19/03/2025
KNU-Taw Oo DOI News
KNU-Taw Oo District DOI Department Of Organizing and Information is democratic political organization
19/03/2025
27/03/2024
သံတောင်ကြီး ဘုရင့်နောင်တပ်က ပစ်ခတ်နေသောလက်နက်ကြီးကြောင့် ခြံလုပ်ငန်းလုပ်ကိုင်သူများ သတိထားသွားလာနေရ
မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်စခန်းမှ နေ့စဥ်ရက်ဆက် ရမ်းသမ်းပစ်ခတ် သောလက်နက်ကျည်များသည် တပ်စခန်းအနီး လူသွားလူလာရှိသော ခြံများအတွင်း ကျရောက် ပေါက်ကွဲသဖြင့် ခြံလုပ်ငန်းလုပ်ကိုင်သူဒေသခံများ သတိထားသွားလာနေရကြောင်း ထိုနယ်မြေအတွင်းနေထိုင်သူများထံမှ သိရသည်။
ဘုရင့်နောင်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ တတိယ အပတ်ခန့်မှစ၍ ယမန်နေ့ကအထိ နေ့စဥ် ညနေ(၆)နာရီနောက်ပိုင်းမှ ည(၁၀)နာရီအတွင်းနှင့် မနက်(၄) နာရီ နောက်ပိုင်းတွင် လက်နက်ကြီး၊ ငယ် အကြိမ်ရေများစွာ ပစ်ထုတ်နေခြင်းဖြစ်သဖြင့် တပ်စခန်း အနီးခြံလုပ်ငန်းလုပ်ကိုင်သူများ သတိဖြင့်နေရကြောင်း ဒေသခံများက ပြောသည်။
နယ်ခံအမျိုးသမီးတစ်ဦးက “လူနေအိမ်တွေရှိတဲ့နေရာနဲ့ ဘုရင့်နောင်တပ်ကြားက ကုန်းလေးပေါ်ကနေ ပစ်နေတာ ကျမတို့နဲ့သိပ်မဝေးဘူး။ မနေ့ညကပစ်တာတောင် ကျမရဲ့ခြံဘေးနားမှာကျတယ်။ ကျမခြံက အိမ်နဲ့ဆယ်မိနစ်ပဲဝေးတာကိုး။ တစ်ရက်ကလည်းလူနေခြံထဲကျတယ်။ ခြံအလုပ်တွေရှိတော့ ဒီရာသီမှာလည်း သွားနေရတာပဲ ။ ဖာလာချိန်ဆိုရင်လည်း ထင်းတွေဘာတွေခုတ်ထားရတယ်လေ” ဟု ကေအိုင်စီသို့ ပြောသည်။
သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ကော်ဖီ၊ ဖာလာ၊ နနွင်းစိုက်ပျိုးခြင်းအပါအဝင် ခြံလုပ်ငန်းကိုသာ အဓိကအားထားလုပ်ကိုင်နေရခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီတပ်က ပစ်ခတ်နေသည့်အနက် လက်နက်ကြီးကျည်များ ပါဝင်လာလျှင် ခြံကွက်များထိခိုက်ပျက်စီးမှုရှိသော်လည်း ဒေသခံများမှာ စားဝတ်နေရေးအတွက် စိုက်ပျိုးခြံအတွင်း မဖြစ်မနေသွားလာရကြောင်း သံတောင်ကြီးမြို့ခံများက ပြောသည်။
ဘုရင့်နောင်စစ်ကောင်စီတပ်မှ လေ့ကျင့်ရေးလုပ်ဆောင်သည့်အနေဖြင့် ထိုသို့ လက်နက်ကျည်များ ပစ်ခတ်နေခြင်းဖြစ်ကြောင်း တပ်တွင်းနီးစပ်သူတစ်ချို့ကပြောဆိုကြသော်လည်း လူသွားလူလာရှိသော ခြံများအတွင်းကျရောက်သဖြင့် ဒေသခံများအတွက် စိုးရိမ်နေရသောအနေအထားဖြစ်ကြောင်း တွေ့ရသည်။
အမည်မဖော်လိုသူဒေသခံက “အုပ်ချုပ်ရေးမှူးရုံးကတစ်ယောက်ကတော့ သူတို့(စစ်ကောင်စီ တပ်ဖွဲ့ဝင်များ) သင်တန်းတက်နေလို့ပစ်တာလို့ပြောတယ်။ သင်တန်းဆိုရင်လည်း ပစ်ကွင်းသတ် သတ်မှတ်မှတ်တော့ ရှိသင့်တာပေါ့နော်။ အခုကျတော့ ဟိုလူ့ခြံထဲကျ ဒီလူ့ခြံထဲကျ ရမ်းသမ်းပြီး တော့ပစ်တာ တစ်ရက်ကို ပစ်တာ။ အကြိမ် ရေတွက်လို့မရဘူး။ စက်လက်နက်တွေ ပစ်တဲ့ပုံစံမျိုးလည်းကြားရတယ်၊ နားလိုက်ပစ်လိုက်ပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ၏ အဆိုပါဘုရင့်နောင်တပ်သည် သံတောင်ကြီးမြို့နယ်အတွင်း ၎င်းတို့နှင့် လက်လှမ်းမီရာအရပ်တွင် တိုက်ပွဲဖြစ်ပွားပါက လက်နက်ကြီးပစ်ကူပေးလေ့ရှိသော တပ်တစ်ခုဖြစ်သလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မြို့အတွင်း၊ မြို့အပြင်ရှိ ဒေသခံနေအိမ်နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ရခြင်းတို့ ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကလည်း မြို့အတွင်းတိုက်ပွဲဖြစ်ပွားမည့် ကောလာဟလကြောင့် ထိုတပ် စခန်းနှင့်(၂၀၀)မီတာပတ်လည်အတွင်း နေထိုင်သူများအား စစ်တပ်က နေအိမ်ရွှေ့ပြောင်းနေ ထိုင်ခိုင်းသည့်အတွက် ပြောင်းရွှေ့ခဲ့ရသော်လည်း ယခု ပြန်လည်နေထိုင်နေပြီဖြစ်သည်ဟု ဒေသခံများကပြောသည်။
Photo: CJ
===============================
-> ကရင်ပြည်သူထု၏ အသံများ နှင့် အမြင်များကို ဖော်ပြပေးသော လွတ်လပ်သည့်သတင်းဌာန အဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိဿတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေကို ကြိုဆိုပါတယ်။
-> အောက်ပါ Link သို့ဆက်သွယ်ပြီး လစဉ်ကြေး ပေးသွင်းခြင်းအားဖြင့်သော်လည်းကောင်း ၊ အလှူငွေသီးသန့်လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း ပံ့ပိုးကူညီပေးလို့ ရပါတယ်။
Support KIC - https://web.facebook.com/messages/t/113038198360641
===============================
Website: https://kicnews.org
Twitter: https://twitter.com/KIC_NewsCompany
Youtube: https://www.youtube.com//videos
Telegram: https://t.me/Karen_Information_Center
TikTok: https://www.tiktok.com/
Instagram: https://www.instagram.com/karen_information_center_kic/
Spotify: https://open.spotify.com/.../31olqg6bqyrsqmezjqlxbighzu2u...
KIC Application
For (IOS) https://apple.co/3IaRU2G
For (Android) https://bit.ly/3khtzQP
30/01/2024
KNLA သုးက့(၂)ခိၣ်တၢ်ကတိၤလီၤတၢ်ဆူ တၢ်ပၢၢ်ဆၢမုၢ်နံၤကပှဲၤထီၣ်(၇၅)နံၣ် ဖဲ ၃၁/၁/၂၀၂၄ (စှော်ကရင်ဘာသာဖြင့်)
23/09/2023
23.9.2023. ကီၢ်သူလ့ၤ၊ခ့ၣ်အဲၣ်ယူၣ်၊တီအူကီၢ်ရ့ၣ်- ဖဲ 14.9.2023 ဟါခီလီၤ 3နၣ်ရံၣ်တခီ ဆၢကတီၢ် ပယီၤသုးမီၤစိရိၤ ကလံၤထံးသုးဝဲၤလီၢ်ခိၣ်သ့ၣ် အသုး ခလရ-39 အသုးရ့ၣ်ခိၣ်တီခိၣ်ရိၣ်မဲဒီး နုာ်လီၤဒွဲၣ်အူ မၤဟးဂီၤဝဲဒၣ် ခ့ၣ်အဲၣ်ယူၣ်၊တီအူကီၢ်ရ့ၣ်၊ထီတထူၣ်ကီၢ်ဆၣ်၊ဒ့လိာ်ကဝီၤ ကယါပၠိခၠီသဝီဒီး ၡါပၠိခၠီသဝီ ကမျၢၢ်အဟံၣ်တဖၣ်ဒီး ဘုဖီသ့ၣ်တဖၣ်န့ၣ်လီၤ။ အဃိ ကယါပၠိခၠီ ကမျၢၢ်အဟံၣ် (4)ဖျၢၣ် ဒီး ဘုဖီ (၂)ဖျၢၣ်(ဘုဖီတဖျၢၣ် ဘုသၣ် အိၣ် အတီၣ် ၁၀၀ ဃာ်ဃာ်) ၊ ၡါပၠိခၠီသဝီ ကမျၢၢ်ဟံၣ် (၉) ဖျၢၣ် ဘၣ်တၢ်ဒွဲၣ်အူတ့ၢ်အီၤန့ၣ်လီၤ။ 23.9.2023- ကော်သူးလေ၊ ကေအဲန်ယူ၊တောအူး(တောင်ငူ)ခရိုင်၊ ထောတထူ(ထန်းတပင်)မြို့နယ်
ဒေးလိုအုပ်စု ကယားပြုံးချောင်းကျေးရွာနှင့်ရှမ်းပြုံးချောင်းကျေးရွာ အတွင်းသို့မြန်မာအကြမ်းဖက် အာဏာသိမ်းစစ်တပ်မှ 14.9.2023 ရက်နေ့ ညနေ 3 နာရီခွဲခန့်တွင် ဝင်ရောက်ခဲ့ပြီး ကယာပြုံးချောင်းကျေးရွာရှိ အိမ်(၄)လုံးနှင့် စပါးကျီ (၂)လုံးတို့အား မီးရှို့ ခဲ့သည်။ စပါးကျီ တလုံးလျှင် စပါး တင်း (၁၀၀)ကျော်ခန့်ရှိပါသည်။ ထို့အပြင် တချိန်တည်းမှာတွင် ရှမ်းပြုံးချောင်းကျေးရွာရှိ အိမ် (၉)လုံးအား မီးရှို့ခဲ့ကြောင်း သိရှိရပါသည်။
ဤကဲ့သို့အရပ်သားပစ်မှတ်များကို ပစ်မှတ်ထား တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည့်ဖြစ်စဥ်အား ဦးဆောင်ခဲ့သူမှာ တပခ လက်အောက်ခံ ခလရ ၃၉ တပ်ရင်းမှူးဖြစ်သည်ဟု သိရှိရပါသည်။
23/09/2023
23.9.20230 ခ့ၣ်အဲၣ်ယူၣ်-တီအူကီၢ်ရ့ၣ်၊ ကီၢ်သူလ့ၤ- ဖဲ 10.9.2023 နံၤ ပယီၤသုးမီၤစိရိၤ ကဘီယူၤ ဟဲခးလီၤတၢ်လၢ ခ့ၣ်အဲၣ်ယူၣ်-တီအူကီၢ်ရ့ၣ်၊ ဒီၣ်ဖးခိၣ်ကီၢ်ဆၣ်၊ ထံသၣ်စီကဝီၤ၊ ထံၣ်သၣ်စီ သဝီအပူၤ ဒီး ကမျၢၢ်သံ(2)ဂၤ ဘၣ်ဒိ(4)ဂၤန့ၣ်လီၤ။ 10.9.2023 ရက်နေ့တွက် မြန်မာအကြမ်းဖက် အာဏာသိမ်း စစ်တပ်မှ ကေအဲန်ယူ၊ တောအူး(တောင်ငူ)ခရိုင်၊ ဒေါ်ဖခို(သံတောင်ကြီး)မြို့နယ်၊ ထီးသာစောအုပ်စု ၊ ထီးသာစောရွာတွင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ(၂)ဦး သေဆုံးခဲ့ရပြီး (၄)ဦး ထိခိုက်ဒါဏ်ရာရခဲ့ပါသည်။
10/09/2023
ပယီၤသုးမီၤစိရိၤအသုး ပာ်ပနီၣ်ကမျၢၢ်သ့ၣ်တဖၣ်ဒ်သိး တၢ်ခးပနီၣ်တခါ ဒီး ခးလီၤ ကျိဖိ,ကျိဖးဒိၣ် 60mm ဆူ သဝီအပူၤ(ကီၢ်သူလ့ၤ, KNU တီအူကီၢ်ရ့ၣ်) - ဖဲ ၂၀၂၃နံၣ် လါစဲးပတ့ဘၢၣ် ၉သီအနံၤ မုၢ်နၤခီ ၉:၃၀ ဆၢကတီၢ် ပယီၤမီၤစိရိၤသုး (ခမရ-၃၀၆) ခးလီၤ ကျိဖိ,ကျိဖးဒိၣ် 80mm ဆူ ထီတထူၣ်ကီၢ်ဆၣ်,ပၢၤထံးကဝီၤ, တယၢ်လူၢ်သဝီအပူၤန့ၣ်လီၤ။ 60MMကျိခံ တဖျၢၣ်လီၤတီတီ ဆူ သဝီအပူၤ ဒီး ပိၢ်ထီၣ်ဝဲဒၣ်ဒီး ကျိဖးဒိၣ်အချံအက့အခီ လီၤဝဲဒၣ်ဆူ ကမျၢၢ်တဂၤအဟံၣ်ခိၣ်န့ၣ်လီၤ။အကြမ်းဖက် အာဏာသိမ်းမြန်မာစစ်တပ်မှ လူထုများကိုပစ်မှတ်သဖွယ်ပစ်မှတ်ထားပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီး 60MM နှင့် လက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်း- (ကော်သူးလေ KNU တောအူးခရိုင်)
ထောတထူမြို့နယ်၊ ပယ်ထိအုပ်စုအုပ်စု၊ တယာလူကျေးရွာအတွင်းသို့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (9)ရက်နေ့ ည ၉:၃၀ အချိန်ခန့်တွင် အကြမ်းဖက်အာဏာသိမ်း မြန်မာစစ်တပ် ခမရ-306 မှ လက်နက်ငယ်များဖြင့်သော်၎င်း,လက်နက်ကြီး 60mm ဖြင့်သော်၎င်း ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်ခဲ့ခြင်းကြောင့် 60MM ကျည်တလုံးသည် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အပိုင်းအစတချို့ ပြည်သူတဦး၏ အိမ်ခေါင်မိုးပေါ်မှ အိမ်တွင်းသို့ကျရောက်ထိမှန်ခဲ့ပါသည်။
09/09/2023
ပယီၤသုးမီၤစိရိၤအသုး ပာ်ပနီၣ်ကမျၢၢ်သ့ၣ်တဖၣ်ဒ်သိး တၢ်ခးပနီၣ်တခါ ဒီး ခးလီၤ ကျိ M-79, 60mm, 80mm အဖျၢၣ်(၃၀)ဘျဲၣ်ဆူ သဝီအပူၤဒီး ကမျၢၢ်တၢ်ဖံးအီၣ်မၤအီၣ်တၢ်အလီၢ်, ကီၢ်သူလ့ၤ, KNU တီအူကီၢ်ရ့ၣ်- ဖဲ ၂၀၂၃နံၣ် လါစဲးပတ့ဘၢၣ် ၇သီအနံၤ မုၢ်နၤခီ ၈:၃၀ ဆၢကတီၢ် ပယီၤမီၤစိရိၤသုး (စကခ-၂၀) ခးလီၤ ကျိဖးဒိၣ် M-79, 60mm, 80mm ဆူ ထီတထူၣ်ကီၢ်ဆၣ်,ကီၢ်သ့ဒၢကဝီၤ, ချၢၣ်လၤသဝီအပူၤဒီး ကမျၢၢ်တၢ်ဖံးအီၣ်မၤအီၣ်တၢ်လီၢ်သ့ၣ်တဖၣ်အပူၤန့ၣ်လီၤ။ လၢအကျါ M-79ကျိခံ တဖျၢၣ်လီၤတီတီ ဆူ ကမျၢၢ်တဂၤအဟံၣ်ခိၣ် ဘၣ်ဆၣ်ဒီး တပိၢ်ထီၣ်ဘၣ်န့ၣ်လီၤ။ ကျိဖးဒိၣ်အချံအဂၤသ့ၣ်တဖၣ် လီၤတဲာ်ပိၢ်ဖးဝဲလၢ ကမျၢၢ်တၢ်ဖံးအီၣ်မၤအီၣ် အလီၢ် သကုၤဆးဒး န့ၣ်လီၤ။ ကမျၢၢ်သ့ၣ်တဖၣ် က လဲၤဆူတၢ်ဖံးအီၣ်မၤအီၣ်အလီၢ် ဘၣ်ယိာ်တၢ်ဒီး အိၣ်သဝီအပူၤစ့ၢ်ကီးဘၣ်ပလီၢ်ပဒီအသးန့ၣ်လီၤ။အပူၤကွံၤ ၂၀၂၃ လါမ့ၤ ၃၁ သီစ့ၢ်ကီး ပယီၤမီၤစိရိၤသုး ခးလီၤကျိဖးဒိၣ်ဆူ သဝီပူၤအဃိ ပိာ်မုၣ်ဘၣ်ဒိဝဲဒၣ် (၄)ဂၤ ဒီးအကျါပာ်ဃုာ်စ့ၢ်ကီး ဖိသၣ်ပိာ်မုၣ်(၃)နံၤတဂၤန့ၣ်လီၤ။ အကြမ်းဖက် အာဏာသိမ်းမြန်မာစစ်တပ်မှ လူထုများကိုပစ်မှတ်သဖွယ်ပစ်မှတ်ထားပစ်ခတ်ခြင်းနှင့် လုပ်ကိုင်စားသောက်ရာ ဥယျာဉ်ခြံမြေများအတွင်းသို့ လက်နက်ကြီး M-79, 60mm, 80mm များဖြင့်ပစ်ခတ်ခြင်း- (ကော်သူးလေ KNU တောအူးခရိုင်)
ထောတထူမြို့နယ်၊ ကော်သေးဒဲအုပ်စု၊ ခလယ်လာကျေးရွာအတွင်းနှင့် ဥယျာဉ်ခြံမြေများအတွင်းသို့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့ ည ၈:၃၀ အချိန်ခန့်တွင် အကြမ်းဖက်အာဏာသိမ်း မြန်မာစစ်တပ် စကခ-၂၀ မှ လက်နက်ကြီး M-79, 60mm, 80mm များ အလုံး(၃၀)ကျော်ခန့် ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်ခဲ့ခြင်းကြောင့် M-79 ကျည်တလုံးသည် ပြည်သူတဦး၏ အိမ်ခေါင်မိုးပေါ်သို့တည့်တည့်ကျရောက်ခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိသောကြောင့် အိမ်တွင်းရှိ မိသားစုဝင်များ ထိခိုက်မှု မရှိခဲ့ပေ။ ကျန်သောကျည်များမှာ ပြည်သူလူတု လုပ်ကိုင်စားသောက်ရာ ဥယျာဉ်ခြံမြေအနှံ့သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရပါသည်။ ပြည်သူလူထုများမှ မိမိတို့လုပ်ကိုင်စားသောက်ရာ ဥယျာဉ်ခြံမြေများသို့ သွားရောက်လုပ်ကိုင်ရန်စိုးရိမ်ကြောက်လန့်နေရသည့်အပြင် ရွာအတွင်း၌လည်း သတိဝီရိယဖြင့် နေနေကြရပါသည်။ ထို့အပြင် အကြမ်းဖက်အာဏာသိမ်း မြန်မာစစ်တပ်က လွန်ခဲ့သော 2023ခုနှစ် မေလ 31 နေ့တွင်လည်း ခလယ်လာကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းကြောင့် 3နှစ်အရွယ်အမျိုးသမီးခလေးတယောက်အပါအဝင် အမျိုးသမီး(၄)ဦး ထိခိုက်ဒါဏ်ရာရခဲ့ပါသည်
စကစတပ်မှ အပြစ်မဲ့ပြည်သူလူထုများ၏ လုပ်ကိုင်စားသောက်သောနေရာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း
21.8.2023တနင်္လာနေ့ တောအူးခရိုင်- ကော်သူးလေ
KNUတောအူးခရိုင်-ထောတထူမြို့နယ်-ပယ်ထိအုပ်စုအတွင်းရှိပြည်သူလူထုလုပ်ကိုင်စားသောက်သောဥယာဥ်ခြံမြေနေရာ ကျောက်ကုန်းအရပ်သို့ 13.8.2023ရက်နေ့ နေ့လည်3:30မိနစ် အချိန်ခန့်တွင် ဘုံမ္မတီးရွာအခြေစိုက် စကစတပ် ခမရ
(306)တပ်မှ လက်နက်ကြီး(60.MM)5လုံးကိုအကြောင်းမဲ့ပစ်ခတ်ခဲ့သည်ဟုသိရှိရပါသည်
ထို့အတူ ည9:00အချိန်ခန့်တွင်လည်း ဇရပ်ကြီးအခြေစိုက် စကစတပ် ခလရ(73)တပ်မှလက်နက်ကြီး(120.MM)တစ်လုံးကို ကျောက်ကုန်းအရပ်ရှိ ပြည်သူလူထုများ၏ လုပ်ကိုင်စားသောက်သောဥယာဥ်ခြံမြေနေရာများသို့ အကြောင်းမဲ့ပစ်ခတ်ခဲ့သည်ဟုသိရှိရပါသည်
16/08/2023
16.8.2023- ကေအဲန်ယူ၊တောင်ငူခရိုင်၊ကော်သူးလေ
ရဲသင်တန်းဆင်းပွဲပြုလုပ်ခြင်း
ကေအဲန်ယူ၊တောင်ငူခရိုင်တပ်မဟာ(၂)နယ်မြေအတွင်း ရဲသင်တန်းဆင်းပွဲတရပ်ကို 15.8.2023 ရက်နေ့ ၌ ကေအဲန်ယူတောင်ငူခရိုင်၏ စီမံအုပ်ချုပ်နယ်မြေတနေရာတွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။
ကော်သူးလေ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ရည်ရွယ်ကာ ရဲသင်တန်းကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ (၄၅)ရက်အတွင်း အခြေခံစစ်သင်တန်း၊ ကေအဲန်ယူ၏ အခြေခံလမ်းစဉ်၊ မူလမ်းစဉ် နှင့်အတူ အမှုအခင်းစုံစမ်းစစ်ဆေးရေးပညာရပ်များကိုပါ သင်ကြားခဲ့ရခြင်းဖြစ်ပါသည်။
ဤသင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ခရိုင်ဥက္ကဌ ဗိုလ်မှုးချုပ်စောဒဲဖိုးက - ကျွန်တော်တို့ ကော်သူးလေ တောင်ငူခရိုင်ထဲမှာ ကော်သူးလေတရားဥပဒေပိုပြီးစိုးမိုးမှုရှိလာဖို့အတွက်သင်တန်းလုပ်ရခြင်းဖြစ်ပါတယ်။ ကရင်အမျိုးသားရဲတပ်ဖွဲ့က ကျွန်တော်တို့ ကော်သူးလေတောင်ငူခရိုင်ထဲမှာရှိတဲ့ ပြည်သူလူထုအားလုံးကို ဥပဒေအရ တန်းတူအကာအကွယ်ပေးခြင်းအခွင့်အရေး ရရှိဖို့ကူညီဆောင်ရွက်ပေးရမှာဖြစ်ပြီး တဖက်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဥပဒေဘောင်အတွင်းကနေ ကာကွယ်ကူညီဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်ဟု ပြောကြားခဲ့ပါသည်။
ကေအဲန်ယူ၊တောင်ငူခရိုင်၏ ရဲမှူး ဒုဗိုလ်မှူးကြီးစောဂျိုးဇက်က ယခုပေးသောသင်တန်းများသည် သဘောတရားမျှသာဖြစ်ပြီး ရှေ့ဆက် တာဝန်သိ၊တာဝန်ယူ၊တာဝန်ခံတဲ့ ရဲတပ်သား ကောင်းများဖြစ်ဖို့ရန် သင်တန်းဆင်းသည့် ရဲတပ်သားများမှ ကိုယ်တိုင် ကျင့်ကြံမှသာလျှင် ဖြစ်နိုင်မည်ဖြစ်ပြီး ရဲတပ်သားများစွမ်းရည်တိုးတက်ဖို့ သင်တန်းများစွာလိုအပ်သေးကြောင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့နိုင်ရန်လည်းလိုအပ်ကြောင်း ပြောဆိုသွားပါသည်။
16/08/2023
(စှော်ကရင်ဘာသာဖြင့်ရေးသည်) ကေအဲန်ယူ၊တောင်ငူခရိုင်၊ ကော်သူးလေ- ဖဲ 12.8.2023 အနံၤ တီအူကီၢ်ရ့ၣ်၊ ထီတထူၣ်ကီၢ်ဆၣ်၊ ကီၢ်သ့ဒၢကဝီၤ ကီၢ်ယုၢ်ကီၢ်စွဲၤကမျၢၢ်တီၤထီကၠိအပူၤ တၢ်မၤလၤကပီၤဝဲဒၣ် ကညီမၤထူရၤမုၢ်နံၤပှဲၤထီၣ် (73)ဝီတဝီ အမူးန့ၣ်လီၤ။ တၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤ ပှၤလၢဟဲထီၣ်မၤလၤကပီၤသ့ၣ်တဖၣ်မ့ၢ်ဝဲ တီအူကီၢ်ရ့ၣ်ခိၣ်နၢ်အါဂၤ ဒီး ကမျၢၢ်ထံဖိကီၢ်ဖိ၊ ကၠိသရၣ်၊သရၣ်မုၣ် ကၠိဖိဒီးမိၢ်ပၢ် သ့ၣ်တဖၣ်န့ၣ်လီၤ။(စှော်ကရင်ဘာသာဖြင့်ရေးသည်)တကတီၢ်ဃီ တၢ်ဘိးဘၣ်ရၤလီၤ ဒီး ဟ့ၣ်လၤကပီၤ စ့ၢ်ကီး ပှၤလၢအဒိးန့ၢ်ဘၣ် 2022 နံၣ် အဂီၢ် ပဒိၣ်မါရှၣ်ခိၣ်နၢ်ဖိတၢ်လၤကပီၤန့ၣ်လီၤ။ ပှၤလၢအဒိးန့ၢ်ဘၣ် 2022 နံၣ် အဂီၢ် ပဒိၣ်မါရှၣ်ခိၣ်နၢ်ဖိတၢ်လၤကပီၤမ့ၢ်ဝဲဒၣ် သရၣ်မုၣ်နီၢ်ဟ့ၣ်သံၣ်ကၠူန့ၣ်လီၤ။(စှော်ကရင်ဘာသာဖြင့်ရေးသည်(
ဘၣ်တၢ်ဟ့ၣ်အီၤခိၣ်ဖးအံၤလၢတၢ်ဂ့ၢ်မနုၤအဃိလဲၣ်န့ၣ် ဘၣ်တၢ်ဒုးသ့ၣ်ညါအဂ့ၢ်အကျိၤ ဖဲ(စှော်ကရင်ဘာသာဖြင့်ရေးသည်)
https://m.facebook.com/story.php?story_fbid=670232858472726&id=100064580533432&mibextid=Nif5oz
န့ၣ်လီၤ။(စှော်ကရင်ဘာသာဖြင့်ရေးသည်)
25/07/2023
ကေအဲန်ယူ - တောင်ငူခရိုင် - တပ်မဟာ(2) နယ်မြေ ဒေါ်ဖခိုမြို့နယ် ယာဒို ဒေသတွင် ပြီးခဲ့သည့် ဂျူလိုင်လ ၁၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA-ပူး ပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါသည်။
၁၃ ရက်ကြာတိုက်ပွဲ ဖြစ်ပွားချိန်တွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ လေယာဉ်ဖြင့် ဂျူလိုင်လ ၁၂ ရက်နေ့တွင် (2) ကြိမ် ဂျူလိုင်လ ၁၈ ရက်နေ့တွင် (၇) ကြိမ် ဂျူလိုင်လ (၂၂)ရက် နေ့တွင် (၁၃) ကြိမ် ဂျူလိုင်လ ၂၃ ရက်နေ့တွင် (၁၁) ကြိမ် ယာဒိုဒေသ ဝါသောခိုကျေးရွာနှင့် တပ်ကုန်းကျေးရွာများကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှု ကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အဉီး (၂ ) လုံး၊ ပြည်သူလူထုအိုးအိမ် အလုံး (၂၀) ထက်မနည်း၊ စပါးကျီ (၁) လုံး လယ်ယာမြေနှင့် စိုက်ပျိုးပင်များ ပျက်စီးဆုံးရှုံးခဲ့ပါသည်။
လက်ရှိအချိန်တွင် ယာဒိုဒေသသခံပြည်သူ (၂.၀၀၀) ကျော် စစ်ဘေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများနှင့် ခိုလှုံနေထိုင်ရန်အဆောက်အဦးများ အရေးပေါ်လိုအပ်မှုများလည်းရှိနေပါသည်။
13/05/2023
တီအူကီၢ်ရ့ၣ်၊ သုးက့ (၂) အတၢ်ဒုးသ့ၣ်ညါ (စှော်ကရင်ဘာသာဖြင့်)
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Nakhon Ratchasima
