21/03/2026
လူတွေရဲ့ အိပ်မက်က အရောင်မြင်တာလား၊ အဖြူအမည်းမြင်တာလား? 🤔
လေ့လာချက်တွေအရ လူ ၈၀% လောက်က အရောင်အိပ်မက်တွေမြင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၁၉၅၀ ခုနှစ်တွေမတိုင်ခင်က လူအများစုက အဖြူအမည်းအိပ်မက်တွေပဲ မြင်ခဲ့ကြတယ်တဲ့! 📺
အကြောင်းရင်းက အဲဒီခေတ်က ရုပ်ရှင်နဲ့ တီဗီတွေက အဖြူအမည်းဖြစ်နေလို့ပဲတဲ့။ ကျွန်တော်တို့ မြင်တာတွေ၊ ကြုံတာတွေက အိပ်မက်ထဲကိုပါ ဝင်ရောက်နေတာပေါ့။ ခုခေတ်မှာတော့ အရောင်တို့ မီဒီယာတို့ပြည့်နေလို့ အိပ်မက်တွေလည်း ပိုပြီး ရောင်စုံလာတာပေါ့နော် 🌈
အိပ်မက်တွေက အရောင်မြင်လား၊ အဖြူအမည်းလား? comment လေးပြောပြပါနော် 👇😊
#ဗဟုသုတ #အိပ်မက်
18/10/2025
ကျတော် တို့ လူသားတွေ က အရသာခံဖို့ လျှာကိုအသုံးပြုကြပေမယ့် လိပ်ပြာလေးတွေကတော့
ကျတော် တို့ပတ်ဝန်းကျင်မှာရှိတဲ့ လှပတဲ့လိပ်ပြာလေးတွေမှာ အရသာခံဖို့အတွက် လျှာရယ် လို့မရှိကြပါဘူး။
သူတို့ရဲ့ အဓိကအရသာခံ တဲ့ အစိတ်အပိုင်းကတော့ သူတို့ရဲ့ ခြေဖျားလေးတွေပဲဖြစ်ကြပါတယ်၊ ဝတ်ရည်စုပ်တံလေးက အရသာခံစားမှုကိုပေးနိုင်ပေမယ့် သူတို့ရဲ့ အဓိက အရသာခံနိုင်တဲ့ အရာမဟုတ်နေပဲ
ခြေဖျားလေးတွေကသာ အဓိက အရသာခံစားတဲ့ နေရာဖြစ်ပါသတဲ့။ လိပ်ပြာမလေးတွေက လိပ်ပြာဥ လေးတွေဥ ဖို့အတွက် သစ်ရွက်လေးတွေကောင်းမကောင်းကို သူတို့ရဲ့ ခြေထောက်ကနေသိပြီး ဆုံးဖြတ်ကြတာဖြစ်ပါတယ်...
#လိပ်ပြာ #ဗဟုသုတ
21/09/2025
အိုင်းစတိုင်း ကားမမောင်းတတ်ပါ...
သိပ္ပံပညာရဲ့ ထိပ်တန်းပုဂ္ဂိုလ်၊ နှိုင်းရသီအိုရီကို တီထွင်ခဲ့သူ ကမ္ဘာကျော် ပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) ဆိုတာကို လူတိုင်းသိကြပါတယ်။ သူ့ရဲ့ ဥာဏ်ကြီးရှင် ဦးနှောက်က စကြဝဠာရဲ့ နက်နဲလှတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့ပေမယ့်၊ တစ်နေ့တာဘဝရဲ့ သာမန်ကိစ္စလေးတစ်ခုဖြစ်တဲ့ ကားမောင်းခြင်းမှာတော့ သူဟာ အတော်လေးကို အားနည်းခဲ့ပါတယ်။
ဟုတ်ပါတယ်၊ အိုင်းစတိုင်းဟာ သူ့ဘဝတစ်လျှောက်လုံး ကားမောင်းတတ်ခဲ့ခြင်း မရှိပါဘူး။ သူ့ရဲ့စိတ်တွေဟာ ရူပဗေဒ ညီမျှခြင်းတွေနဲ့ ကမ္ဘာကြီးရဲ့ သဘောတရားတွေကို တွေးတောနေရတာနဲ့တင် ပြည့်နှက်နေခဲ့ပြီး၊ စတီယာရင်ကို ကိုင်ပြီး လမ်းပေါ်မှာ ကားမောင်းရတဲ့ အလုပ်ကို သင်ယူဖို့ အချိန်မပေးနိုင်ခဲ့တာ ဒါမှမဟုတ် စိတ်မဝင်စားခဲ့တာ ဖြစ်နိုင်ပါတယ်။
တစ်ခါကဆိုရင် အိုင်းစတိုင်းကို မိတ်ဆွေတစ်ဦးက ကားမောင်းသင်ပေးဖို့ ကြိုးစားခဲ့ဖူးတယ်လို့လည်း မှတ်တမ်းအချို့မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် သူဟာ လမ်းစည်းကမ်းတွေ၊ ဂီယာအမျိုးမျိုး ပြောင်းရတာတွေ၊ ကားရဲ့ အစိတ်အပိုင်းတွေကို နားလည်အောင် သင်ယူရတာတွေမှာ အတော်လေးကို ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မိတ်ဆွေက နောက်ဆုံးတော့ လက်လျှော့ပြီး "အိုင်းစတိုင်း၊ မင်းက ကားမောင်းတာထက် ပိုအရေးကြီးတဲ့ ကိစ္စတွေကို စဉ်းစားဖို့ မွေးဖွားလာခဲ့တာ" လို့ ပြောခဲ့တယ်လို့လည်း သရော်ထားကြပါတယ်။
ဒါဟာ ဥာဏ်ကြီးရှင်တွေရဲ့ ထူးခြားတဲ့ ဘဝပုံစံကို ပြသတဲ့ သာဓကတစ်ခုပါပဲ။ တစ်ဖက်မှာ အလွန်အမင်း ထက်မြက်နေသလောက် နောက်တစ်ဖက်မှာ သာမန်လူတွေ လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ အရာတွေကိုတောင် မလုပ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။
05/03/2017
ပျူ (Pyu) Pyuu (ပျူး) သို့မဟုတ် Pyus (ပျူစ်) ဟုလည်းဆို၊ တရုတ်တို့က Pyao (ပြောင်) ဟုမှတ်တမ်းတင်) ဆိုသည်မှာ BCE ၁၀၀ မှ CE ၈၄၀ နှစ်အတွင်း ယခုခေတ် မြန်မာနိုင်ငံ (မြန်မာ)၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တွေ့ရှိရသော မြို့ပြများ အစုအဝေးနှင့် ၎င်းတို့၏ ဘာသာစကားကို ရည်ညွှန်းပါသည်။ ပျူသမိုင်းကို အဓိက သမိုင်းကြောင်း နှစ်ခုအားဖြင့် သိရသည်- ကျောက်ထွင်းစာများတွင် တွေ့ရသော ပျူတို့၏ ယဉ်ကျေးမှု လက်ကျန်အရ သော်လည်းကောင်း (အချို့ကို ပါဠိဘာသာ ဖြင့်တွေ့ရသည်။ သို့ရာတွင် အချို့ကို ပျူအရေးအသားမူ သို့မဟုတ် ပျူဘာသာအခွဲဖြစ်သော ဂုပ္ပတအရေးအသား အဖြစ်တွေ့ရသည်)၊ တရုတ်ပြည်အင်ပါယာသမိုင်းတွင် ထိန်းသိမ်းထားသော တရုတ်ခရီးသွားများနှင့် ကုန်သည်အချို့၏ မှတ်တမ်းတိုများ အားဖြင့်လည်းကောင်း သိရသည်။
ပျူတို့သည် နောက်ပိုင်းတွင် ဗမာမျိုးနွယ်စုများ၏ တစ်စိတ်တပိုင်းဖြစ်လာသော တရုတ်-တိဘက်များနှင့် လူမျိုးကွဲ ထိမ်းမြားလက်ထပ်ခြင်းများ ရှိသော်လည်း ဗမာ(ဗမာလူမျိုး) နှင့် မတူကွဲပြားသော လူမျိုးစုဖြစ်သည်ဟု ယုံကြည်ရဖွယ်ရှိသည်။ ဗမာ သို့မဟုတ် ဗမာ မျိုးနွယ်ကို တည်ထောင် ဖြစ်ပေါ်လာစေသော ဘိုးဘေး သုံးဦးအနက် တစ်ခုဖြစ်သော ပျူတို့သည် ဖော်ပြပါ အုပ်စုသုံးစု၏ ရောနှောမှုမှ ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြသည်-(၁) ကျောက်ခေတ်၊ ကြေးဝါခေတ်နှင့် သံခေတ်တို့ကတည်းက ထင်ရှားမှုမရှိသော ဒေသတွင်း နေထိုင်သူအနည်းစု၊ (၂) ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ တို့နှင့်အတူ ၎င်းတို့၏ ယဉ်ကျေးမှုနှင့် စာပေတို့ကိုတပါတည်း သယ်ဆောင်လျက် ဆက်တိုက် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့အခြေချ ဝင်ရောက်လာသူများနှင့် (၃) နောက်ဆုံးအုပ်စုမှာ မြောက်ဘက်မှ ဝင်ရာက်လာသည်ဟု ယုံကြည်ရသော တိဘက်တို-ဘားမင်း အုပ်စုတို့ဖြစ်သည်။
*If you know anything about this article you can edit or add information at the following link.
Ref::https://my.wikipedia.org/wiki/%E1%80%95%E1%80%BB%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%95%E1%80%BC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ပျူမြို့ပြနိုင်ငံများ - ဝီကီပီးဒီးယား
တို့က Pyao (ပြောင်) ဟုမှတ်တမ်းတင်) ဆိုသည်မှာ BCE ၁၀၀ မှ CE ၈၄၀ နှစ်အတွင်း ယခုခေတ်