Unsrc Myanmar Cultural Club

Unsrc Myanmar Cultural Club

Share

Unsrc Myanmar Cultural club, formed on 13 September 1995. The UNSRC Myanmar Cultural Club is non-profit, non-political and non-religious.

The UNSRC Myanmar Cultural Club operates in accordance with the rules and regulatons
of the United Nations Staff Recreation Council which is separate from the UN Staff Association and
the UNDP Staff Association. We promote friendship among all staff members at the UN and its agencies regardless of nationality,
race, religion, or political belief.

01/10/2020

United Nations Myanmar Cultural Club accomplishment

Photos from Unsrc Myanmar Cultural Club's post 12/08/2019

Permanent Representative of Myanmar Mission to the United Nations Presented Certificate of Appreciation to UNSRC Myanmar Culture Club in recognition of Contribution and Participation at National Humanitarian and Fundraising Event.

Photos from Unsrc Myanmar Cultural Club's post 09/17/2019

The club activities.

Photos from Unsrc Myanmar Cultural Club's post 09/07/2019

UN Myanmar Culture Club members and Myanmar Mission staff to the United Nations

Photos from Unsrc Myanmar Cultural Club's post 05/09/2019
03/10/2019

ဘဝ
-------
ဒီနေ့ သန်လျင်ဘက်ကို အသုဘပို့ သွားခဲ့ပါတယ်။ အမိုးနီသုသာန်တဲ့ ခုမှရောက်ဖူးပါတယ်။ သေသူက ကိုယ့် ထက်တော့ အများကြီးငယ်ပါတယ်။ ၆၀ တောင် မပြည့်သေးဘူး။ သေမင်းဆိုတာက အသက်မရွေးပါဘူး။

အသုဘပို့တယ်ဆိုပေမယ့် ကာယကံရှင်တွေကို မျက်နှာပြပြီး ခုံလေးတစ်ခုံမှာ အေးအေးဆေးဆေးထိုင် နေရတာပါ။

တရားတွေ နာကြ၊ ငိုကြ၊ အော်ကြ … စိတ်မချမ်းသာစရာတော့ ကောင်းလှသပေါ့။

ကိုယ်လည်း တစ်နေ့ ဒီလိုလှည်းလေးနဲ့ အအေးခန်းထဲက ထုတ်တာကို ခံလာရမယ့်ဘဝ ရောက်ဦးမှာပဲ။ မီးရှို့စက်ထဲကို ရောက်သွားပြီးတော့ ခေါင်းတိုင်က မီးခိုးတွေ ထွက်လာရင် နှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့တာတွေ … ကြိုးစား အားထုတ်ခဲ့တာတွေ … ချစ်တာတွေ … မုန်းတာတွေ အားလုံး ဘာမှ မဟုတ်တော့ဘူး။

ကြေးစည်သံတွေကြားတယ်။ အမျှဝေသံတွေ ကြားရတယ်။ ငိုသံတွေ မဆုံးသေးဘူး လူတွေက ဝုန်းဝုန်းနဲ့ အခန်းထဲက ပြေးထွက်လာပြီး ကားတွေပေါ် အလုအယက်တက်ကြတယ်။

သုသာန်မှာလည်း သေသူက နောက်ဆုံး ပြာဖြစ်တော့မယ်

ရှင်သူတွေက ကားပေါ်မှာ နေရာတစ်ရာအတွက် သောကတွေရောက်နေကြတယ်

နေရာ

အိမ်မှာ … ရုံးမှာ … ကျောင်းမှာ … ဌာနမှာ

သခင်ပဲဖြစ်ခဲ့သည် ဆိုစေ … ဘုရင်ပဲဖြစ်ခဲ့သည် ဆိုစေ … ကျွန်ပဲဖြစ်ခဲ့သည် ဆိုစေ နောက်ဆုံးတော့ ဇရပ်ထဲက ရေခဲတိုက်ထဲမှာ ခိုနားဖို့ “နေရာ” လာတောင်းရတယ်။ အဲဒီနေရာဆိုတာ ရက်အများကြီးမရဘူး။ ဘယ်သူမှ ဖက်တွယ်မထားချင်တော့တဲ့ အလောင်းကြီးကို နောက်ဆုံးတော့ ဇရပ်ထဲက အအေးခန်းထဲကို လာထည့်ပြီး ပထမတစ်ဆင့် သေခန်းဖြတ်လိုက်ကြတယ်။

သတ်မှတ်ရက်ကိုရောက်တော့ ကားတွေနဲ့ လာကြတယ်။ တွေ့ကြ … ဆုံကြ … နှုတ်ဆက်ကြ … ပြုံးကြ

အဲဒီအချိန်မှာ တစ်ချိန်က အားလုံးနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်ခဲ့သူဟာ လူတွေကြားက လှည်းလေးပေါ်မှာ ငြိမ်သက်စွာ လှဲပေးနေရတယ်။

တရားတွေ နာကြတယ်

အမျှတွေ ဝေကြတယ်

သာဓုတွေခေါ်ကြတယ်

လှည်းလေးပေါ်မှာ တစ်ချိန်က “ငါ” ဆိုတာ “ဘာမှမဟုတ်တော့ပါလား”

လူတွေက ကားတွေပေါ်ပြေးတက်နေတယ်

အော်ငိုသံတွေ တိတ်ကုန်တယ်

မီးသင်္ဂြိုဟ်တဲ့စက်ခန်းရဲ့ တံခါးက ဝုန်းဆို ပိတ်သွားတယ်။

“ဟေ့ … ငါတို့ကားရော”

“ငါ့နေရာလေ … အဲဒါ ငါ့နေရာ”

မီးရှို့စက်ခေါင်းတိုင်ပေါ်မှာ မီးခိုးမည်းတွေတက်လာတယ်

ဒါပါပဲ

ဘဝဆိုတာ နောက်ဆုံးတော့ လောင်ကျွမ်းသွားပြီး အပေါ်ကို လွင့်ပျံတက်လာတဲ့ ပြာလေးတစ်မှုန်ပါပဲ

အများကြီးတည်ဆောက်ခဲ့ရတဲ့ ဘဝဆိုတာ နောက်ဆုံးမှာ နာရီဝက်တောင် မကြာလိုက်ပါဘူး

သုသာန်ဆိုတာလည်း သေသူကို ရှင်သူက နောက်ဆုံး သေခန်းဖြတ်ခဲ့ရတဲ့နေရာပဲ

Crd #ဆရာ တင်ညွန့်

၈.၂.၂၀၁၉

Want your business to be the top-listed Government Service in New York?

Click here to claim your Sponsored Listing.

Location

Website

Address


Unsrc Myanmar Cultural Club PO Box 1519, Grand Central Station
New York, NY
10017