အမေရိကားဆိုတဲ့နိုင်ငံကိုလူတွေကပုံစံအမျိုးမျိုးအကြောင်း အရာ အမျိုးမျိုးနဲ့ သွားရောက် အခြေချလျှက်ရှိကြပါတယ်။
ခက်ပင်ခက်သော်ငြားလည်း သွားလို့ရမယ့်နည်းလမ်းတွေကတော့ များစွာရှိပါတယ်။ ထိုအထဲကမှ Immigrant Visa လို့ခေါ်တဲ့ ရွှေ့ပြောင်းအခြေချဗီဇာနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုဗဟုသုတရစေရန်အလို့ငြာ ပြောပြပေးချင်ပါတယ်။
ရွှေ့ပြောင်းအခြေချဗီဇာဆိုတာ နိုင်ငံတစ်နိုင်ငံကို အမြဲတမ်းနေထိုင်ဖို့ ရည်ရွယ်ပြီး ဝင်ရောက်ခွင့်ရရှိဖို့အတွက် လျှောက် ထားရတဲ့ဗီဇာအမျိုးအစားတစ်ခုပါ။ နိုင်ငံတစ်ခုနဲ့တစ်ခု မူဝါဒတွေ မတူညီပေမယ့် အခြေခံအားဖြင့် အောက်ပါအချက်တွေပါဝင်ပါတယ်။
*️⃣ ရွှေ့ပြောင်းအခြေချဗီဇာ အမျိုးအစားများ
ရွှေ့ပြောင်းအခြေချဗီဇာ အမျိုးအစားတွေကတော့ နိုင်ငံတစ်ခုနဲ့တစ်ခု မတူညီပါဘူး။ အဓိကအားဖြင့် အောက်ပါအမျိုးအ စားတွေ ပါဝင်နိုင်ပါတယ်။
၁။ မိသားစုအခြေပြုဗီဇာ (Family-based Visa)
နိုင်ငံသား ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရသူရဲ့ မိသားစုဝင်တွေအတွက် လျှောက်ထားနိုင်ပါတယ်။ ဥပမာ- အိမ်ထောင်ဖက်၊ ကလေး၊ မိဘ စတာတွေအတွက်ပါ။
၂။ အလုပ်အခြေပြုဗီဇာ (Employment-based Visa) အလုပ်ရှင်က အာမခံပြီး လျှောက်ထားပေးတဲ့ ဗီဇာအမျိုးအစားပါ။ ကျွမ်းကျင်လုပ်သားတွေ၊ ပညာရှင်တွေအတွက် အဓိကရည်ရွယ်ပါတယ်။
၃။ ရင်းနှီးမြှုပ်နှံမှုအခြေပြုဗီဇာ (Investment-based Visa) နိုင်ငံရဲ့ စီးပွားရေးမှာ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ရင်းနှီးမြှုပ်နှံသူတွေကို ထုတ်ပေးတဲ့ ဗီဇာအမျိုးအစားပါ။
၄။ ထီပေါက်လို့ရတဲ့ဗီဇာ (Diversity Visa)
အမေရိကန်နိုင်ငံရဲ့ Diversity Visa Program လိုမျိုး နိုင်ငံ တကာက လူတွေကို မဲနှိုက်ပြီး ရွေးချယ်ပေးတဲ့ ဗီဇာအမျိုးအစားပါ။
၅။ ဒုက္ခသည်ဗီဇာ (Refugee Visa)
နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး စတဲ့ အကြောင်းအရာတွေကြောင့် နှိပ်စက်ခံရလို့ ထွက်ပြေးလာသူတွေကို ထုတ်ပေးတဲ့ ဗီဇာအမျိုးအစားပါ။
...........................
*️⃣ ရွှေ့ပြောင်းအခြေချဗီဇာ လျှောက်ထားရန် လိုအပ်ချက်များ.....
ရွှေ့ပြောင်းအခြေချဗီဇာ လျှောက်ထားဖို့အတွက် လိုအပ်ချက်တွေကတော့ ဗီဇာအမျိုးအစားနဲ့ နိုင်ငံအလိုက် ကွဲပြားပါတယ်။ အခြေခံအားဖြင့် အောက်ပါအချက်တွေ လိုအပ်နိုင်ပါတယ်။
၁။ လျှောက်လွှာပုံစံ (Application Form): သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံကို ပြည့်စုံစွာ ဖြည့်စွက်ရပါမယ်။
၂။ နိုင်ငံကူးလက်မှတ် (Passport): သက်တမ်းမကုန်သေးတဲ့ နိုင်ငံကူးလက်မှတ် လိုအပ်ပါတယ်။
၃။ ဓာတ်ပုံ (Passport Photos): သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ ဓာတ်ပုံတွေ လိုအပ်ပါတယ်။
၄။ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း (Birth Certificate, Household Registration): မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။
၅။ အလုပ်အကိုင်ဆိုင်ရာစာရွက်စာတမ်းများ (Employment Documents): အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။
၆။ ငွေကြေးအထောက်အထား (Financial Documents): မိမိရဲ့ ငွေကြေးအခြေအနေကို သက်သေပြနိုင်တဲ့ စာရွက်စာ တမ်းတွေ လိုအပ်ပါတယ်။
၇။ ကျန်းမာရေးစစ်ဆေးချက် (Medical Examination): သတ်မှတ်ထားတဲ့ ဆေးရုံ/ဆေးခန်းတွေမှာ ကျန်းမာရေးစစ်ဆေးချက် ရယူရပါမယ်။
၈။ရာဇဝင်ရှင်းလင်းချက် (Police Clearance Certificate): ရာဇဝင်ရှင်းလင်းကြောင်း ထောက်ခံစာ လို အပ်ပါတယ်။
၉။ အင်တာဗျူး (Interview): ဗီဇာအရာရှိနဲ့ အင်တာဗျူး ဖြေဆိုရပါမယ်။
.............................
*️⃣ ရွှေ့ပြောင်းအခြေချဗီဇာ လျှောက်ထားရန် အဆင့်ဆင့်
ရွှေ့ပြောင်းအခြေချဗီဇာ လျှောက်ထားဖို့အတွက် အဆင့်ဆင့်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ သတင်းအချက်အလက် စုဆောင်းခြင်း (Information Gathering): မိမိလျှောက်ထားလိုတဲ့ နိုင်ငံရဲ့ ရွှေ့ပြောင်းအခြေချရေးဆိုင်ရာ မူဝါဒတွေကို လေ့လာပါ။
၂။ လျှောက်လွှာပြင်ဆင်ခြင်း (Application Preparation): လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စုဆောင်းပြီး လျှောက်လွှာကို ပြည့်စုံစွာ ဖြည့်စွက်ပါ။
၃။ လျှောက်လွှာတင်သွင်းခြင်း (Application Submission): သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း လျှောက်လွှာနဲ့ စာရွက်စာတမ်းတွေကို တင်သွင်းပါ။
၄။ အင်တာဗျူးဖြေဆိုခြင်း (Interview): ဗီဇာအရာရှိနဲ့ အင် တာဗျူးကို သတ်မှတ်ထားတဲ့ အချိန်မှာ သွားရောက်ဖြေဆိုပါ။
၅။ ဗီဇာရရှိခြင်း (Visa Issuance): အင်တာဗျူးအောင်မြင်ရင် ဗီဇာရရှိမှာ ဖြစ်ပါတယ်။
..................................
*️⃣အရေးကြီးအချက်များ
ရွှေ့ပြောင်းအခြေချဗီဇာ လျှောက်ထားတဲ့အခါ သတင်းအချက်အလက်တွေကို မှန်ကန်စွာ ဖြည့်စွက်ဖို့ အရေးကြီးပါတယ်။
➡️ လျှောက်လွှာတင်သွင်းတဲ့အခါ သတ်မှတ်ထားတဲ့ စည်း မျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။
➡️ လျှောက်ထားလိုသည့်နိုင်ငံ၏ သံရုံး (သို့) ကောင်စစ်ဝန်ရုံးများ၏ website များတွင် အသေးစိတ်အချက်အလက်များကို အမြဲတမ်း အတည်ပြုပါ။
အထက်မှာပြောခဲ့တဲ့အချက်တွေက အခြေခံအချက်တွေသာဖြစ်ပြီး၊ တိကျတဲ့အချက်အလက်တွေအတွက် မိမိလျှောက် ထားလိုတဲ့ နိုင်ငံရဲ့ သံရုံး (သို့) ကောင်စစ်ဝန်ရုံးတွေနဲ့ တိုက် ရိုက်ဆက်သွယ် မေးမြန်းတာ အကောင်းဆုံးပါပဲ။
အဆင်ပြေကြပါစေ
26-2-2025
US visas for Myanmar citizen
Hope to see you in United States.
USA မှာ ကျောင်းတက်ရောက်မည့်သူ တနည်းအားဖြင့် Student Visa (F1 Visa) ဖြင့်သွားရောက်မည့်ကျောင်းသား တစ်ဦးပြင်ဆင်လုပ်ဆောင်ရမည့်အချက်များကိုဝေမျှပေးချင်ပါတယ်။
သင်တက်ရောက်မည့် အမေရိကားမှ ကောလိပ် သို့မဟုတ် တက္ကသိုလ် တခုခုကနေ သင့်ကိုတက်ရောက်ခွင့်ပြုလိုက်ပြီဆိုရင် ပထမဦးဆုံး သင်ကျော်ဖြတ်ရမှာက Visa အတွက် Interview ပဲဖြစ်ပါတယ်။
တခုသိထားရမှာက သင့်ကို USA က ဘယ် လောက်နာမည်ကြီးတဲ့ ကောလိပ်ဖြစ်ဖြစ် တက္ကသိုလ်ကပဲဖြစ်ဖြစ် လက်ခံလိုက်ပေမယ့် ဌာနေသံရုံးမှ Visa ရမှသာ သင်တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
ဘာဖြစ်လို့အဲ့သလိုပြောသလဲဆိုရင် တချို့က သူတို့နိုင်ငံကကျောင်းကတောင်လက်ခံလိုက်ပြီပဲ Visa မရစရာအကြောင်းမရှိပါဘူးဆိုပြီး ပြောတဲ့သူတွေ တွေ့ဖူးလို့ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Visa လုပ်ငန်းစဥ်အတွက် ဌာနေ ကောင်စစ်ဝန်ရုံး သို့ဟုတ် သံရုံးမှာတော့ ကျိန်း သေ Interview ဝင်ကိုဝင်ရမှာဖြစ်ပါတယ်။
သင့်ရဲ့ Visa interview process မှာ Consular Officer နဲ့တွေ့ရမှာဖြစ်ပြီး လိုအပ်တဲ့စာရွက် စာတမ်းအထောက်အထားအပြည့်အစုံနှင့်အတူ ကျောင်းတက်ရောက်စဥ်ကုန်ကျစရိတ်အတွက် ဘဏ္ဍာရေးအခြေ အနေ၊ သင်ကြားမည့်ဘာသာရပ်အကြောင်း၊ မိဘများအကြောင်း၊ ကျောင်းပြီးလို့ဘွဲ့ရရင်ဆက်လက်လုပ်ဆောင်မည့် Future plan စတဲ့အကြောင်းအရာတွေကို အင်္ဂလိပ် ဘာသာနဲ့ဖြေကြားရမှာဖြစ်ပါတယ်။
Interview ကြာမြင့်ချိန်အားဖြင့် ၁၅မိနစ်ဝန်းကျင်လောက်ရှိပြီး အဆိုပါ ၁၅မိနစ်ဆိုတဲ့အချိန်အတွင်းမှာ သင့်ရဲ့ အထောက်အထားပြင်ဆင်မှုနဲ့ presentation ကိုကြည့်ပြီး Consular Officer မှ Visa accept ဖြစ်မဖြစ် အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ ခန့်မှန်းကြာချိန်၁၅မိနစ်ဟာ သင့်ရဲ့ဘဝအခြေအနေတခုကိုပြောင်းလဲပေးမှာဖြစ်ပါတယ်။
ထို့ကြောင့် ၁၅မိနစ်ဆိုတဲ့အချိန်အတွက်ပြင်ဆင်ရမည့်အကြောင်းအရာများကိုသိသလောက်မျှဝေပေးသွား
မှာဖြစ်ပါတယ်။
1- Dress Well ( သေသေသပ်သပ်ဝတ်ဆင်ခြင်း)
အဲ့လိုပြောလို့ နံကထိုင်တွေ ကုတ်တွေဝတ်သွားစရာမလိုပါဘူး။ မဝတ်နဲ့လို့လည်းမပြောလိုပါဘူး။ အဓိက ကောင်စစ်အရာရှိ မျက်စိထဲရှုပ်ရှက်ခပ်မျက်စိနောက်စရာမဖြစ်အောင် ဝတ်သွားဖို့ပဲဖြစ်ပါတယ်။
T shirt ဆိုရင်လည်းအရိုးခေါင်းပုံ၊ ပြူးပြဲ ရှုပ်ထွေးနေတာမျိုး၊ကြောင်ကြောင်ကြားကြားအရောင်မျိုးတွေမဟုတ်ပဲ အရောင်လွင်လွင်၊ အဖြူရောင်ကိုမှ ဂျင်းဘောင်းဘီအပြာ၊ စတိုင်ပန် စသည်ဖြင့်သေသေသပ်သပ်တွဲဖက်ဝတ်ဆင်တာမျိုးကိုဆိုလိုရင်းဖြစ်ပါတယ်။
မိန်းကလေးဆိုရင်လည်း Tshirt နှင့်ဂျင်းဘောင်းဘီ၊ Blouse အင်္ကျီ နဲ့ ဒူးဖုံး Skirt စသဖြင့် Neat and tidy ဖြစ်ရင်ရပါပြီ။
2- Bring the required documents
လိုအပ်တဲ့စာရွက်စာတမ်း တခုလေးမှမကျန်အောင်သေချာပြင်ဆင်ပြီးယူလာဖို့လိုပါတယ်။အထက်ကပြောခဲ့သလို ကောင်စစ်အရာရှိကို Presentation သာမက ပြည့်စုံမှန်ကန်တဲ့အထောက်အထားတွေလည်းတင်ပြရမှာဖြစ်ပါတယ်။
အရေးအကြီးဆုံးတွေကတော့
1. အနည်းဆုံး ၆လသက်တမ်းကျန်ရှိနေရမည့် Passport
2. DS160 တင်ပြီးထားသော အတည်ပြုစာရွက်
3. Interview fee သွင်းပြီးထားသောပြေစာ
4. Photo: You may have already uploaded your photo when you completed Form DS-160 online.
5. Form I-20
အခြားအရေးကြီးစာရွက်စာတမ်းအထောက်အထားများ...
1. ပညာရေးနဲ့ပတ်သက်သည့် ဒီပလိုမာလက်မှတ်၊ ဘွဲ့ရလက်မှတ်၊ သင်တန်းပြီး ဆုံးကြောင်းလက်မှတ်စသော Certificate များ
2. တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့်အမှတ်စာရင်း
3. မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်နှင့်အခြားထောက်ခံချက်များ
4. ကုန်ကျစရိတ် (နေထိုင်၊စားသောက်၊ကျောင်းစရိတ်) အားလုံးကို တာဝန်ယူသူ (မိဘ၊ဆွေမျိုး) ၏ ဘဏ္ဍာရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများ
3. Practice your answers to common F-1 visa interview questions
မေးနိုင်သည့်မေးခွန်းများကိုကြိုတင်လေ့လာပြင်ဆင်ထားရန်။
ကျောင်းနှင့်ပတ်သက်သောအကြောင်းအရာများ၊ မိမိအထူးပြုယူထားသော ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် ပတ်သက်တဲ့မေးခွန်းတွေ၊ နောက်ပြီးတော့ ကျောင်းပြီးလို့ဘွဲ့ရခဲ့ရင်ဆက်လက်လုပ်ဆောင်မယ့် Future Plan နဲ့ပတ်သက်တဲ့မေးခွန်းများကို ကောင်စစ်အရာရှိ မေးလာသည့်အခါမှာ ယုံကြည်ချက်ရှိရှိအေးဆေးတည်ငြိမ်စွာဖြေဆိုနိုင်ဖို့ကြိုတင်လေ့လာပြင်ဆင်ထားဖို့လိုပါတယ်။
F1 Visa တွေအတွက်အခြားမေးလေ့မေးထရှိတဲ့အကြောင်းအရာတွေကတော့.......
1. Academic Plan (ပညာရေးဆိုင်ရာအစီအစဥ်များ)
ကောင်စစ်အရာရှိ က သင့်ကိုအထူးသဖြင့်မေးနိုင်တဲ့မေးခွန်းကတော့ ဘာလို့အမေရိကားကိုမှရွေးပြီးကျောင်းတက်ချင်ရတာလဲ။
ဘာလို့သင်ဒီဘာသာရပ်ကိုရွေးချယ်တာလဲ။
ဘာလို့ ဒီကျောင်းကိုတက်ချင်ရတာလဲ။ လက်ရှိဘာသင်တန်းတွေ/ ကျောင်းတွေတက်နေတာလဲ။
ဘွဲ့ရပြီးရင်ဘာလုပ်မှာလဲ။ ကျောင်းဆက်တက်မှာလား။
စတဲ့မေးခွန်းတွေကိုတသီတတန်းကြီးမေးလာနိုင်ပါတယ်။ မေးလည်းမေးပါတယ်။
ဒါကြောင့်ကြိုတင်လေ့လာထားခြင်းဖြင့် သင်ဟာအမှန်တကယ်ကျောင်းတက်မယ့်ကျောင်းသားဖြစ်ကြောင်းထိရောက်ပေါ်လွင်စွာဖြေဆိုနိုင်မှာဖြစ်ပါတယ်။
2. Finance (ဘဏ္ဍာရေး)
သင်ဟာ သူတို့နိုင်ငံအထိလာပြီးကျောင်းတက်နိုင်ဖို့အတွက် နောက်ခံဓနအင်အား ရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်။
သင့်ကိုတာဝန်ယူမယ့် မိဘ သို့မဟုတ် ဆွေမျိုးဟာ တလျှောက်လုံးဘွဲ့ရသည်အထိသင့်ကိုထောက်ပံ့ နိုင်မည့် ဝင်ငွေ၊ပိုင်ဆိုင်မှု၊ Bank Statement စတာတွေကိုတင်ပြနိုင်ရမှာဖြစ်ပါတယ်။
3. Plans Following Graduation
(ဘွဲ့ရပြီးနောက်ပိုင်းအစီအစဥ်)
အထူးသိထားရမည်မှာ F1 Visa ဟာ ယာယီသာဖြစ်ပြီးသင်ဘွဲ့ရပြီးတာနဲ့ နေထိုင်အလုပ်လုပ်ခွင့်ရမှာမဟုတ်ပါဘူး။
ဒါကြောင့် သင်ဘွဲ့ရပြီးတာနဲ့ မိမိတိုင်းပြည်သို့ပြန်ပြီး ရှေ့ဆက်လုပ်ဆောင်မည့်အစီအစဥ်များကို ယုတ္တိရှိရှိတင်ပြပြောဆိုရမှာဖြစ်ပါတယ်။
ကောင်စစ်အရာရှိ လိုချင်သည်မှာ ကျောင်းတက်ပြီးလို့ဘွဲ့ရတာနဲ့ နေရပ်ပြန်ဖို့သာဖြစ်ပါတယ်။
ကောင်စစ်အရာရှိ များအနေဖြင့် သူတို့နိုင်ငံမှာသောင်တင်နေမည့်သူ မည်သူကိုမဆိုအလိုမရှိပါဘူး။
အထက်ဖော်ပြပါအချက်အလက်တွေက ကျောင်း သားဗီဇာ F1 Visa ဖြေဆိုမည့်သူများအတွက် အဖြစ်နိုင်ဆုံးပြင်ဆင်ရမည့်အကြောင်း အရာများနဲ့ မေးခွန်းများကိုစုစည်းတင်ပြပေးထားခြင်းဖြစ်ပါတယ်။
တချို့အကြောင်းအရာတွေဆိုရင် F1 သမားတွေသာမက တခြား Visa ကိုကြိုးစားနေသူများအတွက်ပါအသုံးဝင်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ကျွန်တော် ရေးသားတင်ပြလိုက်တဲ့အကြောင်းအရာတွေထဲကမှ ကိုယ့်အတွက်အသုံးဝင်တာ တစ်ခုလောက်ရရင် တင်ပြရကျိုးနပ်ပါတယ်။
နောက်အခါများမှာတော့ Visit Visa ကြိုးစားနေသူများအတွက် အထောက်အကူဖြစ်စေနိုင်မယ့်အ ကြောင်းအရာများကိုဆက်လက်ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ဖတ်ရှု့အားပေးကြပါခင်ဗျာ။
မီငြမ်းကိုးကား- Rebecca Safier | In Visa and Immigration Tips | 18 October 2023 | Updated on: October 23rd, 2023
အဆင်ပြေကြပါစေ။
15/1/2025
01/10/2025
အလိမ်အညာတွေပါ။
Comments တွေဖတ်တဲ့အခါ ရေးထားတဲ့သူတွေရဲ့ wall တွေထဲအထိဝင်ကြည့်ပါ။
အဆင်ပြေပါတယ်။ Follower တိုးပါတယ်ဆိုတဲ့ wall တွေက follower ၃ ၄ ၅ယောက်ထက်မပိုပါဘူး။
တချို့ဆို zero ပဲရှိပါတယ်။
သတိပြုရန်ပါ။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Gaynor Avenue, Granada Hills
Los Angeles, CA
