05/10/2025
မှတ်တမ်းတင်ဂုဏ်ပြုလွှာအားပြောင်းလဲခြင်း တရားဝင်
__________________________________________________အသိပေးထုတ်ပြန်ချက်...
_______________________
ရက်စွဲ။ ။ ၂၀၂၅ခုနှစ်၊ မေလ၊ ၁၀ရက်
၂၀၂၅ခုနှစ်၊ မေလ၊ ၁၀ ရက်နေ့မှစတင်၍ ကျွန်ုပ်တို့ ဂဠုန်စစ်ကြောင်းမှ ထုတ်ပြန်နေသည့် မှတ်တမ်းတင်
ဂုဏ်ပြုလွှာအား မွန်ပြည်
လွတ်မြောက်ရေးတပ်တော် (MLA) အမည်ဖြင့်တရားဝင်ပြောင်းလဲအသုံးပြု ပေးပို့သွားမည် ဖြစ်ကြောင်း
လေးစားစွာ အသိပေးအပ်ပါသည်။
တပ်တော်တွင်လိုအပ်လျက်ရှိနေသည့် စစ်အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးများ လှူဒါန်းလိုပါက https://www.facebook.com/share/1BToVc6wnw/
မွန်ပြည်လွတ်မြောက်ရေး (MLA) page ကိုလည်းကောင်း၊ ယခု ဂဠုန်စစ်ကြောင်း page ကိုလည်း ကောင်း ဆက်သွယ် မေးမြန်းလှူဒါန်း နိုင်ပါသည်။
တော်လှန်ပြည်သူအပေါင်း
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး
ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။
04/18/2025
ဂဠုန်စစ်ကြောင်းမှ ရဲဘော်များအတွက်လိုအပ်သောအထွေထွေအသုံးစရိတ် (THB 15400) ထောက်ပံ့ပေးပါသော "MAC & Myanmar families" အား မိမိတို့ ဂဠုန်စစ်ကြောင်းရှိ ရဲဘော်၊ရဲမေ တစ်ဦး၊တစ်ယောက်ချင်းစီတိုင်းမှ ကျေးဇူးအထူးပင်တင်ရှိပါတယ်ဗျာ🙏🙏
#ဂဠုန်စစ်ကြောင်း
#ဂဠုန်စစ်ကြောင်းသတင်းနှင့်ပြန်ကြားရေး
03/16/2025
ဂဠုန်တို့အတွက် ရန်ပုံငွေ
_____________________
*အန္တရာယ်ကျရောက်နေသည့်ပြည်သူလူထုကိုကာကွယ်ရန်၊လိုအပ်သည့်စားနပ်ရိက္ခာများနှင့်အထွေထွေအသုံးပြုသွားရန် သဘာဝပတ္တမြားလော့ကတ်သီးလေလံတင်ခြင်းရန်ပုံငွေပွဲကို မတ်လ ၁၅ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။
*လေလံတင်သည့်အခါတွင် အမေရိကန်ဒေါ်လာ ၂၀၀၀၀ မှစတင်ပါဝင်နိုင်ပါသည်။
*ဤလေလံပွဲအတွင်းအမေရိကန်ဒေါ်လာ ၂၅၀၀၀ မှ ၃၀၀၀၀ခန့် ရရှိရန် ရည်ရွယ်ထားပါသည်။
*ရန်ပုံငွေလေလံတင်ပွဲရလဒ်အား မတ်လ ၂၅ ရက်နေ့တွင် ကြေငြာပေးသွားမည်ဖြစ်ပြီး မျှော်မှန်းတားဂတ်မ
ပြည့်မှီပါက မတ်လ ၂၆ ရက်နေ့တွင် လက်မှတ်အဆောင်ရေ ၅၀၀ ကို အမေရိကန်ဒေါ်လာ ၅၀ နှူန်းဖြင့်ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ပါသည်။
* ဂဠုန်တို့အတွက်ရန်ပုံငွေလေလံတင်ပွဲတွင် ပါဝင်ရန်ဆက်
သွယ်လိုပါက
အမေရိကန်ကိုယ်စားလှယ် မာမာဦး
260-466-1257
အမေရိကန်ကိုယ်စားလှယ် မိုးချမ်း
646-643-8689
#သဘာဝလေ့ာကတ်သီးလေလံတင်ပွဲ
#ဂဠုန်တို့အတွက်ရန်ပုံငွေ
03/16/2025
ဂဠုန်စစ်ကြောင်းမှ ပျံလွှားစစ်ကြောင်း( ယခင်ကျားဖြူစစ်ကြောင်းတပ်ခွဲ-၃ ) အားပေးပို့သော ဝမ်းနည်းကြောင်းသ၀ဏ်လွှာ။
#ဂဠုန်စစ်ကြောင်း
02/20/2025
ကလေးများအတွက် မိုင်းအန္တရာယ်အသိပညာပေး။
လက်လုပ်မိုင်းဆိုတာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဖြစ်ပြီး ပုံမှန်အားဖြင့် အလွယ်တကူ ရရှိနိုင်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာပါ။ ပလတ်စတစ်ပိုက်တွေ၊ ပုလင်းခွံတွေ၊ သစ်သားတွေနဲ့လည်း ပြုလုပ်နိုင်ပါတယ်။ အသုံးပြုပြီးသား မပေါက်ကွဲသေးတဲ့ လက်နက်ပစ္စည်းတွေနဲ့လည်း လက်လုပ်မိုင်းကို ပြုလုပ်နိုင်ပါတယ်။
🔴 လက်လုပ်မိုင်းတွေကို အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်ပြီးတော့ပဲဖြစ်ဖြစ် ဖောက်ခွဲနိုင်ပြီး အချိန်အတိုင်းအတာတစ်ခု ကြာမြင့်သွားတဲ့အခါမှာလည်း သူ့အလိုအလျောက် ပေါက်ကွဲသွားနိုင်ပါတယ်။ လက်လုပ်မိုင်းတွေ ပေါက်ကွဲမှုကြောင့် အသက်သေစေနိုင်သလို ထိခိုက်ဒဏ်ရာလည်း ပြင်းထန်စွာ ရရှိစေနိုင်ပါတယ်။
🔴 ထိခိုက်အန္တရာယ်အတွက် သတိထားစရာတစ်ခု ဖြစ်တဲ့ လက်လုပ်မိုင်းတွေကို မိမိပတ်ဝန်းကျင် ဘယ်နေရာမှာမဆို တွေ့နိုင်ပြီး ပုံမှန်မြင်တွေ့နေကျ အရာဝတ္ထုတွေနဲ့လည်း ဆင်တူပါတယ်။ ဥပမာ - သစ်သားပုံး၊ စီးကရက်ဘူး၊ အိတ်၊ ဘူးခွံတွေ။
🔴 လက်လုပ်မိုင်းတွေဟာ လူတွေရဲ့ သိချင်စိတ်ကို ပိုပြီး နှိုးဆွပေးဖို့၊ လူတို့ရဲ့ အာရုံကို ဖမ်းစားဖို့ ရည်ရွယ်ပြုလုပ်ထားတာမို့ ကလေးတို့ရဲ့ ပင်ကိုစူးစမ်းလေ့လာတတ်မှုကြောင့် အန္တရာယ်နဲ့ ထိတွေ့ပတ်သက်မှု မရှိစေဖို့ မိဘအုပ်ထိန်းသူများက နားလည်အောင် ပြောပြပေးထားဖို့လည်း လိုအပ်ပါတယ်။
#ဂဠုန်စစ်ကြောင်း
#ဂဠုန်စစ်ကြောင်းသတင်းနှင့်ပြန်ကြားရေး
to Save the Children in Myanmar
02/10/2025
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၀ရက်နေ့။
ဂဠုန်စစ်ကြောင်းသည် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) နှင့်
အလုံးစုံပူးပေါင်းကြောင်း ထုတ်ပြန်ကြေညာချက်။
#ဂဠုန်စစ်ကြောင်း
#ဂဠုန်စစ်ကြောင်းသတင်းနှင့်ပြန်ကြားရေး
02/01/2025
ထုတ်ပြန်ကြောညာချက်။ ။ ၂၉ရက် ၁လ ၂၀၂၅ခုနှစ်တွင် တရားဝင်ခွင့်ပြုချက်ရရှိပြီးဖြစ်သောကြောင့် ဂဠုန်စစ်ကြောင်းသည် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကွပ်ကဲမှုအောက်မှထွက်ရှိပြီဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
#ဂဠုန်စစ်ကြောင်း
#သတင်းနှင့်ပြန်ကြားရေး
10/13/2024
ဂဠုန်စစ်ကြောင်းမှ ဆ.သ.ရ ရဲဘော်များအတွက်လိုအပ်သော ဆက်သွယ်ရေးတပ်ဖွဲ့အထွေထွေအသုံးစရိတ် (MMK 200,000) ထောက်ပံ့ပေးပါသော "ရွှေခြံမြေညီကိုများအဖွဲ့" အား မိမိတို့ ဂဠုန်စစ်ကြောင်းရှိ ရဲဘော်၊ရဲမေ တစ်ဦး၊တစ်ယောက်ချင်းစီတိုင်းမှ ကျေးဇူးအထူးပင်တင်ရှိပါတယ်ဗျာ🙏🙏
#ဂဠုန်စစ်ကြောင်း
#ဂဠုန်စစ်ကြောင်းသတင်းနှင့်ပြန်ကြားရေး
10/05/2024
ဂဠုန်စစ်ကြောင်းမှ ဆ.သ.ရ ရဲဘော်များအတွက်လိုအပ်သော ဆသရအထိုင်စက် ($ 300) ထောက်ပံ့ပေးပါသော "ဆရာဇော်လွင်ဦး(US)" အား မိမိတို့ ဂဠုန်စစ်ကြောင်းရှိ ရဲဘော်၊ရဲမေ တစ်ဦး၊တစ်ယောက်ချင်းစီတိုင်းမှ ကျေးဇူးအထူးပင်တင်ရှိပါတယ်ဗျာ🙏
#ဂဠုန်စစ်ကြောင်း
#ဂဠုန်စစ်ကြောင်းသတင်းနှင့်ပြန်ကြားရေး