03/29/2026
အမည်မဲ့ - ၁
Virginia ပြည်နယ် ထဲက Local airport တခုဆီကို အမျိုးသမီးငယ် Maria တယောက် ခရီးသွားဖို့ ဝင်ရောက်လာပါတယ် ။
စာရွက်စာတမ်းကိစ္စများ နဲ့ တကွ luggage check in, လုံခြုံရေးဆိုင်ရာ စစ်ဆေး မှုများအပြီး boarding pass ရယူပြီးတဲ့နောက် -
လေယာဉ်ပြေးလမ်းများကို မြင်ကွင်းကျယ်မြင်ရတဲ့ Departure အခန်းထဲက ခုံတန်းရှည်တခုမှာ ထိုင်ချလိုက်ပါတယ် ။
ဘေးတဖက်မှာတော့ တကိုယ်ရည်သုံး လက်ဆွဲ trolley baggage အသေးနဲ့ laptop အိတ်ငယ် ၊ လေယာဉ်မထွက်ခင်အဆာပြေစားဖို့ ကွတ်ကီးမုန့်တထုပ် ရေဗူးငယ်တလုံး အသင့် ။
Boarding ခေါ်ဖို့ နှစ်နာရီနီးပါး လိုသေးတာကြောင့် လက်ကိုင်ဖုန်းထဲ ဟိုဟို ဒီဒီ မွှေနှောက် အချိန်ဖြုန်းနေတုန်း -
ဘေးနားမှာ အမျိုးသားတယောက် လာထိုင်လိုက်တာ သတိပြုလိုက်မိ ပါရော ။
….
🙄 “ အင်း …. ဗိုက်ဆာသလိုလိုရှိ -
ကွတ်ကီးမုန့်ထုပ်လေး ဖွင့်စားဦးမှပဲ “
လက်တဖက်က ဖုန်းကို ပွတ်လိုက် ကွတ်ကီးတခု နှိုက်စားလိုက်နဲ့ … ဒီခရီးစဉ်အတွက် စီမံခဲ့ရတာတွေ အတွက် ပြန်စဉ်းစားရင်းနက်ဖြန်တက်ရောက် ရမယ့် meeting မတိုင်ခင် ရတဲ့ အချိန်လေး အမောဖြေနေမိပါတော့တယ် -
ကွတ်ကီး အိတ်ထဲ ထပ်နှိုက်စဉ် … လူ့လက်တဖက် စမ်းမိတာကြောင့် - သေချာကြည့်မိမှ … စောစောက လာထိုင်တဲ့ ကိုလူချော ရဲ့ လက် ဖြစ်နေပါပေါ့လား -
သူ့လက်ထဲမလည်း ကွတ်ကီး တခု
😳
“ အင်း ဘာလဲဟ .. ငါ့မုန့်တွေ လာယူစားနေပါလား … ခွင့်လည်းမတောင်း လူချင်းလည်းမသိပဲနဲ့ ….. “
စိတ်ထဲတော့ ခိုးလုခုလု ဖြစ်သွားပါတယ် -
“ ဪ … ဗိုက်ဆာလို့ နေမှာပါလေ .. “
အဲဒါနဲ့ … ဖုန်းစကရင် ပေါ်ပဲ အာရုံပြန်ရောက်သွား ……
တော်ကြာနေ ကွတ်ကီးထပ်နှိုက်ပြန်တော့ .. ခုနက လက်နဲ့ ထပ်တိုးပြန်ပါရော -
“ ဟင် .. ဘယ်လို လူပါလိမ့် - သူ့များမုန့် ခွင့်မတောင်းဘဲ လာယူစားနေပါလား 😡နဲနဲတော့ တင်းပြီလေ “
အဲဒါနဲ့ အဲဒီ ငနဲသား မျက်နှာကို ရှုတည်တည် လှည့်ကြည့် လိုက်ပါတယ်
“ ဘာလို့ ငါ့မုန့်တွေ လာနှိုက်စားတာလဲ .. “ ဆိုတဲ့ မျက်နှာပေး နဲ့ပေါ့
အံမာ - ကိုယ်တော်က ပြုံးတောင်ပြနေသေး …
အင်း .. ရှိစေတော့ -
ခရီးသွားနေတုန်း အာရုံမနောက်ချင်ဘူး ..
ခွေးလေး ကြောင်လေး ကျွေးလိုက်တယ်လို့ မှတ်လိုက်ပါမယ် ။
ဖုန်းထဲ က မီဒီယာ ဆွဲဆောင်မှုနောက်ကို ပါသွားပြန်ရော…
ရေဗူးထဲ က ရေတငုံ မျိုချရင်း …
ကွတ်ကီး ထပ်နှိုက်ပြန်တာ … 😳
ဟိုလူ နဲ့ တိုးပြန်ပါရော -
လူစိမ်းတယောက်နဲ့
စကားမများချင်ဘူး
စိတ်ထိန်းရင်း ..
ကွတ်ကီးထုပ်တဲ့ ကြည့်မိ -
အယ် … မုန့်တောင် တခုပဲ ကျန်တော့ပါလား ..
ဟာ - ဒါတော့ အတော်ဆိုးသွားပြီ ..
ဘေးနားကို လူကြည့်မိတော့ -
ပြုံးပြလာပြန်ရော -
ဟာ .. ဒီငနဲသား အတော် နှာဘူး တဲ့ကောင်ပဲ
လေဆိပ်ရဲ ကို သွားတိုင်ရမလား ..
စဉ်းစားနေတုန်း -
တခုတည်းသော လက်ကျန် မုန့်ကို ..
မောင်မင်းကြီးသားက ကောက်ယူလိုက်ပါတယ် -
စိတ်ပျက်စရာပဲ .. ဘယ်လောက်တောင် ငတ်ပြတ်နေတာလဲ ??
မိန်းကလေး တယောက်တည်းဆိုပြီး
ဒါမျိုးလာကျော လို့မရဘူးလေ -
ခပ်တင်းတင်း ကြည့်နေတုန်း ကွတ်ကီးကို သူမဆီ ထိုးပေးလာပါတယ် …
ဟွန့် - သူကပဲ ပြန်သဘောကောင်းပြနေ…
စိတ်တိုတိုနဲ့ ဆက်ကနဲ ဆွဲယူပြီး စား လိုက်မိပါပြီ ..
အတော်ရိုင်း
အတော် အရှက်နည်းတဲ့လူ ..
😡 သူများမုန့် ကို ခိုးနှိုက်နေတုန်း ပိုင်ရှင်နဲ့ ဒဲ့ တိုး မှ - ပြန်ပေးတဲ့လူ
…..
စိတ်ထဲ မကျေနပ်ပေမယ့် …
Maria တယောက် အငြင်းမပွါးလို အရှုပ်တွေ မရှင်းချင်တာကြောင့် ဘာမှ မပြောတော့ပါဘူး ..
စိတ်လျှော့ ထားလိုက်ပါတယ်
ဖုန်းထဲကို ပြန်ကြည့်ရင်း boarding time ကိုပဲ စောင့်နေမိပါတယ်
တအောင့်လောက် ကြာပြီးနောက်….
လေယာဉ်ထွက်ဖို့ boarding စခေါ်ပါပြီ ။ ထိုင်နေတာ နာရီပိုင်းရှိပြီမို့ .. အကြောအခြင်ပြေ - ခါးလှည့် ဇက်လှည့် ဘေးဘီ ကြည့်မိတော့ ခုန မုန့်သူခိုး မရှိတော့ပါဘူး - အင်း ခုမှ စိတ်ရှင်းပေါ့ပါးသွား ..
ကိုနှာဘူး ခပ်လှမ်းလှမ်းမှာ boarding တန်းစီ နေပါပေါ့ -
အင်း ကောင်းလေစွ ။
ကဲ - ခရီးထွက် ဖို့ အချိန်ရောက်ပါပြီ..
laptop နဲ့ လက်ဆွဲအိတ်ငယ် ကို ပြန်စစ်
ရေဗူးအခွံကို trash bin ထဲ သွားထည့်ဖို့ အထ …. 😳
ဟင် .. ဘာလဲဟ
ကွတ်ကီးမုန့်ထုပ်တထုပ် ကို အသစ်အတိုင်းတွေ့ပါတယ် ။
သေချာ ကြည့်တော့မှ -
Duty free shop တွေက .. သူမ ကိုယ်တိုင် ဝယ်ယူခဲ့တဲ့ ကွတ်ကီးထုပ် ပါ …
ဟင် …
ဒါဆို - ခုန က နှိုက်စားခဲ့တာတွေ အားလုံးဟာ …. ဟာ ….
ဟာ ….
ဟို လူ့ မုန့်တွေပေါ့
- - - - - - - - - - - -
ဘဝ မှာ….
ဒီလို အဖြစ်အပျက်တွေ ကြုံဖူးကြမှာပါ ။
သူ့ဘက် ကိုယ့်ဘက်နဲ့ တကယ့် အရှိတရား ကို ကြည့်တတ်ဖို့ ..
လူသား ဆန်ဖို့ - ခွင့်လွှတ်တတ်ဖို့
ကျနော်တို့ အများကြီး သင်ယူရပါဦးမယ် ။
Truly,
Objetivo
Malcolm Sandritaရဲ့ the cookies lesson ကို မှီငြမ်းရေးသားပါသည် ။
03/08/2026
“ ပန်းတိုင် ဆီသို့ “
- အတောင်ပံရှိ သလား… ယုံကြည်မှု အပြည့်နဲ့ ပျံသန်းသွားပါ
- မပျံသန်း နိုင်ဘူးလား ….
အပြေးသွားပါ အခက်အခဲတွေအားလုံး ရင်ဆိုင် ဖြေရှင်းသွားပါ
- မပြေးနိုင်တော့ဘူးလား
လမ်းလျှောက်ပါ ခြေတောက်တွေ သယ်ဆောင်နိုင်နေသရွှေ့ ဆက်လှမ်းသွားပါ
- မလျှောက်နိုင်တော့ဘူးလား ….. တွားသွားလိုက်ပါ ကိုယ်စွမ်းသလောက်နဲ့ ဆက် သွားလိုက်ပါ
🤔 ပန်းတိုင်ဆီ ရောက်အောင်သွားဖို့ အမြန်နှုန်းက အဓိက မကျပါဘူး…. လမ်းကြောင်းမှန်ဖို့ နဲ့ ရပ်မပစ်ဖို့ပါပဲ
လဲကျသွားသလား ပြန်ထပါ
ဆက်လျှောက်ပါ
မမျှတမှုတွေ အကြောက်တရားတွေ
ဝမ်းနည်းကြေကွဲခြင်းတွေ
နာကျင်စရာတွေ ကျရှူံးမှုတွေရှိပါမယ်..
သင် ကိုယ်တိုင်မှတပါး -
ဘယ်လို အခက်အခဲမျိုးကမှ သင့်ခရီးကို ရပ်ပစ်နိုင်စွမ်းမရှိပါ
ကိုယ့်သမိုင်း ကိုယ်ရေးကြတဲ့အခါ -
ဘယ်တော့မှ အရှူံးမပေးခဲ့ကြသူများသာ အောင်နိုင်သူ စင်စစ်ဖြစ်ပါတယ် …
Truly,
Objetivo
#ဘဝတသက်တာ
Cited: Reflections on the road
03/07/2026
“ စာသင်ကျောင်း နှင့် လက်တွေ့ဘဝ “
စာသင်ကျောင်း က သင်ခန်းစာတွေ သင်ပေးပြီး သင့်ကို စာမေးပွဲစစ်ပါမယ်
စာလုပ်ထားရင် အောင်မြင်မှာပါ ။
လက်တွေ့ဘဝ မှာတော့ လောကဓံစာမေးပွဲတွေ ဖြေပြီးမှ သင်ခန်းစာတွေ ရပါလိမ့်မယ်
အောင်မြင်မှု - ကျရှုံးမှုတွေ က သင်ရဲ့ အစွမ်းအစ အပေါ် မူတည်ပါတယ် ။
Truly,
Objetivo
#ဘဝတသက်တာ
Cited: Positive vibes
03/05/2026
မြန်မာပြည်သားများခင်ဗျာ-
ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိပါစေ လို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်….
Objetivo page ကို “ DV for Myanmar အတွက် ရည်ရွယ်ပြီး လွန်ခဲ့စေသာ နှစ်များက တည်ထောင်ခဲ့ပါတယ် ..
မြန်မာတွေ အတွက် DV လည်း မရှိတော့တာမို့- page ဟာ တိတ်ဆိတ်နေခဲ့တာကြာပါပြီ
ခုနေအခါ …. စဉ်းစားမိတာတခုက 🤔
အင်းဂလိပ် ဘာသာဖြင့် ရေးသားထားသော ရသ စာပေများတွင် ကျနော်ဖတ်ဖြစ်တဲ့ ထဲက ( ကောင်းနိုးရာရာအချို့ ) ကို ဒီ ပေ့ ချ်မှာ - မြန်မာဘာသာဖြင့် ပြန်ဆို ဖေါ်ပြပေးလိုပါတယ် …
အမေရိကနေ သာမန်လူ တယောက်ရဲ့ ရှားပါးလှတဲ့ ကိုယ်ပိုင်အချိန်ထဲက ပြန်လည်မျှဝေပေးခြင်းဖြစ်တဲ့အတွက် - ခပ်ကျဲကျဲ ပဲ ဖြစ်ပါလိမ့်မယ် ..
ဘာသာပြန် စာပေ ကြိုက်နှစ်သက်သူများအတွက် …. မြည်းစမ်းကြည့်ပါ
Coming soon !
With heart,
Objetivo
12/19/2025
DV ကို ရက်အကန့်အသတ်မဖေါ်ပြပဲ ရပ်ဆိုင်းလိုက်ပါတယ် ….
အမေရိကန်ပြည်ထောင်စုရဲ့ အမိမြေလုံခြုံရေးဝန်ကြီး H.E ခရစ်စတီ နွမ် ရဲ့ ပုံ ပါ -
မြန်မာ အတွက်တော့ သိပ်ပိုထူးသွားတဲ့ ကိစ္စမျိုးမဟုတ်ပါ
US Homeland Security orders pause of DV1 visa program
Click the link in the comments below.
12/02/2025
DV 2027 ထိုးရင် case ၁ ခုကို 1USD ပေးသွင်းရပါမယ် -
ပြန်မအမ်းပါ -
Website ဖွင့်မယ့်ရက်တော့ အတိအကျမကြေငြာသေးပါ -
Yours,
Objetivo
Pic. taken by Objetivo .. Somewhere in NYC
11/24/2025
ထွမ့်ရဲ့ administration ကတော့ မြန်မာအတွက် TPS ကို ရက်ပေါင်း ၆၀ အတွင်း ရပ်ပါပြီ -
TPS - temporary protected status
10/27/2025
2027 အတွက် DV?
ထိုးရင် 1$ ပေးရမယ် ဆိုပေမယ့် ..
ခုထိ website မဖွင့်သေးပါ
ဖက်ဒရယ်က စီမံတာဆိုတော့ အစိုးရယန္တရားရပ်နေလို့မျာ့လား 🤔
ကိုယ့်နိုင်ငံကလည်း visa banned ခံထားရတော့ စိတ်ထဲ သိပ်မလေးနက်ပါဘူးဗျာ
မြန်မာနိုင်ငံသားများ -
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ..
ကိုယ့်နိုင်ငံသားချင်း စောင့်ရှောက်ဖေးမကြပါ
With regards,
Objetivo
09/29/2025
2025 DV selectee များ -
တခုခုများ ထူးသလားလို့ ကြည့်မိပါတယ်
မပေးမြဲ ပါပဲ
September 30 မှာ
DV eligibility သက်တမ်းကုန်ပါမယ်
DV selectee များ
ရန်ကုန် သံရုံးတွင် 2025 September 29 အထိ -
visa issued = 93
☝️ အမေရိကထဲ ရောက်အောင်လုပ်ပေးမယ် … လို့ပြောလာရင်
လူလိမ်ဖြစ်ဖို့ ၉၉% သေချာပါတယ်
ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေ
Friendly,
Objetivo
09/13/2025
2025 DV selectee များ -
ခု လ September 30 မှာ
DV eligibility သက်တမ်းကုန်ပါမယ်
Updated Facts and figures တွေပါ
DV selectee များ
ရန်ကုန် သံရုံးတွင် 2025 September 12 အထိ -
- visa issued = 93
( အသစ်ထုတ်ပေးခြင်းမတွေ့မိပါ )
- ready တွေ အများကြီး
- Refused တွေ များပါတယ်
- administative processing = NIL
DV selectee တွေကို..
☝️ အမေရိကထဲ ရောက်အောင်လုပ်ပေးမယ် … လို့ပြောလာရင်
လူလိမ်ဖြစ်ဖို့ ၉၉% သေချာပါတယ်
မြန်မာပြည်သားအပေါင်း …
ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေခင်ဗျာ
With Regards,
Objetivo
08/29/2025
DV ပေါက်ထားသူ အချို့က
“ interview ရက်ချိန်းရပါပြီ -
ဝင်ရမလား .. ဝင်သင့်သလား ..
လာ လာ မေးကြလို့ ..
ဒီပေ့ချ် ကနေ ဖြေလိုက်ပါတယ်
Updated facts and figures တွေပါ
ပိုက်ဆံပေါ နေလို့ interview အတွေ့အကြုံယူချင်ရင်တော့ တယောက်ကို သိန်း ၃၅- ၄၀ လောက် အကြမ်းဖျင်း ကုန်နိုင်ပါတယ် ..
ကိုယ့်ဖာသာ ဆုံးဖြတ်ကြပါ
2025 DV selectee များ
ရန်ကုန် သံရုံးတွင် 2025 August 24 အထိ -
- visa issued = 93
( အသစ်ထုတ်ပေးခြင်းမတွေ့မိပါ )
- ready တွေ အများကြီး
- Refused တွေ များပါတယ်
- administative processing = NIL
DV selectee တွေကို..
☝️ အမေရိကထဲ ရောက်အောင်လုပ်ပေးမယ် … လို့ပြောလာရင်
လူလိမ်ဖြစ်ဖို့ ၉၉% သေချာပါတယ်
မြန်မာပြည်သားအပေါင်း …
ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေခင်ဗျာ
Warmly,
Objetivo
ဓါတ်ပုံ - Brooklyn တံတားအနီး မြင်ကွင်းတခု photographed by me
08/24/2025
US ကိုလာဖို့ ဝင်ပေါက် တခု တော့ ဟ လာပြီ -
ဒေါ်လာ ၁၀K ~၁၅K အကြားသုံးပြီး စပေါ်တင်ရပါမယ် -
ဗီဇာ လျှောက်ပါ
အလည် ဗီဇာ ရနိုင်တယ် -
သတ်မှတ် ရက်အတွင်း ပြန်မထွက်ရင်တော့ အဲသည်ငွေ ဆုံးမှာပါ
.
စ ပြီဆို ပို့စ်ထပ်တင်ပါမယ်
Truly,
Objetivo