မုက်လိက်ဗွဲသၟဝ်ဝွံ ဒှ်မုက်လိက် ဗော်ဍုင်မန်တၟိ(ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)/ဒပ်မန်ရာမည NMSP-AD/RMA ဗွဲမလုပ်သၞောဝ်ရောၚ်ဂှ် မ္ဒးကဵုဏာ သမ္တီရအဴ။
NMSP-AD/Ramonnya Mon Army
(Information)
07/11/2025
လလောၚ်တြးပြံၚ်သၠာဲမုက်လိက် Facebook ဗော်ဍုၚ်မန်တၟိ(ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)/ဒပ်မန်ရာမည
-------------------------------
July 11, 2025
ဗော်ဍုင်မန်တၟိ(AD) ကေုာံ ဒပ်ပၞာန်ဗၠးၜးဍုၚ်မည်(MLA) တအ်ပံၚ်ကောံတုဲ စနူသၞာံ ၂၀၂၅ ဂိတု ဂျူလာၚ် (၁၁)ဏအ် ပံၚ်တောဲ ပံက်အာမုက်လိက် Facebook တၟိ လုပ်သၞောဝ် မွဲမုက်လိက်ဓဝ်ဟေၚ်ရောၚ် ကဵုဏာသမ္တီရ။
မုက်လိက်ဝွံ သုၚ်စောဲအာ နယၟု “ NMSP-AD/Ramonnya Mon Army” ရောၚ်တုဲ နူမုက်လိက်ဂှ်မွဲကဆံၚ် နကဵုဗော်ဍုၚ်မန်တၟိ(ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)/ဒပ်မန်ရာမညပိုဲ ဆက်စၠောံကဵုအာသမ္တီကု ကုညးဍုၚ်ကွာန်မဟာဇန် တအ်ရောၚ်။
စနူ စၟတ်တ္ၚဲ လလောၚ်တြးမုက်လိက်တၟိဂှ်တုဲ မုက်လိက် ဗော်ဍုၚ်မန်တၟိ(AD) ကေုာံ ဒပ်ပၞာန်ဗၠးၜးဍုၚ်မည်(MLA)တအ် မသုၚ်စောဲဒၟံၚ်တြေံလၟုဟ်ဝွံတအ်ဂှ် ဒေါံဇူထောံတုဲ ဟွံသုၚ်စောဲရရောၚ် ကဵုဏာသမ္တီရ။
သွက်ဂွံတီကေတ် လၟေၚ်ကမၠောန်၊ ကေုာံ ပရိုၚ်သ္ဇိုၚ်နူ ဗော်ဍုၚ်မန်တၟိ(ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)/ဒပ်မန်ရာမည ပိုဲဗွဲမဂတာပ်အခိၚ်မာန်ဂှ် မိမညးဍုၚ်ကွာန် ညးဆာန်ဂကူတအ် ဍဵုစွံလဝ် မပ္တံ “ Like, Follow” တအ် ပ္ဍဲမုက်တၟိတေံမာန်ရောၚ်ဂှ် မ္ဒးဗ္တိုက်ဖ္အောဝ်ကဵုဏာသမ္တီရအဴ။
သွက်ဂွံဆဵု မုက်လိက်တၟိဂှ် ဍဵု link ဗွဲသၟဝ်တေံညိအဴ။
https://www.facebook.com/share/16Hzqz68A9/?mibextid=qi2Omg
-–----------------------------------------------
NMSP-AD/Ramonnya Mon Army page အသစ် ပြောင်းလဲအသုံးပြုကြောင်း ထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ။၂၀၂၅ခုနှစ်၊ ဇူလိုင်လ၊ (၁၁)ရက်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ( ၁၁ )ရက်နေ့တွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော်နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) တို့ပူးပေါင်း၍ တရားဝင် လူမှုကွန်ယက်စာမျက်နှာအသစ် တစ်မျိုးဖြင့်သာ အသုံးပြုသွားပါမည်။
အဆိုပါလူမှုကွန်ယက်အမည်မှာ "NMSP-AD/Ramonnya Mon Army" ဖြစ်ပါသည်။ကျွန်ုပ်တို့ "NMSP-AD/Ramonnya Mon Army" မှ ပြည်သူလူထုအား တိုက်ရိုက်ဆက်သွယ်မှု ပြုလုပ်သွားမည့် platform ဖြစ်ပါသည်။
ဤကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ Mon Liberation Army (မွန်ပြည်လွတ်မြောက်ရေးတပ်တော်) စာမျက်နှာအဟောင်းနှင့် NMSP-AD မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) စာမျက်နှာအဟောင်းတို့အား အသုံးပြုခြင်းရပ်နားသွားပါမည်။
မိဘပြည်သူများအနေဖြင့် ကျွန်ုပ်တို့ NMSP-AD/Ramonnya Mon Army ၏ ရှေ့ဆက်လုပ်ငန်းစဉ်များ၊ တိုက်ပွဲဖော်ဆောင်မှုများအား အချိန်နှင့်တပြေးညီသိရှိနိုင်ရန် "like ၊follow" စသည်တို့ပြုလုပ်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
#သတင်းနှင့်ပြန်ကြားရေးဌာန
(AD)/RMA
06/25/2025
ကၠောန်ဗဒှ် အသေအဟာန်ဖျေံဘာ ကွတ်ဗ္တောန်ပၞာန်သ္ဇိုၚ် လၟေၚ် (၄)
----------------------------
June 25, 2025
ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)/ဒပ်မန်ရာမည ပံက်လဝ်ဘာ ကွတ်ဗ္တောန်ပၞာန်သ္ဇိုၚ် လၟေၚ်(၄)ဂှ် ကွတ်ဗ္တောန်အာစိုပ်ဒတုဲတုဲ နူတဏေံ (၂၄/၆/၂၅)တေံ ကၠောန်ဗဒှ်ဏာအသေအဟာန်ဖျေံဘာ ပ္ဍဲတိဍာ်ဗၠးၜးမွဲဒၞာဲရ။
ပ္ဍဲအသေအဟာန်ဂှ် က္ဍိုပ်သ္ကိုပ်ဂမၠိုၚ် ကေုာံ ခမဳသၚ်ညးဍုၚ်ကွာန်ညးဆာန်ဂကူဘိက်ထေက်ဂမၠိုၚ်တအ် တိုန်စိုပ်ကဵုဇြဟတ်အိုတ်တုဲ ဥက္ကဌ ကမ္မတဳက္ဍိုက်ပ်ပရေၚ်ဍုၚ်ကွာန်၊ပရေၚ်ပၞာန် ဗော်ဍုၚ်မန်တၟိ(AD) နာဲဇဲယ၊ ညးဂအုပ်က္ဍိုက်ပ်ဒပ်ပၞာန် ဒပ်မန်ရာမည ဒုသ္ကိုပ်ပၞာန်စၠန်ထဝ်၊ ကေုာံ စၞးဒပ်မဟာမိတ် သ္ကိုပ်ဒပ် ဒပ်ပၠန်ဂတးဍုၚ်မန်တအ် ဟီုဂလာန်ဗ္ကန်ကု ကွးဘာစှ်ေဘာတအ်ရ။ ပ္ဍဲအသေအဟာန်ဂှ် နူက္ဍိုပ်သ္ကိုပ်တိုန်စိုပ်ဂမၠိုၚ်တအ် ပ္အပ်ပြာပ်ကဵုလာပ်ကု ကွးဘာမကေက်သ္ကာဂမၠိုၚ် လၟေၚ်ၚ်နွံရ။
အသေအဟာန်ဖျေံဘာတုဲဂှ် ကွးဘာစှ်ေဘာတအ် သ္ပစၟတ်သစ္စယဵုဗ္စာတုဲ နူညးတာလျိုၚ်တအ် ပ္အပ်ဗ္ဂပ်ကဵုလွဟ် ကု ကွးဘာတအ်နွံရောၚ်။
=================================
အခြေခံစစ်သၚ်တန်း အပတ်စဥ်(၄) သၚ်တန်းဆၚ်းပွဲကျၚ်းပ
June 25, 2025
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်၏ အခြေးခံစစ်သၚ်တန်း အပတ်စဥ် (၄) ဆၚ်းပွဲကို ဇွန်လ (၂၄)ရက်နေ့က မွန်ပြည်နယ်လွတ်မြောက်နယ်မြေတစ်နေရာတွင် အောၚ်မြၚ်စွာ ကျၚ်းပပြုလုပ် ခဲ့သည်။
သၚ်တန်းဆၚ်းပွဲ အခမ်းအနားသို့ တော်လှန်ရေးကိုထောက်ခံအားပေးသော သံဃာတော်၊ မျိုးချစ်မွန်ပုဂ္ဂိုလ်များ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှည်များနှင့် NMSP-AD/RMA ခေါၚ်းဆောၚ်များ အားပေးတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွၚ် NMSP(AD)နိုၚ်ငံရေး စစ်ရေးဦးဆောၚ်ကော်မတီဥက္ကဌ နိုၚ်ဇေယျ၊ ရာမညမွန်တပ်တော် (RMA) စစ်ဦးစီးချုပ် ဗိုလ်မှူးချူပ်စလွန်းထော နှင့် မဟာမိတ်တပ်ကိုယ်စား မွန်ပြည်တော်လှန်တော်လှန်ရေးတပ် (MSRF) တပ်မှူး မှ သၚ်တန်းဆၚ်းရဲဘော်များကို မိန့်ခွန်းများနှင့် အမှာစကားများ ပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး ထူးချွန်ဆုရ သၚ်တန်းသားများအား ခေါၚ်းဆောၚ်များမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် သၚ်တန်းသားများက မွန်အမျိုးသား၊ မွန်ပြည်နယ်နှင့် မွန်ပြည်သူလူထုအတွက် မိမိတို့ အသက်ကိုစွန့်လွှတ် တိုက်ပွဲဝၚ်သွားမည်ဖြစ်ကြောၚ်း သစ္စာအဓိဌာန်ပြုခဲ့ကြပြီး ခေါၚ်းဆောၚ်များက သၚ်တန်းဆၚ်းရဲဘော်များအား လက်နက်များတပ်ဆၚ်ပေးအပ်ခဲ့ကြသည်။
06/19/2025
လလောၚ်တြး ကဵုသမ္တီ ပြံၚ်သၠာဲ တၞးလိက်စၟတ်သမ္တီ ပ္တိုန်ဂုဏ်စရာဲ
----------------------------------------------
သၞာံ ၂၀၂၅၊ ဂိတု ဂျောန် (၁၉)
နူကဵု ပူဂဵု/ ဂကောံဂမၠိုၚ်တအ် ရန်တၟအ်ကဵုသွက်ဍုၚ်မန်ဗၠးၜး ကေုာံ သ္ဂောံဗ္တိုက်သ္အးတၠအဝဵုပၞာန်တုဲ ထံက်ပၚ်ရီုဗၚ်ဒၟံၚ် ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်) NMSP (AD) ပိုဲနွံကၠုၚ်မံၚ်အဆက်က်ရ။ ကု ပူဂဵု/ ဂကောံ ညမးရီုဗၚ်ထံက်ပၚ်ကၠုၚ်လဝ်တအ်ဂှ် နကဵု NMSP (AD) ပိုဲ ပတိတ်ကဵုဒၟံၚ်တၞးလိက်စၟတ်သမ္တီ ပ္တိုန်ဂုဏ်စရာဲနွံတုဲ လ္တူဏအ် ပိုဲတအ်ဂိုၚ်စွံ စၟတ်သမ္တီလဝ်ဗွဲမဇြိုဟ်နက်ရောၚ်။
ကြဴနူ ဗော်ဍုၚ်မန်တၟိ(AD) ကေုာံ ဒပ်ပၞာန်ဗၠးၜးဍုၚ်မည်(MLA) ပံၚ်ဒှ်မွဲ သုၚ်စောဲကၠုၚ်ယၟု ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)/ ဒပ်မန်ရာမည NMSP-AD/RMA တုဲ စနူဂိတုဏအ် (သၞာံ ၂၀၂၅၊ ဂိတု ဂျောန်)မ္ဂး ကုပူဂဵု/ ဂကောံ ညးမထံက်ပၚ်ကဵုနၚ်အရီုအဗၚ်တအ်ဂှ် နကဵု ဗော်ဍုၚ်မန်တၟိ(ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)/ ဒပ်မန်ရာမည NMSP-AD/RMA ပိုဲ ပြံၚ်သၠာဲကဵုအာ တၞးလိက်စၟတ်သမ္တီ ပ္တိုန်ဂုဏ်စရာဲ နဗီုပြၚ်တၟိ အတိုၚ်ဗွဲသၟဝ်တေံရောၚ် လလောၚ်တြးကဵုဏာသမ္တီရအဴ။
================================
ဂုဏ်ပြုမှတ်တမ်းလွှာအသစ် ပြောင်းလဲခြင်းကြေညာချက်
----------------------------------
June 19,25
မွန်ပြည်လွတ်မြောက်ရေးနှင့် စစ်အာဏာရှၚ်စနစ်တိုက်ဖျက်ရေးအတွက် တော်လှန်ရေးဆိုၚ်ရာလုပ် ငန်းများတွၚ် အသုံးပြုရန် ပါဝၚ်ထောက်ပံ့လာခဲ့သည့် လူပုဂိုလ်/ အဖွဲ့အစည်းများကို မိမိတို့ မွန်ပြည်သစ်ပါတီ (NMSP-AD)မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အစဥ်ပေးအပ်ခဲ့သည်။ ထုတ်ပြန်အသုံးပြုခဲ့သည့် ဂုဏ်ပြုမှတ် တမ်းလွှာများသည် ပြည်သူလူထုအပေါင်း၏ သမိုင်းဝင်အမှတ်တရများပင်ဖြစ်သောကြောင့် အမြဲဂုဏ်ယူစွာ တန်ဖိုးထားသွားမည်ဖြစ်ပါသည်။
မွန်ပြည်သစ်ပါတီ (NMSP-AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ပေါၚ်းစည်းကာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/RMA အမည်ဖြင့်ဖွဲ့စည်းခဲ့ပြီဖြစ် သောကြောင့် မိမိတို့ NMSP-AD/RMA ဂုဏ်ပြုမှတ်တမ်းလွှာအသစ်ကိုလည်း ယခုလ (၂၀၂၅ ခုနှစ်၊ ဇွန်လ) မှ စတင်၍ အောက်ဖေါ်ပြပါ ပုံစံသစ်အတိုၚ်း ပြောင်းလဲပေးအပ်သွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
06/12/2025
တအာင်းပြည်ကောင်စီ(Ta’ang Land Council-TLC) ဖွဲ့စည်းခြင်းအပေါ်
ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ချက်
ရက်စွဲ။၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့
၁။ တအာင်းအမျိုးသားပါတီ-TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA နှင့် တအာင်း အရပ်ဖက်အစုအဖွဲ့များပါဝင်သည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC ၏ထိပ်သီးအစည်း အဝေးမှ တအာင်းပြည်ကောင်စီ (Ta’ang Land Council-TLC) ဖွဲ့စည်းနိုင်ခြင်းအပေါ် မွန်ပြည်သစ်ပါ တီ-စစ်အာဏာရှင်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် NMSP-AD/RMA မှ အထူးဂုဏ်ယူဝမ်းမြောက် ပါသည်။
၂။ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC၏ ထိပ်သီးအစည်းအဝေးမှ တအာင်းပြည်တော်လှန် ရေးကာလ အစိုးရအစီအမံကို အတည်ပြုပြီး ထိုတော်လှန်ရေးကာလအစီအမံကို အကောင်အထည် ဖော်ရန် တအာင်းပြည်ကောင်စီ (Ta’ang Land Council-TLC) အား တအာင်းတော်လှန်ရေးကာလ၏ အမြင့်ဆုံးအာဏာပိုင်အဖြစ် ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ခြင်းသည်တအာင်းပြည်သူလူထုတော်လှန်ရေး၏ ကြီးမားသည့်အောင်မြင်မှုတစ်ရပ်အဖြစ် ရှုမြင်ပြီး များစွာဂုဏ်ယူမိပါသည်။
၃။ NMSP-AD/RMA သည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုနှင့် မွန်ပြည်ပေါ်ထွန်းရေး ရည်မှန်း ချက်များဖြင့် တိုက်ပွဲဝင်လျှက်ရှိသည်။ ထိုသို့တိုက်ပွဲဝင်ရာတွင် “တစိတ်တပိုင်း လွတ်မြောက်ရုံဖြင့် အားလုံးမလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိ မည်”ဟု ခံယူချက်နှင့်အညီ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA အပါအဝင် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်။
၄။ မွန်-ခမာ မျိုးနွယ်စုဖြစ်သည့် မွန်၊၀၊တအာင်းတို့မှ တအာင်းနယ်မြေဒေသနှင့်တအာင်း ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်အတွက် ယခုကဲ့သို့ တအာင်းပြည်ကောင်စီ(Ta’ang Land Council-TLC) ဖွဲ့ စည်းနိုင်သည့်အပေါ် NMSP-AD/RMA မှ ထောက်ခံကြိုဆိုပြီး တအာင်းပြည်ကောင်စီ(Ta’ang Land Council-TLC) ၏ရှေ့လုပ်ငန်းစဥ်များ အမြန်အောင်မြင်ပါစေကြောင်း ဆန္ဒပြုရင်း ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်နိုင်ရေးအတွက် တအာင်းပြည်ကောင်စီ(Ta’ang Land Council-TLC) အပါ အဝင် မြန်မာပြည်ရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ် ပြန်အပ်ပါသည်။
နိုင်ငံရေး၊စစ်ရေးဦးဆောင်ကော်မတီ
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်
06/12/2025
လလောင်ပရိုင်ပေါဲဗ္တိုက်
----------------------------
June 12, 2025
ဒပ်မန်ရာမည(NMSP-AD/RMA) မဖျေံသ္ဇိုၚ် ပွိုၚ်ဍုၚ်မုဟ်ဍုၚ်တအ် နူတဏေံဏအ်(၁၁/၆/၂၅) အခိၚ်နူဂယး ၜိုတ် ၅း၀၀ နာဍဳဂှ် မၚ်ကြတ်ဗ္တိုက် ဒပ်ကံၚ်ဇြဳပၞာန်ဗၟာ မဂေတ်မံၚ်ဂီုကၠီုဂၠံၚ်ကွဳစက် ပ္ဍဲအကြာကွာန်ယေန်ဒံၚ် ကု ကွာန်သၞေဟ်ဗ္ဒဝ်၊ ပွိုၚ်ဍုၚ်မုဟ်ဍုၚ်ရ။
အဃော ဒပ်ကံၚ်ဇြဳပၞာန် ဇြဟတ်ဗၞတ်(၃၀)တၠတအ် ဂေတ်ကၠုၚ်ဖျေံဂီုကၠီုဂၠံၚ်နကဵုကွဳစက်(FAW) ပ္ဍဲတၞုၚ်ကွာန်သၞေဟ်ဗ္ဒဝ်ဂှ် ဒပ်မန်ရာမည (NMSP-AD/RMA) မၚ်ကြတ်ပန်တုဲ ဒှ်အာပေါဲဗ္တိုက်ဆေၚ်မုက် ဗၞတ်ပွိုၚ်မွဲနာဍဳ ဗွဲမသ္ကာတ်မြဟ်ရ။ ပေါဲဗ္တိုက်ဝွံ ဟိုတ်နူလ္ပာ်ဇကု ကေတ်အခိၚ်မၚ်ကြတ်ပန် ဂွံကၠာတဲတုဲ လပါ်သၞ ချိုတ်ဒးဝပ်ဂိဂိနွံဗွဲမဂၠိုၚ်ရောၚ်ဂွံတီကေတ်တုဲ နူလ္ပါ်သၞ ချိုတ်ဒးဝပ်နွံဟလိုၚ်လဵုဂှ် အဃောစၟဳတ်ဟဍိုဟ်မံၚ်ပရိုၚ်ဖိုဟ်ရောၚ်။
သ္ပဟိုတ်နူ ဂကောံကံၚ်ဇြဳပၞာန်ဗၟာမကီုပရာပ်တအ် ရပ်ဒၟံၚ်ကွဳစက်ကွဳလိုန်ဓါတ် ဟွံမွဲကုလာၚ်ဇြေန်ဗွဲကြာန်န် အကြာဂၠံၚ်ဇၞော်မတ်မလီုဇြပ်ဗုတုဲ ဖျေံဒၟံၚ်ဂီုကၠီုဂၠံၚ်ကုဒပ်ပၞာန်ဂှ်ရ နူဒပ်မန်ရာမညတအ် မ္ဒးဖန်ဗဒှ်ဏာ ပေါဲဗ္တိုက်ဝွံရ။ ပ္ဍဲပေါဲဗ္တိုက်ဝွံ နူလ္ပါ် ဒပ်မန်ရာမည (NMSP-AD/RMA) ကဆံၚ် ဒုဗိုလ်မွဲတၠ အဃောလုပ်မံၚ်ပေါဲဗ္တိုက်ဂှ် မဒးပူဇဴဏာလမျီု သွက်ဍုၚ်သွက်ဂကူရောၚ်။
----------------------------------------------------------
တိုက်ပွဲသတၚ်းထုတ်ပြန်ချက်
June 12, 2025
မွန်ပြည်နယ်၊ မော်လမြိုၚ်နှင့် သံဖြူဇရပ် ကားလမ်းမကြီးပေါ်ရှိ၊ ရောၚ်ဒေါၚ်းရွာနှင့် နှီးဗဒေါရွာကြား မနေ့ (၁၁/၆/၂၅) နံနက် ၅း၀၀ နာရီ အချိန်ခန့်တွၚ် စစ်ကောၚ်စီတပ်မှ လမ်းလုံခြုံရေးအတွက် FAW ကားဖြင့် မောၚ်းနှၚ်လာစဥ် မုဒုံမြို့နယ်အခြေချ ရာမညမွန်တပ်တော် (NMSP-AD/RMA)မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
လမ်းလုံခြုံရေးချရန် အၚ်အား(၃၀)ခန့် ပါဝၚ်သည့် စစ်ကောၚ်စီတပ်ယာဥ်ကို နှီးဗဒေါကျေးရွာထိပ်တွၚ် မိမိတို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) မှ အနီးကပ်ကြားဖြတ်တိုက်ခိုက်ရာ တစ်နာရီခန့် နှစ်ဖက်ရၚ်ဆိုၚ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွၚ် မိမိတို့မှ လက်ဦးမှုရယူနိုၚ်ခဲ့ခြၚ်းကြောင့် ရန်သူဘက်မှ အများအပြားသေကြေ၊ ဒဏ်ရာရရှိမှုရှိခဲ့သည်ဟု ကနဦးသတၚ်းအရသိရှိရပြီး ရန်သူဘက်မှ သေကြေဒဏ်ရာရ စာရၚ်းများကို စီစစ်စုံစမ်းနေဆဲဖြစ်သည်။
မွန်ပြည်နယ် သံဖြူဇရပ်နှင့် မုံဒုံမြို့နယ်တဝိုက်တွၚ် စစ်ကောၚ်စီမှ လိုၚ်စၚ်မဲ့ယာဥ်များဖမ်းဆီးရန်ဟူသော အကြောၚ်းပြချက်ဖြင့် ပြည်သူ့များရဲ့မော်တော်ယာဥ်၊ မော်တော်ဆိုၚ်ကယ်များကို အကြမ်းဖက်စစ်ဆေးငွေညှစ်နေကာ တပ်ဘက်မှလမ်းလုံခြုံရေးယူနေမှုများကြောင့် ယခုလို တိုက်ပွဲဖေါ်ဆောၚ်ရခြၚ်းဖြစ်သည်။ တိုက်ပွဲအတွၚ်း မိမိတို့ ရာမညမွန်တပ်တော် (NMSP-AD/RMA)မှ ဒုဗိုလ်တစ်ဦး တိုၚ်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးခဲ့ရသည်။
လလောင်ပရိုင်ပေါဲဗ္တိုက်
----------------------------
စၟတ်တ္ၚဲ။ ။ဂိတုဂျောန် ၅၊ သၞာံ ၂၀၂၅၊
ဒပ်မန်ရာမည(NMSP-AD/RMA) မဖျေံသ္ဇိုၚ် ပွိုၚ်ဍုၚ်ဍာ်ဗု ကေုာံ ဒပ်မဟာမိတ်ပံင်တောဲဂမၠိုင်တအ် က္တဵုဒှ်ပေဲါဗ္တိုက်ဆေင်မုက် ကု ဒပ်ကံၚ်ဇြဳပၞာန်ဗၟာ မဖျေံလဝ်ဗ္ဒိုပ် ပ္ဍဲကွာန်ဂြင်စိင်၊ ပွိုင်တိုက်ကွာန်သၟိင် (မင်းသား)၊ ရးတနင်္သဳ ရ။
ပ္ဍဲစၟတ်တ္ၚဲ ဂိတုဂျောန် ၂ သၞာံ ၂၀၂၅ အခိင် နူဂယး ဗၞတ် ၈:၀၀ နာဍဳ ဂှ် ဒပ်မန်ရာမည(NMSP-AD/RMA) မဖျေံသ္ဇိုၚ် ပွိုၚ်ဍုၚ်ဍာ်ဗု ကေုာံ ဒပ်မဟာမိတ် ပံင်ကောံဂမၠိုင်တအ် အဃောဇက်အာလုပ်ဗ္တိုက် ဒပ်ကံင်ဇြဳပၞာန်ဗၟာ မဖျေံလဝ်ဗ္ဒိုပ် ပ္ဍဲကွာန်ဂြင်စိင် ပွိုင်တိုက် ကွာန်သၟိင်ဂှ် ဒပ်ကံင်ဇြဳပၞာန်ဗၟာ ဗၞတ်ဇြဟတ်ၜိုတ် (၃၀) တၠတအ် တိတ်ဂြးတိဍာ်တုဲ က္တဵုဒှ်ပေဲါ ဗ္တိုက်ဆေင်မုက်ရ။
သ္ပဟိုတ်နူ လပါ်ဇကု ဂွံကၠာတုဲ လပါ်ကံင်ဇြဳပၞာန်ဗၟာတအ် ဟွံအောန်နူ (၆) တၠ ချိုတ်တုဲ ဗၞတ် (၁၃) တၠဂှ် ဒးဝပ်နွံ ဂွံတီကေတ်ပရိုင်နူဇရေင်ညးဒေသအပ္ဍဲရ၊ ပေဲါဗ္တိုက်ဝွံ လအ်အခိင်ဗၞတ် ၜိုတ် (၃၀) မိနေတ် က္တဵုဒှ် ပန်ပှော်ရေင်သကအ်ရ။
သ္အာင်နူဂှ်ပၠန် ဒပ်ပံင်ကောံမဟာမိတ်တအ် ကလေင်ပန်ဟပၠုပ် လွဟ်ဇၞော် (၆၀ မမ) ကု ဒပ်ကံင်ဇြဳပၞာန်ဗၟာ မဖျေံလဝ်ဗ္ဒိုပ်ပ္ဍဲကွာန်ဂြင်စိင်ဂှ် လပါ်ကံင်ဇြဳဳပၞာန်ဗၟာတအ်ကလေၚ်ဒးဝပ်နွံဂှ်လေဝ် ဂွံတီကေတ်တုဲ လၟိဟ်ဂှ် ဟွံတီချိုတ်ပၠိုတ် အဃောလ္ၚတ်ဂၠိုက်ဂၠာဲမံင်ရ။
အပ္ဍဲပေဲါဗ္တိုက်ဂှ်ဝွံ လပါ်ဒပ်ပၠန်ဂတးမဟာမိတ်ဂမၠိုင်တအ် ဟွံက္လိဂွံဝပ်တုဲ ဗွဲမအံင်ဇၞးဂှ် ကလေင်ပဲါတိတ်ကၠုင်မာန်ရ။
ဂကောံမပါလုပ် အပ္ဍဲပေဲါဗ္တိုက်ဝွံ ဒပ်မန်ရာမည(NMSP-AD/RMA) မဖျေံသ္ဇိုၚ် ပွိုၚ်ဍုၚ်ဍာ်ဗု၊ ဒပ်ပၠန်ဂတးဍုင်မန် (MSRF)၊ တံဒပ်ဒဝ်န ဒပ်ပါ် (၃) - KBDF၊ LPF၊ တံဒဝ်န ဒပ်ပါ် (၂) - YGF၊ ကေုာံ တံဒပ်ပ္ကတ်ပ္ကေင် Nonentity Coach တအ် ပံင်ကောံတုဲ ပါလုပ်ချဳဒရာင်ရ။
05/24/2025
Statement on the unification of the New Mon State Party (Anti-military Dictatorship)
NMSP (AD) and the Mon Liberation Army - MLA
Date: May 24, 2025
1. The New Mon State Party (Anti-military Dictatorship) NMSP (AD) and the Mon Liberation Army MLA unified on May 24, 2025, with the aim of abolishing the military dictatorship and establishing a Mon State guaranteeing equal rights and self-determination.
2. The Mon National Liberation Army (Anti-military Dictatorship) MNLA (AD) and the Mon Liberation Army (MLA) merged to establish the Ramonnya Mon Army (RMA).
3. The NMSP-AD's Political and Military Committee was formed with (26) members which included the leaders of NMSP (AD) and MLA. (9) members of the Political and Military Leading Committee were elected from the NMSP (AD) Political and Military Committee and, Nai Jwel Ya was elected as Chairman, Nai Layah Kaung as Vice-Chairman, and Nai Banyal Leir as Secretary.
4. Under the guidance of the NMSP (AD) Political and Military Committee, (7) members of the Military Committee will carry out the military operations of the Ramonnya Mon Army (RMA). Brigadier General Salon Htaw was appointed as Commander-in-Chief, with Colonel Soe Win as Deputy Commander-in-Chief(1) and Colonel Kyi San as Deputy Commander-in-Chief (2).
5. We, the New Mon State Party (Anti-military Dictatorship)/Ramonnya Mon Army NMSP(AD)/ RMA) announce our commitment to fight alongside our fellow oppressed ethnic revolutionary alliance organizations and People's Defense Forces to end the military dictatorship and to establish a Mon State guaranteeing equal rights and self-determination.
Contacts
Nai Gong Skar (Signal +66930946097) Banyar Min Kansi (Signal +959697654807
05/24/2025
လိက်လလောၚ်တြးပရေၚ်ပံၚ်ကောံ
ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်) NMSP(AD) ကေုာံ ဒပ်ပၞာန်ဗၠးၜးဍုၚ်မည် (MLA)
---------------------
စၟတ်တ္ၚဲ၊ သၞာံ ၂၀၂၅၊ ဂိတုမေ (၂၄)
၁။ ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်) NMSP(AD) ကေုာံ ဒပ်ပၞာန်ဗၠးၜးဍုၚ်မည် MLA တအ်ဝွံ ရန်တၟအ်ကဵု သ္ဂောံဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်၊ သ္ဂောံဓမံက်ပ္တိုန်ဍုၚ်မန် မဍိုက်ပေၚ်ကဵုအခေါၚ်အရာတုပ်သၟဟ် ကေုာံ အခေါၚ် ကံကုသဵုဇကု ဇကုဖန်ဖက်ကေတ်မာန်တုဲ ပ္ဍဲသၞာံ ၂၀၂၅ ဂိတုမေ (၂၄) ဂှ် ပံၚ်ကောံရေၚ်သ္ကအ်ရ။
၂။ ဒပ်ပၞာန်ဗၠးၜးကောန်ဂကူမန် (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်) MNLA(AD) ကေုာံ ဒပ်ပၞာန်ဗၠးၜးဍုင်မည် MLA တအ် ပံၚ်ကောံတုဲ ဒက်ပ္တန်အာ “ဒပ်မန်ရာမည၊ ရာမညမွန်တပ်တော်၊ Ramonnya Mon Army (RMA)” ရ။
၃။ နကဵုဂကောံက္ဍိုက်ပ်ပရေၚ်ဍုၚ်ကွာန်၊ပရေၚ်ပၞာန် NMSP(AD) ကေုာံ ဂကောံက္ဍိုက်ပ် MLA တအ် ပါလုပ်တုဲ က္လေၚ်ဒက်ပ္တန်အာ ကမ္မတဳပရေၚ်ဍုၚ်ကွာန်၊ ပရေၚ်ပၞာန် NMSP(AD) (၂၆) တၠ ရ။ အပ္ဍဲကမ္မတဳပရေၚ်ဍုၚ်ကွာန်၊ ပရေၚ်ပၞာန်ဂမၠိုၚ်ဂှ် ကလေၚ်ရုဲစှ်ပ္တိုန် ကမ္မတဳက္ဍိုက်ပ်ပရေၚ်ဍုန်ကွာန်ပရေၚ်ပၞာန် (၉) တၠတုဲ ရုဲစှ်ခါန်ကၞက်ပ္တိုန် နဒဒှ် ဥက္ကဌ နာဲဇဲယ၊ ဒုဥက္ကဌ နာဲလျးဂကူ၊ ညးအုပ်ကာ နာဲဗညာလဴ တအ်ရ။
၄။ သၟဝ်ပၠတရဴ ပရေၚ်ဍုၚ်ကွာန် ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်) NMSP(AD) ဂှ် သ္ဂောံက္ဍိုက်ပ်ဓမံက်အာ ရုပ်ရဴပရေၚ်ပၞာန် ဒပ်မန်ရာမည (RMA) မာန် ပံက်ပ္တိုန် ကမ္မတဳပၞာန် (၇)တၠတုဲ ရုဲစှ်ခါန်ကၞက်ပ္တိုန် နဒဒှ် ညးဂအုပ် က္ဍိုက်ပ်ဒပ်ပၞာန် ဒုသ္ကိုပ်ပၞာန်စၠန်ထဝ်၊ ဒုညးဂအုပ်က္ဍိုက်ပ်ဒပ်ပၞာန် (၁) သ္ကိုပ်ဗိုလ်ဇၞော်သဵုဝေန်၊ ဒုညးဂအုပ် က္ဍိုက်ပ်ဒပ်ပၞာန်(၂) သ္ကိုပ်ဗိုလ်ဇၞော်ကျဳဇြာန် တအ်ရ။
၅။ ဍုၚ်မန်မဍိုက်ပေၚ်ကဵု အခေါၚ်ကံကုသဵုဇကု ဇကုဖန်ဖက်ကေတ် သ္ဂောံမံက်တိုန်မာန်၊ သၞောတ်တၠအဝဵုပၞာန် သ္ဂောံဒတုံသရိုဟ်စှ်ေအာ ပြဟ်ဟ်မာန် ဖျေံသန္ဓိဌာန်တုဲ ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)၊ ဒပ်မန်ရာ မည (NMSP-AD/RMA) ပိုဲဝွံ ပံၚ်တောဲကဵု ဂကောံမဟာမိတ်ပၠန်ဂတးကောန်ဍုၚ်အရၚ်ဘဝတုပ်ဂမၠိုၚ် ကေုာံ ဒပ်ပၠန်ဂတး စဵုဒၞာညးဍုၚ်ကွာန်ဂမၠိုၚ်တအ်တုဲ လုပ်အာပေါဲဗ္တိုက်ရောၚ် လလောၚ်တြးဏာရ။
ကေတ်အဆက်
နာဲဂံၚ်သ္ကာ (Signal +66 93 094 6097)
ဗညာမၚ်ကာန်စဳ (Signal +959 697 654 807)
-------------------------------------------------------
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ပေါင်းစည်းကြောင်း ထုတ်ပြန်ချက်
ရက်စွဲ -၂၀၂၅ ခုနှစ် မေလ ၂၄ ရက်
၁။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ သည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ် ထွန်းရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ပေါင်းစည်းသည်။
၂။ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်း စည်းပြီး “ဒပ်မန်ရာမည-ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” ကို ဖွဲ့စည်းသည်။
၃။ NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နှင့် MLA ဦးဆောင်အဖွဲ့တို့ပါဝင်သော NMSP (AD) နိုင်ငံရေးစစ်ရေးကော် မတီကို အဖွဲ့ဝင် (၂၆) ဦးဖြင့် ဖွဲ့စည်းသည်။ NMSP (AD) နိုင်ငံရေးစစ်ရေး ကော်မတီဝင်များမှ နိုင်ငံရေးစစ်ရေးဦး ဆောင်ကော်မတီ (၉) ဦးကို ရွှေးချယ်ပြီး ဥက္ကဌ နိုင်ဇေယျ၊ ဒုဥက္ကဌ နိုင်လယီကောင်း၊ အတွင်းရေးမှူး နိုင်ဗညားလယ် တို့ကို ရွေးချယ်ခန့်အပ်သည်။
၄။ NMSP(AD) နိုင်ငံရေးစစ်ရေးကော်မတီ ဦးဆောင်မှုဖြင့် ရာမညမွန်တပ်တော် RMA ၏ စစ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင် (၇) ဦးပါဝင်သော စစ်ကော်မတီကို ဖွဲ့စည်းပြီ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတို့အား ခန့်အပ်တာဝန်ပေး သည်။
၅။ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး အတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ ရာမညမွန်တပ်တော် (NMSP(AD)/RMA) တို့သည် အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
ဆက်သွယ်ရန်
နိုင်ကောင်းစကား- (Signal +66930946097)
ဗညားမင်းကံစီ -(Signal +959 697 654 807)
05/21/2025
လလောၚ်ပရိုၚ်ပေါဲဗ္တိုက်
May 21, 2025
ဒပ်ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)(NMSP -AD) မချဳဒရာၚ်ပွိုၚ်ဍုၚ်မုဟ်ဍုၚ်တအ် နူတဏေံတေံ(၂၀/၅/၂၅) အခိၚ် လ္ဒေါဝ်တ္ၚဲ ၜိုတ်၁၂း ၁၀ နာဍဳဂှ် လုပ်ဗ္တိုက် ဒပ်ကံၚ်ဇြဳပၞာန်ဗၟာ ဒပ်မၠံက် (၃၁၈) မကေတ်လဝ်ဒၞာဲ ပ္ဍဲပါၚ်ဂၠံၚ်ကွာန်ယေန်ဒံၚ် လ္တူဂၠံၚ်ကွဳစက်ဇၞော် မတ်မလီု၊ ဇြပ်ဗုရ။
ပေါဲဗ္တိုက်ဝွံ လအ်ပွိုၚ် ၜိုတ်ဘာ်နာဍဳတုဲ ပ္ဍဲပေါဲဗ္တိုက်ဂှ် လ္ပာ်သၞချိုတ် (၁)တၠ၊ ဒးအာဝပ် (၅)တၠ နွံရောၚ် ဂွံတီကေတ်ပရိုၚ်ကိုပ်ကၠာတဲရ။ ပ္ဍဲပေါဲဗ္တိုက်ဂှ် သ္ဂံၚ်နူ ဒပ်ဗော်ဍုၚ်မန်တၟိ (AD) ဒးအာဝပ် (ဟွံဒးဂွိၚ်) မွဲတၠနွံရ။
--------------------------------
တိုက်ပွဲသတၚ်းထုတ်ပြန်ချက်
May 21, 2025
မွန်ပြည်နယ် မော်လမြိုၚ်၊ သံဖြူဇရပ်လမ်းမကြီးပေါ်ရှိ၊ မုဒုံမြို့နယ် ရောၚ်းဒေါၚ်းကျေးရွာနားတွၚ် တပ်စွဲထားသည့် စစ်ကောၚ်စီတပ် (အမတ ၃၁၈)ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) NMSP (AD) မုဒုံမြို့နယ်တပ်မှ မနေ့ (၂၀/၅/၂၅) နေ့လည် ၁၂း၁၀ နာရီ အချိန်ခန့်တွၚ် ဝၚ်ရောက်တိုက်ခိုက်ခဲ့သည်။
နှစ်ဖက်ရၚ်ဆိုၚ်တိုက်ပွဲမှာ နာရီဝက်ခန့်ကြာ ဖြစ်ပွားခဲ့ပြီး ရန်သူ စကစ ဘက်မှ (၁)ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရရှိခဲ့ကြောၚ်း ကနဦးသတၚ်းရရှိသည်။ တိုက်ပွဲတွၚ် မိမိတို့ဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။
05/04/2025
ပွမထံက်ပၚ်လဝ် ပရေၚ်ညးဒးဘဲဒဏ်တိချဳ
======================
နကဵုဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)ဝွံ ကေတ်အဆက်ကဵု ဂကောံဒေသညးမချဳဒရာၚ်ရီုဗၚ်ဒၟံၚ် ပရေၚ်ညးဒးဘဲဒဏ် တိချဳ Myanmar Emergency Response Coordination Unit (MERCU)တအ်တုဲ ဂွံပြင်ဗစိုပ် ကဵုဏာလဝ်အရီုအဗၚ် နကဵု သြန်သေံ 250000 (ၜါကိုဋ်ဘာ် ၜါတ်) နွံရ။
-----–---------------------------
ဒေသအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနေသည့် Myanmar Emergency Response Coordination Unit - MERCU သို့ New Mon State Party -AD မှ ထိုင်းဘတ်ငွေ 250,000 အတိ လှုုဒါန်းခဲ့ပါသည်။
04/26/2025
လလောင်ပရိုင်ပေဲါဗ္တိုက်
April 26, 2025
ဗော်ဍုင်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်) (NMSP - AD) ကေုာံ ဒပ်ပၠန်ဂတးပံင်တောဲမဟာမိတ်တအ် ပန်ပလံင်ဏာ ကံသၠောဝ် (၁၀၇) မမ ပ္ဍဲဒပ်ကံင်ဇြဳပၞာန် ဖျေံသ္ဇိုင်တၟအ်ကၞေင် ခမရ (၅၈၈)
ပ္ဍဲစၟတ်တ္ၚဲ (24/4/25) အခိင်လ္ဒောဝ်တ္ၚဲ (၁) နာဍဳ (၃၀) မိနေတ်ဂှ် ၊ ဗော်ဍုင်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်) (NMSP - AD) ကေုာံ ဒပ်ပၠန်ဂတးပံင်တောဲမဟာမိတ်တအ် ပန်ပလံင်ဏာ နကံသၠောဝ် (၁၀၇) မမ (၅)မ ပ္ဍဲဒပ်ကံင်ဇြဳပၞာန် မဖျေံသ္ဇိုင်တၟအ်ကၞေင် ခမရ (၅၈၈)ရ။
ပ္ဍဲပေဲါဗ္တိုက်ဝွံ လ္ပါ်သၞ ကောန်ဒပ်ကံင်ဇြဳပၞာန်တအ် ဒးဝပ် ချိုတ်ဂျိုင် မုစိတၠဂှ် စၟဳစၟတ်မံင်ဖိုဟ်ရ။ လ္ပါ်ဒပ်ပံင်တောဲပၠန်ဂတးမဟာမိတ်ပိုဲဂှ် ပရေင်ဒးဝပ် ဟၟဲမွဲသာ် ပန်ပလံင်ဏာ ဗွဲမအံင်ဇၞးမာန်ကၠုင်ရ။
ပ္ဍဲဒပ်ပံင်တောဲပၠန်ဂတး မဟာမိတ်ဝွံ ဗော်ဍုင်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်) (NMSP - AD)၊ ဒပ်ပၠန်ဂတးဍုင်မန် (MSRF)၊ ဒပ်စဵုဒၞာညးဍုင်ကွာန် တမ်ဒပ်ဒဝ်ဏတအ်ပါလုပ်ရ။
-----------------------------------------------------------
တိုက်ပွဲသတင်းထုတ်ပြန်ချက်
April 26, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင် အခြေစိုက် ခမရ(၅၈၈) ကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) (NMSP - AD) နှင့် မဟာမိတ်ပူးပါင်းတပ်ဖွဲ့များမှ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခက်တိုက်ခိုက်
ရေးမြို့နယ် မော့ကနင် အခြေစိုက် ခမရ-၅၈၈ ကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) (NMSP - AD) နှင့် မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့များမှ ၁၀၇မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သည်။
ဧပြီလ၂၄ရက် နေ့လည် ၁နာရီ၃၀မိနစ် အချိန်တွင် ခမရ-၅၈၈ ကို ၁၀၇မမ ရှော့တိုက်ဒုံး ၅လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ရန်သူစစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ မိမိတို့တော်လှန်ရေးပူးပေါင်းတပ်များမှ တစုံတရာထိခိုက်မှု မရှိဘဲ အောင်မြင်စွာပစ်ခက်တိုက်ခိုက်နိုင်ခဲ့သည်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တို့ပူးပေါင်းပါဝင်ကြသည်။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Website
Address
Los Angeles, CA
1422024
