မုံရွာခရိုင် အမှတ် ၄ တပ်ရင်း ChinDwin Attack Force

မုံရွာခရိုင် အမှတ် ၄ တပ်ရင်း ChinDwin Attack Force

แชร์

P12704 တပ်ရင်း

22/03/2026

“မီးလောင်သွားတာ အိမ်မဟုတ်ဘူး… နွေးထွေးတဲ့ မိသားစုဘဝတွေပါ”

🔥 အိမ်ဆိုတာ နွေးထွေးမှုတွေနဲ့
မိသားစုရဲ့ အမှတ်တရတွေကို ဆောက်ထားတဲ့ နေရာပါ။
ဒီနေ့တော့ အဲဒီအရာတွေ မီးခိုးဖြစ်သွားပြီ…

💔 လေကြောင်းတစ်ခါ…
စစ်ကြောင်းတစ်ခါ…
နောက်ဆုံးမှာ ပြည်သူတွေ အနားယူစရာတောင် မရှိတော့ဘူး။

😢 မီးရှို့ခံရတာ အိမ်တွေမဟုတ်ဘူး…
ဘဝတွေပါ။

📍 နေစရာမရှိတဲ့ လူတွေ
📍 အိမ်မရှိတဲ့ ကလေးတွေ
📍 မျှော်လင့်ချက်တောင် မကျန်တော့တဲ့ နေရာ…

🔥 မီးလောင်နေတဲ့ အိမ်တွေအောက်မှာ
မီးမလောင်တဲ့ အမှတ်တရတွေတောင် မကျန်တော့ဘူး။
အရာအားလုံးဟာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာတယ်။
မီးရှို့တဲ့သူရဲ့ ရက်စက်မှုက မခန့်မှန်းနိုင်လောက်အောင် ကြမ်းတမ်းလွန်းတယ်။

😔 ဒီမြေက ပြည်သူတွေရဲ့ အိမ်ဖြစ်သင့်တာ…
ဘာကြောင့် စစ်မြေဖြစ်သွားရတာလဲ…

💬 “အိမ်ပြန်မယ်” လို့ ပြောနိုင်ဖို့တောင်
ခွင့်မရှိတော့တဲ့ လူတွေ ရှိနေတယ်။

🕊️ လူတွေ လိုချင်တာ စစ်မဟုတ်ဘူး…
ငြိမ်းချမ်းရေးပါ။

🔥 တစ်နေ့တည်းနဲ့ အားလုံး ပျက်စီးသွားတယ်။
ဒါပေမယ့် ပြန်ဆောက်ဖို့ ဘဝတစ်ခုလုံး လိုတယ်။

😢 အိမ်ပျက်သွားလို့ ပြန်ဆောက်လို့ရတယ်…
ဒါပေမယ့် မစုံလင်တော့တဲ့ မိသားစုရဲ့ ဆုံးရှုံးသွားတဲ့ ဘဝတွေကိုတော့ ပြန်မရတော့ဘူး။

📢 မမြင်ချင်လို့ မမြင်ဘဲ နေလို့ မရဘူး။
ဒီအရာတွေ တကယ် ဖြစ်နေတယ်။

🔥 မီးလောင်သွားတာ အိမ်တစ်လုံးမဟုတ်ဘူး…
နွေးထွေးတဲ့ မိသားစုရဲ့ အရိပ်ကို လောင်ကျွမ်းသွားတာ။
ဘယ်ချိန်ကျမှ ပျော်ရွှင်မှုတွေ ပြန်ရမှာလဲ…

💔 မနက်ဖြန်ဆိုတာကို မျှော်လင့်ဖို့တောင်
ခက်ခဲနေတဲ့ လူတွေ ရှိတယ်။

🕊️ ပြည်သူတွေ လိုချင်တာ
အိမ်ပြန်နိုင်တဲ့နေ့ပဲ။

ငါတို့တွေ အရင်ကထက် ပိုကြိုးစားဖို့ လိုတယ်။
ပိုစည်းလုံးဖို့ လိုတယ်။

ဒေါန မောင်မောင်
မုံရွာခရိုင် အမှတ် (၄) တပ်ရင်း

#မြန်မာ
#ပြည်သူ
#အိမ်မဲ့ဘဝ



13/03/2026

တပေါင်း မှ တန်ခူးလသို့ ကူးပြောင်းတော့မည်။
ရွက်ဟောင်းတွေက တဖွဲဖွဲကြွေသည်။
အညာနွေက မခံမရပ်နိုင်အောင် ပူပြင်းစပြုလာသည်။ လမ်းဘေးတွင် ဘယ်သူပြုတ်ကျခဲ့မှန်းမသိသော ခမောက်တလုံးတွေ့ရာ ဝမ်းသာအားရ ကောက်ဆောင်းမိသည်။ ရေဆာလှသဖြင့် ရေအိုးစင်ကလေးများ တွေ့လို့တွေ့ငြား လည်ဆန့်မိသည်။ တရွာဝင်တရွာထွက် ခြေတိုအောင် လျှောက်ရောင်းပါမှ ထီက အရောင်းပါးလှသည်။

လမ်းဘေးလေးဝယ် ဆောင့်ကြောင့်ထိုင်ရင်း ဖျင်လွယ်အိတ်ကလေးထဲမှ အဝတ်စုတ်လေးထုတ်ကာ ချွေးသုတ်ရသည်။ တန်ဖိုးကြီးလှသော ကားတစီးက ဝူးကနဲ ဖြတ်မောင်းသွားသဖြင့် ဖုံတထောင်းထောင်းထသွားသည်။ ဖုံမွှန်ပြီး တဟွတ်ဟွတ်ဖြင့် ချောင်းဆိုးသည်။

ခုနက အရှိန်ပြင်းသည့်ကားမှာ ပေတရာခန့် ဆက်သွားပြီးကာမှ ရပ်သွားသည်။ ထို့နောက် ဂငယ်ကွေ့ ကွေ့ကာ ကျွန်တော်ရှိရာဘက် ပြန်မောင်းလာသည်။

ကားတံခါးအဖွင့်ဝယ် နုဖတ်သော ခြေကလေးတဖက် မြေသားပေါ်ကျရောက်လာသည်ကို မြင်ရသည်။ ကျွန်တော့်ခေါင်းတွေ ချာချာလည်သွားသည်။ ဒါ မမ ပဲ ဟူသော အသိက ဦးနှောက်ကို အရှိန်ပြင်းစွာဝင်ဆောင့်သည်။

ကျွန်တော် ချာကနဲလှည့်ပြေးဖို့ပြင်မိသည်နှင့် မမ က အနားရောက်လာကာ ကျွန်တော့် လွယ်အိတ်စုတ်လေးကို ဖမ်းဆွဲထားသည်။ ဆွဲလားရမ်းလား ဖြစ်သွားသည်မို့ လွယ်အိတ်ထဲမှ ထီလက်မှတ်ကလေးများ လွင့်ပျံကာ မြေပြင်ပေါ် ပြန့်ကြဲကုန်သည်။.ကျွန်တော် ငြိမ်နေလိုက်ရသည်။

" ဘယ်ကိုပြေးဦးမလို့လဲ မောင် "

" ပြီးခဲ့တာတွေ ပြီးပါစေတော့ မမ ရယ် မောင့်ကို လွှတ်ပါ "

" မောင် ဒီလိုပင်ပန်းနေတာကို မမ မကြည့်ရက်လို့ အတန်တန်ပြောလည်း မောင်က နားမထောင်ဘူး "

" မောင်တို့ဘဝချင်းက ဆိုင်မှမဆိုင်တော့တာ ဘာလို့မောင့်ကို လိုက်နှောင့်ယှက်နေမှာလဲ "

မမ က မဲ့ပြုံးပြုံးသည်။

" မောင့်ကို မမ ဆုံးမလည်း မောင်က နားမထောင်ဘူး ဘာလို့ PDF လုပ်ရတာလဲ ပကဖ လုပ်ပါလို့ ပြောနေသတိပေးနေခဲ့တဲ့ဟာ ခုတော့ မောင် ထီလည်ရောင်းနေရပြီ "

" ဘာဖြစ်လဲ မောင့်ရွေးချယ်မှုနဲ့မောင်ပဲဟာ ပကဖ မလုပ်နိုင်ဘူး မောင် ကားအကောင်းစားမစီးရ နေပါစေ မောင် ခြေတိုအောင် ထီလည်ရောင်းရလို့ လျှာထွက်ချင်ထွက် မောင့်ကို အဲ့စကားတွေ ထပ်လာမပြောတော့နဲ့ သိလား "

ကားမောင်းသူဘက်မှ တံခါးက ပွင့်လာသည်။ ပစ္စတိုကို ခါးချိတ်ထားသော ပကဖ ခေါင်းဆောင်တဦးက ကျွန်တော်နှင့်မမအနား ရောက်လာသည်။

" သဲ တွေ့ချင်လွန်းလို့ဆိုလို့ ကိုကိုက ကားရပ်ပေးရတာနော် ကိစ္စပြီးပြီလား တခါတည်းအပြတ်ဖြတ် ကိုကိုတို့ သွားရအောင် ပကဖ အစည်းအဝေးက တက်ရဦးမယ် "

မမ က ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး ကြည့်သည်။

" မောင်က လူရုပ်တောင် မပေါက်တော့ဘူး ဟူးး ပြောရဆိုရသိပ်ခက် အာ့မို့ PDF တွေကို မရွေးချယ်ခဲ့တာ "

ပကဖ ခေါင်းဆောင်က ကားထဲပြန်ဝင်ကာ စက်နှိုးပြီး ဟွန်းသံပေးသည်။ မမ က ကျွန်တော့်ကို ကျောခိုင်းလိုက်သည်။

ကျွန်တော် မမ ကို နှုတ်ဆက်စကား မဆိုချင်ပါ။
ကျွန်တော့်ရဲဘော်တွေ အသုံးစရိတ်မျှဝေဖို့ ရှိသေးသည်။ လစဥ်ကျောင်းလခ ပေးရမည်ဖြစ်သော ကလေးများမျက်နှာကို မြင်ယောင်သည်။ မီးဖွားကာနီး ဇနီး ရှိသော ရဲဘော်မျက်နှာက မျက်ဝန်းထဲ ပေါ်လာသည်။ အသံက ထစ်ငေါ့စွာ ထွက်လာသည်။

" မ မ မမ "

ကားတံခါးဖွင့်မည့်ဟန် ပြင်နေသော မမ က သမင်လည်ပြန် ငဲ့ကြည့်လာသည်။

" ထောက် ထောက်ပို့ထီ ဝယ်သွားဦးမလားဟင် တစောင် နှစ်ထောင်ကျပ်ပါ ဒီနေ့ နောက်ဆုံးမို့ပါ အများကြီး ကျန်နေတာ မရောင်းရလို့ "

မမ က မျက်ခုံးပင့်ကာ တန်ဖိုးကြီးစလင်းဘတ်အိတ်ထဲမှ ငါးထောင်တန်တချို့ ဆွဲထုတ်ကာ လှမ်းပစ်ပေးပြီး ကားပေါ်တက်သွားသည်။ ရေတွက်ကြည့်တော့ ငါးသောင်းတိတိ ။

ကားက ဝူးကနဲမောင်းထွက်သွားသည်။
မြေပြင်ပေါ် ဖုံတွေကြားထဲ ပြန့်ကြဲနေသော ထီလက်မှတ်များကို ကောက်ကာ

" မမ မမရေ ထီလက်မှတ်ယူ ယူသွားဦး. " ဟု အပြေးအလွှား ကားနောက်မှ လိုက်သော်လည်း မမှီတော့ပါချေ။

တပ်ရင်းPage Cb မှာ ထောက်ပို့ထီ လာဝယ်ကြပါအုံး

ဒေါန မောင်မောင်


#အမ္ဗုန

06/03/2026

မုံရွာခရိုင် အမှတ် ၄ တပ်ရင်း
#အထူးပန်ကြားချက်

“ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ မရှိတော့ပေမယ့် သူတို့ရဲ့ အိပ်မက်တွေကတော့ ကျွန်တော်တို့ လက်ထဲမှာ ဆက်လက် အသက်ရှင်နေတယ်။”

နွေဦးတော်လှန်ရေး ၅ နှစ်တာကို ကျော်ဖြတ်လာတဲ့ ဒီအချိန်မှာ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်များအားလုံးကို အလေးအနက် လေးစားဂုဏ်ယူပါတယ်။

ဒီခရီးလမ်းဟာ အလွယ်တကူ လျှောက်လှမ်းလာခဲ့တဲ့ လမ်းမဟုတ်ပါဘူး။ မရေမတွက်နိုင်တဲ့ အခက်အခဲတွေ၊ စိုးရိမ်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ နာကျင်မှုတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်လာခဲ့ကြတာပါ။ တချို့ရဲဘော်တွေက မိသားစုကို ခွဲခွာခဲ့ရတယ်၊ တချို့က အိမ်ယာကို စွန့်လွှတ်ခဲ့ရတယ်၊ တချို့က အသက်ကိုတောင် ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမယ့် အားလုံးဟာ တစ်ခုတည်းသော ယုံကြည်ချက်နဲ့ ရပ်တည်ခဲ့ကြပါတယ် — အဲဒါကတော့ ပြည်သူတွေ လွတ်လပ်စွာ အသက်ရှင်နိုင်မယ့် အနာဂတ်တစ်ခု ဖြစ်ဖို့ပါ။

၅ နှစ်ဆိုတာ အချိန်တိုတစ်ခု မဟုတ်ပါဘူး။ ဒီအချိန်အတွင်းမှာ မုန်တိုင်းတွေလို အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရသလို၊ စိတ်ဓာတ်ကျသွားမယ့် အချိန်တွေ၊ မျှော်လင့်ချက် လျော့နည်းသွားမယ့် အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ရဲဘော်တွေဟာ အတူတူ လက်တွဲပြီး ယုံကြည်ချက်ကို မပျက်စီးစေဘဲ ဒီနေ့အထိ ဆက်လက် ရပ်တည်နေကြပါတယ်။

ကျွန်တော်တို့ မမေ့သင့်တာက ဒီလမ်းကြောင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်များပါပဲ။ သူတို့ဟာ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ လွတ်လပ်တဲ့ အနာဂတ်အတွက် ကိုယ့်အသက်ကိုတောင် ပေးဆပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ စွန့်လွှတ်မှုတွေဟာ အဓိပ္ပါယ်မဲ့ မဖြစ်သွားစေရပါဘူး။ သူတို့မပြီးမြောက်နိုင်ခဲ့တဲ့ အိပ်မက်ကို ကျွန်တော်တို့ ဆက်လက် သယ်ဆောင်သွားရမှာပါ။

ရဲဘော်များ…
ဒီနေ့အထိ အတူတူ လက်တွဲလာခဲ့တဲ့ လက်တွေကို မဖြုတ်ကြပါနဲ့။
ယုံကြည်ချက်ကို မလျော့ပါနဲ့။
အခက်အခဲတွေ ရှိနေသော်လည်း စိတ်ဓာတ်ကို မပျက်စေပါနဲ့။

တော်လှန်ရေးဆိုတာ တစ်နေ့တည်းနဲ့ အောင်မြင်သွားတဲ့ လမ်းမဟုတ်ပါဘူး။ သည်းခံမှု၊ စည်းလုံးမှု၊ ယုံကြည်မှုနဲ့သာ အဆုံးထိ လျှောက်လှမ်းနိုင်တဲ့ ခရီးရှည်တစ်ခုပါ။ အဲဒီခရီးကို ကျွန်တော်တို့ ၅ နှစ်တာ အတူတူ လျှောက်လာခဲ့ပြီးသား ဖြစ်ပါတယ်။ ထို့ကြောင့် ရှေ့ဆက်ရမယ့် လမ်းကိုလည်း အတူတူပဲ ဆက်လက် လျှောက်သွားကြပါစို့။

ရဲဘော်အချင်းချင်း လက်တွဲမဖြုတ်ကြပါနဲ့။
ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို မပျက်စီးစေပါနဲ့။
ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အိပ်မက်ကို မမေ့ကြပါနဲ့။

ကျွန်တော်တို့ အားလုံး အတူတူ ရပ်တည်နေသရွေ့ ဒီခရီးလမ်းဟာ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

လက်တွဲ မဖြုတ်ကြပါနဲ့ ရဲဘော်များ…
အဆုံးအထိ အတူတူ ရှေ့ဆက်ကြမယ်။

တော်လှန်ရေးအတွင်းမှာ ပါဝင်ခဲ့ကြသော တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှ ရဲဘော်များနှင့် ပြည်တွင်းပြည်ပရှိ တော်လှန်မိဘပြည်သူများအားလုံး အတူကြိုးစားကြပါစို့

ဒေါန မောင်မောင်
6.3.2026 (6:29 PM )

သီချင်း အမည် = ရဲဘော်
တေးရေးတေးဆို = ဖြိုးဇော် (ဂန္ဓမာ)
မူပိုင် ခွင့်ပြုချက် အရ
ပထမဆုံးအကြိမ် တင်ဆက်သည်
Youtube တွင် ကြည့်ရှု့ရန်
https://youtu.be/JsphE2UXoMg?si=o6QZyo08fcELBpHh

တပ်ရင်း Page ပျက်သွားသည့်အတွက် ယခု Page အား
Like & Share လုပ်ပေးကြပါအုံး

#မုံရွာခရိုင်အမှတ်၄တပ်ရင်း
#၅နှစ်တာ
#နွေဦးတော်လှန်ရေး
#လက်တွဲမဖြုတ်

06/03/2026

Page အသစ် ပြန်လည် စတင်ဖွင့်လှစ်ခြင်း ။
တော်လှန်ပြည်သူတိုင်း Page ကို Like & Follow လေးနဲ့ Share ပေးစေချင်ပါတယ်

6.3.2026 ရက်

ပြည်တွင်း ပြည်ပရှိ တော်လှန်မိဘပြည်သူများ သိရှိစေရန် ကျွန်တော်တို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force အမည်ဖြင့် ဖွင့်ထားသော page သည် Follower 22K ရှိပြီး ပြီးခဲ့သည့် ၇ရက်အတွင်း တင်ထားသော Video တစ်ပုဒ်သည် ကြည့်ရှု 1M (1.000.000) အထက်ထိ ကြည့်ရှုသူများ ရှိခဲ့သည် ယခုအခါ ယင်း page သည် စစ်ကျွန်စနစ်မကြောက်သော အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံကြသော လူနည်းစုမှ Report ထုခြင်းများကြောင့် 5.3.2026 ယနေ့ မနက်ပိုင်းတွင် မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force page စာမျက်နှာ ဆုံးရှုံးခဲ့ရပါသည်။

သို့ဖြစ်ပါ၍ ဆုံးရှုံးပျောက်ပျက်သွားသော Acccout အစား ယခုအသစ်ဖြစ်သော မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force page အား စတင်အသုံးပြုသွားမည် ဖြစ်ပါကြောင်း တော်လှန် မိဘပြည်သူများအား အသိပေးအပ်ပါသည်။

ဒေါန မောင်မောင် တပ်ရင်းမှုး
မုံရွာခရိုင် အမှတ် ၄ တပ်ရင်း ChinDwin Attack Force

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bank King Road
Bangkok
10300