09/27/2026
🕊️ In Loving Memory of Thang Suan Khai (Kham Lam Tuang) 🕊️
On Saturday, September 26, 2026, our beloved brother was laid to rest following a funeral service held at Myanmar Community Church in Greensboro. He was laid to rest at Guil-Rand Cemetery in High Point, North Carolina, surrounded by family, friends, and members of our church community.
Thang passed away peacefully on September 19, 2026, at High Point Regional Hospital.
Thang was a devoted husband and father, a faithful member of Myanmar Community Church, and a dear friend to many. He faithfully served our church as both a deacon and church treasurer, roles he carried out with dedication, responsibility, and love for the church and its members. His service, leadership, and presence within our church family will be deeply missed.
Above all, Thang loved his family. He leaves behind his beloved wife, Vung Bawi, and their two sons and daughter. His family was his greatest joy, and he treasured the memories they made together through fishing, camping, hunting, and spending time outdoors.
We are deeply grateful to everyone who came to support the family, attended the service, prayed, gave, helped, and showed love during this difficult time.
Please continue to keep Vung Bawi, their children, and the entire family in your prayers in the days ahead.
Though his time with us was far too short, the love, faith, service, and memories he shared with his family, church, and friends will remain in our hearts.
Rest in peace, Thang Suan Khai (Kham Lam Tuang). You will be deeply missed and lovingly remembered. 🤍
Kham Lam Tuang
“Blessed are those who mourn, for they will be comforted.”
— Matthew 5:4
🕊️ Thang Suan Khai (Kham Lam Tuang) အား ချစ်ခင်သတိရခြင်း 🕊️
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ စနေနေ့တွင် ကျွန်ုပ်တို့၏ ချစ်လှစွာသော ညီအစ်ကို Thang Suan Khai (Kham Lam Tuang) အား Greensboro မြို့ရှိ Myanmar Community Church တွင် ဈာပနဝတ်ပြုအစီအစဉ် ပြုလုပ်ပြီးနောက် နောက်ဆုံးခရီးပို့ဆောင်ခဲ့ကြပါသည်။ ထို့နောက် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အသင်းတော်မိသားစုများ၏ ဝန်းရံမှုဖြင့် High Point, North Carolina ရှိ Guil-Rand Cemetery တွင် သင်္ဂြိုဟ်ခဲ့ပါသည်။
Ko Tuang Pu သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် High Point Regional Hospital ၌ ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ပါသည်။
Ko Tuang Pu သည် မိသားစုအပေါ် အလွန်ချစ်ခင်မြတ်နိုးသော ခင်ပွန်းကောင်းတစ်ဦး၊ ဖခင်ကောင်းတစ်ဦးဖြစ်သကဲ့သို့ Myanmar Community Church ၏ သစ္စာရှိအသင်းသားတစ်ဦးနှင့် လူအများချစ်ခင်ရသော မိတ်ဆွေတစ်ဦးလည်း ဖြစ်ပါသည်။ သူသည် အသင်းတော်တွင် သင်းထောက် (Deacon) နှင့် ဘဏ္ဍာရေးမှူး (Church Treasurer) အဖြစ် သစ္စာရှိစွာ အမှုတော်ဆောင်ခဲ့ပြီး၊ ထိုတာဝန်များကို တာဝန်ယူမှု၊ သစ္စာရှိမှုနှင့် အသင်းတော်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာတို့ဖြင့် ထမ်းဆောင်ခဲ့ပါသည်။ သူ၏ အမှုတော်ဆောင်ခြင်း၊ ဦးဆောင်မှုနှင့် ကျွန်ုပ်တို့အသင်းတော်မိသားစုအတွင်းရှိ သူ၏နေရာကို အလွန်ပင် လွမ်းဆွတ်သတိရနေမည် ဖြစ်ပါသည်။
အရာအားလုံးထက် Ko Tuang Pu သည် သူ၏မိသားစုကို အလွန်ချစ်မြတ်နိုးခဲ့ပါသည်။ သူ၏ချစ်လှစွာသော ဇနီး Vung Bawi နှင့် သားနှစ်ဦး၊ သမီးတစ်ဦးတို့ ကျန်ရစ်ခဲ့ပါသည်။ သူ့အတွက် မိသားစုသည် အကြီးမားဆုံးသော ပျော်ရွှင်ခြင်းနှင့် ကောင်းချီးမင်္ဂလာဖြစ်ခဲ့ပါသည်။ မိသားစုနှင့်အတူ ငါးမျှားခြင်း၊ စခန်းချခြင်း၊ အမဲလိုက်ခြင်းနှင့် သဘာဝအလှအပများကြားတွင် အချိန်ကုန်ဆုံးခြင်းတို့မှတစ်ဆင့် ဖန်တီးခဲ့သော အမှတ်တရများကို သူ အလွန်တန်ဖိုးထားခဲ့ပါသည်။
ဤခက်ခဲဝမ်းနည်းဖွယ်အချိန်တွင် မိသားစုအား လာရောက်အားပေးခဲ့ကြသူများ၊ ဈာပနဝတ်ပြုအစီအစဉ်သို့ တက်ရောက်ခဲ့ကြသူများ၊ ဆုတောင်းပေးခဲ့ကြသူများ၊ လှူဒါန်းပေးခဲ့ကြသူများ၊ အကူအညီပေးခဲ့ကြသူများနှင့် မေတ္တာပြသပေးခဲ့ကြသူအားလုံးကို ကျွန်ုပ်တို့ အထူးကျေးဇူးတင်ရှိပါသည်။
ကျေးဇူးပြု၍ Vung Bawi၊ သူတို့၏သားသမီးများနှင့် မိသားစုဝင်အားလုံး အတွက် ရှေ့ဆက်ရမည့် နေ့ရက်များတွင် ဆက်လက်ဆုတောင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့နှင့်အတူ ရှိခဲ့ရသော သူ၏အချိန်သည် တိုတောင်းလွန်းခဲ့သော်လည်း သူ၏မိသားစု၊ အသင်းတော်နှင့် မိတ်ဆွေများအား ပေးခဲ့သော ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်း၊ အမှုတော်ဆောင်ခြင်းနှင့် အဖိုးတန်အမှတ်တရများသည် ကျွန်ုပ်တို့၏နှလုံးသားထဲတွင် အစဉ်အမြဲ တည်ရှိနေမည်ဖြစ်ပါသည်။
ငြိမ်းချမ်းစွာ အနားယူပါ၊ Thang Suan Khai (Kham Lam Tuang)။ သင့်အား အလွန်လွမ်းဆွတ်သတိရနေမည်ဖြစ်ပြီး မေတ္တာဖြင့် အစဉ်အမြဲ အမှတ်ရနေမည်ဖြစ်ပါသည်။ 🤍
“ဝမ်းနည်းသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းကို ခံရကြလတ္တံ့။”
— မဿဲ ၅:၄