07/06/2019
☔️မိုးအေးအေးလေးမှာ ရှူးရှူးရှဲရှဲ ချဉ်ချဉ်စပ်စပ်လေးတွေ 🥘စားချင်သူများအတွက် “ Sweet Thai “ Thai Food & Dessert က ယိုးဒယားအထောင်းတွေထဲမှ လူကြိုက်အများဆုံးဖြစ်တဲ့ လင်ဗန်းထောင်းလေး နဲ့ မိတ်ဆက်ပေးပါရစေ 😊
လင်ဗန်းထောင်းကို သဘောင်္သီး ၊ ကြက်ခြေထောက် ၊ ပဲသီး ၊ ခရမ်းကြွပ်သီး နဲ့ ပြောင်းဖူး🌽တို့ကို အဓိက အရသာလေးတွေဖြစ်တဲ့ အချဉ်အစပ်လေးတွေ🌶 နဲ့ သေသေချာချာ ထောင်းပေးထားတာမို့ ချဉ်ချဉ်စပ်စပ် ကြိုက်သူများအတွက် လုံးဝကွက်တိပဲနော် 👍
👉ဒီလင်ဗန်းထောင်းမှာဆိုရင် ရှူးရှူးရှဲရှဲ ယိုးဒယားသဘောင်္သီးထောင်း နဲ့ လိုက်ဖက် ပြီး အစပ်ပြေ တွဲဖက် စားသုံးလို့ကောင်းတဲ့ ကောက်ညှင်း / မုန့်တီဖတ် / ဆားဘဲဥ နဲ့ ၀က်ခေါက်ကြော်လေးတွေ ပါ ထည့်ပေးထားတဲ့အပြင် ကန်စွန်းရွက် /ဆလပ်ရွက်/ သခွားသီး 🥒စတဲ့ အသီးအရွက်တွေ လည်း ထည့်ပေးထားတာ မို့ အရသာစုံစုံလင်လင် နဲ့ ခံတွင်းတွေ့စေမယ့် အထောင်းပွဲလေးတစ်ပွဲ ဖြစ်ပါတယ် ☺️
မိုးအေးတဲ့ အားလပ်ရက်လေးမှာ ဈေးဝယ်ထွက်ရင်းပဲဖြစ်ဖြစ် 🛒ရုပ်ရှင်ကြည့်ပြီး လို့ ဗိုက်ဆာလာရင်ပဲဖြစ်ဖြစ် ရှူးရှူးရှဲရှဲ ချဉ်ချဉ်စပ်စပ်လေးတွေ မှ စားချင်တယ်ဆိုရင် တော့ “ Sweet Thai “Thai Food & Dessert က သန့်ရှင်းလတ်ဆတ်ပြီး 🍃အရသာအကောင်းမွန်ဆုံးဖန်တီးထားတဲ့ ✅လင်ဗန်းထောင်းလေးကို သတိရလိုက်နော် Sweet Thai “ Thai Food & Dessert “ မှာ လင်ဗန်းထောင်းအပြင် အခြားယိုးဒယားအထောင်းမျိုးစုံကို လည်း သုံးဆောင်နိုင်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်ရှင်🥰
ဆိုင်လိပ်စာကတော့
Capital Hypermarket 3rd Floor extension ,
Dawbon Township
09 896177773 , 09 896177774
