Ayeyawady Region Religious Affairs Office

Ayeyawady Region Religious Affairs Office Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyawady Region Religious Affairs Office, Government Organization, ဧရာဝတီတိုင်းဒေသကြီး, Pathein.

ကထိန်နှင့်စပ် သိမှတ်ဖွယ်ရာများ
29/10/2026

ကထိန်နှင့်စပ် သိမှတ်ဖွယ်ရာများ

28/10/2026
26/10/2026
ဒီကနေ့ခေတ် မြန်မာလူမျိုးတွေဘာတွေလုပ်နေ ကြလဲဆိုရင် သီတင်းကျွတ်လပြည့်နေ့မှာမီးထွန်းကြ တယ် ။ မီးထွန်းတာ ရည်ရွယ်ချက်အမျိုးမျ...
24/10/2026

ဒီကနေ့ခေတ် မြန်မာလူမျိုးတွေဘာတွေလုပ်နေ ကြလဲဆိုရင် သီတင်းကျွတ်လပြည့်နေ့မှာမီးထွန်းကြ တယ် ။ မီးထွန်းတာ ရည်ရွယ်ချက်အမျိုးမျိုးရှိမယ် ထင်ပါတယ်။ ရှေးတုန်းကတော့ နွားခြံကုန်းတွေမှာလည်း ထွန်းတာပဲ။
လှေကားတွေမှာလည်း ထွန်းတာပဲ။ ဟိုထွန်း ဒီထွန်း , ထွန်းကြတာပဲ။နတ်တွေကို ပူဇော်တယ်လို့ပဲ ထင်ပါတယ်။

နောက်ပိုင်းကျတော့ နတ်ပူဇော်မယ့်အစားတာဝတိံသာ နတ်ပြည်က မြတ်စွာဘုရား ကြွလာတာကို ကြိုဆိုပူဇော်တဲ့အနေနဲ့ ထွန်းကြတယ်။ ရည်ရွယ်ချက်ကတော့ ကောင်းသွားတယ်လို့ ပြောရမယ်။

တကယ်ကတော့ မီးထွန်းတယ်ဆိုတာ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူလူမျိုးတွေရဲ့ ဒီပါဝလီပွဲဆိုတာ ရှိတယ်။ ဗမာတွေကတော့ တစ်ခါတစ်လေဒေဝါလီ လို့ခေါ်နေကြတယ်။တကယ်ကတော့ ဒီပါဝလိ။ ဒီပဆိုတာ ဆီမီး၊ အာဝလီဆိုတာ အစဉ်အတန်း၊ အတန်းလိုက် မီးတွေထွန်းထားကြတာ။ ရည်ရွယ်ချက်ပေါ်မှာ မူတည်ပြီးတော့ အကောင်းအဆိုးပြောရမှာ ဖြစ်တယ်။

အများအားဖြင့် မီးနတ်ကိုပူဇော်တဲ့အနေနဲ့ မီးထွန်းကြတာပေါ့။ ဂြိုဟ်ကိုးလုံးပူဇော်တာကို နောက်ပိုင်းမှာ ဘုရားနဲ့ပြောင်းပြီးဘုရားကိုးဆူဆိုတာ ဖြစ်သွားတာ။ အမှန်ကတော့ ဂြိုဟ်ကိုးလုံးကို ပူဇော်တာ။ အဲဒါမျိုးလို ဘာသာတရား ထွန်းကားလာတဲ့အခါ မှာ လူတွေရဲ့ ဦးတည်ချက်ဟာလည်း ရွေ့လျားသွားတယ်။ အကောင်းဘက် ရောက်လာရင်တော့ကောင်းတယ်လို့ပဲ ပြောရမှာပေါ့။

ဒီကနေ့ခေတ်မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးတဲ့ လုပ်ရပ်တစ်ခုကတော့ ဘာတုန်းဆိုသီတင်းကျွတ်ပြီ ဆိုတာနဲ့ ဘိုးဘွားမိဘတွေ ကန်တော့ကြတယ်။ ဆရာသမားတွေကန်တော့ကြတယ်။ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်တွေကိုသွားရောက်ပြီးတော့ ဂါရဝပြုကြတယ်။

ကန်တော့ခြင်းတွေ ကန်တော့ကြတယ်ဆိုတဲ့ ဒီယဉ်ကျေးမှုကတော့ အင်မတန်မှ ကောင်းတယ်လို့ပဲ ပြောရမှာပဲ။
အချင်းချင်း စည်းလုံးညီညွတ်မှုအတွက် အထောက်အကူများစွာ ဖြစ်တယ်။ တခြားနိုင်ငံကလူတွေကြည့်လိုက်၊ခရစ်စမက်နေ့ မှာ ကဒ်ကလေးပို့လိုက်တာပဲရှိတယ်။ ဒီလိုသွားပြီးတော့ ဂါရဝပြုတာရှိမှာမဟုတ်ဘူးပေါ့။ အဝေးကနေပြီးတော့ ခရစ်စမတ်ကဒ်လေးနဲ့ နှုတ်ဆက်တာပေါ့။

နောင်တစ်ချိန်မြန်မာပြည်မှာလည်း ဒီလိုမဖြစ်ဘူးလို့ မပြောနိုင်ဘူး။ သို့သော် ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ကိုယ်တိုင်
ထိန်းသိမ်းရမယ် ဆိုတာတော့ ရင်ထဲနှလုံးသားထဲမှာသိမ်းထားဖို့ လိုအပ်တယ်။ မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုဟာ ဗုဒ္ဓသာသနာရဲ့ လွှမ်းမိုးသက်ရောက်မှုရဲ့ အောက်မှာရှိလို့ သာသနာ့ယဉ်ကျေးမှုနဲ့မြန်မာ့ယဉ်ကျေးမှုဟာ ခွဲလို့မရအောင် တွဲနေပြီလို့ ဒီလိုဆိုနိုင်တယ်။

မြန်မာနိုင်ငံကို ဗုဒ္ဓရဲ့စာပေတွေ ရောက်လာပြီးတော့ ထွန်းကားတိုးတက်လာတာဟာ ပုဂံခေတ်ကစခဲ့တာဖြစ်လို့ အင်မတန်မှ ထုထည်ကြီးမားတယ်။ သို့သော်လည်းပဲ ထုထည်ကြီးမားလို့ တို့ဆီမှာ အမြစ်တွယ်နေပြီ။ဒါတွေဘယ်တော့မှ မပျောက်တော့ဘူးလို့ မအောက်မေ့လေနဲ့။ ဒီအမြစ်ကို ဖျက်ဆီးမဲ့ပိုးတွေက အများကြီးပဲ ။ဒီအမြစ်ကို ဖျက်ဆီးမဲ့သတ္တဝါတွေက အများကြီး ရှိလာတယ်။

ဒါကြောင့်မို့လို့ ဒီကောင်းမြတ်တဲ့ အစဉ်အလာဆိုတဲ့ မိမိတို့ရဲ့ဘာသာတရားနဲ့ ပတ်သက်ပြီး အမြစ်တွယ်နေတာကိုဝီရိယနဲ့ ကြိုးစား အားထုတ်ကြရမှာ ဖြစ်တယ်။ အဲဒီတော့ သီတင်းကျွတ်လပြည့်နေ့ရဲ့ မြန်မာ လူမျိုးတွေရဲ့ ယဉ်ကျေးမှုဟာ ဘိုးဘွား၊မိဘ၊ ဆရာသမားတွေကို ကန်တော့ခြင်းပဲဖြစ်တယ်။

ဒါက မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတစ်ခုပဲလို့ ဒီကနေ့ခေတ်စားနေတာကို ကြည့်ပြီးတော့ပြောတာ။ ဗျောက်ဖောက်တာကတော့ ကြောက်စရာကောင်းတယ်။ဘယ်ကယဉ်ကျေးမှု ကူးစက်လာသလဲတော့ မသိဘူး။ ဗျောက် နဲ့ ဗုံးနဲ့ ရောသွားရင်ခက်လိမ့်မယ်။

အဲဒါကြောင့်မို့ ဒီလိုအနှောက်အယှက်ဖြစ်တဲ့ အရာမျိုးကတော့ ရှောင်ကြဉ်တာဟာအကောင်းဆုံးပဲပေါ့။ မလုပ်သင့်ဘူးဆိုတာ သိဖို့လိုအပ်တယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေဟာလည်း အပျော်တစ်ခုတည်းကို မကြည့်ဘဲနဲ့ မိမိတို့ရဲ့ ယဉ်ကျေးမှုတွေ မပျက်ပြားစေအောင် လိုက်နာကျင့်သုံးကြရမယ်ဆိုတာ အသက်အရွယ်ရတဲ့ ပုဂ္ဂိုလ်တွေက နားပါးချပြီးတော့ ဆုံးမပေးပြီး လူငယ်တွေကိုသိမ်းသွင်းခေါ်ဆောင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။

လုပ်ပြီဆိုရင်ငါလုပ်တဲ့အလုပ်သည် ငါ့အတွက်အကျိုးရှိသလား၊သူများအတွက် အကျိုးရှိသလား၊နှစ်ဦးစလုံးအတွက် အကျိုးရှိရဲ့ လား အကျိုးမရှိဘူးလားဆိုတာ ဒီစံချိန်နဲ့ပဲ တိုက်ဆိုင်ပြီးတော့ကြည့်ရမှာဖြစ်တယ်။
ငါ့မှာ အကျိုးရှိတယ်ဆိုရင်ပျော်ရတယ်။ ဒါအကျိုးပဲ။သို့သော်အထိတ်အလန့် ဖြစ်သွား တယ် ဆိုရင် ဒါအကျိုး ပျက်ပြားတာခေါ်တာပေါ့။

အဲဒီလိုမဖြစ်စေရအောင် ယဉ်ကျေးမှုဆိုတာကို တကယ့်စစ်မှန်တဲ့ ယဉ်ကျေးမှု၊စိတ်နှလုံးအေးချမ်း တဲ့ယဉ်ကျေးမှုမျိုး၊ မိမိတို့မြန်မာနိုင်ငံမှာ ရောက်ရှိလာတဲ့အခြေအနေတွေကနေ မပျက်စီးအောင် ဝိုင်းဝန်းစောင့်ရှောက်ရမှာဖြစ်တယ်။

ဒါကြောင့်မို့ ယဉ်ကျေးမှုတွေ ဖြစ်ပေါ်လာခဲ့တဲ့ အင်မတန်ကောင်းတဲ့ ပဝါရဏာယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်ဆိုလို့ရှိရင် အင်မတန်မှ တန်ဖိုးရှိတယ်ဆိုတာကို ကိုယ်စီကိုယ်စီ သဘောကျပြီး သီတင်းကျွတ်လပြည့်နေ့ အမှတ်တရများ ကို မှတ်သားကာ မိမိတို့ဘဝကို တိုးတက်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

22/10/2026

🙏🙏🙏

ဧရာဝတီတိုင်းဒေသကြီးသာသနာရေးမှူးရုံး ဝန်ထမ်းမိသားစု၏ မြတ်စွာဘုရားအား ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် ဝါဆိုသင်္ကန်း ဆက်ကပ...
22/10/2026

ဧရာဝတီတိုင်းဒေသကြီးသာသနာရေးမှူးရုံး ဝန်ထမ်းမိသားစု၏ မြတ်စွာဘုရားအား ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား အလှူတော်🙏🙏🙏

ကြွရောက်ချီးမြှောက်ပေးကြသည့် လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာဧည့်သည်တော်များအားလုံး ကျေးဇူးအထူးတင်ရှိပါသည်🙏

တိုင်းဒေသကြီးသာသနာရေးမှူးရုံး ဝန်ထမ်းများမှ ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယတွင် မိမိတို့၏ ဆရာသခင်များ​ဖြစ်သည့် ညွှန်ကြားရေး...
19/10/2026

တိုင်းဒေသကြီးသာသနာရေးမှူးရုံး ဝန်ထမ်းများမှ ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယတွင် မိမိတို့၏ ဆရာသခင်များ​ဖြစ်သည့် ညွှန်ကြားရေးမှူးနှင့်ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ(ငြိမ်း)တို့အား ကာယကံ.ဝစီကံ.မနောကံတို့ဖြင့် ပြစ်မှားကျူးလွန်ခဲ့မိသည်များကို ဝန်ချတောင်းပန် ကန်တော့ခဲ့ပြီး ဆရာများမှ ဝန်ထမ်းများအား သီတင်းကျွတ်မုန်ဖိုးများ ပြန်လည်ပေးမှု မြင်ကွင်းပုံရိပ်📸

ဧရာဝတီတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဥပတ္ထမ္ဘကအဖွဲ့ အစည်းအဝေးအခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တေ...
19/10/2026

ဧရာဝတီတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဥပတ္ထမ္ဘကအဖွဲ့ အစည်းအဝေးအခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်တွင် ၁၇.၁၀.၂၀၂၆ ရက်နေ့၊ နေ့လည် (၁)နာရီအချိန်၌ ကျင်းပဆောင်ရွက်ခဲ့ပြီး တိုင်းအဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်
အဆိုပါအစည်းအဝေးတွင် ဥပတ္ထမ္ဘကအဖွဲ့ဝင်များမှ
ဥပတ္ထမ္ဘအဖွဲ့ရန်ပုံငွေအဖြစ် ကျပ်သိန်းပေါင်း ၂၆၅ သိန်း အလှူတော်ငွေရရှိခဲ့ပြီး သင်တန်းကျောင်းရေရှည်တိုးတက်စေရေး ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြပါသည်.

၁၅-၂၀-၂၀၂၅ ရက်နေ့ နေ့ ၁၂ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးသံဃနာယကအဖွဲ့၏ ဒုတိယ ၃ လပတ်စုံညီအစည်းအဝေးကို ပုသိမ်မြို့၊ ချမ်...
16/10/2026

၁၅-၂၀-၂၀၂၅ ရက်နေ့ နေ့ ၁၂ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးသံဃနာယကအဖွဲ့၏ ဒုတိယ ၃ လပတ်စုံညီအစည်းအဝေးကို ပုသိမ်မြို့၊ ချမ်းသာကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တိုင်း ဥက္ကဌဆရာတော်က ဩဝါဒပေးတော်မူခြင်း၊ တိုင်းသာသနာရေးမှူးက သာသနာရေးကိစ္စများလျှောက်ထားခြင်းနှင့် ၃ လတာကာလအတွင်း ဖြေရှင်းဆောင်ရွက်ခဲ့သော သာသနာရေးရာကိစ္စ၊ ဝိနိစ္ဆယရေးရာကိစ္စ၊ ပညာရေးရာကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်

တိုင်းဒေသကြီးသံဃနာယကအဖွဲ့ စုံညီအစည်းအဝေးပွဲသို့ ကြွရောက်တော်မူလာကြသည့် ဧရာဝတီတိုင်းအတွင်းမှ ဆရာတော်ကြီးများအား တိုင်းသာသ...
15/10/2026

တိုင်းဒေသကြီးသံဃနာယကအဖွဲ့ စုံညီအစည်းအဝေးပွဲသို့ ကြွရောက်တော်မူလာကြသည့် ဧရာဝတီတိုင်းအတွင်းမှ ဆရာတော်ကြီးများအား တိုင်းသာသနာရေးမှူးနှင့်ဇနီး မိသားစုမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ကုသိုလ်ယူ
🙏🙏🙏

Address

ဧရာဝတီတိုင်းဒေသကြီး
Pathein

Website

Alerts

Be the first to know and let us send you an email when Ayeyawady Region Religious Affairs Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share