲ ဦးအောင် စတိုက်ပြီး အနိုင်ယူ ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ချက် မရှိတဲ့ အချိန်မှာတောင် စစ်အာဏာရှင်တွေကို အရှုံးမပေးခဲ့တာလည်း နှလုံးသားက သတ္တိ ရှိလို့ ပါပဲ။ ရဲရင့်တဲ့ နှလုံးသားကို လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့၊ လူဦးရေ သိန်းဂဏန်း ရှိတဲ့ အဖွဲ့ အစည်းက အနိုင်မယူ နိုင်ခဲ့ဘူး။

နှစ်ပေါင်း ၅၀ နီးပါး ဘီးတပ်ကုလားထိုင်ပေါ် အပြီးရောက်သွားတဲ့ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်းရဲ့  နှလုံးသား ကလည်း ရဲရင့်တယ်။ သာမန်လူ တွေတောင် မကျော်ဖြတ်နိုင်တဲ့ ပညာရပ် ဆိုင်ရာ အကန့် အသတ်တွေကို ကျိုးပျက်နေတဲ့ ခန္ဓာကိုယ်ကြီးနဲ့  သူ ကျော်ဖြတ်ခဲ့တာ အံ့ချီးဖွယ်ရာပါပဲ။

ဒီလိုပြောလို့  ရှေ့ နောက်ချိန်ဆတဲ့ ဥာဏ်ပညာ မပါဘဲ ဇွတ်တိုးလုပ်ပါ၊ အောင်မြင်လိမ့်မယ်လို့  မဆိုလိုပါဘူး။ ဥာဏ်ပညာဟာ အောင်မြင်ဖို့  အရေးအကြီးဆုံး အချက်ထဲမှာ ပါပါတယ်။ ဒါပေမယ့် ချီတုံချတုံ ဖြစ်နေတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ၊ နယ်ပယ်သစ် တစ်ခုကို ဝင်ဖို့  အခက်ဆုံး ဖြစ်နေတဲ့ ပထမ ခြေလှမ်း စလှမ်းဖို့ တော့ လုံလောက်တဲ့ သတ္တိရှိမှ ရမယ်။

အခက်အခဲတွေ ကျိန်းသေတွေ့ ရမယ့် လောကကို ရင်ဆိုင်ဖို့ အတွက် နှလုံးသားက ရဲရင့်ဖို့  လိုတယ်။ ကြောက်တတ်တဲ့ ကြွက် နှလုံးသားနဲ့ တော့ ဘယ်နေရာမှ အဆင်မပြေပါဘူး။

Photo from Google

to PhyoKoKoAung

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Soi 39, Rama 9 Road, Bangkapi
Bangkok
10240