Mama’s Nest Kids Cafe’ Bangkok

Mama’s Nest Kids Cafe’ Bangkok

แชร์

Sweets moments, shared together at Mama’s Nest Kids Cafe’ Bangkok.

26/04/2026

အခု page မှာလဲ order တင်လို့ ရပါတယ်နော်။

ဗမာကြက်သား ဆီပြန်ဟင်း နဲ့ အုန်းထမင်း

ကြက်သားဆိုရင် ဗမာကြက်ပဲ စားချင်တယ်ဆိုတဲ့ Customer များအတွက် ဗမာကြက် ကိုမဆလာတို့ ဒိန်ချဥ်တို့နဲ့ အရသာလေး နှပ်ထားပြီး အချိုမှုန့် မသုံးဘဲ ကြက်ရဲ့ အချိုအရသာအတိုင်း အနှစ်များများနဲ့ ချက်ပေးထားပါတယ်။

ကြက်သားအတုံးကြီးကြီးကို မဆလာနံ သင်းသင်းလေးနဲ့ စားကောင်းအောင် ချက်ပြုတ်ပြင်ဆင် ပေးထားပြီး ဘယ်တော့မှ မရိုးတဲ့ အုန်းထမင်းလေးနဲ့ အတူတူ တွဲစားရမှာပါ။

အရံဟင်းအနေနဲ့ ပဲနီလေးဟင်းချို၊ သရက်ချဥ်သုပ်တို့ကိုလဲ ပါမှာမို့ ဒီနေ့ ညနေစာလေး အတွက် အော်ဒါလေးတင်လို့ ရပါပြီနော်

25/04/2026

ဘန်ကောက်မှာ တရုတ်တန်းမှာ စားရတဲ့ ဝက်လက်စွပ်ပြုပ်လေးကို လွမ်းနေတဲ့သူရှိလား ?

နေ့ခင်းဘက်နေပူပူမှာ ပုစွန်ခွက်ကြော်သုပ်လေးနဲ့ တွဲဖက်စားဖို့ အသင့်တော်ဆုံး Menu လေးက
ဝက်လက်စွပ်ပြုပ်လေးပါ။

ဝက်လက်ရဲ့ အရိုးမှာကပ်နေတဲ့ အသားလေးတွေကို နူးအောင်ပြုတ်ထားပြီး အရိုးပြုတ်ရည် ချိုချိုလေးထဲ ရှောက်ရွက် မွှေးမွှေးလေးထည့်ပြီး ပြင်ဆင်ပေးထားတဲ့ ဝက်လက်စွပ်ပြုတ်လေး
MaMa’s Nest မှာ ရပါပြီနော်။




#ဝက်လက်စွပ်ပြုပ်

24/04/2026

ဘန်ကောက်မှာ စားရခဲတဲ့ ပုစွန်ခွက်ကြော်သုပ်၊ နာမည်ကြီးနေတဲ့ ဖက်ခေါက်ဆွဲကြော်၊ ငါးသုံးမျိုးနဲ့ ချက်တဲ့ ညနေခင်းမုန့်ဟင်းခါး၊ အိမ်အလွမ်းပြေ အုန်းနို့ခေါက်ဆွဲ နဲ့ တခြား အစားအစာ စုံစုံလင်လင် ရတာမို့ MaMa’s Nest မှာ လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။




#ညနေခင်းမုန့်ဟင်းခါး
#သုံးရောင်ခြယ်မုန့်ဟင်းခါး
#ပုစွန်ခွက်ကြော်သုပ်
#ဝက်လက်စွပ်ပြုပ်
#ဖက်ခေါက်ဆွဲကြော်
#အုန်းနို့ခေါက်ဆွဲ

24/04/2026

ဗမာကြက်ရဲ့ ချိုစိမ့်တဲ့ အရသာနဲ့ 𝗠𝗮𝗺𝗮’𝘀 𝗡𝗲𝘀𝘁 ရဲ့ 𝗡𝗲𝘄 𝗠𝗲𝗻𝘂 “ကြက်ပဲရည်သုပ်”

𝗠𝗮𝗺𝗮’𝘀 𝗡𝗲𝘀𝘁 ရဲ့ ထပ်မံထွက်ရှိလာတဲ့ 𝗠𝗲𝗻𝘂 ဖြစ်တဲ့ “ကြက်ပဲရည်သုပ်” ကတော့ လုံးဝ ထိမိဂွိစေဖို့ကတော့ လုံးဝ အာမခံပဲ

Mama’s Nest ရဲ့ ကြက်ပဲရည်သုပ်ကို ဗမာကြက်စစ်စစ် ကိုသာ အသုံးပြုထားလို့ အသားရဲ့ ချိုစိမ့်တဲ့အရသာကို အပြည့်အဝရရှိစေမှာပါ

ပဲရည်ပျစ်ပျစ်လေး နဲ့ လတ်ဆတ်တဲ့ ရှောက်ရွက်မွှေးမွှေးလေး နဲ့ ပူဆီနံ နံသင်းသင်းလေး က အသုပ်ကို ပိုပြီး အရသာထူးကဲသွားစေပါတယ်

တစ်လုပ်စားလိုက်တိုင်းမှာ ဗမာကြက်ရဲ့ အချို၊ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ ရနံ့နဲ့ ပဲရည်ရဲ့ ဆိမ့်ရသာတို့ ပေါင်းစပ်မှုတို့ရဲ့ နိဗ္ဗာန် “ကြက်ပဲရည်သုပ်” ချဉ်ငံစပ်ကို ခုပဲ Mama’s Nest မှာ လာရောက်မြည်းစမ်းနိုင်ပါပြီ

Opening Hour : 9 AM - 9 PM (Monday Off)

Address -169 UNIT K8,SOI SUKHUMVIT 93,SUKHUMVIT ROAD BANG CHAK, PHRA KHANONG, BANGKOK, 10260

Map

https://maps.app.goo.gl/hsbeCiagrqV1NPpk7?g_st=ipc

Phone : +66 634 206 419

#ကြက်ပဲရည်သုပ်

24/04/2026

အုန်းနို့ခေါက်ဆွဲ ကြိုက်တဲ့သူတွေရှိလား?

MaMa’s Nest မှာ အုန်းနို့ခေါက်ဆွဲ လည်း ရပါတယ်နော်

အုန်းနို့နံ့မွှေးမွှေး အုန်းနို့ဟင်းရည်ပျစ်ပျစ်လေးကို
နူးညံ့တဲ့ ခေါက်ဆွဲ လေးနဲ့ အတူ topping စုံစုံလေးတွေနဲ့
စားလိုက်တာနဲ့ အမေအိမ်ကို လွမ်းသွားရမယ့် အုန်းနို့ခေါက်ဆွဲ

အချိုမှုန့်မသုံးဘဲ ကြက်သာား၊ ကြက်ရိုးရဲ့ အချိုအရသာနဲ့
အရသာထိမိအောင်ချက်ပြုတ်ထားတာမို့

Mama’s Nest မှာ လာရောက်မြည်းစမ်းနိုင်ပါတယ်။





22/04/2026

စောင့်မျှော်နေတဲ့ MaMa’s Nest ရဲ့ Special Menu လေးတွေ လာမယ့် စနေ၊ တနဂ်နွေ မှာ ရပါပြီနော် 🥰🤤📣

စနေနေ့ အတွက်ကတော့ သင်္ကြန် တွင်းမှာ သင်္ကြန်ထမင်း မစားလိုက်ရတဲ့ သူတွေအတွက် ငါးခြောက်ထောင်းလေးရပါမယ်ရှင့်။ သူချည်းပဲလားဆိုတော့ မဟုတ်ပါဘူးရှင့် ဝက်သားအိုးကြီးချက်လေးပါ ရပါမယ်ရှင့်။ 🐖🐟🐠
တွဲဖက်စားဖို့အတွက် သရက်ချဥ်သုပ်လေးနဲ့ ပဲနီလေးဟင်းချိုလေးပါ ပြင်ဆင်ပေးမှာပါ။ ❤️💜

တနဂ်နွေအတွက်ကတော့ အုန်းထမင်းလေး ချက်ပါမယ်ရှင့်။ ဗမာကြက်ချိုချိုလေးကို အတုံးကြီးကြီးလေး နဲ့ နူးနူးလေးဖြစ်အောင် ချက်မယ့်အပြင်၊ အမဲသားနပ် နူးနူးအိအိလေး လဲရမှာပါနော်။🥩🐓🍗🥰

တွဲဖက်စားဖို့အတွက်ကတော့ ငရုတ်သီးကြော်နဲ့ မန်ကျည်းရွက်သုပ်လေးပါရှင့်။

အော်ဒါလေး ကြိုမှာလို့ ရပါပြီနော်။ အော်ဒါ မှာသလောက်ပဲ ချက်မှာမို့ page မှာ သောကြာနေ့ည နောက်ဆုံး လာမှာလို့ ရပါပြီရှင့်။ 🙏






19/04/2026

A little late, but full of appreciation and love 💛🎉

Yesterday we celebrated someone truly special in our team. She’s more than just a table attendant — she’s the heart that connects us.

Being the eldest in the team, she naturally looks after everyone with so much care, patience, and kindness. She’s someone we deeply trust and rely on — a true big sister to us all 🤍

We are so grateful to have you with us. Wishing you a year filled with happiness, good health, and everything you deserve 🎂✨

Belated Happy Birthday! 🎉💫

17/04/2026

Sorry, we announced that our shop is closed (half day) today (17 April 2026)
Sorry for your inconvenience🙏

12/04/2026
Mama’s Nest Kids Cafe’ Bangkok · 4.7★(29) · Coffee shop 12/04/2026

ကျွန်မတို့ MaMa’s Nest ဆိုင်လေးမှာလည်း သက်ြန်စတုဒီသာ အနေနဲ့
14th April (အဂ်ါနေ့)မှာ မုန့်လုံးရေပေါ်၊
15th April (ဗုဒ္ဓဟူးနေ့)မှာ မုန့်ကြာစိသာကူနဲ့
16th April (ကြာသပတေးနေ့)မှာ မုန့်လက်ဆောင်း အလှုုလေးတွေရှိပါတယ်ရှင်။

ရေကစားရင်းနဲ့ မောလို့ဖြစ်ဖြစ်၊ ရာသီဥတုပူလို့ အေးအေးချိုချိုလေးစားချင်ရင်ဖြစ်ဖြစ် ကျွန်မတို့ဆိုင်လေးကိုကြွရောက်အားပေးကြဖို့ အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်။ နေ့လည် ၁၂ နာရီ ကနေစပြီး လာရောက်သုံးဆောင်လို့ရပါပြီရှင့်။

ဆိုင်လိပ်စာလေးကတော့ BangChak BTS station က အဆင်း Sukhumvit 93လမ်းထဲတည့်တည့်ဝင်လာခဲ့ပြီးရင် CJ Mall ရဲ့ ဘေးထဲမှာ MaMa’s Nest Kids Cafè ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ဆိုင်လေးပါရှင်။

Google Map Link :

Mama’s Nest Kids Cafe’ Bangkok · 4.7★(29) · Coffee shop 169 Soi Sukhumvit 93, Bang Chak, Phra Khanong, Bangkok 10260, Thailand

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Phra Khanong?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


169 Soi Sukhumvit 93
Phra Khanong
10260

เวลาทำการ

อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00