Leo’s Sharing in Thailand

Leo’s Sharing in Thailand

แชร์

ထိုင်းနိုင်ငံရောက် အင်ယာတစ်ယောက်က သိသလောက်မှတ်သလောက် share ပေးတာပါ

Please follow and share if you got some knowledge 🙏🙏

Photos from Leo’s Sharing in Thailand's post 26/05/2026

Just Knowledge Share (4)
👉 Future Direction for Myanmar Engineers in Thailand

အရင်အပိုင်းတွေမှာ share ခဲ့သလိုပဲ
Thailand telecom industry က expansion phase တချို့ ဆက်ရှိနေသေးပေမယ့် project lifetime limitation တွေ၊ local Thai technical resources များလာတာတွေကြောင့် foreign telecom engineers တွေအတွက် challenges တွေ ပိုများလာတာ တွေ့ရပါတယ်။

အထူးသဖြင့် traditional telecom business model က အရင်လို aggressive growth မရှိတော့ဘဲ competition ပိုများလာတဲ့အခြေအနေကို ရောက်လာပါတယ်။

ဒါကြောင့် Myanmar engineers တွေအနေနဲ့ telecom field တစ်ခုတည်းကို rely လုပ်နေခြင်းထက်
new technology development sectors တွေဘက်ကို gradually transition လုပ်ဖို့ စဉ်းစားသင့်တဲ့အချိန်ဖြစ်လာပါပြီ။

လက်ရှိ global situation ကိုကြည့်ရင် —
Middle East conflicts, energy market instability တွေကြောင့် renewable energy sector က ကမ္ဘာတစ်ဝှမ်းမှာ ပိုအရေးကြီးလာပါတယ်။

အထူးသဖြင့် —
• Solar Energy
• Renewable Infrastructure
• Energy Management Systems
တွေက future demand မြင့်လာနိုင်တဲ့ sectors တွေလို့ မြင်မိပါတယ်။

တစ်ဖက်မှာလည်း world technology trend က —
• AI Technology
• Data Center Infrastructure
• Cloud Computing
• ICT & Network Connectivity
တွေဘက်ကို အရှိန်အဟုန်နဲ့ ရွှေ့လာနေပါတယ်။

အထူးသဖြင့် Southeast Asia region က digital infrastructure နဲ့ connectivity အတွက် strategic area တစ်ခုဖြစ်လာတာကြောင့်
Thailand မှာလည်း related projects တွေ gradual growth ရှိလာနိုင်တယ်လို့ မြင်ပါတယ်။

ဒါကြောင့် —
လက်ရှိ Thailand မှာ working လုပ်နေတဲ့ Myanmar engineers တွေအတွက်ရော
Thailand market ကိုလာဖို့စဉ်းစားနေတဲ့သူတွေအတွက်ပါ —

👉 Solar & Renewable Energy
👉 Data Center Infrastructure
👉 AI related technologies
👉 Cloud & ICT Solutions
👉 Networking & Security Systems

စတဲ့ fields တွေကို priority ပေးပြီး knowledge upgrade လုပ်ထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။

ဒါ့အပြင် Thailand ရဲ့ —
• Work Permit Policy
• Visa Regulations
• Labor Requirements
တွေကိုလည်း ကြိုတင်လေ့လာပြီး preparation လုပ်ထားသင့်ပါတယ်။

လာမယ့်လတွေမှာ new technology related opportunities တွေ ပိုတိုးလာနိုင်တယ်လို့ မြင်မိပါတယ်။

နောက်လည်း လက်ရှိ market trend တွေ၊ industry movement တွေ၊ practical experience တွေကို သိသလောက် ဆက်ပြီး knowledge sharing လုပ်ပေးသွားပါမယ်။

အားလုံး career path အဆင်ပြေပြီး stable opportunities တွေ ရရှိကြပါစေ။ 🙏

— ရဲနောင်

17/05/2026

Work permit card ထုတ်မဲ့သူတွေ မသိသေးရင် လာမေးလို့ရပါတယ်

သိသလောက်လေး ဖြေပေးပါမယ်

Thailand Non LA / Work permit card မထုတ်ထားရင် သူဌေးပြောင်းတာ သက်တမ်းတိုးတာတွေ အခက်အခဲရှိလာပါလိမ့်မယ်


Photos from YPTT Recruitment - Thailand Co.,Ltd's post 14/05/2026

အရင်က sharing လုပ်ပေးခဲ့သလိုပဲ့

Solar နဲ့ Data Center အပိုင်းတွေတော့ လာပီ

Challenges ကတော့ Thailand work permit

ဘတ်ဖွင့်တဲ့အချိန်ကို မြန်မြန်ဖြစ်ပါစေ ဆုတောင်းထားကြပါ

💪💪💪🙏🙏🙏

25/04/2026

ဘန်ကောက်နဲ့ သိပ်မဝေးတဲ့နေရာ
ဟွာဟင်းကမ်းခြေအနားမှာရှိတဲ့
သဘာဝကို ချစ်တဲ့သူတွေ သွားသင့်တဲ့နေရာ
Well maintained ငါးတွေ ဌက်မျိုးစုံကျက်စားနေတဲ့ အိုင်ရယ် တောင်တန်းကြီးနောက်ခံနဲ့ တစ်ဖြူးဖြူးတိုက်နေတဲ့လေကို ရှုရိုက်လိုက်ရတဲ့ ခံစားချက်ကတော့ ဘယ်ပြောကောင်းမလဲ

ဝင်ကြေး
ထိုင်း -40
Foreigner -200



25/04/2026

Work Permit ကဒ်တွေရပီးပီ
Personal Data မှားနေတဲ့သူတွေအတွက်

Try ကြည့်ကြပါ
သိချင်တာရှိရင် လာမေးမြန်းလို့ရပါတယ်ဗျ

20/04/2026

Enjoying with besties 👯‍♂️

Photos from Leo’s Sharing in Thailand's post 18/04/2026

ကို Leo ခွန်ထိုင်းမြေမှ စုမိဆောင်းမိတာလေးတွေ 🤪🤪🤪
Sharing လုပ်မယ်ဆိုရင်တော့ဖြင့် 🤣🤣🤣

02/04/2026

Songkran Mood On 🤪🤪

02/04/2026

သကြင်္န်နီးနေပီဆိုတော့ သကြင်္န် mode on ထားလို့ရအောင်
BKK Central World Songkran 2024 သွားခဲ့တာလေးပါ

ဒီနှစ်သကြင်္န်မှာလည်း နှစ်ဟောင်းအညစ်အကြေးတွေထားခဲ့ပီး နှစ်သစ်မှာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

BKKမှာ ဒီနှစ်သကြင်္န်သွားသင့်တဲ့နေရာလေးတွေ festival ရှိတဲ့နေရာလေးတွေ share ပေးပါမယ် coming soon

27/03/2026

Non_LA Work permit
Name မှား မွေးနေ့မှား passport မှားနေတဲ့သူများအတွက် sharing လေးလုပ်ပေးလိုက်ပါတယ်

ဒီအရာပြင်ဆင်ဖို့အတွက် work permit card ထုတ်ပြီးတဲ့အထိ process ပီးနေရပါမယ်

ကိုယ့်ဟာကိုယ် မလုပ်တတ်ဘူးဆိုရင်လည်း လာမေးလို့ရပါတယ်


22/03/2026



ခွန်ထိုင်းမြေမှအခွင့်အလမ်းများ (၃)

အရင်အပိုင်း (၁)(၂) ရေးခဲ့တုန်းက ပြောထားခဲ့သလိုပဲ့ ဒီနှစ် ၂၀၂၆ အထဲရောက်လာတာနဲ့အမျှ Tele လောကမှာ မြန်မာအင်ယာလိုအပ်ချက်က မရှိသလောက်နည်းလာတာတွေ့ရတယ်
အထူးသဖြင့် ထိုင်းစကားပြောတတ်ရမယ်
ထိုင်းတစ်ယောက်ပါရမယ်ဆိုတဲ့ လိုအပ်ချက်တွေကို operator တွေက ကန့်သတ်လိုက်ပီလို့ပြောလို့ရတယ်

နောက်ပီးတော့ အခုကမ္ဘာ့အရေးအခြေအနေအရရော
Project အသစ်တွေက စဖို့အတွက်အားယူနေတာ ကြန့်ကြာနေတာနဲ့ companies တွေက permanent ဝန်ထမ်း တနည်းအားဖြင့် in-house teams တွေကို ခန့်ထားဖို့ဆိုတာ အရမ်း risk များတဲ့အခြေအနေဖြစ်လာပီလို့ပြောလို့ရတယ်

အဓိကတော့ ခွန်ထိုင်းတွေက freelancers အဖွဲ့တွေဖွဲ့ပီးလုပ်တာများတော့ အလုပ်ရှိတဲ့အပေါ်မူတည်ပြီး ခေါ်လို့ရတယ် ဒါကြောင့်မို့ project အခြေအနေအရ outsourcing/ subcontractor ပေးတာက companies တွေအတွက် ဦးစားပေးဖြစ်လာပီလို့ပြောလို့ရတယ်

အဲတော့ မြန်မာအင်ယာတွေ ဘာလဲ ဘယ်လဲ???

Tele လောကပဲ့ဆက်တိုးနေမလား ??

🌻ဒါဆိုရင်တော့ ကို့အဖွဲ့မှာ ထိုင်းလိုပြောတတ်တဲ့သူရှိလား ??
🌻အဖွဲ့လိုက်စုပြီး freelancer သဘောမျိုးလုပ်မလား??
🌻တခြား field ကိုပဲ့ပြောင်းပြီး stable income ကိုရွေးမလား ??

ဒီအချက်တွေကို ထည့်သွင်းစဉ်းစားရမဲ့အချိန်ရောက်လာပီလို့ မြင်မိတယ်
အဓိကတော့ တခြားနိုင်ငံလာပီး ငွေလာရှာတယ်ဆိုတော့ stable income ရှိမှ အိမ်ကမိသားစုကို ပြန်ထောက်ပံ့ပေးနိုင်မှာကိုး

အဲတော့ ကိုကဘယ်လိုဆက်သွားချင်တာလဲဆုံးဖြတ်သင့်တဲ့အချိန်ရောက်လာခဲ့ပီလို့မြင်ပါတယ်

နောက်ထပ်အကြံပြုချင်တာကတော့ 👉👉
အပိုင်း (၂) မှာပြောခဲ့သလိုပဲ့

အခု 2026ထဲမှာဆိုရင် solar projects တွေ data center projects တွေ အများအပြားစတင်လာတာတွေ့ရတယ်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Nakhon Pathom?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ที่อยู่


Bang Toei, Sam Phran District
Nakhon Pathom
73210