Hlegu Students' Union

Hlegu Students' Union

Share

civil disobedience movement (အစိုးရဝန်ထမ်းများ တာဝန်မ

08/06/2025

❐ လော့စ်အိန်ဂျယ်လိစ်တွင် လဝက ဖမ်းဆီးမှုကြောင့် ဆန္ဒပြမှုများဖြစ်ပွား၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်။

ဇွန် ၈၊ ၂၀၂၅။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့၌ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (ICE) ၏ ဖမ်းဆီးမှုများကြောင့် ဇွန်လ ၆ ရက်မှ စတင်ကာ ဆန္ဒပြမှုများ ပြင်းထတ်စွာ ဖြစ်ပွားလျက်ရှိသည်။

ICE သည် မြို့တော်အတွင်းရှိ မိသားစုဝင်များ၊ အလုပ်သမားများအား လူဝင်မှုဥပဒေချိုးဖောက်မှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှုတို့ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ယင်းဖမ်းဆီးမှုများအပေါ် မကျေနပ်သော ပြည်သူအစုအဝေးများသည် ICE ရုံး၊ ဖက်ဒရယ်အဆောက်အဦးများနှင့် မြို့တော်လမ်းမကြီးများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

သို့သော် ဇွန် ၇ ရက်တွင် ဆန္ဒပြမှုများသည် တဖြည်းဖြည်း ပြင်းထန်လာခဲ့ တချို့က ယာဉ်မီးရှို့ခြင်း၊ အများသုံးအဆောက်အဦးများ ဖျက်ဆီးခြင်းစသည်တို့ကို ပြုလုပ်ခဲ့ကြကြောင်း အမေရိကန်သတင်းဌာနများက ဆိုသည်။

ရဲတပ်ဖွဲ့များနှင့် ICE အဖွဲ့ဝင်များက ဆန္ဒပြလူအုပ်ကြီးအတွင်း မျက်ရည်ယိုဓာတ်ငွေ့ဗုံးများ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြသည်။

တဖက်တွင်လည်း ဤကဲ့သို့ ပြင်းထန်သောအခြေအနေများအပေါ် စိုးရိမ်မှုရှိလာသဖြင့် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ ကို ချက်ချင်းပေးပို့ရန် သမ္မတ Donald Trump က ဖက်ဒရယ်အမိန့်ဖြင့် ကြေညာခဲ့သည်။

လတ်တလောအချိန်တွင် ဖမ်းဆီးခံရသူဦးရေမှာ ၁၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဆန္ဒပြမှုများမှာလည်း ဆက်လက်ဖြစ်ပွားဆဲ ဖြစ်သည်။

- မင်းဘုန်း (စာတည်း - ဇီးကွက်)

#အမေရိကန် #လော့စ်အိန်ဂျယ်လိစ် #ဒေါ်နယ်ထရမ့် #ဆန္ဒပြ
#ဆီသို့

-------------------------------------

Subscribe to us on;

Telegram >>> https://t.me/towardsweeklynews

SoundCloud >>> https://soundcloud.com/towards-podcast

YouTube >>> https://www.youtube.com/-Towards-Media

Website >>> http://towardsmedia.info

31/01/2024

❐ စစ်အာဏာသိမ်းနှစ်ပတ်လည် ဖေဖော်ဝါရီလ ၁ရက်နေ့၌ Silent Strike ထပ်လုပ်မည်။

ဇန်နဝါရီ ၃၀၊ ၂၀၂၄။

၃နှစ်မြောက် စစ်အာဏာသိမ်းမှုနှစ်ပတ်လည်နေ့ဖြစ်သည့် လာမည့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အသံတိတ်သပိတ် (Silent Strike)နှင့် White Campaign လှုပ်ရှားမှုများပြုလုပ်မည်ဖြစ်ပြီး၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း လမ်းမ၊ အများပြည်သူဆိုင်ရာ နေရာများတွင် တိတ်ဆိတ်ခြောက်ကပ်နေစေကာ၊ ပြည်သူလူထုက အပြင်မထွက်ပဲ မိမိအိမ်၊ မိမိဈေးဆိုင်၊ မိမိရုံး၊ မိမိအမိုးအကာအောက်တွင်နေ၍ Silent Strikeတွင် ပူးပေါင်းပါဝင်ကြပါရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိင်းရေးအင်အားစု-GSCBမှ ဦးဆောင်၍ တိုက်တွန်းထားသည်။

အဖြူရောင် လှုပ်ရှားမှု (White Campaign)ကို (၁) စစ်အုပ်စုအား လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြသည့် နိုင်ငံများ၊ အဖွဲ့အစည်းများအနေနှင့် အမြန်ဆုံး ရပ်တန်းက ရပ်ကြရန်၊ (၂) အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများထံမှ အတင်းအဓမ္မ ကောက်ခံနေသည့် “သွေးစွန်းအခွန်အခ” များကို လုံးဝ မပေးဆောင်ကြရန်၊ (၃) စစ်အုပ်စု၏ အစတေးခံ၊ ထိုးကျွေးခံ ဘဝ ရောက်နေပြီဖြစ်သော မြေပြင်တပ်မှူးတပ်သားများအနေနှင့် အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြ၍ အလင်းဝင်ကြရန်၊ အလံဖြူထောင်ကြရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ဖော်ဆောင်ကြမည်ဖြစ်သည်။

အဖြူရောင် campaignတွင်ပါဝင်ရန် အက်ျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိသည့် အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်များကို ဝတ်ဆင်ခြင်း၊ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံထားခြင်း၊ စက္ကူနှင့် ခေါက်ထားသော လေယာဉ်ဖြူအား ကိုင်ပြီး ကြွေးကြော်စာသားများအား စာရွက်ပေါ်တွင် ရေးသား၍ ဓါတ်ပုံ campaignတွင် ပါဝင်ကြရန် တိုက်တွန်းထားသည်။ အဖြူရောင်လှုပ်ရှားမှုအား တော်လှန်ရေးကာလ ၃နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ရက်နေ့တွင်သာမဟုတ်ပဲ အပတ်စဉ် တနင်္လာနေ့တိုင်း ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

နွေဦးတော်လှန်ရေးတွင် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု (Civil Resistance) သည် အဓိကတိုက်ပွဲမဏ္ဍိုင်ကြီးတရပ်အဖြစ် ရှိနေပြီး လက်ရှိ စစ်ရေးအရှိန်မြင့်တက်နေသော ကာလတွင် ပြည်သူအားလုံး ပါဝင်နိုင်သည့် အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု တော်လှန်လူထုလှိုင်းများကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြရန် မဖြစ်မနေ လိုအပ်ကြောင်း GSCB၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

်လုပ်မည်
#အသံတိတ်သပိတ်
#အဖြူရောင်လှုပ်ရှားမှု


#ဆီသို့
နိုင်ငံတော်သစ်ဆီသို့

#လှည်းကူးမြို့နယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂ

20/01/2024

လှည်းကူး ဘာလဲ ဘယ်လဲ။

နွေဦးတော်လှန်ရေးဟာ သုံးနှစ်တာ ကာလကို
တဖြည်းဖြည်း ချည်းကပ်လာတာနဲ့အညီ နိုင်ငံအနှံ့အပြားမှာလည်း ထိရောက်တဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ ရမှာပါ။

ပြိုင်တူတွန်းမှ ရွေ့မှာပါ။

11/01/2024

နားထောင်သင့်တဲ့ podcast ကောင်းတစ်ပုဒ်။
Radio လိုပဲဆိုတော့ အဆင်ပြေတယ်။
စိုက်ပျိုးရေးနိုင်ငံတွေကြား ဘာလို့ နောက်ကောက်ကျခဲ့လည်း ဆိုတာတွေကို ကွင်းကွင်းကွက်ကွက် မြင်သွားစေမယ့် podcast ဆိုတော့ နားဆင်လိုက်ပါ။

စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ

မျိုးစေ့ပညာကို တစိုက်မတ်မတ် လေ့လာခုံမင်တတ်သော သူမ။ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကျွမ်းကျင်ရာဖြင့် နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ယူခဲ့သည်။
သူမသတိမထားမိခဲ့သည်ကား
မျိုးစေ့နှင့်ပတ်သတ်လျှင် ချဉ်ပေါင် ကန်စွန်းလောက် ဗဟုသုတဖြင့် ပညာရှင်များကို အမိန့်ပေးမည့် မိုးကျရွှေကိုယ် တဖြစ်လဲ စစ်အရာရှိဟောင်း
အထက်လူကြီးများကိုပင် ဖြစ်သည်။ ကဏ္ဍပေါင်းစုံကို အုပ်ချုပ်နိုင်သည်ဟူသော ကလေးအတွေးဖြင့် နေရာယူခဲ့ကြသည့် စစ်တန်းလျားပြန်များကြောင့် ကဏ္ဍပေါင်းစုံများစွာ ဆုတ်ယုတ်ခဲ့ရသည်။
နိုင်ငံအ‌တော်များများတွင် စိုက်ပျိုးရေးကဏ္ဍဖြင့်ပတ်သတ်၍ လေ့လာဆည်းပူးခဲ့သော သူမသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အခွင့်အလမ်းများစွာကို ဖန်တီးချင်ခဲ့သည်။ သို့သော် သူမအတွက် အခက်အခဲများစွာက ဆီးကြိုနေခဲ့သည်။
စပါးဈေးကွက်၊ တောင်သူကြီးများ၏ အခက်အခဲ၊ လုပ်စားခံရသော နိုင်ငံပိုင် မျိုးစေ့မြေနေရာများ၊ သုံးစားမရသော ဆည်မြောင်းတာတမံစနစ်များကြားမှ
အနာဂါတ်စီမံချက်များကို သူမ ပြည့်ပြည့်စုံစုံရှင်းပြရင်း CDM လုပ်ရခြင်းရည်ရွယ်ချက်များကို ကျတော်တို့နှင့်အတူ မျှဝေခဲ့သည်။
ဆုံးရှုံးမှုကြီးသော သူမ၏ တော်လှန်ရေးခရီးရှည်နှင့် မိခင်တဦး၏ သောက၊ အတ္တနှင့် ဓမ္မ လွန်ဆွဲပွဲ စသည်တို့ကို စုံစုံလင်လင် ဖော်ပြထားသော
ဆရာမမီးမီး၏ "စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ"
Podcast ကို နားဆင်နိုင်ပြီဖြစ်ပါသည်။


https://insightmyanmar.org/mrt/2024/1/10/episode-35-

Photos from HLEGU Interim People's Administration's post 12/04/2023

လှည်းကူးမြို့နယ် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
------------------------------------------------------------------------
ထုတ်ပြန် ကြေငြာချက်အမှတ် (၂/၂၀၂၃)



https://www.facebook.com/109378731526453/posts/254963003634691/

09/07/2022

လှည်းကူးမြို့နယ်မှ ပြည်သူများသို့ ထုတ်ပြန်ချက်
......................................................................
ဇူလိုင်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်အထိ ငွေစာရင်း ရှင်းတမ်း
#လှည်းကူးမြို့နယ်လုံးဆိုင်ရာကျောင်းသားသမဂ္ဂ
ယခင်ရှင်းတမ်းများအား ကြည့်ရန်

ရှင်းတမ်း(၁၆)
https://m.facebook.com/story.php?story_fbid=573136187332587&id=338054280840780
ရှင်းတမ်း(၁၅)
https://www.facebook.com/338054280840780/posts/563322011647338/
ရှင်းတမ်း(၁၄)
https://www.facebook.com/338054280840780/posts/535948154384724/
ရှင်းတမ်း(၁၃)
https://www.facebook.com/338054280840780/posts/522555222390684/
ရှင်းတမ်း(၁၂)
https://www.facebook.com/338054280840780/posts/511559800156893/
ရှင်းတမ်း (၁၁)
https://www.facebook.com/338054280840780/posts/505820464064160/
ရှင်းတမ်း(၁၀)
https://www.facebook.com/338054280840780/posts/485182129461327/
ရှင်းတမ်း(၉)
https://www.facebook.com/338054280840780/posts/472415544071319/
ရှင်းတမ်း(၈)
https://www.facebook.com/338054280840780/posts/463071188339088/
ရှင်းတမ်း (၇)
https://www.facebook.com/338054280840780/posts/462365215076352/
ရှင်းတမ်း (၆)
https://www.facebook.com/338054280840780/posts/455165562462984/
ရှင်းတမ်း (၅)
https://www.facebook.com/338054280840780/posts/425313532114854/
ရှင်းတမ်း (၄)
https://www.facebook.com/338054280840780/posts/418516976127843/
ရှင်းတမ်း (၃)
https://www.facebook.com/338054280840780/posts/382767186369489/
ရှင်းတမ်း (၂)
https://www.facebook.com/338054280840780/posts/367105874602287/
ရှင်းတမ်း (၁)
https://www.facebook.com/338054280840780/posts/357764195536455/

Photos from Hlegu Students' Union's post 03/04/2022

မြန်မာနှစ်သစ်ကူးသင်္ကြန်နှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်လွှာ

စာအမှတ်။ ။ ၅/ပပ/၂၀၂၂
ရက်စွဲ။ ။ ၃၊ ၄၊ ၂၀၂၂

၁။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုသည် မကြာခင်ကျရောက်တော့မည့် မြန်မာနှစ်သစ်ကူးကာလကို အကြောင်းပြကာ တိုင်းပြည်၏ အခြေအနေအရပ်ရပ်သည် ပုံမှန်ဖြစ်နေသယောင် လုပ်ကြံဖန်တီးမည့် အတုအယောင် "အပျော်သင်္ကြန်" နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်များ ကျင်းပနိုင်ရေးအတွက် အထူးအားစိုက် ကြိုးပမ်းနေသည်ကို ပြည်သူများ တွေ့မြင်ကြားသိရပြီး ဖြစ်သည်။

၂။ ကျွန်ုပ်တို့ပြည်သူများအနေဖြင့် တော်လှန်ရေးအတွင်း ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မ ဖမ်းဆီးခံထားရသော အကျဉ်းကျ သူရဲကောင်းများ၊ အပိုမပါ အစားထိုး ပြန်မရနိုင်သည့် မိမိတို့အသက်ကို အရင်းတည်စတေးကာ တိုင်းပြည်အတွက် တောထဲတောင်ထဲတွင် အငတ်ငတ်အပြတ်အပြတ် တိုက်ပွဲဝင်နေသည့် PDF နှင့် EROs စစ်သည်တော်များ၊ အခက်အခဲ အကြပ်အတည်းပေါင်းများစွာကြားက ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်နေကြသော CDM သူရဲကောင်းများ၊ သိန်းပေါင်းများစွာသော စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို အသိအမှတ်ပြုခြင်း၊ စာနာခြင်း၊ လေးစားခြင်း၊ ဂုဏ်ပြုခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် "အပျော်သင်္ကြန်" နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်များကို လုံးဝ (လုံးဝ) မပူးပေါင်း၊ မပါဝင်ကြခြင်းဖြင့် သပိတ်မှောက်ကြရန် အထူးလေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၃။ ကျွန်ုပ်တို့နိုင်ငံ၌ လက်ရှိကာလသည် ဘုံရန်သူ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုကို တွန်းလှန်တိုက်ပွဲဝင်နေသည့် ပြည်သူ့တော်လှန်ရေးကာလဖြစ်သည်နှင့်အညီ ပြည်သူများအနေဖြင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်များ မကျင်းပ၊ မဆောင်ရွက်ကြရန်လည်း အထူးလေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၄။ ကျွန်ုပ်တို့ပြည်သူလူထုကြီးသည် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေသော "အပျော်သင်္ကြန်"ကို လုံးဝလက်မခံ၊ ငြင်းဆန်ပြီး ယခုမြန်မာနှစ်သစ်ကူးကာလကို ပြည်သူ့အသံ စစ်စစ်ဖြစ်သော တော်လှန်ရေးကာလ၏ "တော်လှန်သင်္ကြန်"အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြရမည်ဖြစ်ပါသည်။ ပြည်သူလူထုတရပ်လုံးအနေဖြင့် တော်လှန်ရေးကာလနှင့် လိုက်ဖက်ဆီလျော်ကာ ပြည်သူ့တော်လှန်ရေးကို အထောက်အပံ့ဖြစ်သည့် "တော်လှန်သင်္ကြန်"ကို မည်သို့ပါဝင်ဆင်နွှဲကြမည်၊ မည်သို့ ဖြတ်သန်းကြမည်စသည့် နှိုးဆော်တိုက်တွန်းချက်များကိုလည်း မကြာခင် ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေး ထုတ်ပြန်အပ်ပါသည်။

"အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ"
"ပေတရာပေါ်မှာ စီးတဲ့သွေးကို သင်္ကြန်ရေနဲ့ မဆေးကြော"

“အရေးတော်ပုံ မုချ အောင်ရမည်” |||


#အရေးတော်ပုံ_မုချအောင်ရမည်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#အာဏာရှင်မှန်သမျှ_ကျရှုံးရမည်
#ဖက်ဒရယ်ပြည်ထောင်စု_တည်ဆောက်ကြ

Photos from HLEGU Interim People's Administration's post 31/03/2022

လှည်းကူးမြို့နယ် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
------------------------------------------------------------------------
ထုတ်ပြန် ကြေငြာချက်အမှတ် (၁/၂၀၂၂)


27/03/2022

ဒေါင်းအလံနှင့် ဖက်ဆစ်သဏ္ဍာန်
ဘယ်ခါတည့်ရိုး ထုံးစံမရှိ

ကျောင်းသားပြည်သူ ညီညွတ်ကြမည်
သွေးကြွေးမှာ ဆွေးနွေးစရာမရှိ။


16/03/2022

◾တံတားနီနေ့ (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့

ယနေ့ မတ်လ ၁၆ ရက်နေ့၊ ၂၀၂၂ ခုနှစ်သည် တံတားနီနေ့ (၃၄) နှစ်ပြည့်ဖြစ်ပေသည်။ တံတားနီနေ့ဆိုသည်မှာ လွန်ခဲ့သည့် ၃၄ နှစ်က ပြည်လမ်း တံတားဖြူမှတ်တိုင်အနီးတွင် လုံထိန်းတပ်များက ကျောင်းသားကျောင်းသူများကို အကြမ်းဖက်ရိုက်နှက်ဖိနှိပ်ခဲ့သောနေ့ဖြစ်သည်။ စစ်တပ်၏ အကြမ်းဖက်ရက်စက်မှုများကြောင့် စက်မှုကျောင်းသားကိုဖုန်းမော်ကျဆုံးခဲ့ရပြီးနောက်ကျောင်းသားကျောင်းသူများသည် အုံကြွလာခဲ့ပြီး မတ်လ (၁၅) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် (main campus) မှနေ၍ လှိုင်နယ်မြေ (RC - 2) သို့ ဆန္ဒပြချီတက်လာခဲ့ကြရာ အင်းလျားကန်ဘောင် တံတားဖြူမှတ်တိုင်အနီးသို့အရောက်တွင် စစ်တပ်နှင့် လုံထိန်းတပ်များက ကျောင်းသားကျောင်းသူများကို နှစ်ဖက်ပိတ်ညှပ်ထားခဲ့သည်။တံတားဖြူကန်ဘောင်နှင့်ပတ်ပတ်လည်တွင်ခြံစည်းရိုးများ၊သံဆူးကြိုးခွေများဖြင့် ပိတ်ဆို့ကာရံပြီး ကျောင်းသားကျောင်းသူများအား ပြေးပေါက်မရှိအောင် သတ်ကွင်းအတွင်း၌ အသင့်အနေအထားဖြင့်စောင့်နေခဲ့ကြသည်။ ထောင်ပေါင်းများစွာသော ကျောင်းသားကျောင်းသူများကလည်း ပတ်ပတ်လည်လက်နက်များဖြင့်ချိန်ရွယ်နေသည့်ကြားမှပင် စစ်တပ်နှင်လုံထိန်းများဘက်သို့မျက်နှာမူကာ အမျိုးသားသီချင်းနှင့်တော်လှန်ရေးသီချင်းများကို သံပြိုင်သီဆိုဟစ်ကြွေးခဲ့ကြသည်။ထိုစဉ်တွင်မြန်မာ့အသံ၀င်းထဲမှ စစ်အာဏာရှင် နေ၀င်း၏ ညာလက်ရုံးဖြစ်သူ စိန်လွင်၏ အမိန့်ပေးသံဆုံးပြီးနောက် စစ်တပ်နှင့်လုံထိန်းများသည် ကျောင်းသားကျောင်းသူများကို အကြမ်းဖက်ရိုက်နှက်ဖြိုခွဲခဲ့ပြီး အင်လျားကန်ထဲသို့ ရေနှစ်သတ်ခြင်း၊ လမ်းပေါ်တွင်ကျန်ခဲ့သော ကျောင်းသားကျောင်းသူများကို ရိုက်နှက်ကာ ဖမ်းဆီးခြင်း၊ ကျောင်းသူအချို့အား ဖမ်းဆီးခေါ်ဆောင် သွားပြီး အကြမ်းဖက်အဓမ္မပြုကျင့်ခြင်းများကိုပါ ကျူးလွန်ခဲ့ကြသည်။ ဤဖြစ်စဥ်ကြောင့် ကျောင်းသားကျောင်းသူပေါင်းများစွာတို့သည် ပေတရာပေါ်တွင် သွေးမြေကျကာ ရဲရဲနီခဲ့ရပြီး တံတားဖြူအား တံတားနီဟုပင် ပြောင်းလဲခေါ်တွင်ကာ ယနေ့ မတ်လ ၁၆ ရက်နေ့ကိုလည်း တံတားနီနေ့အဖြစ် ခေါ်တွင်သတ်မှတ်ခဲ့ကြသည်။ တံတားနီနေ့နှင့် အထက်ပါအဖြစ်အပျက်များသည် ရှစ်လေးလုံးအရေးတော်ပုံကြီး၏ တော်လှန်ရေးမီးတောက်များစတင်ကူးစက်လောင်ကျွမ်းစေသော အထူးအရေးပါသည့်ဖြစ်စဥ်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပေသည်။ တံတားနီဖြစ်စဥ်မှစ၍ ရှစ်လေးလုံးအရေးတော်ပုံကြီးတလျှောက်တွင် ကျောင်းသားပြည်သူပေါင်းများစွာတို့သည် ဖက်ဆစ်အစိုးရဖြုတ်ချရေးနှင့် ဒီမိုကရေစီရေးတို့အတွက် အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်။ ကျွန်ုပ်တို့ကျောင်းသားပြည်သူများအနေဖြင့်လည်း ခေတ်အဆက်ဆက်၊ အရေးတော်ပုံအဆက်ဆက်တွင် အသက်ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်အပေါင်းတို့၏ စိတ်ဝိညာဉ်တို့အား နှလုံးသွင်းဦးညွတ်လျက် ဤတော်လှန်ရေးမှသည် လူထုလွတ်မြောက်ရေးနှင့်နိုင်ငံတော်သစ်ဆီသို့ စုရုံးချီတက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။


#တံတားနီနေ့
#ကျောင်းသားသမိုင်းမရိုင်းစေရ

Photos from Hlegu Students' Union's post 13/03/2022

◼️ ကိုဖုန်းမော်နှင့်ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၄) နှစ်ပြည့် အမှတ်တရ ဆီသို့အထူးထုတ် စာစဥ◌်။

လွန်ခဲ့သော ၃၄ နှစ်ကာလက ဤနေ့ဤရက်တွင် အကြမ်းဖက် နေဝင်းစစ်တပ် ၏ ရက်ရက်စက်စက်ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်မှ ကိုဖုန်းမော်နှင့်ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည်။
ဤအကြောင်းရင်းအချက်သည်လည်း သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကိုဖြစ်စေသည့်များစွာသော အကြောင်းချက်များအနက်မှ တစ်ခုဖြစ်သည်။
ကျွန်တော်များ ဆီသို့ စာစဉ်မှ ထိုဖြစ်ရပ်ဆိုးကို မေ့ပျောက်ပစ်ပယ် သွားစေခြင်း မရှိဘဲ သင်ခန်းစာယူ သတိရနေ‌ေစလိုခြင်း ရည်ရွယ်ရင်းဖြင့် ဤ ဆီသို့ အထူးထုတ် စာစဉ်ကို ထုတ်ဝေလိုက်ပါသည်။
ယခုစာစဉ်တွင် တကသ ကျောင်းသားဟောင်းများ အင်အားစုနှင့် မိတ်ဖက် အဖွဲ့အစည်းများမှဆောင်းပါး ကဗျာများသာ မက စာရေးဆရာကဗျာဆရာကြီး များ၏ အမှတ်တရ ဆောင်းပါး များ သမိုင်းဝင် ဓာတ်ပုံများ ဝေဝေဆာဆာ ဖြင့်စီစဉ်တင်ဆက်လိုက်ရပါသည်။

"ပေးဆပ်သူတို၏ သွေးခင်းလမ်းတွင် ဆက်လက်ကာ တိုက်ပွဲဝင်ကြ"

ဖြန့်ချိထားသောစာစဉ်အား PDF ဖြင့် ဖတ်ရှု၍ ပြန်လည်ဖြန့်ဝေလိုပါက အောက်ပါ Link တွင် Download ပြုလုပ်နိုင်ပါတယ်...

▪️ဆီသို့စာစဉ် Facebook စာမျက်နှာ
https://www.facebook.com/sithojournal

▪️Ebook Link-https://bit.ly/3J2iIkV

▪️ သတင်းနှင့်ဆောင်းပါးများ ဖတ်ရှူရန် -
https://t.me/towardsweeklynews

▪️ စာမူပေးပို့လိုပါက -
https://t.me/Toward_journal

#ဆီသို့_စာစဉ်


13/03/2022

"သွေးကြွေးတွေ မျိုးဆက်ထပ်မကူးစေနဲ့"

ခေတ်အဆက်ဆက်မှာကျဆုံးခဲ့တဲ့ ကျောင်းသားပြည်သူတွေများပြားလှပါတယ်။ အာဏာရှင်နေဝင်း၊ သန်းရွှေ၊ မင်းအောင်လှိုင် စတဲ့ဖက်ဆစ်ခေါင်းဆောင်တွေနှင့် အပေါင်းအပါတို့ကြောင့် ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေဟာ မရေမတွက်နိုင်အောင်ပဲရှိပါတယ်။ ဒီမတ်လဟာလည်း ၈၈အရေးတော်ပုံကို မီးစာဖြစ်စေခဲ့တဲ့ RIT ကျောင်းသားကိုဖုန်းမော်၊ ကိုစိုးနိုင်တို့အပြင် ယခုနွေဦးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ ကျောင်းသားအာဇာနည်၊ ပြည်သူ့အာဇာနည်တွေအကျအဆုံးများတဲ့လဖြစ်ပါတယ်။

မတ်လဟာတော်လှန်လဟုဆိုကြပါတယ်။ ပေတစ်ရာပေါ်မှာစီးတဲ့သွေးတွေလည်း မခြောက်သေးပါ။ ယခင်အရေးတော်ပုံများမှ ကျဆုံးသူတို့ရဲ့သွေးကြွေးဟာ ယခုနွေဦးတော်လှန်ရေးထိရှိနေဆဲပါ။ ထိုသွေးကြွေးများရော ယခုတော်လှန်ရေးသွေးကြွေးများပါ ဒီနွေဦးတော်လှန်ရေးမှာ ဖက်ဆစ်စစ်တပ်ဆီကအပြီးတောင်းနိုင်ဖို့ ကျွန်ုပ်တို့ပြည်သူတွေ ကြိုးစားဖို့၊ အစွမ်းကုန် တော်လှန်ကြထာက်ပံ့ကြဖို့လိုပါသေးတယ်။ သွေးကြွေးတွေနောက်မျိုးဆက်မကူးစေဖို့ ပြည်သူအားလုံးလိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ အားလုံးသွေးမအေးပဲ တော်လှန်ကြပါစို့။


#သွေးကြွေးတွေမျိုးဆက်ထပ်မကူးစေနဲ့
#ပေးဆပ်သူတို့၏သွေးခင်းလမ်းတွင်ဆက်လက်တိုက်ပွဲဝင်ကြ
#ပေတစ်ရာပေါ်မှာစီးတဲ့သွေးတွေမခြောက်သေးဘူး

Want your business to be the top-listed Government Service in Ho Chi Minh City?

Click here to claim your Sponsored Listing.

Location

Website

Address


He He
Ho Chi Minh City