Directions Website

RFF Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RFF, Political organisation, Los Angeles, CA.

အသုံးမကျတဲ့​ကောင်​တွေ​ကြောင့်အသုံးချခံဖြစ်​နေရပြီ
10/02/2026

အသုံးမကျတဲ့​ကောင်​တွေ​ကြောင့်
အသုံးချခံဖြစ်​နေရပြီ

09/05/2026

မင့်တို့ အဘရဲ့သာသနာကြီးကလည်း

09/04/2026

‘ကိုကြီး ကယ်မယ်နော်’ — တဲ့၊ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ စကားလဲ ..

Democratic Press
၂၀၂၆ စက်တင်ဘာ ၃

ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှံ့နွံထူထပ်သော စစ်မြေပြင်တစ်ခုတွင် စစ်တပ်၏ အတင်းအဓမ္မ စစ်ထဲသွင်းခံခဲ့ရသည့် လူငယ်တစ်ဦးသည် မြေပြင်ပေါ်တွင် ဝပ်စင်းတုန်လှုပ်လျက် သေဒဏ်စီရင်ခြင်း ခံရတော့မည်ဟု အထိတ်ထိတ်အလန့်လန့် ဖြစ်နေခဲ့သည်။

သို့သော်လည်း တော်လှန်ရေးရဲဘော်တစ်ဦးက ၎င်းထံ ချဉ်းကပ်လာပြီး ကျောကုန်းကို ကြင်နာစွာ ပုတ်ပေးရင်း စစ်ပွဲ၏ ခါးသီးသော ပဋိပက္ခကြားမှ ခိုင်မာသည့် မြင့်မြတ်သော ခံယူချက်ကို ထင်ဟပ်စေသည့် စကားတစ်ခွန်းကို ပြောလိုက်သည်။

“ကိုကြီး ကယ်မယ်နော်…”

ယမန်နေ့ (စက်တင်ဘာ ၂ ရက်နေ့)က မြန်မာနိုင်ငံမြောက်ပိုင်း ရှေ့တန်းစစ်မြေပြင် တိုက်ပွဲတစ်ခုအတွင်း ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းပါ ဤစကားတစ်ခွန်းသည် တစ်နိုင်ငံလုံးရှိ ထောင်ပေါင်းများစွာသော လူငယ်များ ရင်ဆိုင်နေရသည့် အမှောင်ထုအတိပြီးသော ဖြစ်ရပ်မှန်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ (ရုပ်သံကို မှတ်ချက် Comment မှာ ကြည့်ရှူနိုင်ပါတယ်)

တော်လှန်ရေးတပ်ဖွဲ့များ၏ အရှိန်အဟုန်မြှင့် ချေမှုန်းမှုကြောင့် စစ်အင်အား အမြတ်တနိုး ပြုန်းတီးနေရသည့် မင်းအောင်လှိုင်၏ စစ်အုပ်စုသည် ရှေ့တန်းစစ်မျက်နှာစာများကို အင်အားဖြည့်တင်းရန်အတွက် တစ်လလျှင် လူဦးရေ ၅,၀၀၀ ဝန်းကျင်အထိ အဓမ္မ ပေါ်တာဆွဲ စစ်ထဲသွင်းသည့် ရက်စက်သော စနစ်ကို ကျင့်သုံးနေသည်။ ထိုသို့ စစ်ထဲသွင်းခံရသည့် လူငယ်အများစုအတွက်မူ ရှေ့တန်းစစ်မြေပြင်သည် ပြန်လမ်းမရှိသော သေတွင်းပင် ဖြစ်သည်။

သို့သော်လည်း ထိုသို့ စစ်မြေပြင်တွင် စွန့်ပစ်ခံလိုက်ရသည့် တပ်ပျက်စစ်သားများအပေါ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များသည် ရန်သူစစ်သားများအဖြစ် မရှုမြင်ကြဘေ စစ်အာဏာရှင်၏ ယုတ်မာမှုကြောင့် အဓမ္မ သေတွင်းပို့ခံထားရသည့် ပြည်သူများအဖြစ် စာနာမေတ္တာဖြင့် လက်ကမ်းကြိုဆို ကယ်တင်ပေးနေကြသည်။

📌 လူထုကို သေတွင်းသို့ ပို့ဆောင်နေသည့် အဓမ္မ စစ်သားစုဆောင်းမှု စက်ယန္တရား

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မတရားအာဏာသိမ်းယူခဲ့သည့် အကြမ်းဖက်စစ်တပ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့ခုခံစစ်ကို ရင်ဆိုင်နေရပြီး စစ်အင်အား ထိခိုက်ပြုန်းတီးမှုများစွာ ကြုံတွေ့နေရသည်။ ထိုအကျပ်အတည်းကို ကျော်လွှားရန်အတွက် အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများကို အတင်းအဓမ္မ စစ်ထဲသွင်းသည့် ပေါ်တာဆွဲစနစ်ဖြင့် တပ်အင်အား ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းလာသည်။

မြို့ရွာများ၏ လမ်းမများပေါ်မှ၊ အလုပ်ခွင်များမှနှင့် နေအိမ်များအထိ ညဘက်များတွင် ဝင်ရောက်စီးနင်းကာ လူငယ်လူရွယ်များကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်လျက်ရှိသည်။ စစ်ရေးစောင့်ကြည့်လေ့လာသူများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ သတင်းအချက်အလက်များအရ တစ်လလျှင် လူဦးရေ ၅,၀၀၀ ဝန်းကျင်အထိ ဖမ်းဆီးခံနေရပြီး သင်တန်းတိုတိုသာ ပေးကာ ရှေ့တန်းစစ်မြေပြင်သို့ အကာအကွယ်မဲ့ စေလွှတ်ခြင်း ခံနေရသည်။

စစ်ဓာတ်ကျဆင်းနေပြီး ဆန္ဒမပါဘဲ ရှေ့တန်းပို့ခံရသည့် ထိုစစ်သားများသည် ရှေ့တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့ချေမှုန်းမှုနှင့် နောက်ကျောတွင် ၎င်းတို့ကို လူသားဒိုင်းအဖြစ် အသုံးပြုသည့် တပ်မှူးများအကြား ကြားညှပ်ကာ သေတွင်းသို့ အပို့ခံနေကြရသည်။

📌 ဧရာဝတီမြစ်ကြောင်းအတိုင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်သော စစ်ပွဲ

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်စက်ဆုပ်ဖွယ် စစ်ဗျူဟာကို စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ကြောင်း တိုက်ပွဲတွင် အထင်းသား မြင်တွေ့ခဲ့ရသည်။

ဗန်းမော်မြို့တွင် ပိတ်မိနေသည့် စစ်တပ်ထံ အင်အားနှင့် ရိက္ခာများ ပို့ဆောင်ရန်အတွက် တပ်မ (၃၃) ဒုတပ်မမှူး အမိန့်ပေးကွပ်ကဲသည့် စစ်ရေယာဉ်စုသည် ရွှေကူမြို့နယ်မှ ဆန်တက်လာခဲ့သည်။

အဆိုပါ စစ်ရေယာဉ်စုသည် ဩဂုတ်လကုန်ပိုင်းက စစ်ကိုင်းတိုင်း ကသာမှတစ်ဆင့် ရွှေကူသို့ ရောက်ရှိလာစဉ်အတွင်း နိုင်ငံတကာက တားမြစ်ထားသည့် ကလက်စတာဗုံးများ ကြဲချကာ အရပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ် ထိုးစစ်ဆင်ခဲ့သည့် တပ်ဖွဲ့လည်း ဖြစ်သည်။

သို့သော်လည်း စင်းခန်းနှင့် ဇင်းဘုံကျေးရွာအနီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ မြေပြင်၊ ဝေဟင် FPV ဒရုန်းများ ပါဝင်သော သံမဏိပိတ်ဆို့ ချေမှုန်းမှုကို စတင်ရင်ဆိုင်ခဲ့ရသည်။

တော်လှန်ရေးတပ်များ၏ ဟာကွက်မရှိ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁ စီးသည် စစ်သားများနှင့်အတူ မြစ်အတွင်း နစ်မြှုပ်သွားခဲ့ပြီး အခြား ၁ စီးမှာ မီးလောင်ပြာကျကာ နောက်ထပ် ၁ စီးလည်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရသည်။

ထို့ကြောင့် စစ်သားအများအပြား မြစ်အတွင်း ခုန်ချ တပ်ပျက် ထွက်ပြေးခဲ့ကြရသည်။ ရှေ့ဆက်မတက်နိုင်တော့သည့် ကျန်စစ်သင်္ဘော ၂ စီးပေါ်မှ တပ်မ (၃၃) လက်အောက်ခံ စစ်သား ၁၀၀ ကျော်သည် အလံဖြူထောင်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်ခဲ့ကြသည်။

📌 ကိုယ့်တပ်ဖွဲ့ဝင်များကို ကိုယ်တိုင် ပြန်လည်သတ်ဖြတ်သည့် လေကြောင်းဗုံးကြဲမှု

၎င်းတို့ တပ်ဖွဲ့ဝင် ၁၀၀ ကျော် အလံဖြူထောင်၍ လက်နက်ချသွားသည့် သတင်းကြားသည်နှင့်တစ်ပြိုင်နက် စစ်အုပ်စုက ပြုလုပ်ခဲ့သည့် တုံ့ပြန်မှုသည် ၎င်းတို့၏ စစ်သားများအပေါ် ထားရှိသည့် ရက်စက်မှုကို ပိုမိုပေါ်လွင်စေခဲ့သည်။

စစ်အုပ်စုသည် တိုက်လေယာဉ် အစီး ၂၀ ကျော်ကို ချက်ချင်းစေလွှတ်ကာ လက်နက်ချထားသည့် စစ်သင်္ဘောများနှင့် မြစ်ကြောင်းတစ်လျှောက်ကို မိမိတပ်ဖွဲ့ဝင်များ မသေမချင်း ရက်ရက်စက်စက် ပြန်လည်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

အလင်းဝင်သွားသည့် စစ်သားများ တော်လှန်ရေးတပ်ဖွဲ့များထံ အရှင်လတ်လတ် ရောက်ရှိသွားခြင်း သို့မဟုတ် တော်လှန်ရေးတွင် ပူးပေါင်းသွားမည်ကို စိုးရိမ်သဖြင့် မိမိတပ်ဖွဲ့ဝင်များကိုပင် အပြတ်ရှင်းသည့် အဆင့်ထိ ယုတ်မာရက်စက်ခဲ့ခြင်းဖြစ်သည်။

📌 ထင်ရှားစွာ ကွဲပြားနေသည့် လူမှုကျင့်ဝတ်နှင့် စာနာမေတ္တာ

၎င်းတို့ စစ်သားများကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေချိန်တွင် မြေပြင်ရှိ တော်လှန်ရေးရဲဘော်များကမူ လုံးဝခြားနားသော ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ရုပ်သံမှတ်တမ်းများအရ PDF နှင့် KIA ရဲဘော်များသည် စစ်မြေပြင်တွင် ကြောက်ရွံ့တုန်လှုပ်နေသော အလင်းဝင်စစ်သားများကို အန္တရာယ်မှ ဘေးကင်းအောင် ကာကွယ်ပေးပြီး ဘဝတူ ပြည်သူများအဖြစ် ကြင်နာစွာ ပြုစုစောင့်ရှောက်ခဲ့ကြသည်။

“အဲဒီကောင်လေးတွေက ငါတို့ရဲ့ ရန်သူ မဟုတ်ဘူး။ မအေလိုးက သူတို့ဆန္ဒမပါဘဲ သေတွင်းပို့ထားတာ၊ ကလေးတွေပဲ ရှိသေးတယ်။ ငါတို့ရဲ့ တာဝန်က သူတို့ကို မအေလိုးရဲ့ လက်ခုပ်ထဲကနေ ကယ်တင်ဖို့ပဲ။ ဒါပေမယ့် အလံဖြူမထောင်ဘဲ ရမ်းပြစ်နေရင်တော့ ဟိုးမှာကြည့် မြစ်ထဲကို အသက်မပါဘဲ မျောသွားမယ်” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့နွေဦးတော်လှန်ရေး ပဋိပက္ခများ ပြင်းထန်နေချိန်တွင် “ကိုကြီး ကယ်မယ်နော်” ဆိုသည့် စကားတစ်ခွန်းသည် ရွှေကူမြစ်ကြောင်း စစ်မြေပြင်ထက်မက ပြည်သူတို့၏ ရင်ထဲသို့ ရောက်ရှိသွားခဲ့သည်။ စစ်အာဏာရှင်၏ ရက်စက်လှသော အဓမ္မစစ်ထဲသွင်းမှုနှင့် သတ်ဖြတ်မှုများကြားမှ တော်လှန်ရေးရဲဘော်များ၏ စာနာမေတ္တာတရားက အမဲပေါ်က အဖြူစက်လို ထင်ရှားတောက်ပေနေသည်။

၃၂ကြိမ်​မြောက်​ပေါက်ဂဏန်း​လေး​တွေပါအား​ပေးမှု့အတွက်​ကျေးဇူးတင်ပါတယ်ခင်မျ
09/03/2026

၃၂ကြိမ်​မြောက်​ပေါက်ဂဏန်း​လေး​တွေပါ
အား​ပေးမှု့အတွက်​ကျေးဇူးတင်ပါတယ်ခင်မျ

08/30/2026

မြန်မာတွေ သူရဲကောင်းမျှော်ဝါဒ နဲ့ တကိုယ်ကောင်းဆန်စိတ် အရမ်းအားကြီးသွားပြီ။ တော်လှန်ရေး အောင်ချင်တယ်။ တပြားမှ မလှူပဲ စာအရှည်ကြီးရေးချင်တယ်။ စကစ မတရားသတ်ဖြတ်ခံရသူတွေကို မေ့ပြီး၊ တော်လှန်ရေးအဖွဲ့က တစုံတခုဖြစ်ပြီဆိုတာနဲ့ Right တွေ ဘာညာပြောပြီး၊ တော်လှန်ရေးတစုံလုံးကို ထိုးချကြတယ်။ NUG ဘာလုပ်နေလဲ၊ စောက်သုံးမကျဘူး၊ ဒါတွေမှားတယ်ဆိုပြီး PRF မှာ စောက်ပြား တပြားမှ မထည့်တဲ့ Social Influencers တွေ ရှိတယ်။ မီဒီယာလွတ်လပ်တဲ့ဘဝမှာလူတောမတိုးခဲ့၊ လူသိနည်းတဲ့ကောင်တွေက လီးလီးလားလား သတင်းဌာနထောင်ပြီး ၊ ကပ်ဖဲ့ယက်ဖဲ့ အပုပ်နံနောက်လိုက်တဲ့ ယင်ကောင်လို ပြုမူကြတယ် (တချို့သတင်းသမားတွေကိုတော့ မျှလို့ အခုထိ အားပေးတုန်း)။

ပြောလိုက်ရင် AA တော်တယ် ဘာညာနဲ့ ရခိုင်လူမျိုးတွေလို စိတ်မျိုးတော့ မမွေးကြပဲ၊ ဟိုလူ စောက်ပြစ်တင် ဒီလူ့ စောက်ပြစ်တင်နဲ့ ။ အဖရက္ခိတပြည်ကို တကယ်ထောင်နိုင်တာဟာ AA ဦးဆောင်မှု့ကြောင့်လို့ ပြောလို့ရပေမယ့်၊ ရက္ခိတ လူထုရဲ့ မှန်ကန်တဲ့ ဇွဲ သတ္တိနဲ့ စုစည်းမှု့တို့ကြောင့် ဖြစ်တယ်။ အမေစု ပြောခဲ့သလိုပဲ (ပြည်သူသာအဓိက) ။ ဘယ်နိုင်ငံရောက်နေတဲ့ ရခိုင်လူမျိုးဖြစ်ဖြစ်၊ ဘာအလုပ်ပဲ လုပ်လုပ်၊ လစာ နည်းနည်း များများ အနိမ့်ဆုံး ၂၀ရာခိုင်နှုန်းနဲ့ လစဉ် တပ်တော်ကို ထောက်ပံ့တယ်။ ဘာပြောပြော ဘာတွေ ဝေဖန်နေပါစေ သူတို့ နိုင်ငံအတွက် တစိုက်မတ်မတ်သွားတယ်။ ငယ်ငယ်က အဖွားတွေ ဆုံးမ စကားနဲ့ဆို ( မင်းတို့အကုန် ရခိုင်ချီးကျွေးရမှာ)။

ဒီဖက်မှာတော့ လစိလောက်အသိနဲ့ လဥ လောက် ရေးချင် ပြောချင်နေတဲ့ စောက် လူတတ်တွေချည်းပဲ။ ဒါပေမယ့် ဖာသည်မ အိုကြီးအိုမ တကောင်တောင် Boycott မလုပ်နိုင်ဘူး။ ထိုင်းမှာ ဘာဖျော်ဖြေပွဲ ညာဖျော်ဖြေပွဲဆို ထိပ်ဆုံးက မြန်မာတွေချည်းပဲ။ ကြည့်တော့ စစ်မှုထမ်းနဲ့ ပြေးလာတဲ့ နိုင်ငံပျောက် သူတောင်းစားတွေ။ ထိုင်းက မြို့ကြီးတွေမှာ ပေါက်ကရ မိလိုက် မြန်မာတွေချည်းပဲ။ စောက်မှု့တွေတက် စောက်ကြီးစောက်ကျယ်သာပြောတာ ထိုင်း တနိုင်ငံလုံး ပေါင်းမှ PRF က တသောင်းမပြည့်ဘူး။ ထိုင်းစကား နည်းနည်းတတ်တာနဲ့ Home ဆိုတဲ့ စကားလုံးမေ့သွားကြတယ်။ တခါတည်း သတိပေးရေးဦးမယ်။ ကရင်က ထိုင်းမှာ ကလရန် ဖြစ်ခွင့်ရှိတယ်။ ရှမ်းက ထိုင်းယိုင် ဖြစ်ခွင့်ရှိတယ်။ မွန်လူမျိုးက ထိုင်းရာမာန် ဖြစ်ခွင့်ရှိတယ်။ ကျန်တဲ့သူတွေကတော့ သူတို့မုန်းတဲ့ ဖမာ ထဲ ရောက်သွားတာပဲ။ ဖမာ ကတော့ ထိုင်းမှာ လူမျိုးစုတော့ ဖြစ်မလာဘူး။ ဖမာ ကနေ ဖာသည် ဖြစ်ခွင့်ပဲ ရှိမယ်။ ကိုယ့်အိမ် ကို မေ့နေကြလို့။

အခု ထိုင်းမှာရော ဘယ်နိုင်ငံပဲသွားသွား မလွတ်မြောက်တော့ဘူးဆိုတာ အကုန်သိရမယ်။ သူတို့ မသိရင် Social Influencers တွေက ရေးရမယ်။ တကယ် ပေါ်တာ ဆွဲတာ။ စစ်တပ်က တကယ်လုပ်တာ။ တကယ်မလုပ်ပဲ အာချောင်နေတာက ကိုယ့်ကိုကိုယ် အကယ်ဒမစ်လိုလို၊ လီးလိုလို မှိုလိုလို မင်းတို့။ ရုရှားကို ရောက်ဖူးချင်တယ်ဆိုရင် နေပူတော်ပြန်ပြီး သက်တမ်းတိုးကြ။ Passport အတုတို့ ပန်းရောင်ကဒ် ဘာညာ မစဉ်းစားနဲ့။ ဘာမှ မရဘူး။ ထားဝယ် မှာ ရုရှားက ရေတပ်အခြေစိုက် စခန်းဆောက်တော့မယ်။ တရုတ်က မင်းတို့ရဲ့ မဟုတ်က ဟုတ်က ဇာတိမာန်ကို လီး ထင်လို့၊ မန္တလေးကနေ ရန်ကုန်ကိုပါ သိမ်းနေပြီ။ သေနတ်မဖောက်ဘူး။ မြန်မာတွေကို ငွေပေး ဖင်ချပြီး ၊ အေးအေးဆေးဆေး သိမ်းသွားတာ။ အရင်က ကျားဖြန့်ဆိုတာ တရုတ်တွေ။ အခုက တရုတ်တကောင် နဲ့ မြန်မာ တထောင် ပေါင်းလိမ်နေကြတာ။ အသားထဲက လောက်ထွက်တာ မဟုတ်ဘူး။ တကိုယ်လုံး လောက်ကောင်တွေ ဖြစ်နေတာ။ နိုင်ငံကလည်း တော်လှန်ရေးမအောင်ရင် တရုတ်ယိုးတဲ့ လောက် နိုင်ငံအဖြစ်ရောက်မှာပဲ။

ဘာလို့ ကြမ်းကြမ်းတမ်းတမ်း ရင့်ရင့်သီးသီး ရေးရလဲဆိုတော့ ၊ မင််းတို့က ဒါနဲ့ပဲ တန်လို့။ ယဉ်ကျေး အပြောလေးနဲ့ လာပါအတူတူရုန်းရအောင် ပြောလည်း ၊ ငါ့မှ မထိတာ ဆိုပြီး ငြိမ်နေကြတာ။ အခုလို ထိတော့လည်း၊ အနာဂတ်၊ မိသားစု၊ ပညာရေး ဆိုပြီး ဟိုခိုးထွက်၊ ဒီခိုးထွက် နဲ့ ကိုယ့်ဘဝကိုယ် မမြင်နိုင်ကြတဲ့သူတွေ ဖြစ်လို့။ အခု မင်းတို့ သန်းမကြီးက မင်းတို့ကို တီးတော့ စောက်သံတွေ ထွက်လာရော။ တော်လှန်ရေး တပ်တွေဆီ သွားလို့ရ၊ ပူးပေါင်းလို့ရတဲ့ အခွင့်လမ်းတွေ အများကြီး။ ဒါပေမယ့် မင်းတို့က သာယာတဲ့ ဘဝကိုပဲ ရွေးချင်ကြတာ။ မင်းတို့ပဲ အနာဂတ်နဲ့ မိသားစုနဲ့ ပညာတတ်ကြီး ဖြစ်ချင်တာ မဟုတ်ဘူး။ တော်လှန်ရေးသမားတွေလည်း ဒီစိတ်ရှိတယ်။ တကိုယ်ကောင်း မဆန်ကြတာ။ ငါတို့မနိုင်ရင် ငါတို့နိုင်ငံအနာဂတ် ဘာဖြစ်မယ်ဆိုတာ သိတဲ့ ပညာရှင်တွေချည်းပဲ။ မင်းတို့က မိသားစုလောက်ကြည့်ပြီး၊ နိုင်ငံ အနာဂတ်အတွက်မှ မပေးဆပ်ချင်ကြတာ။ အခုတော့ ဘဘ သန်းမကြီး မအေယိုးက ချောင်ပိတ်ရိုက်တော့ ဘာတက်နိုင်ကြသေးလဲ။ ( NUG ဘာလုပ်နေလဲ။ ဘာ စောက်သုံးကျလဲ။) အော်လေ….

တတိယကမ္ဘာစစ်က ဖြစ်ကို ဖြစ်မှာ။ အခုက Proxy Wars တွေ စနေပြီ။ နောက်ဆုံးအဆင့် သေရရင်တောင် နာမည်ကောင်းနဲ့ သေမလား၊ မိသားစုကအစ လူတောမတိုးတဲ့ ခွေးသေ ဝက်သေ သေမလား ၂မျိုးပဲ ရှိတယ်။ ကိုယ့်အတတ်ပညာ၊ အသိပညာနဲ့ တော်လှန်ရေးကိုပါဝင်လို့ရနေတယ်။ ယခု ကျန်နေတဲ့ အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့်ရတဲ့ အချိန်လေးမှာ တော်လှန်ရေးကို နိုင်ငံသားတိုင်း ဝင်ထမ်းကြရမယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်စကားကိုယ်ပြောပြီး၊ လွတ်လပ်ရှင်သန်ရတဲ့ အနာဂတ်ကို မလိုချင်ဘူးလား။ ရခိုင်လူမျိုးရေးစိတ်ဓာတ်ကို အတုယူပါ။ နိုင်သလောက် PRF ကို လှူကို လှူရမယ်။ ရှောင်ချင်ရင် တော်လှန်ရေးဖက်ကိုပဲ ရှောင်လို့ရမယ်။ မင်းတို့ သန်းမကြီး မအေယိုးရဲ့ ဒုတ်စစ် နဲ့ ဓားစစ်ကိုတော့ ရှောင်လို့မရဘူး။

တော်လှန်ရေးနိုင်မှ မြန်မာနိုင်ငံသားတွေ လူဖြစ်ခွင့်ရမယ်။ ကိုယ့်နိုင်ငံ ကိုယ့်အိမ်ကို ကိုယ့်လက်နဲ့ ပြန်ယူနိုင်တဲ့ နိုင်ငံသားတွေ ဖြစ်ဖို့လိုတယ်။ မဟုတ်ရင်တော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ ဖာ နိုင်ငံဖြစ်မှာပဲ။ ဖာ တောင်မှ ထိုင်းရောက် ဖမာ ဖာ၊ မလေးရောက်၊ စင်္ကာပူရောက်၊ ဘယ်ရောက် ညာရောက် ဖာ ဖြစ်မှာပဲ။

မင်းကြီးကိုစ

08/27/2026

ငါတို့က ​တော်လှန်​နေတာ
ပုန်ကန်​နေတာမဟုတ်
မ​ကောင်းတဲ့စနစ်ကိုဖြိုချပြီး
​ကောင်းမွန်လိုက်ဖက်တဲ့စနစ်ကို
တည်​​ဆောက်မယ်
ဒါ ငါတို့ရဲ့ရည်မှန်းချက်

ငါတို့ရဲ့နှလုံးသားထဲကမ​မေ့နိုင်သူကြီး​ကောင်ရာဘုံကို​ရောက်ပါ​စေ
08/24/2026

ငါတို့ရဲ့နှလုံးသားထဲကမ​မေ့နိုင်သူကြီး
​ကောင်ရာဘုံကို​ရောက်ပါ​စေ

08/17/2026
Comparison
08/16/2026

Comparison

Address

Los Angeles, CA

Alerts

Be the first to know and let us send you an email when RFF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share