Tarot By Moe MaKha

Tarot By Moe MaKha 🃏 Trust the cards. Trust your path. Trust yourself. Welcome to the beginning of something meaningful.

✨ 💞Pick A Pile✨Halloween ညရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တွေနဲ့အတူ သင့်ကို အမြဲကာကွယ်စောင့်ရှောက်ပေးနေတဲ့ Spiritual G...
31/10/2026

✨ 💞Pick A Pile

✨Halloween ညရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တွေနဲ့အတူ သင့်ကို အမြဲကာကွယ်စောင့်ရှောက်ပေးနေတဲ့ Spiritual Guides (အစောင့်အရှောက်) တွေဆီက ပေးချင်တဲ့ Message

​စိတ်ထဲ မှာ အဆွဲဆောင်နိုင်ဆုံး Pile တစ်ခုကို ငြိမ်ငြိမ်လေး အာရုံစူးစိုက်ပြီး ရွေးချယ်ပေးပါနော်...

ကိုယ်နဲ့ 𝓔𝓷𝓮𝓻𝓰𝔂 ကိုက်ရင် 𝓹𝓸𝓼𝓽ကို 𝓵𝓲𝓴𝓮 & 𝓼𝓱𝓪𝓻𝓮 လုပ်ဖို့မမေ့နဲ့နော်

PAGE ကို LIKE AND FOLLOW လေး လုပ်ပေးသွားကြပါအုံး
ရွေးထားတာလေးတွေ မန့်ပေးသွားပါအုံး ခဗျ
အဖြေကို ခဏ နေတင်ပေးပါ့မယ်

တားရော့ မေးမယ်ဆိုရင်တော့

ရရှိနိုင်တဲ့ updated Package လေးတွေပါ

https://web.facebook.com/share/p/1BcuQzGXJ5/

Standard Reading တွေက 48 နာရီအတွင်း အဖြေလေးတွေ ပို့ပေးပါတယ်ဗျ

Urgent Reading လေးတွေကတော့ 3 နာရီအတွင်း အဖြေလေးတွေ ပို့ပေးပါတယ်

Cb မှာစာပို့မရရင် Telegram username () ဆက်သွယ်လို့ရပါတယ်ခဗျ

My Socials 📩
🌐 Facebook:
https://web.facebook.com/profile.php?id=61575631083176
🎥 YouTube:
https://www.youtube.com/channel/UChwKCZIhsB0BZ6rqg1_FKow
📸 Instagram:
https://www.instagram.com/tarot_by_moemakha
🎵 TikTok:
https://www.tiktok.com/
🍋 Lemon8:
https://s.lemon8-app.com/al/GgQdpZfYMf
ပိုမိုတိကျတဲ့ Personal မေးခွန်း မေးမြန်းလိုပါက သက်ဆိုင်ရာ Page CB or Tele or Whatapp သို့ လာရောက် မေးမြန်းနိုင်ပါတယ် ခဗျ။ 💗
တားရော့ မေးမယ်ဆိုရင်တော့
ရရှိနိုင်တဲ့ updated Package လေးတွေပါ
https://www.facebook.com/share/p/1BJxwpkuRW/
send Message to CB
or
Tele -
or
Whatapp - +66943143185


✨

❤️ နောက် ၂ ပတ်အတွင်း (အောက်တိုဘာ ၃၀ – နိုဝင်ဘာ ၁၃) ရည်းစားဟောင်း ပြန်ဆက်သွယ်လာနိုင်ခြေရှိတဲ့ Zodiac Signs များ 🔮တစ်ချိန်...
30/10/2026

❤️ နောက် ၂ ပတ်အတွင်း (အောက်တိုဘာ ၃၀ – နိုဝင်ဘာ ၁၃) ရည်းစားဟောင်း ပြန်ဆက်သွယ်လာနိုင်ခြေရှိတဲ့ Zodiac Signs များ 🔮

တစ်ချိန်က ချစ်ခဲ့ဖူးသူ၊ မေ့ပစ်ဖို့ကြိုးစားနေခဲ့သူ၊ အဆက်အသွယ်ပြတ်သွားခဲ့သူတစ်ယောက်ဆီက မမျှော်လင့်ထားတဲ့ Message တစ်စောင် ရောက်လာနိုင်ပါတယ်။

♏ Scorpio 🍀 ကိုယ့်ကိုဆုံးရှုံးခဲ့ရတာကို နောင်တရနေတဲ့သူ ပြန်ဆက်သွယ်လာနိုင်တယ်။ အရင်က မပြောဖြစ်ခဲ့တဲ့စကားတွေ ပြန်ပြောလာနိုင်ပါတယ်။

♋ Cancer 🍀 အတိတ်ကအမှတ်တရတွေကို မမေ့နိုင်သေးတဲ့သူတစ်ယောက် ကိုယ့်ဆီပြန်လာဖို့ ကြိုးစားလာနိုင်တယ်။ အရင်လိုပြန်ဖြစ်ချင်တဲ့စိတ်ရှိနေနိုင်ပါတယ်။

♉ Ta**us 🍀 ကိုယ့်ကို တိတ်တဆိတ်သတိရနေသူဆီက သတင်းစကားရောက်လာနိုင်တယ်။ မထင်မှတ်ထားတဲ့အချိန်မှာ ပြန်ဆုံနိုင်တဲ့အခွင့်အရေးရှိတယ်။

♓ Pisces 🍀 အရင်က နားလည်မှုလွဲခဲ့တာတွေကို ပြန်ရှင်းပြချင်တဲ့သူ ရှိလာနိုင်တယ်။ မပြီးဆုံးသေးတဲ့အချစ်ဇာတ်လမ်းတစ်ခု ပြန်စတင်လာနိုင်ပါတယ်။

♌ Leo 🍀ကိုယ့်ကိုလက်လွှတ်ခဲ့ရတာ မှားသွားပြီလို့ ခံစားလာတဲ့သူ ပြန်ပေါ်လာနိုင်တယ်။ ကိုယ့်အာရုံစိုက်မှုကို ပြန်ရဖို့ ကြိုးစားလာနိုင်ပါတယ်။

✨ရည်းစားဟောင်းပြန်လာတိုင်း ပြန်လက်ခံရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ကိုတကယ်ချစ်လို့ ပြန်လာတာလား၊ အထီးကျန်လို့ ပြန်လာတာလားဆိုတာ သေချာကြည့်ပါ။

❤️ တချို့အချစ်တွေက ဒုတိယအခွင့်အရေးနဲ့ ထိုက်တန်ပေမဲ့ တချို့အချစ်တွေကတော့ အတိတ်မှာပဲ ထားခဲ့သင့်ပါတယ်။

🔮

30/10/2026

🌟 နိုဝင်ဘာလမှာ ကံတရားတွေ ပြန်လည်မျက်နှာသာပေးလာမယ့် Zodiac Signs များ 🌟

♉ TA**US
အရင်က ငွေကြေးအတွက် စိတ်ပူခဲ့ရတာတွေ တဖြည်းဖြည်း ပြေလည်လာမယ်။ ဝင်ငွေအခွင့်အရေးအသစ်တွေ ရလာနိုင်ပြီး ကိုယ်ကြိုးစားထားသမျှရဲ့ အသီးအပွင့်ကို စတင်ခံစားရမယ်။

♌ LEO
ကိုယ့်ရဲ့အရည်အချင်းနဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုခံရမယ့်အချိန်ပါ။ အလုပ်အကိုင်မှာ အခွင့်အရေးကောင်းတွေ ပေါ်လာနိုင်သလို ကိုယ်လိုချင်နေတဲ့အရာတစ်ခုလည်း အကောင်အထည်ပေါ်လာနိုင်တယ်။

♍ VIRGO
အရင်က ရှုပ်ထွေးနေခဲ့တဲ့ ကိစ္စတွေ ရှင်းလင်းလာမယ်။ အလုပ်အကိုင်၊ စီးပွားရေးနဲ့ ငွေကြေးပိုင်းမှာ အခြေအနေကောင်းတွေ ရလာနိုင်ပြီး စိတ်အေးချမ်းမှုလည်း ပြန်ရလာမယ်။

♏ SCORPIO
နိုဝင်ဘာလက ကိုယ့်အတွက် အပြောင်းအလဲကောင်းတွေ ယူဆောင်လာနိုင်တဲ့လပါ။ အခွင့်အရေးအသစ်၊ လူသစ်၊ အလုပ်သစ်တွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အရင်က မဖြစ်နိုင်ဘူးထင်ထားတဲ့အရာတွေတောင် ဖြစ်လာနိုင်ပါတယ်။

♐ SAGITTARIUS
ကံကောင်းခြင်းတွေ တစ်ခုပြီးတစ်ခု ဝင်လာနိုင်တယ်။ ခရီးသွားခြင်း၊ အလုပ်အကိုင်ပြောင်းလဲခြင်း၊ စီးပွားရေးတိုးချဲ့ခြင်းတွေအတွက် အခွင့်အရေးကောင်းတွေ ရလာနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ဘဝဆီကို တစ်လှမ်းပိုနီးလာမယ်။

♑ CAPRICORN
အရင်က ကြိုးစားခဲ့သမျှတွေ အရာထင်လာမယ့်အချိန်ပါ။ အလုပ်မှာ တာဝန်ပိုကြီးလာတာ၊ ရာထူးတိုးတာ၊ ဝင်ငွေတိုးလာတာမျိုးတွေ ကြုံလာနိုင်တယ်။ စိတ်ရှည်ခဲ့သမျှအတွက် ဆုလာဘ်ပြန်ရမယ့်လပါ။

🍀 နိုဝင်ဘာလရဲ့ ကံကောင်းခြင်းတွေက သင့်ဆီကို ရောက်လာပါစေ။

ဒီထဲမှာ ကိုယ့် Zodiac Sign ပါတယ်ဆိုရင် ကိုယ်လိုချင်တဲ့ ဆုတောင်းတစ်ခုကို Comment မှာ ရေးသွားခဲ့ပါ။

✨ ကောင်းသောအပြောင်းအလဲတွေ သင့်ဆီကို အမြန်ဆုံးရောက်ရှိလာပါစေ။

General Reading လက်ရှိအချိန်မှာ ကိုယ့်အပေါ် လူမှုရေးအတိုက်အခိုက်တွေ၊ မနာလိုမှုတွေ ရှိနေမလားဒီကတ် ၃ ချပ်အရ အရမ်းကြီး စိုး...
29/10/2026

General Reading

လက်ရှိအချိန်မှာ ကိုယ့်အပေါ် လူမှုရေးအတိုက်အခိုက်တွေ၊ မနာလိုမှုတွေ ရှိနေမလား

ဒီကတ် ၃ ချပ်အရ အရမ်းကြီး စိုးရိမ်နေစရာမရှိပါဘူး။ 🪷 Nine of Pentacles က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူ၊ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်နေတဲ့သူဖြစ်ကြောင်း ပြနေပါတယ်။ ကိုယ့်ရဲ့ အဆင်ပြေမှုတွေ၊ တိုးတက်မှုတွေကို မနာလိုတဲ့သူတချို့ ရှိကောင်းရှိနိုင်ပေမယ့် သူတို့ရဲ့စကားတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသွားစရာမလိုပါဘူး။ ကိုယ့်တန်ဖိုးကိုယ်သိပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ဖို့ အရေးကြီးပါတယ်။ ✨

The Sun ကတ်ကတော့ အရမ်းကောင်းတဲ့ အားပေးမှုတစ်ခုပါပဲ။ ☀️ ကိုယ့်အပေါ် မကောင်းမြင်တာတွေ၊ အထင်လွဲတာတွေ ရှိခဲ့ရင်တောင် အချိန်ကြာလာတာနဲ့အမျှ အမှန်တရားတွေ ပိုပြီးပေါ်လွင်လာနိုင်ပါတယ်။ ကိုယ့်အကြောင်း မကောင်းပြောတဲ့သူ ရှိမရှိဆိုတာကိုပဲ အမြဲလိုက်တွေးနေမယ့်အစား ကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုကို ဦးစားပေးပါ။ ဒီကတ်က ကိုယ့်ဘက်မှာ အကောင်းမြင်စရာတွေ၊ အောင်မြင်မှုတွေနဲ့ ရှေ့ဆက်နိုင်မယ့် အခွင့်အရေးတွေ ရှိနေတယ်လို့ ဖော်ပြနေပါတယ်။ လူတိုင်းရဲ့အမြင်ကို ကိုယ်လိုက်ထိန်းချုပ်လို့မရပေမယ့် ကိုယ်ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ရွေးချယ်နိုင်ပါတယ်။ 💛

နောက်ဆုံး Eight of Pentacles ကတ်ကတော့ ကိုယ့်အလုပ်၊ ကိုယ့်ဝင်ငွေနဲ့ ကိုယ့်အနာဂတ်အတွက် ပိုပြီးအာရုံစိုက်သင့်တယ်လို့ ပြောနေပါတယ်။ ကိုယ့်ဘဝတိုးတက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ မလိုအပ်တဲ့ အတင်းအဖျင်းတွေ၊ လူမှုရေးအရှုပ်အရှင်းတွေထဲ ဝင်ပါနေမယ့်အစား ကိုယ့်ရဲ့ရည်မှန်းချက်တွေအတွက် အားစိုက်ထုတ်လိုက်ပါ။ အနှစ်ချုပ်ပြောရရင် ဒီကတ် ၃ ချပ်အရ ကြီးကြီးမားမား လူမှုရေးအတိုက်အခိုက်တစ်ခုကို အထူးစိုးရိမ်နေဖို့ထက် ကိုယ့်ဘဝကို ပိုကောင်းအောင် တည်ဆောက်ဖို့ အချိန်ပေးသင့်ပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုကပဲ ကိုယ့်အတွက် အကောင်းဆုံးအဖြေဖြစ်လာပါလိမ့်မယ်။ 🔮✨

#တာရော့ဟောကိန်း #လူမှုရေးအတိုက်အခိုက် #မနာလိုသူများ #အတင်းအဖျင်း #အမှန်တရားပေါ်လာမည် #ကိုယ့်တန်ဖိုးကိုယ်သိပါ #အောင်မြင်မှုကံ #အကောင်းမြင်စိတ်

ဒီတခါ ​♏ Scorpio  season ဆို‌ေတာ့ Scorpio တွေရဲ့ Dark side ဘက်ကိုသွားကြည့်လိုက်ရအောင် 🦂 Dark Side ဆိုတဲ့အတိုင်းနဲနဲတော့ ...
28/10/2026

ဒီတခါ ​♏ Scorpio season ဆို‌ေတာ့ Scorpio တွေရဲ့ Dark side ဘက်ကိုသွားကြည့်လိုက်ရအောင် 🦂

Dark Side ဆိုတဲ့အတိုင်းနဲနဲတော့ စပ်ပါလိမ့်မယ် 😂

​♏ Scorpio

​ကိုယ်စားပြုသော Tarot ကတ်များ

Death,
The Devil,
Queen of Cups,
King of Swords

​အစမှာတော့ Scorpio တွေက ကမ္ဘာပေါ်မှာ စိတ်ဝင်စားဖို့ အကောင်းဆုံး၊ ဆွဲဆောင်မှု အရှိဆုံး လျှို့ဝှက်သည်းဖို လူသားကြီးတွေလိုပဲ ထင်ရတတ်တယ်။
Mysterious ဖြစ်တယ်။
စူးရှတယ်။
ကိုယ့်အပေါ်မှာ အရူးအမူး စိတ်ဝင်စားပြတတ်တယ်။
သူတို့နဲ့ရှိရင် ကမ္ဘာပေါ်မှာ တခြားဘယ်သူ့ကိုမှ မမြင်တော့ဘဲ အချစ်ကြီးပြီး သစ္စာရှိလွန်းတဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်လိုက်ရသလိုမျိုး ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့် ရတတ်တယ်။

​သူတို့နဲ့ရှိရင် ကိုယ်က သူ့ရဲ့ စကြဝဠာတစ်ခုလုံး၊ သူ့ရဲ့ တစ်ဦးတည်းသော အသက်သက်သက်လို ခံစားရတတ်တယ်။
ဒါပေမယ့် အဲ့ဒီ အချစ်ကြီးမှုတွေက တကယ်တော့ “မင်းရဲ့ စိတ်ဝိညာဉ်ကအစ ငါပိုင်ရမယ်၊ ငါ့ကို ဘာမှ ဖုံးကွယ်လို့မရဘူး” ဆိုတဲ့ ဘုရင်ခံချုပ်ကိုင်မှု (Obsession) ဖြစ်နေတတ်တာ အဆိုးဆုံးပဲ။ သူက ကိုယ့်ကို ရိုးရိုးသားသား ချစ်နေတာမဟုတ်ဘူး သူ့စိတ်ကြိုက်ကစားမယ့် သားကောင်လို သဘောထားနေတာ 🤭
​Scorpio တွေက Trust issues (လူမယုံတတ်တဲ့စိတ်) အရမ်းကြီးပြီး သံသယစိတ် ပြင်းထန်တယ်။
ဒါပေမယ့် relationship မှာ “ငါကလွဲရင် ဘယ်သူ့ကိုမှ မကြည့်ရဘူး” ဆိုတဲ့ ချုပ်ချယ်မှုက တစ်ခါတလေ တစ်ဖက်လူကို ထောင်ကျနေသလိုမျိုး အသက်ရှူကျပ်စေတဲ့ အဆိပ်အတောက် ဖြစ်သွားတတ်တယ်။
​ကိုယ်က သူ့ရဲ့ အစစ်အမှန် နှလုံးသားပိုင်ရှင်လို့ ထင်နေချိန်မှာ
သူကတော့ ကိုယ့်ရဲ့အားနည်းချက် မှန်သမျှကို စုံစမ်းထောက်လှမ်းပြီး သူ့လက်ခုပ်ထဲကရေလို လုပ်ဖို့ ပြင်ဆင်နေတတ်တယ်။
​Scorpio တွေက confrontation ကို မကြောက်ဘူး။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းထက် ကွယ်ရာကနေ အကွက်ချပြီး တိုက်ခိုက်တတ်တယ်။
ဒါကြောင့် စိတ်ခုသွားရင်လည်း ချက်ချင်းအဆင်ပြေအောင်မလုပ်ဘူး။
မကျေနပ်ရင် စိတ်ထဲမှတ်ထားပြီး Mind games (ဉာဏ်ဆင်ကစားတာ) တွေ လုပ်တယ်။
စိတ်ကုန်သွားရင်လည်း ကိုယ့်ဘက်က သေလုမတတ် နာကျင်အောင် စကားလုံးတွေနဲ့ တိတ်တဆိတ် ထိုးနှက်တယ်။
​သူတို့ရဲ့ “ငါက သစ္စာရှိလွန်းလို့၊ ချစ်လွန်းလို့ပါ” ဆိုတဲ့ attitude က နောက်ဆုံးမှာ လူကို ပိုပြီး စိတ်မလုံခြုံမှုတွေ ဝင်လာစေတတ်တယ်။
​သေတ္တုချတဲ့အထိ မင်းတစ်ယောက်တည်းကိုပဲ ချစ်သွားမယ်လို့ အလေးအနက် ကတိတွေ ပေးထားတယ်။
Future plan တွေ၊ သွေးသစ္စာတွေလို လေးနက်ခိုင်မာစွာ ပြောထားတယ်။
Attention တွေ၊ စိတ်ခံစားချက်တွေကို အချိန်ပြည့်၊ အတိုင်းအဆမရှိ ပုံအောပေးထားတယ်။
ဒါပေမယ့် ကိုယ့်ဘက်က သူ့ကို တစ်ချက်လေး သံသယဝင်အောင် လုပ်မိတာနဲ့၊ ဒါမှမဟုတ် သူ့ရဲ့ စည်းကမ်းကို ကျော်မိတာနဲ့ suddenly toxic and manipulative (ချက်ချင်း ဉာဏ်ဆင်ချုပ်ကိုင်) ဖြစ်သွားတတ်တယ်။
​Scorpio တွေက သူတို့ကိုယ်သူတို့ အမြဲတမ်း Victim (အနစ်နာခံ သစ္စာရှိသူ) လို့ပဲ မြင်ချင်ကြလို့ Villain ဖြစ်နေတာကို အသိအမှတ်မပြုကြဘူး။
ဒါပေမယ့် အဲ့ဒီ အမှောင်ဘက်ခြမ်းကို သွားထိမိတဲ့အခါ အဆိုးဆုံး damage ကို ရက်ရက်စက်စက် ပေးသွားတတ်တယ်။
​ဘာလို့လဲဆိုတော့
သူတို့က “ငါတို့ လမ်းခွဲရအောင်” လို့ တည့်တည့်မပြောဘဲ
“မင်းက ငါ့ရဲ့ သစ္စာတရားနဲ့ မတန်ဘူး”
“မင်းက ငါ့ကို ဒဏ်ရာတွေ ပေးခဲ့တာ”
“ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
ဆိုပြီး အတိတ်က ကိစ္စတွေကို အစဖော်၊ ကလဲ့စားချေ (Revenge) ပြီး relationship ကို ကမောက်ကမ ဖြစ်အောင် လုပ်တတ်လို့။
​Scorpio တွေက power and control addict (အာဏာနဲ့ ထိန်းချုပ်မှုကို အလွန်အမင်း စွဲလမ်းသူ) တွေ ဖြစ်တတ်တယ်။
အခြေအနေအားလုံးက သူတို့လက်ခုပ်ထဲမှာ ရှိနေတာကို ကြိုက်တယ်။
တစ်ဖက်လူက သူတို့မရှိရင် မဖြစ်တော့ဘဲ ဒူးထောက်လာတာကို ကြိုက်တယ်။
ဒါကြောင့် ချစ်စိတ် ကုန်နေတဲ့ relationship ကိုတောင် ကလဲ့စားချေချင်တဲ့စိတ်၊ နှိပ်စက်ချင်တဲ့စိတ်နဲ့ အပြတ်မဖြတ်ဘဲ အရသာပြေ ဆွဲထားတတ်ကြတယ်။
​သူတို့ရဲ့ problem က —
သူတို့ကိုယ်တိုင် မတည်ငြိမ်တဲ့ သံသယစိတ်တွေကို တစ်ဖက်လူအပေါ် ပုံချပြီး စိတ်ဆင်းရဲအောင် လုပ်တာ။ မင်းသားအမှောင် တွေလေ။
​ဒီနေ့ “မင်းက ငါ့ရဲ့ အသက်ပဲ” လို့ ပြောပြီး
နောက်နေ့ကျ ကိုယ်က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောတာကို မြင်ရင် “မင်းက ငါ့ကို သစ္စာဖောက်တာ” ဆိုပြီး ရက်ပေါင်းများစွာ သွေးအေးအေးနဲ့ ပစ်ထားတတ်တယ်။
​လူတွေကို hurt လုပ်နေတာကို ကောင်းကောင်းသိရုံတင်မကဘူး၊ တစ်ဖက်လူ နာကျင်နေတာကို ကြည့်ပြီး သူတို့ရဲ့ အတ္တကို အစာကျွေးတတ်ကြတယ်။
အဲ့ဒီ ရက်စက်တတ်တဲ့ စရိုက်ကပဲ တခြားသူအတွက် ကြီးမားတဲ့ trauma ဖြစ်လာတတ်တာ။
​The Devil / King of Swords shadow ဝင်လာတဲ့ Scorpio တွေကတော့ ပိုဆိုးတယ်။
အစက ပေးခဲ့တဲ့ နက်ရှိုင်းတဲ့ အချစ်တွေ အကုန်ပျောက်ကွယ်သွားပြီး ရုတ်တရက် ရန်သူတစ်ယောက်လို သွေးအေးရက်စက်ပြတတ်တယ်။
​မနေ့ကထိ ကိုယ့်ကို ဖက်ထားတဲ့သူက
ဒီနေ့ ချက်ချင်း ကိုယ့်ရဲ့ အားနည်းချက် မှန်သမျှကို ဓားလိုသုံးပြီး ရက်ရက်စက်စက် ပြောတယ်။
စာပို့ရင် Seen စားပြီး လုံးဝဥပေက္ခာပြုတယ်။
ကိုယ်က ဘယ်လောက်ပဲ တောင်းပန် တောင်းပန်၊ ပိုပြီး အနင်းခြေပြတယ်။
ဒါပေမယ့် “ပြတ်မယ်” လို့တော့ တိတိကျကျ မပြောဘဲ ကိုယ့်ကို စိတ်ရောဂါရအောင် နှိပ်စက်တယ်။
​အဲ့တော့ ပတ်သက်မိတဲ့သူက
“ငါ တကယ်ပဲ သူ့အပေါ် အမှားကြီးမှားသွားတာလား”
“သူ့ရဲ့ အမုန်းတွေအောက်ကနေ ငါဘယ်လို ရုန်းထွက်ရမလဲ”
ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အကုန်ပျောက်ဆုံးပြီး Psycho ဝင်လာရတယ်။
​Scorpio တွေက မသိမသာ ရက်စက်တာ မဟုတ်ဘူး။ လူကို သတ်ပစ်မတတ် ရက်စက်တာ။
ဒါပေမယ့် သူ့ရဲ့ ကလဲ့စားချေတတ်တဲ့ အငြိုးကြီးလွန်းတဲ့ လုပ်ရပ်တွေက တစ်ခါတလေ သာမန်လမ်းခွဲတာထက်တောင် ပိုပြီး စိတ်ဒဏ်ရာ အကြီးကြီး ရတတ်တယ်။
​သူတို့က absolute loyalty (အကြွင်းမဲ့သစ္စာ) ကို အရမ်းလိုချင်လွန်းလို့ တစ်ဖက်လူရဲ့ လွတ်လပ်ခွင့်ကို ဖျက်ဆီးတတ်တယ်။
ကိုယ့်ကိုယ်ကို ဒဏ်ရာမရချင်လွန်းလို့ တစ်ဖက်လူကို အရင်ဆုံး နာကျင်အောင် လုပ်တတ်တယ်။
နောက်ဆုံးမှာတော့ အချစ်ကြီးပါတယ်ဆိုတဲ့သူက လူတိုင်းကို စိတ်ဒဏ်ရာတွေ ပေးခဲ့ပြီး ကိုယ်တိုင်လည်း “ငါပဲ အမြဲ သစ္စာဖောက်ခံရတယ်” ဆိုပြီး အမုန်းတရားတွေနဲ့ victim လို ပြန်ခံစားနေတတ်တာ Scorpio တွေပါပဲ။
​သူ့ကြောင့် ဘဝကြီးတစ်ခုလုံး ပြာကျသွားတာကို သူကတော့ သူပဲ စိတ်နာရပါတယ်ဆိုပြီး အေးစက်စက်နဲ့ ထွက်သွားတာ။
​ပျော့ပျော့လေးမဟုတ်ဘဲအဆိပ်ပြင်းပြင်းနဲ့တုပ်တတ်တဲ့ ကင်းမြီးကောက် တွေပါ။
​အစမှာ intense (ပြင်းထန်ဆွဲဆောင်မှုရှိ) ဖြစ်တယ်။
နောက်ပိုင်းမှာ possessive (အပိုင်စီးချုပ်ကိုင်) ဖြစ်တယ်။
နောက်ဆုံးမှာတော့ emotional damage အကြီးဆုံးပေးပြီး “မင်းက ငါ့အချစ်နဲ့ မတန်ပါဘူး” ဆိုတဲ့ အငြိုးအတေးအပြည့်မျက်နှာ နဲ့ ထွက်သွားတတ်တဲ့ sign တွေပါဘဲ ဗျာ။
​Scorpio တွေ မမှားဘူး။
အချစ်ကြီးပါတယ်ဆိုတဲ့ အဆိပ်တွင်းထဲ ကိုယ့်သဘောနဲ့ကိုယ် ခုန်ဆင်းမိတဲ့ ငါတို့မှားတာ 😩😤😤

Aries, Ta**us, Gemini, cancer, Leo, Virgo, Libra တွေရဲ့ dark side တွေတော့ရေးပီး တင်ပိးသွားပါပြီခဗျ ( page မှာ ရှာဖတ်နိုင်) ကျန်တဲ့ ရာသီခွင်တွေအတွက်လဲ အလှည့်ကျ ရေးပေးသွားပါမယ်ခဗျ
゚viralシfypシ゚

💰✨ ငွေကြေးအတွက် စိတ်ပူခဲ့ရတဲ့နေ့တွေ ကုန်ဆုံးပြီး ငွေဝင်လမ်းသစ်တွေ ပွင့်လာတော့မယ်…! 🍀💸♈ Aries♊ Gemini♋ Cancer♎ Libra♑ Cap...
28/10/2026

💰✨ ငွေကြေးအတွက် စိတ်ပူခဲ့ရတဲ့နေ့တွေ ကုန်ဆုံးပြီး ငွေဝင်လမ်းသစ်တွေ ပွင့်လာတော့မယ်…! 🍀💸

♈ Aries
♊ Gemini
♋ Cancer
♎ Libra
♑ Capricorn
♒ Aquarius
♓ Pisces

ဒီရာသီခွင်တွေအတွက်လည်း ငွေကြေးနဲ့ပတ်သက်ပြီး အပြောင်းအလဲကောင်းတွေကို မျှော်လင့်ကြည့်လို့ရတဲ့အချိန်ပါပဲ။ ✨ အရင်က ကြိုးစားသလောက် အကျိုးအမြတ်မရခဲ့တာတွေ၊ ငွေဝင်လာသမျှ ပြန်ထွက်သွားလို့ စိတ်ညစ်ခဲ့ရတာတွေကို တဖြည်းဖြည်း ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးတွေ ပေါ်လာနိုင်ပါတယ်။

💵 Aries နဲ့ Gemini တို့ကတော့ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ၊ ကိုယ့်အရည်အချင်းကို အသုံးချပြီး ဝင်ငွေတိုးလာစေနိုင်မယ့် လမ်းကြောင်းတွေကို ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။

🌷 Cancer နဲ့ Libra တို့အတွက်ကတော့ ငွေကြေးအခက်အခဲတွေကို ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်လာပြီး မိသားစုနဲ့ ကိုယ်ချစ်ရသူတွေအတွက် ပိုမိုတည်ငြိမ်တဲ့ဘဝတစ်ခု တည်ဆောက်နိုင်ဖို့ အခွင့်အရေးတွေ ရလာနိုင်ပါတယ်။

🏆 Capricorn နဲ့ Aquarius တို့ကတော့ အရင်က ကြိုးစားအားထုတ်ခဲ့သမျှရဲ့ အသီးအပွင့်တွေကို မြင်တွေ့လာရနိုင်ပါတယ်။ အလုပ်မှာ အသိအမှတ်ပြုခံရတာ၊ တာဝန်အသစ်တွေရလာတာနဲ့ ကိုယ့်ဝင်ငွေကို တိုးပွားစေနိုင်မယ့် အခွင့်အရေးတွေကို အာရုံစိုက်ထားပါ။

🌊 Pisces တို့အတွက်တော့ ငွေကြေးနဲ့ပတ်သက်ပြီး အရင်က မမြင်ခဲ့တဲ့ နည်းလမ်းသစ်တွေကို မြင်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ဖန်တီးနိုင်စွမ်းကို အသုံးချပြီး ဝင်ငွေလမ်းကြောင်းသစ်တွေ ဖော်ထုတ်နိုင်ဖို့ အချိန်ကောင်းဖြစ်လာနိုင်ပါတယ်။

💖 ငွေကြေးပြည့်စုံခြင်းဆိုတာ ကိုယ်ချစ်တဲ့သူတွေကို စိတ်ပူစရာမလိုဘဲ စောင့်ရှောက်ပေးနိုင်ခြင်း၊ လိုချင်တာတွေကို ဝယ်ယူတဲ့အခါ အလွန်အမင်း တွေးပူစရာမလိုခြင်းနဲ့ ကိုယ့်ဘဝကို စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ခြင်းပါပဲ။

🔮 ဒီရာသီခွင် ၇ ခုထဲမှာ ကိုယ့်ရာသီခွင်ပါရင် ကိုယ့်အတွက် ကောင်းမွန်တဲ့အခွင့်အရေးတွေကို လက်လွတ်မခံဘဲ ကြိုးစားလိုက်ပါ။

💰 ငွေဝင်လမ်းတွေ ပွင့်လန်းပါစေ။
🍀 အကြွေးအခက်အခဲတွေ ပြေလည်ပါစေ။
✨ ကြိုးစားသမျှ အရာထင်ပြီး ဝင်ငွေတိုးပွားပါစေ။
🏡 မိသားစုနဲ့အတူ ငွေကြေးပြည့်စုံပြီး စိတ်ချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

ကိုယ့်ရဲ့ ငွေကြေးကံကောင်းခြင်းတွေ စတင်လာဖို့ ဆုတောင်းချင်ရင် “ငွေဝင်ကံ ပွင့်လန်းပါစေ” လို့ ရေးခဲ့ပါ။ 💸💖

#ငွေကြေးကံ #ငွေဝင်ကံပွင့်

🍀✨ ဒီပုံလေးကို မြင်မိတဲ့အချိန်ကစပြီး သင့်ဆီကို ကံကောင်းခြင်းတွေ ရောက်လာတော့မယ်နော်… ✨🍀အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ ...
27/10/2026

🍀✨ ဒီပုံလေးကို မြင်မိတဲ့အချိန်ကစပြီး သင့်ဆီကို ကံကောင်းခြင်းတွေ ရောက်လာတော့မယ်နော်… ✨🍀

အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ ငွေကြေးအဆင်ပြေမှုတွေ၊ အချစ်ရေးမှာ ပျော်ရွှင်မှုတွေနဲ့ စိတ်ချမ်းသာစရာ သတင်းကောင်းလေးတွေ မကြာခင် ကြုံတွေ့လာရဖို့ ဆုတောင်းပေးလိုက်ပါတယ်။ 💖💰

အခုတလော စိတ်ပင်ပန်းနေရတာတွေ၊ အဆင်မပြေမှုတွေ၊ မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေရတာတွေ ရှိခဲ့ရင်လည်း အရာအားလုံး တဖြည်းဖြည်း ကောင်းမွန်လာပြီး ကိုယ်လိုချင်တဲ့အရာတွေဆီ နီးကပ်လာနိုင်ပါစေ။ 🌈🦋

🔮 ဒီပုံလေးကို မြင်မိတာဟာ သင့်အတွက် ကံကောင်းခြင်းနဲ့ မျှော်လင့်ချက်အသစ်တွေကို သတိရစေမယ့် နိမိတ်လေးတစ်ခုအဖြစ် ယူဆလိုက်ပါနော်။

🙏 အခုချိန်မှာ ကိုယ်အလိုချင်ဆုံးအရာတစ်ခုကို စိတ်ထဲကနေ တိတ်တိတ်လေး ဆုတောင်းလိုက်ပါ။ ကိုယ်တကယ်ကြိုးစားနေတဲ့အရာတွေ အဆင်ပြေလာပြီး မမျှော်လင့်ထားတဲ့ အခွင့်အရေးကောင်းတွေလည်း ရောက်လာပါစေ။

💰 ငွေကြေးကံ ပွင့်လန်းပါစေ။
💼 အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိပါစေ။
❤️ အချစ်ရေးမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ပိုင်ဆိုင်ပါစေ။
🌟 စိတ်ကူးအိပ်မက်တွေ တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်နိုင်ပါစေ။

ဒီဆုတောင်းလေးကို ဖတ်မိတဲ့ သင်လည်း ကောင်းခြင်းမင်္ဂလာတွေ ပိုင်ဆိုင်ရပါစေ။ 🍀💖

✨ ကိုယ်လိုချင်တဲ့ဆုတစ်ခုကို Comment မှာ ရေးသွားခဲ့ပါနော်။ သင့်ရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာဖို့ ယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက်နိုင်ပါစေ။ 🙏🔮

#ကံကောင်းခြင်း #ဆုတောင်းပြည့်ပါစေ #ငွေဝင်ကံကောင်း #အချစ်ရေးကံ #အလုပ်အကိုင်အခွင့်အလမ်း #မင်္ဂလာနိမိတ်

ဒီနေ့ကပ်ဖြစ်ခဲ့တဲ့ အဓိငှာန်ပွဲ နဲ့ အဓိငှာန်အောင်ပွဲများပဲ ဖြစ်ပါတယ်ပွဲသီးသန့်ကပ်လှုဖို့အခက်အခဲရှိသူများအတွက်လဲ ၇ရက်၈နေ့န...
26/10/2026

ဒီနေ့ကပ်ဖြစ်ခဲ့တဲ့ အဓိငှာန်ပွဲ နဲ့ အဓိငှာန်အောင်ပွဲများပဲ ဖြစ်ပါတယ်ပွဲသီးသန့်ကပ်လှုဖို့အခက်အခဲရှိသူများအတွက်လဲ ၇ရက်၈နေ့နံသားသမီးများအတွက် လဲ စုပေါင်းပွဲ ကပ်လှုပေးခဲ့ပါတယ်

စိတ်အကြံ အဓိငှာန်များအားလုံး အောင်ပါပြီ

🔮 လပြည့်ကျော်တာနဲ့ ကြုံလာရမယ့် အချစ်ရေးကံ ❤️ဒီတစ်ခေါက် Tarot ကတ် ၃ ချပ်က ပြောပြနေတဲ့ အချစ်ရေးအခြေအနေကတော့ အတိတ်က ခံစားချ...
26/10/2026

🔮 လပြည့်ကျော်တာနဲ့ ကြုံလာရမယ့် အချစ်ရေးကံ ❤️

ဒီတစ်ခေါက် Tarot ကတ် ၃ ချပ်က ပြောပြနေတဲ့ အချစ်ရေးအခြေအနေကတော့ အတိတ်က ခံစားချက်တွေကို ပြန်လည်သတိရလာတာ၊ မမျှော်လင့်ထားတဲ့သူတစ်ယောက်နဲ့ ပြန်လည်ဆုံတွေ့လာနိုင်တာ၊ ကိုယ့်အချစ်ရေးအတွက် ဆုံးဖြတ်ချက်အသစ်တွေ ချရမယ့်အချိန်ကို ရောက်လာတာမျိုးပါပဲ။ 💫

Single တွေအတွက်တော့ ကိုယ့်အပေါ် အလေးအနက်ထားပြီး ရေရှည်လက်တွဲဖို့ စဉ်းစားပေးမယ့်သူတစ်ယောက်နဲ့ နီးစပ်လာနိုင်တဲ့ အလားအလာရှိပါတယ်။ ခဏတာပျော်ရွှင်မှုထက် တည်ငြိမ်တဲ့အချစ်ရေးကို ပိုလိုချင်လာမယ့်အချိန်ပါ။ ချစ်သူရှိပြီးသားသူတွေကတော့ နှစ်ယောက်ကြားက ဆက်ဆံရေးကို ပိုမိုတည်ငြိမ်အောင် တည်ဆောက်ဖို့ လိုလာနိုင်ပါတယ်။

အချစ်ရေးမှာ အရင်က အဆင်မပြေခဲ့တာတွေ၊ စကားများခဲ့တာတွေ၊ နားလည်မှုလွဲခဲ့တာတွေကို ပြန်လည်ညှိနှိုင်းနိုင်မယ့် အချိန်လို့ ဖတ်လို့ရပါတယ်။ ကိုယ်မျှော်လင့်နေတဲ့သူဆီက သတင်းစကားတစ်ခု ရလာနိုင်သလို အေးစက်နေတဲ့ ဆက်ဆံရေးတစ်ခုလည်း ပြန်နွေးထွေးလာနိုင်ပါတယ်။ ဒါပေမဲ့ အရာအားလုံးကို အလျင်စလို မဆုံးဖြတ်ဘဲ အချိန်ပေးဖို့တော့ လိုပါတယ်။

ဒီကတ်ကတော့ မသေချာမှုတွေ၊ ဖုံးကွယ်ထားတဲ့ခံစားချက်တွေ၊ ကိုယ်တိုင်တောင် သေချာမသိသေးတဲ့ အချစ်ရေးအခြေအနေတွေကို ကိုယ်စားပြုပါတယ်။ ကိုယ့်ကို စိတ်ဝင်စားနေပေမဲ့ ဖွင့်မပြောရဲသေးတဲ့သူ ရှိနေနိုင်သလို ကိုယ်ထင်ထားသလို မဟုတ်တဲ့အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်ဖက်လူရဲ့စကားထက် လက်တွေ့လုပ်ရပ်တွေကို ပိုကြည့်ဖို့ လိုပါတယ်။

❤️ အချုပ်ပြောရရင်…

လပြည့်ကျော်ကာလမှာ အချစ်ရေးအတွက် အတိတ်ကလူတစ်ယောက်ကို ပြန်သတိရလာတာ၊ ဆက်ဆံရေးတစ်ခုကို ပြန်လည်ညှိနှိုင်းရတာ၊ ဒါမှမဟုတ် ကိုယ့်အတွက် တကယ်သင့်တော်တဲ့သူကို ရွေးချယ်ရတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ Tarot သင်္ကေတတွေက ညွှန်ပြနေပါတယ်။

အထူးသဖြင့် Single တွေအနေနဲ့ ကိုယ့်ကို တကယ်တန်ဖိုးထားတဲ့သူကို ရွေးချယ်ပါ။ ချစ်သူရှိပြီးသားသူတွေကတော့ သံသယတွေကြောင့် အလျင်စလို ဆုံးဖြတ်ချက်မချမိဖို့ သတိထားပါနော်။ ❤️✨

#အချစ်ရေးTarot #လပြည့်ကျော်အချစ်ရေး #အချစ်ကံ

ဒီနေ့တရက်ရှိပါအုံးမယ် ကိုယ်တိုင်ကပ်ဆွဲချင်သူတွေ free လာမေးလို့ရပါပြီ
26/10/2026

ဒီနေ့တရက်ရှိပါအုံးမယ် ကိုယ်တိုင်ကပ်ဆွဲချင်သူတွေ free လာမေးလို့ရပါပြီ

🌕 ဘန်ကောက်ရဲ့ သီတင်းကျွတ်ညမှာ Dawn YinByan Rooftop ပေါ်မှာ ညစာစားရင်း ကိုယ့်အနာဂတ်အကြောင်း Tarot ကတ်တွေကို မေးကြည့်မလား? 🔮✨

🔮 FREE TAROT READING NIGHT

📅 October 25 & 26, 2026
⏰ 6:30 PM – 9:30 PM

ဘန်ကောက်မြို့ရဲ့ လပြည့်ညရှုခင်းလှလှကို ခံစားရင်း ကိုယ့်ရဲ့ အချစ်ရေး၊ အလုပ်အကိုင်နဲ့ ရှေ့ဆက်မယ့် ခရီးလမ်းတွေအကြောင်း နာမည်ကြီး Tarot Reader Tarot By Moe MaKha ဆီမှာ မေးမြန်းကြည့်နိုင်ဖို့ ဒေါင်းယာဉ်ပျံက စီစဉ်ပေးထားပါတယ်ရှင်။ 🦚💛

✨ ညစာလာရောက်သုံးဆောင်တဲ့ ဧည့်သည်တွေအတွက် Tarot Reading အခမဲ့ဖြစ်ပြီး တစ်ဝိုင်းကို မေးခွန်း ၅ ခုအထိ မေးမြန်းနိုင်ပါတယ်ရှင်။

💌 အချိန်နဲ့ နေရာအကန့်အသတ်ရှိတာကြောင့် ဆရာနဲ့တွေ့ဆုံပြီး တားရော့ကြည့်ချင်သူလေးတွေအနေနဲ့ Table Reservation ကြိုတင်ပြုလုပ်ပေးဖို့တော့ လိုပါမယ်ရှင့်။

စိတ်ထဲရှိနေတဲ့ မေးခွန်းလေးတွေကို ဒီသီတင်းကျွတ်မှာ ဆရာမိုးမခနဲ့အတူ အဖြေရှာဖို့ energy တူသူလေးတွေကို စောင့်နေမယ်နော်။ 🌙

📍 Dawn YinByan Burmese Rooftop Bistro
9th & 10th Floor, Zayn Phromphong Hotel
Opposite Emsphere, Sukhumvit 33, Bangkok
⏰ 12:00 PM – 12:00 AM | Open Daily
📞 +66 61 253 7142





ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Tarot By Moe MaKha โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่