10/10/2026
"နှစ်၁၂၀နီးပါးက မြန်မာပြည်မြင်ကွင်းများ အပိုင်း(၄)"
ယခုပုံများသည် TWENTIETH CENTURY IMPRESSIONS OF BURMA-နှစ်ဆယ်ရာစု မြန်မာနိုင်ငံ မြင်ကွင်းစုံ မှတ်တမ်း” ဆိုသည့်စာအုပ်မှ "RANGOON-ရန်ကုန်" အခန်းတွင် ဖော်ပြထားသည့် ပုံများဖြစ်ပါတယ်။ ဒီစာအုပ်ကို LLOYD'S GREATER BRITAIN PUBLISHING COMPANY, LTD.(လွိုက်စ် ဂရိတ်တား ဘရစ်တိန် ပုံနှိပ်ထုတ်ဝေရေး ကုမ္ပဏီ လီမိတက်)က ၁၉၁၀မှာထုတ် ဝေခဲ့တာဖြစ်ပါတယ်။ လန်ဒန်မှာရှိတဲ့ ဂျေအေအက်စ်ထရပ်စကော့နှင့်သားများ လီမိတက်မှ ( JAS. TRUSCOTT & SON LTD.) ပုံနှိပ်တိုက်မှာ ပုံနှိပ်ရိုက်ခဲ့တာဖြစ်တယ်။စာအုပ်သက်တမ်းတင် ၁၁၆နှစ်သက်တမ်းရှိပြီဖြစ်ပါတယ်။
စာအုပ်ကိုတည်းဖြတ်သူတွေကတာ့ လန်ဒန်မှာနေတဲ့ ပင်တိုင်အယ်ဒီတာချုပ် - အာနိုးလ်ရိုက်တ်(EDITOR-IN-CHIEF: ARNOLD WRIGHT )၊ရန်ကုန်မှာတာဝန်ထမ်းဆောင်နေတဲ့လက်ထောက်အယ်ဒီတာများဖြစ်တဲ့- အိတ်ချ်အေကတ်ထရိုက်(ASSISTANT EDITORS: H. A. CARTWRIGHT) နှင့် အိုဘရိတ်စပီးယား(O. BREAKSPEAR)တို့ဖြစ်ကြပါတယ်။
ဒီစာအုပ်မှာ မြန်မာပြည်ရဲ့ မြန်မာ့သမိုင်း၊ လူမျိုး၊ ကူးသန်းရောင်းဝယ်ရေး၊ ဆက်သွယ်ရေး၊သာသနာရေး၊ပညာရေး၊ရှေးဟောင်းသုတေသနအစရှိသည်များကို တစ်ကဏ္ဍခြင်းစီ ဖော်ပြပေးထားတာဖြစ်ပါတယ်။ ထိုကဏ္ဍများကို သက်ဆိုရာပညာရှင်များက အသီးသီးရေးသားထားကြလို့ ၂၀ရာစု မြန်မာ့သမိုင်းအတွက်တော့ အလွန်ကောင်းမွန်တဲ့ အထောက်အထားများပါရှိတဲ့၊ အကိုအကားပြုနိုင်တဲ့ သမိုင်းစာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ထုတ်ဝေရတဲ့အကြောင်းကတော့ ထိုစဉ်ကမြန်မာနိုင်ငံဟာ ဗြိတိသျှအိန္ဒိယအင်ပါယာ၏ အဓိကအစိတ်အပိုင်းဖြစ်သော်လည်း အိန္ဒိယ၏ ပြည်နယ်တစ်ခုထက် ပိုမိုအရေးပါပြီး ပထဝီဝင်အနေအထားသည် ထူးခြားစွာ အရေးပါလှသည်။ထို့အချက်ကြောင့် မြန်မာ့လူနေမှုဘဝ ကဏ္ဍစုံကို အသေးစိတ် ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရန် ကြိုးပမ်းထုတ်ဝေရတဲ့ စာအုပ်ဖြစ်တယ်လို့ အမှာစာကဏ္ဍ မှာဖော်ပြထားပါတယ်။ ပုံတွေများစွာပါလို့ အပိုင်း(၄)အနေနဲ့ဖော်ပြထားခြင်းဖြစ်ပါတယ်။
#ကိုလိုနီခေတ်မြန်မာပြည်
#နှစ်၁၂၀နီးပါးကမြန်မာပြည်