မြန်မာပြည်ဖွားဂေါ်ရ်ခါးလူငယ်အစည်းအရုံး

မြန်မာပြည်ဖွားဂေါ်ရ်ခါးလူငယ်အစည်းအရုံး

แชร์

We, Myanmar Born Gurkha , unity and peace help other. ထိုင်းနှိင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရ်ခါးလူငယ်များ အစည်းအရုံး Labour rights
2. Legal aid
3. Information

TBMBG Policy Statement
WE Thai Based Myanmar Born Gurkha.

1. TBMAG has been formed by people who have a good and caring attitude toward people .
2. TBMBG is formed for the purpose of helping people with their need .
3. TBMBG is always ready to help people in need at anytime.
4. TBMBG will consider the following when talking any action. (1) Justice - all acts must be just
(2) Law- all acts must

Photos from MBGSpotlights's post 04/04/2026



၁၀ နှစ်ကလေးတစ်ယောက်…
“ပျော်တယ်” လို့ ပြောပေမယ့်
နောက်တစ်ခွန်းမှာတော့— “ဆရာရိုက်တယ်” လို့ ပြောတယ် ။

တရားထိုင်ခိုင်းတယ်…
မျက်စိဖွင့်မိတာနဲ့ ပေတံနဲ့ ရိုက်တယ် 😡

နာလို့ မျက်ရည်ကျတယ်…
ဒါပေမယ့် မငိုရဲဘူး…
ဘာလို့လဲဆိုတော့ — ငိုရင် ထပ်ရိုက်ခံရမှာဆိုပြီး၊ ပြောရင်လည်း ထပ်ရိုက်ခံရမှာ ကြောက်လို့။

ဒါကို “ပညာပေး” လို့ ခေါ်မလား?
ဒါမှမဟုတ် “အကြမ်းဖက်မှု” လား?

26/03/2026

ကမ္ဘာ့စင်မြင့်ပေါ်မှာ မြန်မာကိုယ်စားပြု — HYROX Bangkok 2026 မှာ ရွှေတံဆိပ် ဆွတ်ခူးခဲ့တဲ့ မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်တစ်ယောက်။

March 25, 2026

ထိုင်းနိုင်ငံ Bangkok တွင် ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ Fitness

ပြိုင်ပွဲကြီးဖြစ်သော HYROX Bangkok 2026 တွင် မြန်မာနိုင်ငံဖွား ဂေါ်ရခါး

အားကစားသမား Duyakar Bahar Duu သည် အသင်းဖော် Lewis Mulhall

(UK ) နှင့်အတူ Men’s Doubles (အသက် 30–34) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။

အသင်းနှစ်ယောက်သည် ပြိုင်ပွဲတစ်ခုလုံးကို ၅၅ မိနစ် ၃၀ စက္ကန့် ဖြင့် အမြန်ဆုံး

ပန်းဝင်နိုင်ခဲ့ပြီး၊ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အသင်းပေါင်း ၁,၅၅၃

သင်း အနက် Overall ဒုတိယ (2nd Overall) အဖြစ်လည်း ထူးခြားစွာ မှတ်တမ်းတင်နိုင်ခဲ့သည်။

Running အပိုင်းတွင် Top 0.5% အထိ စံချိန်တင်နိုင်ခဲ့ပြီး အားကစားစွမ်းရည်

အလွန်မြင့်မားမှုကို ပြသနိုင်ခဲ့သည်။ ပြိုင်ပွဲအတွင်း Lunges Station တွင် ၃၀

စက္ကန့် Penalty ချမှတ်ခံခဲ့ရသော်လည်း စိတ်ဓာတ်မလျော့ဘဲ အေးဆေးကျော်

ဖြတ်ကာ နောက်ဆုံးတွင် ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့သည်။

Duyakar Bahar Duu သည် ရိုးရိုး Gym Athlete တစ်ယောက်သာမဟုတ်ဘဲ

ထိုင်းနိုင်ငံတွင် ကျင်းပသည့် အကြမ်းတမ်းဆုံး Trail Running ပြိုင်ပွဲများဖြစ်

သည့် Phuket Trail နှင့် Samui Trail (50km+) များတွင်လည်း ပထမဆုများစွာ ဆွတ်ခူးထားသူ ဖြစ်သည်။

Duyakar Bahar Duu သည် မြန်မာနိုင်ငံ မိုကုတ်သားဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ စတင်ကာ အားကစားလောကသို့ ဝင်ရောက်လာခဲ့သူ ဖြစ်သည်။

Duyakar Bahar Duu ၏ ကြိုးစားအားထုတ်မှု၊ စည်းကမ်းရှိမှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့ကြောင့် ယနေ့ နိုင်ငံတကာစင်မြင့်ပေါ်တွင် အောင်မြင်မှု ရရှိခဲ့သည်။

မိမိတို့လည်း Duyakar Bahar Duu ၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း ပြောလိုပါသည်။

မေး - လူငယ်တွေကို ဘာ message ပေးချင်လဲ?

ဖြေ - ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ချင်ရင် အားကစားတစ်ခုခုကို စတင်လုပ်ဆောင်ပါ။

မေး - ဒီအောင်မြင်မှုရဖို့ အခက်အခဲတွေ ရှိခဲ့လား?

ဖြေ - အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ မိသားစုရဲ့ အားပေးမှု မရှိသလို လူမျိုးအသိုင်းအဝိုင်းကလည်း ထောက်ပံ့မူ မရရှိခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်ရည်မှန်းချက်ကို မလျော့ဘဲ ဆက်ကြိုးစားခဲ့ပါတယ်။

မေး - ရှေ့ဆက်ရည်မှန်းချက်က ဘာလဲ?
ဖြေ - နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာ ဆက်လက်ယှဉ်ပြိုင်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ အောင်မြင်မှုတွေ ထပ်မံရယူချင်ပါတယ်။

မေး - အားကစားစတင်လုပ်ချင်တဲ့ လူငယ်တွေကို ဘာအကြံပေးချင်လဲ?
ဖြေ - စတင်တဲ့အချိန်မှာ ခက်ခဲပေမယ့် မလျော့ပါနဲ့။ စည်းကမ်းရှိရှိ ဆက်လုပ်သွားရင် တစ်နေ့မှာ ကိုယ်လိုချင်တဲ့ အောင်မြင်မှုကို ရနိုင်ပါတယ်။ 💪



Let's support Sahnobai Adhikari

13/03/2026

သတိ

05/02/2026

25/10/2025

Official Announcement
The Bureau of the Royal Household has announced with deep sorrow that Her Majesty Queen Sirikit, The Queen Mother, has passed away. 💔
Thai Based Myanmar Born Gurkha Youth Association would like to express our deepest condolences on the passing of Her Majesty.
Her grace, compassion, and lifelong dedication to the Thai people will forever be remembered. 🙏😢
May Her Majesty rest in eternal peace. 🕊️

20/10/2025

ပျော်စရာကောင်းသော Diwali ပွဲတော်နေ့တွင်
ပျော်ရွှင်ကြည်နူးခွင့်မရှိသော မြန်မာပြည်ဖွားဂေါ်ရခါး မိသားစုများအတွက် ဤရောင်စုံမီးလေးများက အမှောင်မှ အလင်းသို့ ပြောင်းလဲသွားပါစေ….🙏

အလှနဲ့ အပြုံးများဖြင့် မောင်နှမများ တွေ့ဆုံကြရချိန် အချို့မှာ မိသားစုဝင်များ မစုံတော့ပါဘူး ။
ကျွန်ုပ်တို့နေစဉ်ဘဝကို ပြန်လည်သက်ဝင်စေတဲ့ အချိန်လည်း မဖြစ်နိုင်ခဲ့သလို ပျော်စရာကောင်းသော ရိုးရာပွဲတစ်ခုက အသံတိတ်ကာညိမ်သက်သွားခဲ့ရပါတယ်။🙏

ပွဲတော်နေ့မှာ စိတ်အမောတွေကိုဖြေကာ ပျော်ရွှင်ခြင်းဖြင့် သီဆိုမြူးကကြရမည် ဖြစ်ပါသော်လည်း အချို့မိသားစုဝင်များ တောထဲနယ်ထဲ ပြေးနေရပြီး အချို့က နိုင်ငံခြားမှာ ပင်ပန်းနေရတာ ကျွန်ုပ်တို့၏ တစ်နှစ်ပါတ်လုံးလည်း ပျော်ရွှင်စရာ ရှာမတွေ့ခဲ့ရပါဘူး ။🙏

ဒီပွဲတော်နေ့မှာ ရောင်စုံမီးခွက်ကလေးတွေလှတယ်ဆိုတာထက်ပိုပြီး ကျွန်ုပ်တို့၏ စိတ်ကိုလည်း ထာဝရအလင်းရောင်ဆောင်စေတယ်လို့ပြောကြတယ် မြန်မာပြည် ရှိမိသားစုဝင်များမှာတော့ ကလေးသူငယ်ကစ လူကြီးပိုင်းအထိ ကိုယ်စီ စိတ်ဒါဏ်ရာများဖြင့် မှောင်နေခဲ့ရပြန်တယ်။🙏

မီရှုးမီးပန်း နှင့် ဗျောက်အိုးလေးများဖောက်ကာ ပြေးလွှားစော့ကစားရမည့်မှာ ဗုံးသံ သေနတ်သံနှင့် တိုက်ပွဲများကြား ပြားပြားဝတ်ကာ အသံမထွက်ရဲပဲ ငိုနေကြရပါတယ်။🙏

ပျော်ရွှင်မှုကောင်းခြင်းများဖြင့် စီးပွါး ဓနများတောက်လျှံနေပါစေဟု ဆုတောင်းပေးရမည့်ချိန် အချို့မှာ နေစရာအိမ်မရှိတော့သလို စားသောက်ဖို့အရေး လုံးပန်းနေရပါတယ်။🙏

အေးချမ်းနွေးထွေးမှုဖြင့်သင့် Diwali အလှတရားကို တန်ဖိုးထားပါသော်လည်း မိသားစုဝင်များနှင့်ဝေးရကာ ချစ်ခြင်းမေတ္တာအလင်းမိန်မိန်လေးမှာ အိပ်မက် မျှော်လင့်ချက်များကို အသက်နဲ့ရင်းပြီး ရှာဖွေနေရပါတယ်။🙏

ပွဲဆင်နွဲခွင့်ရရှိသော မိတ်ဆွေမိသားစုဝင်အနေများဖြင့်၊

ချစ်ခြင်းမေတ္တာ ဖြင့် တစ်ဖက်သားကို စာနာငဲ့ညာပေးခြင်း

ဖြင့် တိုးတိုးတိတ်တိတ်ကုသိုလ်ယူပါလို့ လက်အုပ်ချီတောင်းဆိုပါတယ် ။ အချို့မှာငိုနေရပြီး ၊

အချို့မှာ ဟန်ဆောင်ကာပျော်ပြနေရပါတယ်။

မိသားစုစုံစုံလေးနဲ့ ဂေါ်ရခါးရိုးရာ Deepavali ပျော်ခွင့်ရတဲ့

ဂေါ်ရခါးမိသားစုများအတွက် Happy Diwali / Deepalivali ပါ ။
အလင်းက အမှောင်ကို အမြဲနိုင်သလို အမှန်တရားက အမြဲအနိုင်ရပါစေ။ 🙏

အခက်အခဲတွေ၊ အမှောင်မိုက်ဆုံးအချိန်တွေလည်းဤ

ရောင်စုံမီးအလင်းဖြင့် ထာဝရပျောက်ကွယ်သွားပါစေ….🙏

လူသားများအားလုံး စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာချင်းဖြင့် ငြိမ်းချမ်းမှုကို ပိုင်ဆိုင်ကြပါစေ ……🙏

ပြန်မဆုံနိုင်တဲ့ မိသားစုများအတွက် စာနာသောအားဖြင့်
ရိုးရာပွဲကို ရိုးရာအနေနဲ့ပဲ ဆင်နွယ်ဖို့ တိုက်တွန်းပါတယ်

အဓိက ဂုဏ်သိက္ခာရှိတဲ့ ဂေါ်ရခါးလူမျိုးပီသစွာနဲ့
ကိုယ့်ကြောင့် သူတပါးရဲ့ စိတ်ပိုင်ဆိုင်ရာ ထိခိုက်မှု မဖြစ်အောင်
အတတ်နိုင်ဆုံး ဆုံရှောင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ် ။

----- Diwali 🪔 for everyone ပါ ။






#

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


560/174klao Siam Condo 6rd Fl. . Dindaeng
Bangkok
10400