Myanmar Consulate-General,Chiang Mai

Myanmar Consulate-General,Chiang Mai

แชร์

Consular Districts:
Chiang Mai, Chiang Rai, Nan, Phayao, Phrae, Mae Hong Son, Lampang, Lamphun, and Uttaradit.

Photos from Myanmar Consulate-General,Chiang Mai's post 04/03/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် က လန်ပန်းပြည်နယ်အစိုးရက ကမကထပြုလုပ်ခဲ့သည့် ဃနာနို့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ခြင်းကိစ္စ

(၃-၃-၂၀၂၆ရက်၊ချင်းမိုင်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ထိုင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် လန်ပန်းခရိုင် ယဉ်ကျေးမှုကောင်စီနှင့် လန်ပန်းခရိုင်ရှိ မြန်မာအသိုက်အဝန်းတို့က လန်ပန်းမြို့မြူနီစီပါယ်ရုံးနှင့် ခရိုင်ယဉ်ကျေးမှုဌာနတို့နှင့်ပူးပေါင်း၍ လန်ပန်းခရိုင်၊ မြောင်လန်ပန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁ ရက်အထိ ကျင်းပပြုလုပ်သည့် “ဃနာနို့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ (၂၀၂၆ ခုနှစ်)နှင့် ယဉ်ကျေးမှုပြပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ “ဃနာနို့ဆွမ်း” ဆက်ကပ်လှူဒါန်းပွဲကို ထိုင်းဘုရင် ချုလာလောင်ကွန် (ရာမ ၅) ထီးနန်းစိုးစံစဉ် ထိုင်းနိုင်ငံ၊လန်ပန်းခရိုင်အတွင်း အခြေချနေထိုင်ခဲ့သောမြန်မာလူမျိုးများကတည်ထား ကိုးကွယ်ခဲ့သော မြန်မာမှုအနုသုခုမလက်ရာများဖြင့် တည်ဆောက်ထားသည့် စေတီပုထိုး၊ ဘုရား ကျောင်းကန်များကို ပြန်လည်ထိန်းသိမ်းရန်နှင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို ပြန်လည်ဖော်ထုတ်ရန်နှင့် မြှင့်တင်ရန် အဓိကရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

ယခုကျင်းပသည့် ပွဲတော်မှာ ဒုတိယအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ လန်ပန်းခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန်၊ လန်ပန်းခရိုင်ယဉ်ကျေးမှု ကောင်စီဥက္ကဋ္ဌနှင့် လန်ပန်းခရိုင် အစိုးရရုံးများမှ တာဝန်ရှိသူများ၊ လန်ပန်းရာဂျဘတ်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် မြန်မာကျောင်းသား/ကျောင်းသူများနှင့် လန်ပန်းမြို့တွင် လွန်ခဲ့သော ရာစုနှစ် များစွာကပင် အခြေချနေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသားများ၏ အဆက်အနွယ် မြန်မာနွယ်ဖွား ထိုင်း နိုင်ငံသားများလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

ကောင်စစ်ဝန်ချုပ်သည် ၂၈-၂-၂၀၂၆ ရက် ညနေပိုင်းတွင် ဃနာနို့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ကောင်စစ်ဝန်ချုပ်က လန်ပန်းခရိုင်ရှိ မြန်မာနွယ်ဖွားများနှင့် လန်ပန်းရာဂျဘတ်တက္ကသိုလ်မှ တာဝန် ရှိသူတစ်ဦးနှင့် ပညာသင်ကြားနေသည့် မြန်မာနိုင်ငံသား ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံခဲ့ ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့အနေဖြင့် ထိုင်းနိုင်ငံ၊ မြောက်ပိုင်းခရိုင်များတွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး လိုအပ်ပါက မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ အချိန်မရွေး ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ကောင်စစ်ဝန်ချုပ်သည် ၁-၃-၂၀၂၆ ရက်၊ နံနက် ၀၅၃၀ နာရီ၌ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာ ကျော်က လန်ပန်းမြို့၌ တည်ထားကိုးကွယ်သော မန္တလေးမြို့ ၊ မဟာမြတ်မုနိပုံတူ ရုပ်ပွားတော်မြတ် ကြီးကို မျက်နှာသစ်တော်ရေ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ရောင်တော်ဖွင့်အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ရုပ်ပွားတော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဃနာနို့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းပူဇော်ခြင်းနှင့် လန်ပန်းခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန်တို့နှင့်အတူ သံဃာတော် များထံ ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် မဟာပဒေသာပင်ဆက်ကပ်လှူဒါန်းခြင်းတို့အား ဆောင်ရွက် ခဲ့ပြီး သံဃာတော်များ ရွတ်ဖတ်သရဇ္ဇာယ်သော ပရိတ်တရားတော်များနာယူခြင်း၊ အနုမောဒနာ တရားနာယူခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

****************

Consul-General of the Myanmar Consulate-General in Chiang Mai Attends the "Poi Tang Khao Somtor" (Rice Porridge Offering) Festival in Lampang
(3-3-2026,Ching Mai)

U Min Kyaw Linn, the Consul-General of the Republic of the Union of Myanmar in Chiang Mai, attended the “Poi Tang Khao Somtor” Offering Ceremony and Cultural Festival (2026) held in Mueang Lampang District, Lampang Province. The event took place from 28 February 2026 to 1 March 2026. Supported by the Ministry of Culture of Thailand, the festival was organized through the collaboration of the Lampang Municipality, the Lampang Cultural Council, and the Myanmar community in Lampang.

The event aimed to preserve Myanmar-style pagodas, stupas, and monasteries, while promoting and rediscovering the traditions of the Myanmar community that settled in Lampang during the reign of King Chulalongkorn (Rama V). This marks the second time the festival has been held, following the inaugural event in January 2024.

The ceremony was attended by the Governor of Lampang Province, the Mayor of Lampang Municipality, the President of the Lampang Cultural Council, senior government officials, responsible persons from Lampang Rajabhat University and Myanmar students studying there and Thai nationals of Myanmar descent whose ancestors settled in Lampang over a century ago.

As a special guest, the Consul-General attended the opening ceremony on the evening of 28 February. Following the event, he met with a responsible person from Lampang Rajabhat University and Myanmar students studying there, as well as other members of the Myanmar community in Lampang.

During the meeting, the Consul-General explained the consular services provided to Myanmar citizens residing in Northern Thailand and emphasized that the Consulate-General remains open to assist the community at any time.

At 5:30 AM on 1 March 2026, the Consul-General attended the ceremonial washing and cleaning of the face of the replica Mahamuni Buddha Image (from Mandalay) and offered flowers, water, lights, and rice porridge. Following this, alongside the Governor and the Mayor of Lampang, the Consul-General offered alms-food and offering trees (Padaytha Pin) to the monks. The congregation then listened to Paritta chants and shared the merits gained from these noble acts.

27/02/2026

ရုံးပိတ်ရက်များ အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် တောင်သူလယ်သမားနေ့ဖြစ်သည့် ၂-၃-၂၀၂၆ ရက် နှင့် တပ်မတော်နေ့ဖြစ်သည့် ၂၇-၃-၂၀၂၆ ရက်တို့အား အများပြည်သူ ရုံးပိတ်ရက်များ အဖြစ်သတ်မှတ်ထားသည့်အတွက် အဆိုပါရက်များသည် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ရုံးပိတ်ရက်ဖြစ်ပါကြောင်းနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များအား ကျန်ရုံးဖွင့်ရက်များတွင် ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေရန် ဆုမွန်မေတ္တာပို့သအပ်ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး
ချင်းမိုင်မြို့
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။

Announcement of Office Closure

The Consulate-General of the Republic of the Union of Myanmar in Chiang Mai wishes to inform you that the office will be closed on 2 March 2026, in observance of Peasants' Day, and on 27 March 2026, in observance of Armed Forces Day, as these dates are designated public holidays of the Republic of the Union of Myanmar.

During this period, all consular services, including passport extensions, will be temporarily unavailable. Services will resume on the next working day as usual.

The Myanmar Consulate-General extends its best wishes for good health and happiness to all Myanmar citizens residing in Thailand.

Consulate-General of the Republic of the Union of Myanmar
Chiang Mai
February 27, 2026

Photos from Myanmar Consulate-General,Chiang Mai's post 15/02/2026

ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း က ချင်းမိုင် (ဇင်းမယ်) တက္ကသိုလ် မနုဿဗေဒမဟာဌာနကြီး၊ မြန်မာဘာသာဌာနမှ ကျင်းပပြုလုပ်သည့် မြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်းနှင့် မှန်နန်းမဟာရာဇဝင်စာအုပ်များ လှူဒါန်းခဲ့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ချင်းမိုင် (ဇင်းမယ်) တက္ကသိုလ် မနုဿဗေဒမဟာဌာနကြီး၊ မြန်မာဘာသာ ဌာနက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဇင်းမယ်တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် မြန်မာ စကားပြောစွမ်းရည်ပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကောင်စစ်ဝန်ချုပ်နှင့်အတူ ဇင်းမယ်တက္ကသိုလ်၊ မနုဿဗေဒမဟာဌာနကြီး ၏ ဒုတိယအကြီးအကဲ၊ ဇင်းမယ်တက္ကသိုလ် မြန်မာဘာသာဌာနမှ ဌာနမှူးနှင့် မြန်မာနိုင်ငံမှ ဝါရင့် ပါမောက္ခ(ငြိမ်း) ဆရာ/ဆရာမကြီးများ၊ ဇင်းမယ်တက္ကသိုလ်၏ ဌာနအသီးသီးမှ ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ၊ မြန်မာဘာသာစကားနှင့် မြန်မာ့ယဉ်ကျေးမှုကို စိတ်ပါဝင်စားကြသည့် ထိုင်းနိုင်ငံသားများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသည် ဇင်းမယ်တက္ကသိုလ်၊ မြန်မာဘာသာဌာန၌ တက်ရောက်သင်ကြား နေသော ထိုင်းနိုင်ငံသား ကျောင်းသား/ကျောင်းသူများ၏ မြန်မာဘာသာစကားကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လက်တွေ့နယ်ပယ်တွင် ထိရောက်စွာအသုံးချနိုင်ရန်၊ ထိုင်းနိုင်ငံတစ်ဝန်းရှိ မြန်မာဘာသာစကား တတ်ကျွမ်းသူများအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်း အစဉ်အလာများကို ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိကာ ယခုနှစ် အခမ်းအနားခေါင်းစဉ်မှာ Colors of Myanmar ဖြစ်ပါသည်။ ယခုနှစ် ခေါင်းစဉ်အား ဖော်ညွှန်းသည့် မြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲ၊ လက်ရေးလှပြိုင်ပွဲနှင့် မြန်မာသီချင်းဆိုပြိုင်ပွဲတို့ကို ကျင်းပ ဆောင်ရွက်ခဲ့ပြီး ဇင်းမယ်တက္ကသိုလ်၊ မြန်မာစာဌာန၌ မြန်မာစာလေ့လာသင်ယူနေသည့် ထိုင်းနိုင်ငံသား ကျောင်းသူ/ ကျောင်းသားများနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများရှိ အခြေခံပညာ ကျောင်းများမှ မြန်မာဘာသာစကား ရေး/ပြော/ဖတ် စွမ်းရည်ကို စိတ်ပါဝင်စားစွာ လေ့လာလျက် ရှိသည့် ကျောင်းသူ/ ကျောင်းသားများ စုစုပေါင်း (၉၁) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဇင်းမယ် တက္ကသိုလ်တွင် မြန်မာစာဌာနကို ၁၉၉၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ဝိဇ္ဇာဘွဲ့ကြို(၄)နှစ် သင်တန်းကို ၂၀၁၇ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသား ကျောင်းသူ/ ကျောင်းသူ (၁၀၀)ဦးခန့်မှာ ဇင်းမယ်တက္ကသိုလ်၌ မြန်မာဘာသာစကားကို တက်ရောက် သင်ကြားလျက်ရှိပါသည်။

အဆိုပါအခမ်းအနားနှင့်တစ်ဆက်တစ်စပ်တည်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှု ဖြင့် ၂၀၂၅ ခုနှစ်တွင် ပြန်လည်ထုတ်ဝေခဲ့သော မြန်မာ့သမိုင်း၏ အမြင့်ဆုံးမှတ်တိုင်တစ်ခုဖြစ်သည့် 'မှန်နန်းမဟာရာဇဝင်တော်ကြီး' စာအုပ်တွဲအား ကောင်စစ်ဝန်ချုပ်သည် ဇင်းမယ်တက္ကသိုလ်၊ မြန်မာ ဘာသာဌာနသို့ မြန်မာဘာသာစကား/ စာပေကို လေ့လာသင်ယူနေသည့် ထိုင်းနိုင်ငံသား ကျောင်းသူ/ ကျောင်းသားများဖတ်ရှုလေ့လာနိုင်ရန် လှူဒါန်းခဲ့ပါသည်။ 'မှန်နန်းမဟာ ရာဇဝင်တော်ကြီး' ကျမ်းကြီး သည် လွန်ခဲ့သော နှစ်ပေါင်း ၁၉၀ ကျော်၊ ကုန်းဘောင်မင်းဆက်၏ ခြောက်ဆက်မြောက်ဖြစ်သော ဘကြီးတော်ဘုရား ထီးနန်းစိုးစံစဉ် မှန်နန်းတော်ဦး နန်းမစနုဆောင်တော်၌ ရဟန်းပညာရှိ၊ လူပညာရှိနှင့် ပုဏ္ဏားပညာရှိတို့ဖြင့် စနစ်တကျပြုစုခဲ့သော မြန်မာ့သမိုင်းနှင့် စာပေအဆင့်အတန်းကို ဖော်ပြသည့် အမျိုးသားရေးအမွေအနှစ်တစ်ခုဖြစ်ပါသည်။ ယခုလှူဒါန်းမှုသည် ချင်းမိုင်တက္ကသိုလ်တွင် မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုကို စိတ်ပါဝင်စားစွာ လေ့လာနေကြသည့် ထိုင်းနိုင်ငံသား ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့အတိတ်သမိုင်းနှင့် ယဉ်ကျေးမှုဓလေ့များကို အသေးစိတ် လေ့လာနိုင်ရန် အထောက်အကူပြုမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ပါသည်။

Consul-General Attends Myanmar Language Proficiency Competition and Presents the Glass Palace Chronicle

Consul-General U Ming Kyaw Linn of the Consulate-General of the Republic of the Union of Myanmar in Chiang Mai attended the Myanmar Language Proficiency Competition organized by the Burmese Division, Faculty of Humanities, Chiang Mai University, and delivered the opening address on 13 February 2026.

The event was also attended by the Deputy Dean of the Faculty of Humanities, the Head of the Burmese Division, Senior Professors (Retired) from Myanmar, lecturers from various faculties of Chiang Mai University, participating students and their family members, as well as Thai nationals with an interest in the Myanmar language and culture.

The competition has been organized annually by the Burmese Division of Chiang Mai University with the objective of promoting proficiency in the Myanmar language and its effective and practical use, as well as fostering a greater appreciation of Myanmar culture among Thai learners and speakers of the Myanmar language across Thailand. This year’s event was held under the theme “Colors of Myanmar” and featured a Myanmar Language Proficiency Talk Competition, a Handwriting Competition, and a Singing Competition reflecting the theme. A total of 91 participants took part in the event, comprising students from the Burmese Division of Chiang Mai University and students from basic education schools in northern Thailand who are studying the Myanmar language independently. The Burmese Division was established in 1997, and its undergraduate programme has been offered since 2017. At present, 100 Thai students are enrolled in the programme.

On the sidelines of the event, the Consul-General presented copies of the Glass Palace Chronicle (Hmannan Yazawin-daw-gyi), republished in 2025 under the guidance of Acting President of the Republic of the Union of Myanmar and State Security and Peace Commission Chairman Senior-General Min Aung Hlaing, to the Burmese Division for the benefit of Thai students pursuing Myanmar language studies. The Glass Palace Chronicle is a distinguished national literary heritage work systematically compiled by learned scholars, including monks, lay scholars and Brahmins — in the front chamber of the Glass Palace during the era of King Ba Gyi Daw, the sixth king of the Konbaung Dynasty, and it remains an authoritative source on Myanmar’s history and literature.

The donation is expected to further support Thai students in deepening their understanding of Myanmar’s history and cultural heritage, while contributing to the continued strengthening of friendship and cooperation between Myanmar and Thailand.

11/02/2026

ရုံးပိတ်ရက်များအသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နှင့် တရုတ်နှစ်သစ်ကူးနေ့ တို့အပါအဝင် ၁၂-၂-၂၀၂၆ ရက် (ကြာသပတေးနေ့) မှ ၁၇-၂-၂၀၂၆ ရက် (အင်္ဂါနေ့) အထိအား အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားသည့်အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ရုံးပိတ်ရက် ဖြစ်ပါကြောင်းနှင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များအား ၁၈-၂-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)မှစ၍ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြစေရန် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး

ချင်းမိုင်မြို့
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။

Announcement of Office Closure

The Consulate-General of the Republic of the Union of Myanmar in Chiang Mai wishes to inform you that the office will be closed from 12 February 2026 to 17 February 2026, as these dates are designated public holidays in observance of the 79th Anniversary of Union Day of the Republic of the Union of Myanmar and Chinese New Year.

During this period, all consular services, including passport extensions, will be temporarily unavailable. Services will resume on 18 February 2026.

The Myanmar Consulate-General extends its best wishes for good health and happiness to all Myanmar citizens in Thailand.

Consulate-General of the Republic of the Union of Myanmar
Chiang Mai
February 11, 2026

Photos from Myanmar Consulate-General,Chiang Mai's post 22/01/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် က Inclusive Education Training for the Benefit of Children with Special Needs Project ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးမည့် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် ထိုင်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ၏ ကမကထပြုမှုဖြင့် အထူးစောင့်ရှောက်မှု လိုအပ်သောကလေးငယ်များ ကောင်းမွန်စွာပညာသင်ကြားနိုင်ရေးအတွက် အားလုံးပါဝင်သည့် ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရန်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာများ၏ အရည်အသွေးကို မြှင့်တင်နိုင်ရန် ချင်းမိုင်ရာဂျဘတ်တက္ကသိုလ်က Inclusive Education Training for the Benefit of Children with Special Needs Project ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံ ပညာကျောင်းများမှ ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးရန် ချင်းမိုင်မြို့၊ Duangtawan Hotel ၌ ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ချင်းမိုင်ရာဂျဘတ်တက္ကသိုလ်ဥက္ကဌ Dr. Chatree Maneekosol ၊ တက္ကသိုလ်၏ဌာနအသီးသီးမှ ဌာနကြီးမှူးများ၊ ပါမောက္ခများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ပြီး မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း ဦးဆောင်သည့် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ၊ ဆရာမ ၄၄ ဦးနှင့် အုပ်ချုပ်ရေးအရာရှိ (၃) ဦးတို့ တက်ရောက်ခဲ့ပါသည်။

ထိုင်းအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ကမကထပြု၍ ချင်းမိုင်ရာဂျဘတ် တက္ကသိုလ်က မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများကို ထိုင်းနိုင်ငံ၌ ရက်သတ္တပတ် (၂)ပတ်ကြာလေ့ကျင့်သင်ကြားပေးခြင်းကို ၁ နှစ်လျှင် ၁ကြိမ်ဖြင့် (၃)နှစ်ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ပထမအကြိမ် လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကာ ၂၀၂၆ခုနှစ်တွင် ဒုတိယအကြိမ်လေ့ကျင့်သင်ကြားပေးခြင်းကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့နှင့် ချင်းမိုင်မြို့ များတွင် ရက်သတ္တပတ် (၂)ပတ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Consul-General U Ming Kyaw Linn Attends the Opening Ceremony of the Workshop on Inclusive Education and Delivers the Opening Speech

Consul-General U Ming Kyaw Linn of the Consulate-General of the Republic of the Union of Myanmar attended the opening ceremony of a workshop titled Inclusive Education Training for the Benefit of Children with Special Needs Project on January 21, 2026, at the Duangtawan Hotel in Chiang Mai, and delivered the opening speech.

The workshop, sponsored by the Thailand International Cooperation Agency and conducted by Chiang Mai Rajabhat University, aims to promote the development of an inclusive education system for children with special needs and to strengthen the capacity of teachers from Myanmars basic education sector.

The opening ceremony was attended by Dr. Chatree Maneekosol, President of Chiang Mai Rajabhat University, along with deans, professors, and responsible officials from various faculties of the university, as well as 44 teachers from various schools and three administrative staff from Myanmars basic education sector.

The Myanmar delegation was led by U Toe Kyaw, Deputy Director-General of the Department of Basic Education under the Ministry of Education of Myanmar.

The training program is part of a three-year initiative and consists of annual two-week training sessions in Thailand.

Following the successful implementation of the first phase in 2025, the second phase will be conducted in Bangkok and Chiang Mai in 2026.

Photos from Myanmar Consulate-General,Chiang Mai's post 21/01/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ကောင်စစ်ဝန်ချုပ် က လန်ချန်း-မဲခေါင် နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှုမူဘောင်အရကျင်းပသည့် “Special Forum on Connecting Cultural Food Tourism Routes in the Mekong Subregion Countries: China, Myanmar, Laos, and Thailand” ဆွေးနွေးပွဲတွင် panelist အဖြစ် ဆောင်ရွက်ခဲ့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ထိုင်းနိုင်ငံ၊ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်ရေး ဝန်ကြီးဌာန၊ ချင်းမိုင်မြို့ရှိ မဲ့ကျိုးတက္ကသိုလ်နှင့် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့အကြား ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် ချင်းမိုင်မြို့၊ Old Chiangmai Cultural Center ၌ “Special Forum on Connecting Cultural Food Tourism Routes in the Mekong Subregion Countries: China, Myanmar, Laos, and Thailand” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့ပြီး panelist အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲအား လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် လန်ချန်း-မဲခေါင်နိုင်ငံများအကြား ရေရှည်တည်တံ့မည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုရှိသောအဖြေများ ရှာဖွေနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုဆွေးနွေးပွဲသို့ ကောင်စစ်ဝန်ချုပ်နှင့်အတူ ချင်းမိုင်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး Mr. Boonlue Thamtharanurak ၊ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့နှင့် လာအိုနိုင်ငံသံရုံး၊ ဗန်ကောက်မြို့တို့မှ ကိုယ်စားလှယ်များသည် panelist များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်ရေးဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့်အတူ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စားသောက် ကုန်လုပ်ငန်းကဏ္ဍတို့မှ ကိုယ်စားလှယ်များ၊ အထက်ပါကဏ္ဍများနှင့်ဆက်စပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် အဆိုပါအကြောင်းအရာတွင် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲ၌ ကောင်စစ်ဝန်ချုပ်က ကမ္ဘာ့သမိုင်းတစ်လျှောက်၏ သံခင်းတမန်ခင်းကဏ္ဍတွင် စားသောက်ဖွယ်ရာများ၏ အရေးပါသောအခန်းကဏ္ဍကိုဆွေးနွေးခဲ့ပြီး ဟင်းလျာများအကြားတွင် အခြေခံ တူညီမှုများစွာရှိသည့် တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံတို့အနေဖြင့် နေ့စဉ်နှင့်အမျှ လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိပြီး ယဉ်ကျေးမှုခြင်း ကူးလူးယှက်နွယ်ဆက်ဆံလျက်ရှိသည့်အတွက် ယနေ့ ကမ္ဘာတွင် မိမိတို့နိုင်ငံများ၏ဒေသရိုးရာဟင်းလျာများ စီမံချက်ပြုတ်ရာတွင်ပါဝင်သော မျိုးရင်းအမယ် များကို ထိန်းသိမ်းရန်နှင့် ရိုးရာဓလေ့စားဖွယ်ရာများချက်ပြုတ်နည်းများကို မူရင်းနည်းဟန်မပျက် ကာကွယ်ထိန်းသိမ်းခြင်းနှင့် မြင့်တင်ခြင်းတို့လုပ်ဆောင်ရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် ဒေသရိုးရာစားသောက်ဖွယ်ရာများကို ထိတွေ့မြည်းစမ်းခွင့်ရရန်ရည်ရွယ်ချက်ဖြင့် ခရီးသွားလာမှုလုပ်ငန်း သည် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် ရေရှည်တည်တံ့ပြီး ခိုင်မြဲသော ဝင်ငွေရရှိနိုင်သော အရင်းအမြစ်တစ်ခုဖြစ်လာစေရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် အကြံပြုဆွေးနွေးခဲ့ပါသည်။
***************

Consul-General U Ming Kyaw Linn Served as a Panelist at a Special Forum on Connecting Cultural Food Tourism Routes in the Mekong Subregion Countries: China, Myanmar, Laos, and Thailand

Consul-General U Ming Kyaw Linn of the Consulate-General of the Republic of the Union of Myanmar served as a panelist at the Special Forum on Connecting Cultural Food Tourism Routes in the Mekong Subregion Countries: China, Myanmar, Laos, and Thailand, held on January 18, 2026, at the Old Chiang Mai Cultural Center.

The forum was organized through collaboration among the Ministry of Higher Education, Science, Research and Innovation of Thailand, Maejo University, and the Consulate-General of the People’s Republic of China in Chiang Mai. The forum aimed to explore innovative approaches to developing sustainable tourism and to promote cooperation among Lancang–Mekong countries.

Along with the Consul-General, Mr. Boonlue Thamtharanurak, Deputy Governor of Chiang Mai Province, as well as representatives from the Consulate-General of the People’s Republic of China in Chiang Mai and the Embassy of the Lao PDR in Bangkok, also served as panelists.

The forum was attended by senior officials from the Ministry of Higher Education, Science, Research and Innovation of Thailand and the Ministry of Tourism and Sports of Thailand, as well as representatives from the tourism and food industries, businesspersons, and other interested participants.

At the forum, the Consul-General discussed the importance of food in diplomacy throughout world history and responded to questions regarding measures that countries such as China and Laos, and Myanmar and Thailand—which share similarities in their cuisines—should take to preserve indigenous ingredients and protect and promote traditional cooking methods without losing their original identity in today’s rapidly changing world of cultural exchange and communication.

He also suggested measures to develop food tourism as a sustainable source of income to support the socio-economic development of local communities.

Photos from Myanmar Consulate-General,Chiang Mai's post 19/01/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် က ချင်းမိုင်မြို့တွင် ကျင်းပသည့် (၄၁) ကြိမ်မြောက် ဘော်ဆန်း ရိုးရာထီးပွဲတော်နှင့် ဆန်ကဖန် လက်မှု အနုပညာ ပြပွဲ (Bo Sang Umbrella & San Kamphaeng Handicrafts Festival) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က မြန်မာ့ရိုးရာ ပုသိမ်ထီးနှင့်တွဲဖက်၍ မြန်မာ့ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခဲ့ခြင်းကိစ္စ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ချင်းမိုင်ခရိုင်၊ ဆန်ကဖန်မြို့နယ် မြူနီစီပယ်ရုံးက ဦးဆောင်၍ ကျင်းပပြုလုပ်သည့် (၄၁) ကြိမ်မြောက် ဘော်ဆန်းရိုးရာထီးပွဲတော်နှင့် ဆန်ကဖန်လက်မှုအနုပညာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါပြပွဲသို့ ချင်းမိုင် ခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူးများ၊ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ဆန်ကဖန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ တွန်းပေါင်မြို့၏ မြို့တော်ဝန်နှင့်အတူ ချင်းမိုင်မြို့၌ ဖွင့်လှစ်ထားသော ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များနှင့် ချင်းမိုင်ခရိုင်အစိုးရရုံးများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

ဘော်ဆန်းထီးပွဲတော်သည် ထိုင်းရိုးရာယဉ်ကျေးမှုအား ထုတ်ဖော်ပြသသည့် ပွဲတော်တစ်ခု ဖြစ်ပြီး ချင်းမိုင်ခရိုင်၌ သာမက ထိုင်းနိုင်ငံတစ်ဝန်း၌ ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ကာ ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှုလက်မှုအနုပညာလက်ရာများကို ထိန်းသိမ်းရန်နှင့် ကမ္ဘာလှည့် ခရီးသွားများကို စွဲဆောင်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်ဇန်နဝါရီလတွင် ကျင်းပလေ့ရှိသည့် ပွဲတော်တစ်ခု ဖြစ်ပါသည်။ အဆိုပါပွဲတော်တွင် စက္ကူနှင့်ဝါးများဖြင့် ပြုလုပ်ထားသည့် ဘော်ဆန်းထီးများကို ရိုးရာ အမွေအနှစ် တစ်ခုအဖြစ် ဂုဏ်ယူစွာပြသလေ့ရှိပါသည်။

လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာက လန်းနားဘုရင်နိုင်ငံ (ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ)မှ ထိုင်းလူမျိုးဘုန်းတော်ကြီးတစ်ပါးက မြန်မာနိုင်ငံသို့ရောက်ရှိစဉ် တွေ့ရှိခဲ့သော မြန်မာ့ရိုးရာပုသိမ်ထီး ယဉ်ကျေးမှုကို ထိုင်းနိုင်ငံသို့ ယူဆောင်လာခဲ့ပြီး အဆိုပါဘော်ဆန်ထီးအား ဖန်တီးခဲ့ခြင်းဖြစ်သည့် အတွက် မြန်မာ့ရိုးရာပုသိမ်ထီးယဉ်ကျေးမှုနှင့် ဘော်ဆန်ထီးယဉ်ကျေးမှုတို့အကြား ဆက်နွှယ်လျက် ရှိရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့သည် ဘော်ဆန်းရိုးရာထီးပွဲတော်နှင့် ဆန်ကဖန်လက်မှု အနုပညာပြပွဲ၏ လှည့်လည်ဖျော်ဖြေပွဲ၌ မြန်မာ့ရိုးရာပုသိမ်ထီးအလှနှင့်တွဲဖက်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါလှည့်လည်ဖျော်ဖြေပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့နှင့်အတူ ချင်းမိုင်မြို့ တွင် ဖွင့်လှစ်ထားရှိသည့် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ အမေရိကန်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံး၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ယဉ်ကျေးမှုအဖွဲ့များ၊ ချင်းမိုင် ခရိုင်တွင် ဖွင့်လှစ်ထားသောတက္ကသိုလ်များနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဆန်ကဖန်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာချင်းစီကိုယ်စားပြု ထီးအလှပြယာဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲခဲ့ကြပါသည်။

******************************

Consul-General U Ming Kyaw Linn attended the opening ceremony of the 41st Bo Sang Umbrella & San Kamphaeng Handicrafts Festival, and the Consulate-General of the Republic of the Union of Myanmar participated in the festival with a performance of the Myanmar traditional Pathein umbrella with Myanmar traditional dance

U Ming Kyaw Linn, Consul-General of the Consulate-General of the Republic of the Union of Myanmar in Chiang Mai, attended the opening ceremony of the 41st Bo Sang Umbrella & San Kamphaeng Handicrafts Festival, organized by the San Kamphaeng Municipality, on 17 January 2026.

Deputy Governors of Chiang Mai Province, Deputy President of the Chiang Mai Provincial Administrative Organization, the San Kamphaeng District Chief Officer, the Mayor of Ton Pao Municipality, Consuls-General and Consuls based in Chiang Mai, as well as senior officials from government offices in Chiang Mai, also attended the event.

The Bo Sang Umbrella Festival showcases traditional Thai culture and is well known not only in Chiang Mai Province but also throughout Thailand. The festival is held with the aim of preserving local traditional culture and handicrafts, as well as attracting tourists. At the festival, the Bo Sang umbrella, made of paper and bamboo, is proudly displayed.

The history of the Bo Sang umbrella dates back hundreds of years, when a monk from the Lanna Kingdom discovered the traditional Pathein umbrella during his visit to Myanmar and later brought the technique back to Thailand, where it developed into the Bo Sang umbrella.

As the umbrella traditions of the two countries are closely connected, the Consulate-General of Myanmar in Chiang Mai showcased the beauty of the Pathein umbrella and presented a cultural performance featuring the Pathein umbrella dance.

In addition, the Consulates-General of China and the United States, the Consulate of India, cultural troupes from Indonesia and the Philippines, the universities and cultural organizations in Chiang Mai as well as floats decorated with Bo San Umbrellas representing each village of San Kamphaeng District, also participated in the festival.

29/12/2025

နှစ်သစ်ကူး ရုံးပိတ်ရက်များ အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက နှစ်သစ်ကူးရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်(ဗုဒ္ဓဟူးနေ့) မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် (သောကြာနေ့)အထိနှင့် ဆက်စပ်ရုံးပိတ်ရက်များ ဖြစ်သော ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)နှင့် ၄ ရက် (တနင်္ဂနွေနေ့) တို့ အား အများ ပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပါကြောင်းနှင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအပါအဝင် ကောင်စစ် ဆိုင်ရာကိစ္စရပ်များအား ၅-၁-၂၀၂၆ ရက် (တနင်္လာနေ့)တွင် ပုံမှန်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ၂၀၂၆ ခုနှစ် နှစ်သစ်အခါသမယတွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နှင့် ပြည့်စုံကြပါစေရန် ဆုမွန်မေတ္တာများ ပို့သအပ်ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ။

Announcement of Office Closure

The Consulate-General of the Republic of the Union of Myanmar in Chiang Mai wishes to inform the public that the office will be closed from 31 December 2025 (Wednesday) to 2 January 2026 (Friday), inclusive. This closure, together with the weekend, is in observance of the New Year holidays, which have been designated as public holidays.

During this period, all consular services, including passport extensions, will be unavailable. Normal services will resume on 5 January 2026 (Monday).

The Myanmar Consulate-General extends its best wishes for good health and happiness to all Myanmar citizens in Thailand on the occasion of the New Year.

The Consulate-General of the Republic of the Union of Myanmar
Chiang Mai
December 29, 2025

Photos from Ministry of Foreign Affairs              Myanmar's post 28/12/2025
25/12/2025

၂၀၂၅ ခုနှစ်၊ ခရစ္စမတ် ရုံးပိတ်ရက် အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ထုတ်ပြန်ကြေညာထားပြီးဖြစ်သည့် တရားဝင် ရုံးပိတ်ရက်ဖြစ်သော ခရစ္စမတ်နေ့ဖြစ်သည့် ၂၅-၁၂-၂၀၂၄ ရက် (ကြာသပတေးနေ့)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ရုံးပိတ်ရက်ဖြစ်ပါ ကြောင်းနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း အပါအဝင် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအား ၂၆-၁၂-၂၀၂၅ ရက် (သောကြာနေ့)တွင် ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

“ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုမွန်မေတ္တာ ပို့သအပ်ပါသည်။”

Announcement of Office Closure

The Consulate-General of the Republic of the Union of Myanmar in Chiang Mai is delighted to inform you that it will be closed on Christmas Day, December 25, 2025 (Thursday), as this day has been designated as a public holiday.

Service Resumption Information

All consular services, including passport extension and attestation issuance, will resume from December 26, 2025 (Friday).

Consulate-General of the Republic of the Union of Myanmar
Chiang Mai
25 December 2025

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


9/4 Maneenopporat Soi 3, Sriphum, A. Mueang
Chiang Mai
50200

เวลาทำการ

จันทร์ 09:00 - 16:30
อังคาร 09:00 - 16:30
พุธ 09:00 - 16:30
พฤหัสบดี 09:00 - 16:30
ศุกร์ 09:00 - 16:30