15/04/2026
ယနေ့ သင်္ကြန်မှာ Ayutthaya က
Wat Phanan Choeng Worawihan Temple မှာ
ဘုရားဖူး လှူဒါန်း ကုသိုလ်ပြုခဲ့ပါတယ်။
နှစ်သစ်မှာ လူ နတ် ဗြမ္မာ သတ္တဝါအပေါင်း
ကျန်းမာ ချမ်းသာ၍ ဘေးရန်မှန်သမျှ ကင်းပါစေ။
ထိုင်းနိုင်ငံမှ မြန်မာလူမျိူးပိုင်ဆိုင်သော ခရီးသွားကုမ္မဏီ
15/04/2026
ယနေ့ သင်္ကြန်မှာ Ayutthaya က
Wat Phanan Choeng Worawihan Temple မှာ
ဘုရားဖူး လှူဒါန်း ကုသိုလ်ပြုခဲ့ပါတယ်။
နှစ်သစ်မှာ လူ နတ် ဗြမ္မာ သတ္တဝါအပေါင်း
ကျန်းမာ ချမ်းသာ၍ ဘေးရန်မှန်သမျှ ကင်းပါစေ။
13/04/2026
Bangkok က စက်သုံးဆီဆိုင်တွေမှာ
ကားတန်းစီရတာ မရှိပါဘူး။
ဒီမှာက မလိုအပ်ရင် ဆီမထည့်ကြလို့ပါ။
13/04/2026
ယတြာ အဆောင် လက်ဖွဲ့ ဝါသနာပါသူတွေ
သွားရောက် ဖူးမျှော် လှူဒါန်း လည်ပတ်သင့်တဲ့
Bangkok ကနေ 46 kilos အကွာ Mahachai ဘက်မှာရှိတဲ့ Wat Tha Mai ပါ။
02/04/2026
သတင်းကောင်းပါ။
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး
ယနေ့ပြန်ဖွင့်လိုက်ပါပြီတဲ့။
မူရင်း Photo ပိုင်ရှင် Credit ပါ။
31/03/2026
ယနေ့ သွားရောက်ဖူးမျှော် လှူဒါန်းခဲ့သော
Don Mueang နယ်မြေက
Wat Weru Wanaram ပါ။
09/11/2025
Bangkok မြို့ကိုအလည်ရောက်တုန်း
သဘာဝဆန်ဆန် အလှအပတွေခံစားရင်းနဲ့
နေ့လည်စာ ညနေစာ စားမယ်ဆိုရင်တော့
PARK SATHORN RESTAURANT ကို
သွားရောက် စားသောက်နိုင်ပါတယ်။
စျေးနှုန်းကတော့ သာမန်ထက်ပိုပါတယ်။
တည်နေရာအတွက် အောက်မှာ Link ချပေးထားပါတယ်။
PARK SATHORN RESTAURANT · Sathon, Bangkok Find local businesses, view maps and get driving directions in Google Maps.
ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်ချင် (ကုမ္မဏီတည်ထောင်) သူများအတွက် သိရှိသမျှ အကြမ်းမျဥ်း ရေးသားပေးပါမယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကြောင့် ယခုအခါ ထိုင်းနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံနေကြသူတွေ ရင်းနှီးမြှုပ်နှံဘို့ ကြိုးစားနေကြသူတွေ စုံစမ်းမေးမြန်းနေကြသူတွေ များပြားလာတာနဲ့အမျှ ကုမ္မဏီတည်ထောင်ပေးခြင်းနဲ့ Visa လုပ်ပေးခြင်း စသည်တို့နဲ့သက်ဆိုင်တဲ့ Service ကုမ္မဏီများစွာပေါ်ပေါ်ပေါက်နေပြီး မြန်မာဝန်ထမ်းများ/ မြန်မာ Agent များကတဆင့် လူမှုကွန်ယက်တွေမှာ အမျိူးမျိူးကြေငြာပေးနေတာ တွေ့ရပါတယ်။
အဲဒီ မြန်မာလို ကြေငြာမှုတွေနဲ့အတူ ကြေငြာသူတွေရဲ့ Comment တွေမှာ ကျသင့်ငွေအပါအဝင် သိလိုတာတွေကို စုံစမ်းမေးမြန်းသူတွေများနေပြီး အားလုံးက Chat Box မှာဘဲ အသေးစိတ်ဖြေကြားဘို့ ဖိတ်ခေါ်နေတာဘဲ တွေ့မြင်နေရပါတယ်။
ကျသင့်တဲ့စျေးနှုန်းများ (စျေးအမျိူးမျိူး) ကိုလဲ Chat Box မှာဘဲ ဖြေကြားပေးနေတယ်လို့ထင်ပါတယ်။
မြန်မာလိုကြေငြာတဲ့ Page တွေကတော့ ပွင့်လင်းမြင်သာစွာ စျေးနှုန်းတွေရေးပြထားတာ မတွေ့မိသလိုပါဘဲ။
Thai Service Company တွေကနေ Thai Language နဲ့ကြေငြာတဲ့ Website တို့ လူမှူကွန်ယက်တို့မှာတော့ (အများအားဖြင့်)သူတို့ရဲ့စျေးနှုန်းတွေကို ပွင့်လင်းမြင်သာစွာ ရေးသားဖော်ပြထားတာကို တွေ့ရမှာပါ။
Google, FB တို့မှာ ရှာကြည့်နိုင်ပါတယ်။
အမှန်အတိုင်းပြောရရင် ထိုင်းလိုကြေငြာတဲ့ ကုမ္မဏီ (အသေး/အလတ်) တွေရဲ့ Service Fee တွေက စျေးအရမ်းသက်သာပါတယ်။
မြန်မာ Guide တယောက်ခေါ်သွားပြီး လုပ်ခိုင်းလိုက်ရင် လွယ်ပါတယ်။
Service Fee 10,000 bahts လောက်က စပြီး အမျိူးမျိူးရှိပါတယ်။
English Language နဲ့ဖော်ပြတဲ့ Service Company (အကြီး) တွေရဲ့ Website တို့ လူမှူကွန်ယက်တို့မှာကျတော့ နိုင်ငံခြားသား (Foreigners) တွေကို အဓိကဆွဲဆောင်နေတာဖြစ်လို့ စျေးကြီးတာတို့ စျေးနှုန်းမဖော်ပြတာတို့ တွေ့မြင်ရမှာပါ။
ထိုင်းနိုင်ငံမှာ ကုမ္မဏီထောင်ရတာ Online ကနေပြုလုပ်လို့ရတဲ့အတွက် အရမ်းလွယ်ပါတယ်။
Thai Limited Company (BOI နဲ့ 100% Foreign Owned မပါ) တည်ထောင်ခြင်းအတွက် မိမိသိရှိသမျှ ဝေမျှပေးပါရရင် အဓိကလိုအပ်ချက်တွေက .....
၁။ Thai လူမျိူး (51% Share Holder) ရှိရပါမယ်။
(တည်ထောင်ပေးတဲ့ Service ကုမ္မဏီတွေက
ပိုက်ဆံယူပြီး အမည်ခံ Thai Nominee တွေကို
ထည့်သုံးပေးနေကြပေမဲ့ အန္တရာယ်များပါတယ်။)
ခင်မင် စိတ်ချရတဲ့ (သို့) အတူတွဲလုပ်မဲ့ Thai လူမျိူး.
ကိုရှာနိုင်ရင်တော့ အကောင်းဆုံးပါ။
၂။ ရုံးခန်းနေရာရှိရပါမယ်။
ကိုယ်ပိုင်ရုံးခန်းမငှားဘဲ လိပ်စာပြဘို့အတွက်
Virtual Office ဆိုပြီး ငှားခ တလကို 1,000 bahts
ကနေစပြီး ငှားပေးနေတဲ့ကုမ္မဏီတွေ ရှိပါတယ်။
၃။ကုမ္မဏီအမည်ကို ၃ ခုရွေးပေးပြီးတင်ပြရပါမယ်။
အမည်တူတိုက်ဆိုင်မှုမရှိရင် အတည်ပြုပေးတဲ့
အမည်နဲ့လုပ်လိုက်ရုံပါဘဲ။
၄။ ကိုယ်ကြိုက်တဲ့ ကုမ္မဏီလိုဂို (Logo) နဲ့
တံဆိပ်တုံး (Stamp) လိုပါတယ်။
ဗဟုသုတအနေနဲ့
• Private Limited Company တည်ထောင်ရင် အစိုးရကိုသွင်းရတဲ့ မှတ်ပုံတင်ကြေး (Registration Fee) က Registered Capital 100,000 bahts ကို 500 bahts နှုန်းပေးရပါတယ်။ Minimum က 5,000 bahts ပါ။
• တကယ်လို့ အနည်းဆုံး 1,000,000 Share Capital Company ထောင်ရမယ်ဆိုရင်တော့ 5,000 bahts ကျသင့်မှာဖြစ်ပါတယ်။
• Share Capital များရင် များသလို Share 100,000 bahts တိုင်းကို 500 bahts နှုန်းနဲ့တွက်ပြီးပေးရပေမဲ့ Maximum က 250,000 bahts ပါ။
• 1,000,000 Share Capital Company တည်ထောင်လို့ အစိုးရကိုပေးသွင်းရတဲ့ Registration Fee, Certificate Fee , Stamp Duty ဘာကြေး ညာကြေး စုစုပေါင်းကုန်ကျစရိတ်က 10,000 bahts ထက်မပိုပါ။
• Service လုပ်ပေး (ကုမ္မဏီတည်ထောင်ပေး) တဲ့သူတွေကတော့ သူ့စျေးနဲ့သူ စျေးအမျိူးမျိူးယူကြမှာပါ။အဲဒီစျေးထဲမှာ ရှေ့နေခ ကုမ္မဏီတံဆိပ်တုံးလုပ်ခ ဘာညာတွေ ပါသွားမှာပါ။
သူ့ Staff မဟုတ်တဲ့ မြန်မာ Agent ဘာညာနဲ့လုပ်လို့ ထပ်ပေါင်းယူရင်တော့ စျေးပိုမှာပေါ့။
အကြံပြုချင်တာက သေချာ လေ့လာ စဥ်းစား
အကြံဥာဏ်ရယူပြီးမှ ကုမ္မဏီထောင်ပါ။
ကုမ္မဏီထောင်ရတာ အရမ်းလွယ်ပေမဲ့ ဥပဒေနဲ့အညီ
ကုမ္မဏီကိုလည်ပတ်ဘို့ အဆင်မပြေလို့ ကုမ္မဏီကိုပြန်ပိတ်ဘို့ (အကုန်အကျပိုများ/လုပ်ငန်းအဆင့်ပိုများ) ကသာ ခက်ခဲတာပါ။
အခုဖြစ်နေတဲ့ တွေ့နေရတာများတာက မိခင်နိုင်ငံကနေ နိုင်ငံခြားငွေလွှဲပြောင်းပေးချေနိုင်မှုအခက်အခဲကြောင့် ထိုင်းနိုင်ငံမှာကုမ္မဏီတွေလာထောင်ပြီး ထိုင်းနိုင်ငံတွင်းမှာ လုပ်ငန်းတွေလုပ်တာမဟုတ်ဘဲ အဲဒီကုမ္မဏီတွေနံမည်နဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ငွေတွေလွှဲပြီး မိခင်နိုင်ငံကို ပစ္စည်းတွေတိုက်ရိုက်တင်သွင်းနေကြတာပါ။
အစပိုင်းတော့ လွတ်နေမှာပါ။
မကြာခင် ပြဿနာတွေတက်လာမှာ ဖြစ်ပါတယ်။
Thai Accountant တွေနဲ့ Thai Auditor တွေက အဲဒီကုမ္မဏီတွေရဲ့ စာရင်းမျိူးတွေကို တာဝန်ယူမပေးရဲကြလို့ အခက်အခဲတွေ့နေကြတဲ့ ကုမ္မဏီတွေ တွေ့နေရပါတယ်။
နောက်ပိုင်းစစ်ဆေးတွေ့ရှိလာရင် Bank Account တွေ ရပ်တာ/ပိတ်သိမ်းတာ ကုမ္မဏီတာဝန်ရှိသူတွေကို တရားစွဲတာ နိုင်ငံခြားသားတွေဆိုရင် ပြည်ဝင်ခွင့်ပိတ်တာ Black List သွင်းတာ ထိုင်းမှာရှိတဲ့ပိုင်ဆိုင်မှုတွေသိမ်းတာ အမျိူးမျိူးဖြစ်လာနိုင်ပါတယ်။
ယခုအခါမှာ ထိုင်းနိုင်ငံအတွင်းမှာဘဲ အမှန်တကယ်လုပ်ငန်းလုပ်နေတဲ့ ကုမ္မဏီကြီးတွေတောင် Thai လူမျိူးအမည်ခံပြီး (Nominee) လုပ်တဲ့ကိစ္စနဲ့ အရေးယူခံရ ပိုင်ဆိုင်မှုသိမ်းခံရတာတွေ အများကြီးပါ။
သတင်းစာတွေမှာ အကျယ်တဝင့်ပါပါတယ်။
ကုမ္မဏီထောင်ပေးတဲ့သူတွေကတော့ သူတို့ထောင်ပေးလိုက်ပြီးရင် သူတို့တာဝန်ပြီးသွားပြီမို့ ကျန်တာတွေက ကိုယ့်ကိစ္စနဲ့ကိုယ်ဖြစ်သွားမှာဘဲလေ။
အမှန်တကယ် ထိုင်းမှာ လုပ်ငန်းလုပ်ချင်လို့ ကုမ္မဏီထောင်မယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတာလေးတွေကို ဂရုတစိုက် လိုက်နာ မှန်မှန်ကန်ကန် လုပ်ဆောင်မယ်ဆိုရင် အန္တရာယ်ကင်းနိုင်ပါတယ်။
1.လစဥ် စာရင်းအင်း/စာရင်းကိုင်ကိစ္စ (Monthly Accounting)
2.လစဥ် Revenue Dept. ကို အခွန်စာရင်းတွေ ပြုစု/တင်သွင်း/အခွန်ဆောင်ရတဲ့ကိစ္စ (Taxation)
(VAT Register လုပ်ထားရင် PND-3, PND-53, PP-30 etc., ဝန်ထမ်းရှိရင် PND-1, တနှစ်ပြည့်ရင် PND-91 etc.,)
3.ဝန်ထမ်းရှိရင် လစဥ် လူမှုဖူလုံရေးစာရင်းတင်သွင်း/ငွေသွင်းခြင်း (Social Security)
4.နှစ်ဝက်စာရင်းတင်သွင်းရတဲ့ကိစ္စ (PND-51)
5.နှစ်ချူပ်စာရင်းပြုစု/တင်သွင်း/စာရင်းစစ်ကိစ္စ (Financial Statements, PND-51, Audit Report etc.,)
6.နိုင်ငံခြားသားဝန်ထမ်းရှိရင် Work Permit, Visa ကိစ္စ ( 2,000,000 bahts Share Capital Company မှာ Thai လူမျိူးဝန်ထမ်း ၄ ယောက်ရှိမှ နိုင်ငံခြားသား ၁ ယောက် နှုန်း Work Permit ရရှိပါမယ်)
ထိုင်းနိုင်ငံမှာ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းကိစ္စကို ထိုင်းနိုင်ငံရဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပဒေ/စည်းမျဥ်း/စည်းကမ်းတွေကို တတ်ကျွမ်းနားလည်ပြီး အတွေ့အကြုံရှိသူတွေနဲ့ သေချာဆွေးနွေးပြီးမှ လုပ်ဆောင်ပါလို့ တိုက်တွန်းပါရစေ။
အခုဖော်ပြပေးထားတာတွေကတော့ ကိုယ့်လူမျိူးတွေ သိချင်တာလေးတွေ သိပါစေ အဆင်ပြေပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိအတွေ့အကြုံအရ သိရှိသမျှကို အကြမ်းမျဥ်း ဖော်ပြပေးခြင်းသာ ဖြစ်ပါတယ်။
အားလုံအဆင်ပြေကြပါစေ။
10/10/2024
Central Village မှာ
Fitflop တွေ ၂ ရံယူရင်
70% Discount နဲ့ ရောင်းနေပါတယ်။
10/10/2024
Siam Premium Outlets, Bangkok မှာ
Sketchers တွေ Buy 1 Get 1 နဲ့ ရောင်းနေပါတယ်။
03/10/2024
၃ လုံးတိုက်ထီ ဝါသနာပါသူများအတွက် ....
Three-digit lottery tickets coming this month The Government Lottery Office (GLO) plans to issue three-digit lottery tickets this month to tackle the twin issues of overpricing and black-market tickets, board member Thanavath Phonvichai said on Wednesday.
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |
| เสาร์ | 09:00 - 17:00 |
| อาทิตย์ | 09:00 - 17:00 |