ဒေါင်းစစ်သည်

ဒေါင်းစစ်သည်

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဒေါင်းစစ်သည်, Armed forces, Newyork, New York, NY.

10/19/2023

လူတစ်ဦးတစ်ယောက်အတွက်နဲ့ လုပ်နေတဲ့တော်လှန်ရေးမဟုတ်ဘူး ပြည်သူတစ်ရပ်လုံးအတွက်လုပ်နေတဲ့တော်လှန်ရေး အားလုံးပါဝင်ဖို့အချိန်တန်ပြီ

04/01/2023

မကြာမှီလာမည်...... မျှော် 😎😎😎

04/01/2023

ငြိမ်နေတာအကောင်းမထင်နဲ့နော် ပွဲတွေစကဖို့အဆင်သင့်ဖြစ်နေပြီ😎

10/28/2022

တမြို့လုံး၊ တတိုင်းပြည်လုံး၊ တအိမ်လုံးက အမှောင်ချသွားရအောင် မီးပိတ်၊ မီးမှိတ်၊ တိတ်ဆိတ်ကြ။

အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှစ၍ ၁၀ မိနစ် တိတိ မီးပိတ်၊ မီးမှိတ် အမှောင်ချခြင်းလှုပ်ရှားမှုကို ပြုလုပ်ကြမှာဖြစ်တယ်။

မိတ်ဆွေများကို သတင်းစကားပေးပါ၊
ပါဝင်ပါ၊ ဝမ်းနည်းကြောင်း ပြသပါ၊ ဆုတောင်းပါ ၊ အာဏာရှင်တို့ အရှိုက်ကို ထိုးနှိုက်ပါ။

ရည်ရွယ်ချက်ကဘာလဲ

လက်သည်းဆိတ် လက်ထိပ်ကနာဆိုသလို ကချင်လူထုနှင့် အတူရပ်တည်ကြောင်းပြသ၍ ကျွန်ပ်တို့ရဲ့ သွေးစည်းညီညွတ်မှုကို ထုတ်ဖော်ပြသဖို့။

ဖားကန့် - အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအား ဝမ်းနည်းကြောင်း ပြသဖို့။

ဘယ်လို ဖိနှိပ် ရက်စက်မှုမျိုးနှင့် ကြုံတွေ့ပါစေ စစ်အုပ်စုကို လက်မခံ၊ဆန့်ကျင်သွားမယ် ဆိုတာကို အတိတ်ဆိတ်ဆုံးနဲ့ အကျယ်လောင်ဆုံးကြွေးကြော်ကြ

အမှောင်ဆုံးနေ့ရက်တွေလွန်ရင် အောင်ပွဲ သာရှိမယ်ဆိုတာကို သက်သေပြကြဖို့အတွက် မီးမှိတ်သပိတ်မှာ လှည်းနေလှေအောင်းမြင်းဇောင်းပါမကျန် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲကြပါစို့။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။

အရေးတော်ပုံ အောင်ရမည်။

#မီးပိတ်သပိတ်

#ဖားကန့်_အနန့်ပါ

#စစ်ရာဇဝတ်မှု

#ဝမ်းနည်းမှုကို_တော်လှန်ခွန်အားအဖြစ်ပြောင်းကြ

10/23/2022

ကျွန်ုပ်တို့ဒေါင်းစစ်သည်အဖွဲ့သည် ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဒေါပုံရဲစခန်းအတွင်းသို့ 08:08 PM တွင် လက်ပစ်ဗုံးတစ်လုံးပစ်သွင်း၍တိုက်ခိုက်ခဲ့ပါသည်။၎င်းပစ်သွင်းမှုကြောင့် စခ၊ရခ များ အထိအခိုက်အကျအဆုံးများကို အတိကျမသိရသေးပါ။
ထိုတိုက်ခိုက်မှု၏ ရည်ရွယ်ချက်သည် ရန်ကုန်မြို့ပြ UG များ၏
အသင့်အနေထားရှိကြောင်းဖေါ်ပြလိုခြင်းဖြစ်ပါသည်။
“အရေးတော်ပုံ အောင်ရမည်”
ခိုင်လုံသော်သတင်းအချက်အလက်များရထားပါပြီး သတင်းပေးလိုပါက
Page messenger တွင်သတင်းပေးပိုနိုင်ပါသည်။
အဖွဲဝင်များဘေးကင်းစိတ်ချရသည့်နေရာရောက်မှ
သတင်းထုတ်ပြန်ခြင်းဖြစ်ပါသည်။

10/14/2022

စကစနဲ့တော်လှန်ရေးအဖွဲ့တွေမတူတာက
တော်လှန်ရေးအဖွဲ့အစည်းတွေက
သုညကနေစပြီး ပြည်သူတွေရဲ့ ကူညီမှုနဲ့အတူ
ကိုယ်ထူကိုယ်ထတည်ထောင်ထားကြတာ

အဖွဲ့တွေအချင်းချင်း လေးစားကြတယ်
Respect ရှိရှိ ချိတ်ဆက်စကားပြောကြတယ်
လေးစားမှုယုံကြည်မှုရှိမှ အောင်မြင်နိုင်မယ်

တော်လှန်ရေးမှာ ဆရာကြီးဆိုတာမရှိဘူး
မရှိမဖြစ်ဆိုတာမရှိဘူး
မင်းမရှိလို့ မဖြစ်ဘူးလို့ မတွေးနဲ့ လွင့်သွားလိမ့်မယ်

ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်ပြီး
လေးစားမှုမရှိရင် လွင့်သွားလိမ့်မယ်
တောက်ချလိုက်ရုံပဲ ...

10/09/2022
10/02/2022

myanmar-for-u-kyaw-moe-tun

10/01/2022

ရွာတွေ ဗုံးကျဲခံရ
မီးရှို့ခံရ

မြို့ပေါ်ကလူတွေကတော့ သာသာယာယာပဲ
ကမ္ဘာကြီးက မမျှတသလို
လူတွေကိုက မမျှတဘူး

အကုန်လုံး စစ်ဒဏ်ခံရဖို့ နီးကပ်လာပြီလား

မြို့တွေပေါ်မှာလဲ လက်နက်ကြီးသံတွေ
ဗုံးသံတွေ ရှော့တိုက်ဒုံးတွေ မမ အသံတွေ
ကြားရဖို့ နီးလာပြီလား

အဓိကက မြို့ကြီးတွေပါ
မြို့ကြီးတွေမှာ စစ်သံကြားမှ
တော်လှန်ရေး အဆုံးသတ်မှာပါ
မြို့ကြီးတွေမှလှုပ်မှ
တော်လှန်ရေးမြန်မြန်အောင်နိုင်ပါ့လိမ့်မယ်

မြို့ကြီးတွေမှာ စစ်သံကြားရဖို့တော့နီးနေပါပြီ

စစ်ဒဏ်ကို ကျေးရွာများနှင့်အတူ
မျှခံကြမယ်
မြို့ပေါ်က ရေပေါ်ဆီတွေ အသင့်ပဲလား

09/28/2022

ကျောင်းသားကျောင်းသူများနှင့် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးမှုဖြစ်စဥ်အပေါ် နိုင်ငံတကာ အဖွဲအစည်းများ၏ ထုတ်ပြန်မှုများတွင် စစ်ကောင်စီအမည် မဖော်ပြရဲ...။

09/28/2022

စားသုံးဆီ အလိမ်အညာမမိကြစေလို

အကြမ်းဖက်စစ်တပ်ရဲ့နိုင်ငံတော်အာဏာကိုလုယူပြီးတစ်နှစ်ကျော်အကြာမှာ ကုန်ဈေးနှုန်းတွေတက် အထွေထွေကြပ်တည်းမှုကြီးနဲ့အတူ အခြေခံလူတန်းစားတင်မက လူတန်းစားအားလုံးအတွက် အထိနာစေတဲ့ စီးပွားရေးကျဆင်းမှုကြီးပါပေါ်ပေါက်လာပါတော့တယ်။ ဒေါ်စိန်အေးကျောင်းထွက် လက်နက်ရှိရင်အုပ်ချုပ်လို့ရပြီဆိုတဲ့ စာမတတ်ပေမတတ်တွေရဲ့ ဗိုလ်ကျစိုးမိုးမှုအောက်မှာ နိုင်ငံဟာလည်း အဆင်းရဲဆုံးရဲ့အဆင်းရဲဆုံး ဘဝကိုရောက်ရှိသွားရပါပြီ။

ဒါတင်ပဲလားဆိုမဟုတ်သေးပါဘူး။ နိုင်ငံကိုလည်းလွတ်လပ်တဲ့အရင်းရှင်စနစ်အောက်ကနေဖြိုခံလိုက်ရပြီး ဆန်‌ဆီဆား ရဖို့တောင်တန်းစီနေရတဲ့ဘ၀ရောက်သွားပြန်ပါပြီ။ တကယ်တော့ဒါတွေဟာ စစ်အုပ်စုက လူထုကို သူတို့အပေါ်ပြန်မတော်လှန်နိုင်အောင် အာရုံလွှဲချိုးနှိမ်ခြင်းပါပဲ။

စကစဟာ ရပ်ကွက်တွေမှာကားတွေနဲ့ ဆီပတ်ရောင်းပေးနေတယ်ဆိုလည်း စာဖတ်သူတို့အသိပဲဖြစ်မှာပါ။သူတို့အခေါ် သက်သာချောင်ချိရေးဆိုပြီး ကျွန်သက်ရှည်အောင်လုပ်ခြင်းပေါ့။
ဒါပေမယ့် စာဖတ်သူတို့မသိသေးတဲ့အရာတစ်ခုကတော့ ဈေးကွက်ထဲမှာ ဆီဈေးတွေကိုမတရားတက်အောင် လက်ပါး‌စေစားသုံးဆီအသင်းနဲ့ပူးပေါင်းပြီး လူထုအကြပ်အတည်းကိုတမင်တကာဖန်တီးနေတယ်ဆိုတာပါ။
ဒါတင်ပဲလားဆိုမဟုတ်သေးပြန်ပါဘူး။
ပြင်ပဈေးနဲ့၀ယ်ရင် ဈေးမတရားကြီးအောင်လုပ်၊ ချို့တဲ့သူတွေကို ဆီတန်းစီခိုင်း ပြီးတဲ့အခါ သူတို့ပဲခိုင်းထားတဲ့ လူတွေကို တန်းစီလာတဲ့လူအုပ်စီကနေ ဈေးပိုပေးပြီးပြန်၀ယ် ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်သလို ယုတ်မာပက်စက်နေပါတော့တယ်။

တကယ်တော့ဒါဟာ စစ်အုပ်စုရဲ့တမင်အကွက်ချ စိုးမိုးခြယ်လှယ်မှုတစ်ခုပါ။ ဒါဟာလည်းလူထုကိုချနင်းပြိး အာရုံလွှဲ စစ်သက်တမ်းစစ်ဘောင်ချဲ့ချင်တဲ့နည်းလမ်းတစ်ခုပါပဲ။

ဒီလိုယုတ်မာမှု၊နှစ်ကျပ်ကွက်နဲ့သန္ဓေယုတ်မှုတွေကို ပြည်သူတွေအနေနဲ့နားလည်ဖို့လိုအပ်ပါတယ်။
စစ်ကျွန်သက်ရှည်စေဖို့ စစ်အုပ်စုရဲ့မလှိမ့်တစ်ပတ်နဲ့ဒုက္ခပေးမှုတွေအောက်မှာ ဦးလွဲမသွားစေဖို့အတွက် သတိပေးပြောကြားလိုက်ရပါတယ်

Pic- crd

Want your business to be the top-listed Government Service in New York?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Newyork
New York, NY
10111