Ayeyarwaddy ECD, 2022

Call Contact the organization

Ayeyarwaddy ECD, 2022 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyarwaddy ECD, 2022, Government Organization, ပုသိမ်-ဝါးယားချောင်းလမ်း၊ ရွှေမြင်တင်ကျေးရွာအုပ်စု, Pathein.

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်န...
02/11/2026

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးနှင့် စာရင်းကိုင်(၂)ရာထူးနေရာများအတွက် ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

၂.၁၁.၂၀၂၆ရက်နေ့၌ "မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ" ခေါင်းစဥ်ဖြင့်  အများပြည်သူတို့သိရှိ...
02/11/2026

၂.၁၁.၂၀၂၆ရက်နေ့၌ "မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ" ခေါင်းစဥ်ဖြင့် အများပြည်သူတို့သိရှိစေရန် မျှဝေခြင်းဖြစ်ပါသည်။

၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း (၁-၁၀-၂၀၂၆ ရက်နေ့မှ (၃၁-၁၀-၂၀၂၆) ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၏ ဝန်းကျင်လေထုအရည်အသွေး လေ့လ...
01/11/2026

၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း (၁-၁၀-၂၀၂၆ ရက်နေ့မှ (၃၁-၁၀-၂၀၂၆) ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပုသိမ်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့ရှိ တိုင်းတာမှတ် (၂) နေရာတွင် AQ Mesh၊ AQMS(Oizom) စက်များကို အသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။
လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင် လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်သက်နှင်းပွင့် (ဒုတိယဦးစီးမှူး)သည် (၂၂.၁၀.၂၀၂၆) ...
22/10/2026

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်သက်နှင်းပွင့် (ဒုတိယဦးစီးမှူး)သည် (၂၂.၁၀.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြည်သူများ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ "အယ်လ်နီညိုအကြောင်းသိကောင်းစရာ"ခေါင်းစဉ်ဖြင့် အသိပညာပေးစကားဝိုင်း (Talk Show)ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ထက်မြတ်ဦး(ဒုတိယလက်‌ထောက်ဦးစီးမှူး) သည် (၂၂.၁၀....
22/10/2026

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ထက်မြတ်ဦး(ဒုတိယလက်‌ထောက်ဦးစီးမှူး) သည် (၂၂.၁၀.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင်မအူပင်မြို့နယ်၊‌ အ.မ.က(ပြည်‌တော်သာ)
ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွါးစေရန် ရည်ရွယ်၍ "ပလတ်စတစ်ညစ်ညမ်းမှုကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့်ကျောင်းသား /ကျောင်းသူ စုစုပေါင်း (၅၀)ဦးတို့အား အသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက်ခဲ့ပြီးအမှိုက်ပုံးလှူဒါန်းခဲ့ပါသည်။

၂၀-၁၀-၂၀၂၆ ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရ...
20/10/2026

၂၀-၁၀-၂၀၂၆ ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဉာဏ်လင်းအောင်သည် တိုင်းဒေသကြီးသစ်‌တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ " မီးခိုးမြူငွေ့ Fire Hotspot ဖြစ်ပေါ်မှုလျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် ဦးစားပေး မြို့နယ်များအလိုက် ဆောင်ရွက်သင့်သည့်လုပ်ငန်းများနှင့် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ" နှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာများအား အသိပညာပေး‌ ဆွေးနွေးခြင်း (Knowledge sharing) အား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး (၄) ဦးနှင့် ဦးစီးအရာရှိ (၁၇) ဦးတို့ ပါဝင်တက်ရောက်‌ဆွေးနွေးခဲ့ကြပါသည်။

(၁၈.၁၀.၂၀၂၆) ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူ...
18/10/2026

(၁၈.၁၀.၂၀၂၆) ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများသည် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ပုသိမ်မြို့၊ မြို့သစ်ဈေးရှိ အများပြည်သူ အမျိုးသား (၃၅) ဦး နှင့် အမျိုးသမီး (၃၅) ဦးတို့အားEnding Plastic Pollution " "ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး" ခေါင်းစဥ်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်နှင့် recycle bags (၇၀) ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါသည်။

(၁၇-၁၀-၂၀၂၆) ရက်နေ့၊(စနေနေ့) နံနက်(၀၇:ဝ၀)နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပုသိမ်မြို့၊အမှတ် (၅) ရပ်ကွက်၊‌ မရ...
17/10/2026

(၁၇-၁၀-၂၀၂၆) ရက်နေ့၊(စနေနေ့) နံနက်(၀၇:ဝ၀)နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပုသိမ်မြို့၊အမှတ် (၅) ရပ်ကွက်၊‌ မရမ်းချိုဘုန်းကြီး ကျောင်းဝန်းအတွင်းတွင်
Group C ပါ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆော...
16/10/2026

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ​​​​ဝါးခယ်မမြို့နယ်၊ တလိုင်းစုကျေးရွာရှိ မြေဧရိယာ ၄.၈၉ ဧက တွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွှေဆည်စိမ်းလဲ့မြေ ကုမ္ပဏီလီမိတက်၏ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်းနှင့် ဆန်မှုန့်၊ ပဲမှုန့်အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ပြန်ကြားနိုင်ရေး ကွင်းဆင်းစစ်ဆေး၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား စစ်ဆေးကြပ်မတ်ခြင်း၊ စွန့်ပစ်ရေများကြောင့်ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အသိပညာများမျှဝေခြင်းနှင့် စွန့်ပစ်ရေ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

၁၄-၁၀-၂၀၂၆ ရက်​နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေ...
14/10/2026

၁၄-၁၀-၂၀၂၆ ရက်​နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်သဉ္ဇာဝင်းပြည့်(ဦးစီးအရာရှိ) က​ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (အကယ်ကြီး)တွင် "ရေချိုသယံဇာတထိန်းသိမ်း‌ရေးနှင့် ရေချွေတာသုံးစွဲရေးနည်းလမ်းများ" ခေါင်းစဥ်ဖြင့်ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးတို့အား အသိပညာ​ပေး​ဟော​ပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ အမှိုက်ပုံး ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါ​ကြောင်း တင်ပြအပ်ပါသည်။

Address

ပုသိမ်-ဝါးယားချောင်းလမ်း၊ ရွှေမြင်တင်ကျေးရွာအုပ်စု
Pathein
10011

Telephone

+959799798741

Website

Alerts

Be the first to know and let us send you an email when Ayeyarwaddy ECD, 2022 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ayeyarwaddy ECD, 2022:

Shortcuts

Share