06/20/2026
https://m.facebook.com/story.php?story_fbid=122142718893116009&id=61583480285221
We will bring you mCDM news,
Poems, essays, and songs,
Current affairs and many perspectives,
And the voices and strength of the CDM community.
Former Radio NUG’s CDMers now with m.CDM News page
Radio NUG ရပ်နားပြီးနောက် မိမိတို့ CDMers များ ဆက်လက် သတင်းပြန်ကြားတာဝန်များ m.CDM News page အဖြစ် ဆက်လက် ပေးဆပ်နေပါသည် နွေဦးပြည်သူ တော်လှန်ပြည်သူများ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ mCDMအဖွဲ့သားများမှ နှုတ်ခွန်းဆက်သလိုက်ရပါတယ် ရှင်/ခင်ဗျာ၊
* mCDMသတင်းများ
*ကဗျာ၊ ဆောင်းပါး၊ သီချင်း
*မျက်မှောက်ရေးရာ အဖြာဖြာ
*CDM တို့၏ အသံနဲ့ အားမာန်များ ကို
06/20/2026
https://m.facebook.com/story.php?story_fbid=122142716619116009&id=61583480285221
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေအပါအဝင် ပဋိပက္ခတွေရပ်တန့်ဖို့ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ဗြိတိန် တိုက်တွန်း
m.CDM၊ ဇွန် ၂၀
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျား/မအခြေပြု အကြမ်းဖက်မှုတွေအပါအဝင် ပဋိပက္ခတွေရပ်တန့်ဖို့ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ဗြိတိန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။
ဇွန်လ (၁၉) ရက်နေ့က ကျရောက်တဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့နဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရက ဇွန်လ (၂၀) မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာပါ။
ကုလသမဂ္ဂ - UN ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံအပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွားမြင့်တက်နေပြီး ကျူးလွန်ခံရသူတွေဟာ ပျှမ်းမျှ အသက် (၅) နှစ်အရွယ်ကနေ အသက် (၇၀) ကျော်အထိ ပါဝင်နေတယ်လို့ သိရပါတယ်။
ပဋိပက္ခဒေသတွေမှာရှိတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် (၃၀) ရာခိုင်နှုန်းခန့်ဟာ မုဒိမ်းမှု၊ အုပ်စုဖွဲ့မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်တာ၊ အတင်းအကျပ်လက်ထပ်စေတာနဲ့ လူကုန်ကူးခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံတွေ့နေကြရတယ်လို့ ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဥ်တွေကနေ ရှင်သန်လွတ်မြောက်လာသူတွေဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြာရှည်ခံစားရတဲ့အပြင် လိုအပ်တဲ့ ကုသစောင့်ရှောက်မှုနဲ့ အထောက်အပံ့များရယူရာမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ ပဋိပက္ခဆိုင်ရာ လိင်အကြမ်းဖက်မှု - CRSV ကို တားဆီးကာကွယ်တာနဲ့ တုံ့ပြန်ဆောင်ရွက်တာတွေ ဆက်လုပ်သွားမယ်လို့ ကတိပြုထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံက လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်ခံရမှုကနေ အသက်ရှင်ကျန်ရစ်သူတွေ အတွက် လုံခြုံရာနေရာတွေနဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေ ပံ့ပိုးပေးတာ၊ ကျန်းမာရေးအစီအစဉ်တွေကတဆင့် ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုတွေပေးတာလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
(၂၀၂၅) ခုနှစ်မှာဆိုရင် လူဦးရေ (၂၁၅,၀၀၀) ကျော်ကို ကျား/မတန်းတူညီမျှရေး လှုပ်ရှားမှုတွေ ကတဆင့် အကူအညီပေးခဲ့သလို အနာဂတ်မှာ တာဝန်ခံမှု ချမှတ်နိုင်ဖို့ ပဋိပက္ခဆိုင်ရာ လိင်အကြမ်းဖက်မှု ဒေတာအချက်အလက်တွေနဲ့ သက်သေတွေ စုဆောင်းတာကို ကြိုးပမ်းလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ဒါကို ဗြိတိန်တနိုင်ငံတည်းသာမက အခြားနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။
အခုနှစ် မေလမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက အမျိုးသမီးနဲ့ မိန်းကလေးများအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေး အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
(သတင်း - ကိုသစ်)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio
06/20/2026
https://m.facebook.com/story.php?story_fbid=122142714243116009&id=61583480285221
ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံက အဆင့် (၆) နေရာရောက်နေပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပိုဆိုးလာတယ်လို့ ကုလအထူးကိုယ်စားလှယ် သတိပေး
m.CDM၊ ဇွန် ၂၀
ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံက အဆင့် (၆) နေရာရောက်နေပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာလည်း ပိုပြီးဆိုးရွားလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ - Julie Bishop က သတိပေး ပြောကြားလိုက်ပါတယ်။
ဇွန်လ (၁၉) ရက်ကလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေးမှာ ကုလ အထူးကိုယ်စားလှယ်က အခုလို သတိပေး ပြောကြားလိုက်တာပါ။
(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ကာ နိုင်ငံတဝန်း ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် မြန်မာနိုင်ငံရဲ့အခြေအနေဟာ တဖြည်းဖြည်း ပိုပြီး ဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအသိုက်အဝန်းက တိုက်ပွဲတွေရပ်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမယ့် အခြေအနေတွေဟာ တိုးတက်မလာဘူးလို့လည်း ဂျူလီ ဘစ်ရှော့က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဆိုက်ဘာရာဇဝတ်မှုများရဲ့ ကမ္ဘာလုံးဆိုင်ရာ အဓိကဗဟိုချက်တခုဖြစ်လာသလို မက်သာ ဖက်တမင်း - Methamphetamine နဲ့ ဘိန်းထုတ်လုပ်မှု အဓိကရင်းမြစ်တခုဖြစ်လာတဲ့အပြင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ်လည်း ရပ်တည်နေတယ်လို့လည်း အသိပေးပါတယ်။
လက်ရှိမှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ အဆင့် (၆) နေရာမှာရှိနေပြီး ပြည်တွင်းနေရပ်စွန့်ခွာနေရသူဟာ (၃ . ၇) သန်းကျော်နဲ့ ဒေသတွင်း ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာလည်း (၁ . ၆) သန်းနီးပါးရှိနေပြီလို့ အစည်းအဝေးတက်ရောက်လာသူတွေကို ဂျူလီက ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည် (၁ . ၂) သန်းခန့်ကို လက်ခံထားရပြီး ကော့စ်ဘဇား Cox’s Bazar ဒုက္ခသည်စခန်းဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်လာတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဂျူလီဘစ်ရှော့က မြန်မာနိုင်ငံရဲ့အခြေအနေ အခုထက်ပိုဆိုးမသွားစေဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိနေပေမယ့် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေကို ဆက်ပြီးပံ့ပိုးကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
(သတင်း - ကိုသစ်)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio
"ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းမှု ဂျပန်ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြ" (ဖတ်) - ရန်နိုင်
ဂျပန်မှာ ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းနေတာကို ကန့်ကွက်ဆန္ဒပြ
ဂျပန်နိုင်ငံမှာ ၁၉၄၇ ခုနှစ်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ငြိမ်းချမ်းရေးအခြေခံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အစိုးရက ကြိုးပမ်းနေတာကို ကန့်ကွက်ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ဂျပန်လွှတ်တော်အပြင်ဘက်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်အောက်လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူစေမယ့် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုပေးခဲ့ပြီးနောက်မှာ အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပွားလာတာပါ။
လက်ရှိဂျပန်ဝန်ကြီးချုပ် ဆာနာအီ တာကေအိချိ (Sanai Takeichi) ဦးဆောင်တဲ့ အစိုးရဟာ ကာကွယ်ရေးမူဝါဒကို ပြောင်းလဲဖို့ ဆက်တိုက်ကြိုးပမ်းနေပြီး၊ စစ်ပွဲနဲ့ စစ်အင်အားသုံးဖြေရှင်းမှုတွေကို စွန့်လွှတ်ကြောင်း ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၉ (Article 9) ကို ပြင်ဆင်ဖို့လည်း တွန်းအားပေးနေပါတယ်။
အဆိုပါ အခြေခံဥပဒေ အပိုဒ် ၉ အရ စစ်ဆင်ရေးတွေအတွက် ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်တွေ ဖွဲ့စည်းခြင်းကိုလည်း တားမြစ်ထားပါတယ်။
ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး နှစ်နှစ်အကြာမှာ အတည်ပြုခဲ့တဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အဲဒီအချိန်ကစလို့ ယနေ့အထိ တစ်ကြိမ်တစ်ခါမှ ပြင်ဆင်ခဲ့ခြင်း မရှိသေးပါဘူး။
ဆန္ဒပြသူတွေကလည်း အဲဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းထားချင်နေကြပါတယ်။
“အခု အခြေခံဥပဒေပြင်ဆင်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဒါကို ကျမတို့ ရပ်တန့်ချင်ပါတယ်။”
“အခုဆိုရင် လူသတ်လက်နက်တွေကို စပြီး ထုတ်ရောင်းနေပါပြီ။ ဒီလက်နက်တွေကြောင့် တခြားနိုင်ငံသားတဦးဦး သေဆုံးရတာမျိုး ကျမ မကြိုက်ပါဘူး။
အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် လွှတ်တော်နှစ်ရပ်စလုံးမှာ ထောက်ခံမဲ သုံးပုံနှစ်ပုံ (၂/၃) ရရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီပြင်ဆင်ချက်ကိုလည်း တစ်နိုင်ငံလုံးအဆင့် ဆန္ဒခံယူပွဲ ကျင်းပပြီး ပြည်သူအများစုရဲ့ ထောက်ခံမှုကို ထပ်မံရယူရမှာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ လူ တသောင်းကျော် စုဝေးခဲ့ကြပြီး စစ်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ ဝန်ကြီးချုပ် ဆာနာအီ တာကေအိချိ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကိုနိုင်(မိုးမခ)နဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည်
#မိုးမခမီဒီယာ
"Meta က ကလေးသူငယ်ဆိုင်ရာ တရားစွဲမှုတွေကနေ ကင်းလွတ်ခွင့်ရဖို့ အမေရိကန်လွှတ်တော်မှာ စည်းရုံးနေ” (ဖတ်) - ရန်နိုင်
Meta ကုမ္ပဏီဟာ သူတို့ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေနဲ့ ပတ်သက်ပြီး ကလေးသူငယ်တွေ ထိခိုက်နစ်နာမှုဆိုင်ရာ တရားစွဲဆိုမှုတွေ အများကြီး ကြုံတွေ့နေရတာကြောင့် ဝါရှင်တန်မှာ ဥပဒေကြောင်းအရ အကာအကွယ်ရဖို့ ကြိုးစားနေပါတယ်။ အမေရိကန် လူမှုကွန်ရက်ကုမ္ပဏီတွေအနေနဲ့ အရွယ်မရောက်သေးသူတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ တရားစွဲဆိုမှုအချို့ကနေ ကင်းလွတ်ခွင့်ရစေမယ့် စာသားတွေကို ဥပဒေမူကြမ်းထဲ ထည့်သွင်းပေးဖို့ Meta က လွှတ်တော်အမတ်တွေကို စည်းရုံးနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီအဆိုပြုချက်ဟာ လက်ရှိ အမေရိကန် အထက်လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ကလေးသူငယ်များ အွန်လိုင်းဘေးကင်းရေး အက်ဥပဒေ Kids Online Safety Act (KOSA) ဥပဒေကြမ်းနဲ့ ဆက်စပ်နေပါတယ်။
အဲဒီ ဥပဒေကြမ်းဟာ အဆုံးမရှိ ဆွဲကြည့်လို့ရတဲ့ (infinite scrolling) စနစ်၊ အကြောင်းကြားစာ (notifications) တွေနဲ့ ရုပ်ရည်ပြောင်းလဲပေးတဲ့ filters တွေလိုမျိုး အက်ပ်ရဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းရာမှာ ကလေးသူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်အရ Meta ဟာ KOSA ဥပဒေကြမ်းကို မကန့်ကွက်တော့ဘဲ၊ အရွယ်မရောက်သေးသူတွေနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှုအချို့ကနေ လူမှုကွန်ရက်ကုမ္ပဏီတွေကို ကာကွယ်ပေးမယ့် စာသားတွေ ထည့်သွင်းပေးဖို့ တောင်းဆိုနေပါတယ်။ အကယ်၍ ဒီအချက်တွေသာ ပါဝင်သွားမယ်ဆိုရင် Facebook ရဲ့ မိခင်ကုမ္ပဏီနဲ့ တခြား ပလက်ဖောင်းတွေအပေါ် စွဲဆိုထားတဲ့ အမှုပေါင်း ထောင်နဲ့ချီအပေါ် သက်ရောက်မှု ရှိသွားနိုင်ပါတယ်။
Meta ဘက်ကတော့ သူတို့ရဲ့ အဆိုပြုချက်ဟာ လက်ရှိ တရားစွဲဆိုထားတာတွေကို ပယ်ဖျက်ဖို့ မဟုတ်သလို အပြည့်အဝ ကင်းလွတ်ခွင့် ရဖို့လည်း မဟုတ်ပါဘူးလို့ ရှင်းပြပါတယ်။ အွန်လိုင်းပေါ်က ကလေးသူငယ်လုံခြုံရေးအတွက် စံနှုန်းတစ်ခုတည်းဖြစ်အောင် လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဥပဒေကို ပူးတွဲတင်ပြတဲ့ အထက်လွှတ်တော်အမတ် မာရှာဘလက်ခ်ဘန်းရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီအဆိုပြုချက်ကို သူတို့ မတွေ့ရသေးသလို ထည့်သွင်း စဉ်းစားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒီနှစ်အစောပိုင်းမှာ Meta နဲ့ Google ရဲ့ YouTube တို့ဟာ ပထမဆုံး အမှုမှာ ရှုံးနိမ့်ခဲ့ပြီး နစ်နာကြေး ဒေါ်လာ ၆ သန်း ပေးခဲ့ရပါတယ်။ ကုမ္ပဏီတွေရဲ့ ပလက်ဖောင်းတွေဟာ လူငယ်တွေကို စွဲလမ်းစေပြီး အန္တရာယ်ရှိတယ်ဆိုတာ ကုမ္ပဏီတွေက သိနေတယ်လို့ ရှေ့နေတွေက တင်ပြနိုင်ခဲ့တဲ့အတွက် ကာလီဖိုးနီးယား အမျိုးသမီးတစ်ဦးက အဲဒီအမှုကို အနိုင်ရခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို ကုမ္ပဏီတွေဘက်က အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။
နွေဦးလေပြေနဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည်
#မိုးမခမီဒီယာ