24/04/2026
🌏 "ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အပတ်စဥ်-၆၆ /
Tour Guide (Basic) Course batch-66" 🌏
🏫သင်တန်းကာလ: 15.6.2026 - 4.9.2026 အထိ - 9:30 AM - 3:45 PM (တနင်္လာမှသောကြာ)
🏫More info>>> page chat box/ 018377559 (ရုံးချိန်အတွင်း)
>သင်တန်းအချက်အလက်များ ပုံတွင်ကြည့်ပါ
🌟၁။>Tour Guide သင်တန်းမှာ ဘာတွေသင်တာလဲ။
>သင်တန်းမှာ ခရီးသွားလုပ်ငန်းဆိုင်ရာ basic industry knowledgeများ, ခရီးသွားလုပ်ငန်းtrendsများ၊ Substainable&Conservationနှင့်ဆက်စပ် သင်ခန်းစာများ၊ မြန်မာနိုင်ငံ၏ခရီးစဥ်ဒေသများ၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများရဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းများ၊ မြန်မာနိုင်ငံ၏ဇီဝမျိုးကွဲများ၊ tour guideဆိုင်ရာပညာရပ်များ၊ နည်းဥပဒေများ အစရှိသော ပညာရပ် ဗဟုသုတများသင်ယူလေ့လာခွင့် ရမှာပါ။
🌟၂။> ဘယ်သူတွေက သင်ကြားပေးမှာလဲ။
> ဝါရင့် senior tour guideများ၊ စာတွေ့လက်တွေ့ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိ ဆရာများ၊ အသင်းအဖွဲ့များမှ ပညာရှင်များနှင့် ဌာနဆိုင်ရာအသိအမှတ်ပြု ဆရာများမှ သင်ကြားပို့ချပေးမှာပါ။
🌟၃။>ဒီသင်တန်းပြီးရင် tour guideအလုပ်ပဲ လုပ်ရမှာလား၊ အခြားcareer pathတွေ ရွေးလို့ရလား။
> ခရီးသွားလုပ်ငန်းဆိုင်ရာပညာရပ်တွေသင်ကြားပေးပြီး Certificateပေးမှာဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာအလုပ်အကိုင်တွေအတွက် အလွန်အသုံးဝင်ပါတယ်။ ဥပမာ- Tour Guide,Tour Leader,Tour Operator, Sale&Marketing, Agency Manager/Owner, Teacher/Trainer, Customer Service
🌟၄။>ဒီအတိုင်းစာရင်းပေးပြီး တန်းတက်ရတာလား၊ ဘယ်လိုမျိုးပါလဲ။
>Formပိတ်ရင် လူစိစစ်ပြီး အချိန်တခုမှာ Entrance Exam ၃နာရီမေးခွန်းဖြေရပါတယ်။ Entranceအောင်ရင် သင်တန်းတက်ရမှာပါ။
🌟၅။>Entrance Examမှာ ဘာတွေမေးတာလဲ။
> Basic Tourism Industry Knowledge, မြန်မာနိုင်ငံ နာမည်ကြီး ခရီးစဥ်ဒေသများ၊ Language Skillတို့ပါ။
**tourism.gov.mm ဝက်ဘ်ဆိုဒ်မှာ Myanmar Tourism Industryနှင့်သတင်းများ ကြည့်ရှုလေ့လာနိုင်ပါတယ်။