The Daily Feed MM

The Daily Feed MM

Share

everything is not free and did you want more you need to pay more as time and effort.

All of post and uploaded documents and book series can download and read for free.

20/05/2026

#ဘုရားဘုရားတကယ့်ကိုမကြားဝံ့မနာသာပါ
သုံးနှစ်ကလေးလေးကို 😌😌

15/05/2026

ခုချိန်ထိ ပလက်လှန်လဲလား မှောက်ခုန်ကြီး လဲလား သူ့မှာ မသိသေးဖူးရယ် 😂😂

14/05/2026

#ဖိုးချစ်

07/05/2026

#အော်ဂျာကြီးရယ် 😂

Photos from The Daily Feed MM's post 27/04/2026

#ဒီတစ်ခါတော့ #စောစောစီးစီးအများကြီးချပေးထားပါတယ် 🥰

၂၇-၄-၂၀၂၆
မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်ဖြစ်စေ၊ ခွင့်ပြန်ဖြစ်စေ OWIC လက်ဝယ်ရှိ၍ ပြည်ပထွက်ခွာခွင့်ပြုရန် အထောက်အထားစုံလင်စွာတင်ပြသူများအတွက် ပြည်ပသို့ထွက်ခွာခွင့်ပြုသည့်စာရင်းဖြစ်ပါသည်။
သတ်မှတ်ရက်တွင် မဖြစ်မနေ ထွက်ခွာရန်လိုအပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာရက်ပြောင်းလဲပါက ပြည်ပထွက်ခွာခွင့်ကို သတ်မှတ်ပုံစံအတိုင်းပြည့်စုံစွာပြန်လည်တင်ပြရမည်ဖြစ်ပါသည်။
ပြည်ပထွက်ခွာရာတွင် မိမိအမည်ပါသည့်စာရွက်ကို လေဆိပ်တွင်ပြသရန်လိုအပ်မည်ဖြစ်ပါသည်။
၂၇-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိ ထွက်ခွာစာရင်းဖြစ်ပါသည်။

အားလုံးအဆင်ပြေကျပါစေ 🙏🏻

23/04/2026

#ဘူးလက်

Photos from The Daily Feed MM's post 17/04/2026

#သမ္မတကြီးဦးဝင်းမြင့်အိမ်ကိုပြန်လည်ရောက်ရှိပါပြီ

17/04/2026

မယားကြီး ထက်ထက်မိုးဦးကိုပါ တောင်းပန်လိုက်တဲ့ Thin Zar Yell Winn
*******************

ကျွန်မအကောင့်တွေက အချိန်မရွေးပျက်သွားနိုင်တာမို့ share ပေးကြပါဦးရှင် . !!!

ပျောက်နေတာကြာပီမို့ နေရောကောင်းလား အဆင်ပြေရဲ့လား စိတ်ပူနေကြသူတစ်ယောက်ဆီတိုင်းကို ကျွန်မသတိတရနဲ့ ကျေးဇူးတင်ရပါတယ်ရှင်......

ကျွန်မ မသဉ္ဇာရဲဝင်း သည် ကိုစိုင်းလွှမ်း (ခ) ကိုညိန်းသူအောင် နှင့် စိတ်သဘောထားခြင်းမတိုက်ဆိုင်ပါသဖြင့် ကျွန်မမိဘများ နှင့်အတူ ပြန်လည်နေထိုင်နေကြောင်းနှင့်
ကျွန်မ သဉ္ဇာရဲဝင်း၏မူလပထမဖုန်း Sim နံပါတ်သည် Esim နဲ့ ပွားသုံးခံထားရပီး ကျွန်မဖုန်းရဲ့ Icloud နှင့် ကျွန်မတို့ တ မိသားစုရဲ့ ဖုန်း sim တွေ fb တွေသည် လွန်ခဲ့တဲ့ ၁ နှစ်ကျော် လောက်ထဲက control လုပ်ခြင်းခံထားရတာကို ကျွန်မတို့ အခု နောက်ပိုင်းမှ သိလာရပါတယ်။

ကျွန် မိသားစုနဲ့ ပြောဆိုတဲ့ အခါ အရေးကြီးအကြောင်းအရာဆို မိဘများထံမရောက်ပဲ မိဘတွေပို့တဲ့အရေးကြီးတချို့စာဆိုလဲ ကျွန်မဆီမရောက်ပါ။

Icloud ကို parent control နဲ့ family sharing နဲ့ လိုသလို tracking လုပ်ခံနေရတာအတော်ကိုကြာနေခဲ့ပါပီ ကျွန်မ sim card တွေတစ်ခုပီးတစ်ခုလဲသုံးရမဲ့အနေအထားဖြစ်နေတဲ့ အပြင် hand set ကိုလဲ icloud ချိန်းယူထားပီး ကျွန်မဘက်က သာ အရင် follower 1 သိန်း ခွဲရှိတဲ့အကောင့်ကို ဝင်သုံးလို့မရ တော့ ပဲ ph device ထဲမှာ messenger App ပဲကျန်ခဲ့ပါတယ်။

ကျွန်မ icloud ကို ပြန်ဝင်တဲ့အခါမှာ telenor က ကျမဲ့ OTP code သည်ကျွန်မဖုန်းထဲမကျသည့်အတွက် ကျွန်မ icloud လဲ ဝင်မရပါ။

App လဲ down လို့မရပါ။ fb ကို ကျွန်မသုံးလို့မရသည့်အတွက် ကျွန်မ ဒီအကောင့်သစ်ကို ဖွင့်ရပါတယ်။ ဒါပေမဲ့ ဒီအကောင့်အသစ်ရဲ့ Myday မှာ ကျွန်မ အရင်အကောင့် အဟောင်းနဲ့ ဝင်ကြည့်လာတာတွေ့ရပါတယ်။
ဒါဆို ကျွန်မအ ကောင့်လေးကျွန်မလက်ထဲပြန်သုံးရဖို့ App store ထဲက app ကို down ဖို့ icloud ကိုဝင်တဲ့အခါ ph sim ရဲ့ OTP code ကိုရ ဖို့ ကျွန်မ sim ပိုင်ရှင်အနေနဲ့ ဘာကြောင့်ခက်ခဲနေရလဲဆိုတာ တွေးကြည့်လို့များရမယ်ထင်ပါတယ်။

ကျွန်မမထည့်ပဲ ဖုန်း bill တွေလဲ ရောက်နေသလို ကျွန်မ အရေးကြီးစကားပြောစရာရှိတိုင်းလဲ ဖုန်း bill တွေက ချက်ခြင်းကြီးအကုန်ကို ကုန်ကုန်သွား ပါတယ်။ ကျွန်မ telegram လုံးဝလုံးဝမသုံးရတာ OTP ကုတ်မ ကျလို့ပါ။

ဒါပေမဲ့ ကျွန်မရဲ့သီချင်း note တွေအရေးကြီး စာရွက်စာတမ်းတွေကူးယူနေကြ မိတ္ထူဆိုင်မှာ ကျွန်မကို မှတ်ထားတဲ့ contact မှာ တခြားသူရဲ့ နံပါတ်ပေါ်နေပါသည်။

ကျွန်မပို့သလိုမျိူးစာပေးစာယူဖြစ်စေပါသည်။

ကျွန်မရဲ့ Gmail ထဲမှာလဲ ကျွန်မ telegram OTP က ကျွန်မမတောင်းပဲကျနေပါ တယ်။ ကျွန်မကိုယ်တိုင်တောင်ဝင်မရတော့တဲ့ icloud ပေမဲ့ တဖက်လူက family group accept ဆိုပီးတွေ့ရပါတယ်။

နေ့ရက်တိုင်း နေ့ရက်တိုင်းအတွက် ခိုင်လုံတဲ့ သက်သေ အကြောင်းပြချက်တွေရှိသလို ကျွန်မတို့ 2 နှစ်နဲ့ 3 လပတ် သတ်မှုမှာ ဇာတ်ညွှန်းရေးပီးသား ဇာတ်လမ်းတပုဒ်ကို ကခဲ့ ရသလို နယ်ရုပ်တရုပ်ဖြစ်ခဲ့ရပါတယ် ပန်းနုသွေးခြင်းမဟုတ် သလို ကျွန်မတွေ့ကြုံခဲ့ရတဲ့ နေ့တစ်ရက်ဆီတိုင်းကို ကျွန်မ အလွတ်ရသူမို့ တစ်ခုမကျန်ပြောပြနိုင်သည့်သူမို့ ဒီထက်ပိုပီး ထိခိုက်စေတဲ့အကြောင်းအရာတွေနဲ့ ထိခိုက်နစ်နာမှုတွေရှိလာ ရင်တော့ ကျွန်မဘယ်သူ့ဘယ်သူကိုမှ ထောက်ထားနေတော့မှာ မဟုတ်ပါဘူး။

တဖက်မိသားစုရဲ့ အမ(မထက်)နဲ့နှိုင်းယှဉ်ပီး မတရားကြီး အပြောခံခဲ့ရတဲ့စကားလုံးတွေအမူအရာတွေ လုပ်ရပ်တွေတခု ဆီတိုင်း ကျွန်မမမေ့ပါ။

ကျွန်မနဲ့ ကိုစိုင်းလွှမ်း သူတို့မိသားစု အနားက ထွက်လာရတဲ့အခြေအနေကအစသူတို့မိသားစုအနား ပြန်ရောက်သွားရတဲ့အကြောင်းတွေကအစ သူတို့ဖန်တီးထား မှန်းမသိခြင်းများစွာနဲ့ ဘာမှမသိခဲ့တဲ့အချိန်မှာ Online နဲ့ Media ကို ကောင်းကောင်းအသုံးချသွားပီး ကျွန်မကို လူတွေ က ဝိုင်းဆဲစေ စိတ်ကိုတဆဆီကျိုးကျေအောင်လုပ်ခဲ့ကြတဲ့ အချိန် အမ မထက် ကို အလွန်အင်မတန်မြောက်ပင့်ပီး ပစ္စည်းဥစ္စာစကားတွေကအစ အမက ဘယ်လိုဝယ်ခြမ်းပေး ကြောင်း သွေးခွဲပြောဆိုခဲ့တာ ခနခပါ။

ကျွန်မအနေနဲ့ အသက်အရွယ်အရ အရမ်းကွာနေခဲ့တဲ့အပေါ်ပြင် ယောကျ်ား ဖြစ်တဲ့သူကပါ သူ့မိဘပြောသမျှ ငြိမ်နေပီးကိုယါ့ကိုပဲအမြဲ သည်းခံခိုင်းနေခဲ့တာတွေကြောင့် မထက်အပေါ်ဘယ်လိုမှ နားလည်စိတ်မထားနိုင်သလိုဖြစ်ခဲ့ပေမဲ့ အမနဲ့ဖုန်းတွေအကြာ ကြီးပြောပီး ရင်ဖွင့်ကြတဲ့အခါ အမကိုယ်တိုင်ကြုံခဲ့ရတဲ့
ရင်ဆိုင်ခဲ့ရတဲ့တစ်ခုဆီတိုင်းက ကျွန်မအခုလက်ရှိရင်ဆိုင်နေရ တာတွေမို့ တစ်ပုံစံထဲမို့ အမအပေါ်အရာရာနားလည်ခဲ့တဲ့အချိန် မှာ အရင်ကအမအပေါ် အထင်မှားအမြင်မှားပီး အပြောမှား အနေမှားဆိုတာတွေရှိခဲ့တဲ့အတွက် အမေလို အမလို ရိုသေစွာ အနူးညွတ်တောင်းပန်ပါရစေ။

ဒါတွေတင်မက မီးမီးအကောင့်တွေ page တွေကလဲ သူ့အဖေ ဖြစ်သူကိုင်နေသလို ph နံပါတ်ကလဲ သူ့အဖေ E sim နဲ့ပွားပီး Contact တခုအဖြစ် သုံးလို့ရနေတာမို့ သူတို့နဲ့ပတ်သတ်ပီးတင် သမျှ တစ်ခုဆီတိုင်း ကျွန်မက သက်သေခိုင်လုံစွာ တချက်ခြင်း တခုခြင်းပြန်ပြောပြနိုင်တာမို့ ဘယ်အကြောင်းအရာအတွက်မှ နောက်ဆုတ်ပုန်းနေမဲ့သူမျိုးမဟုတ်ပါ။

ကျွန်မ ဘဝမှာ ငွေတ ကျပ်တပြားက စလို့ မည်သူနဲ့မှ အပတ်အသတ်အရှုပ်အရှင်းမ ရှိခဲ့ပဲ ကျွန်မမိဘနှစ်ပါးမှအစ ရိုးသားစွာနေထိုင်ရှင်သန်လာကြ သူတွေမို့ အခုလို ကျွန်မကို စိတ်ရောကိုယ်ပါ ထိခိုက်အောင် ကျွန်မမိဘတွေအပေါ် မဂ်လာဦးထဲက စိတ်ကို ရိုက်ချိုးခဲ့တဲ့ အပေါ် အရင်က မျက်နှာတစ်ခုကြောင့် ထောက်ထားခဲ့ပေမဲ့ အခုလက်ရှိ ကျွန်မအဖေ ဦးနှောက်သွေးကြောပိတ်ပီး လေထိချင်သလိုပါ ဖြစ်သွားရတဲ့အတွက် ဘယ်သူဘယ်သူ တစ်ဦးတ ယောက်ကိုမှ ကျွန်မ ငဲ့ညှာထောက်ထားနေတော့မှာမဟုတ်ပါ။

ကျွန်မမိဘအပေါ် ဘယ်လို သားသမီးလဲဆိုတာ ကျွန်မ အပေါင်းအသင်းတွေအပေါ် ဘယ်လို စိတ်ထားလဲဆိုတာ ကျွန်မအသိုင်းအဝိုင်းက လက်တဆုပ်စာလူတွေအသိဆုံးပါ ကျွန်မရဲ့ ဘဝအနာဂတ်နဲ့ သိက္ခာတွေကို ချောင်မှာထားပီး ကျွန်မ မိဘစိတ်မဆင်းရဲရဖို့ ကျွန်မ တန်ဖိုးထားခဲ့တဲ့သူ သိက္ခာ မထိခိုက်ရဖို့ ခါးစည်းခံခဲ့တဲ့အချိန်တွေက ဒီနေ့ဒီအချိန်မှာ အရာရာ ပီးသွားပါပီ။

ကျွန်မအပေါ်ရိုးသားခဲ့ကြပါတယ်ဆိုရင် မဂ်ဆောင် လက်ဖွဲ့ပစ္စည်း(တောင်းရမ်းပစ္စည်းတွေကအစ
သဉ္စာရဲဝင်းက အိမ်ထောင်ကွဲသွားပြီလို့ ဆိုပါတယ်။

နေမကောင်းပါဘူးဆိုတဲ့ ယောက္ခမက ဘယ်လိုထွက်လာသလဲ။ ကျွန်မမိဘတွေကို ဘာတွေစိတ်ဒုက္ခပေးပီး တဖက်လှည့်နဲ့လှမ်း ခေါ်ပီး ကျွန်မ ပြန်ပါသွားခဲ့ရသလဲ။

ဒီအခြေအနေတွေအထိ ငွေ ရှိတာမရှိတာထက် အနားမှာရှိနေရင်ပီးရောလေဆိုတဲ့စိတ်နဲ့ သူတို့ ကျွန်မပင်ပန်းချင်ပင်ပန်းပါစေဆိုပီးထားထားခဲ့တာ မြေကွက်ကိစ္စနဲ့ဖြေရှင်းစရာရှိလို့ပါဆိုပီး မန်းလေးကို သူ ၁ ပတ်လောက်ပြန်သွားပီး အခုပဲသေရတော့မလိုနေမကောင်းလို့ ပါဆိုပီး ကျွန်မမှာတော့ နေမကောင်းပါဘူးဆိုလို့ ပြန်လိုက်သွား တဲ့လမ်းမှာ လက်စားချေမယ် လာခဲ့ကြစမ်းဆိုပီး မန်းလေးထိလိုက်လာရင် ငါက ပြင်ဦးလွင်အခုထွက်သွားမှာဆိုလို့ ကျွန်မ မှာသာစည်မှာစောင့်ခဲ့ရပါတယ်။

အဲ့အချိန်အထိ သူ့မှာပိုက်ဆံနဲ့ တူတာ မူးလို့တောင်ရှူစရာမရှိပ်ဘူးဆိုလို့ ကျွန်မလက်ထဲရှိနေ သရွေ့တော့ သူနဲ့ကိုယ်ဆိုတာကြီးပဲ ပြန်လဲမတောင်းခဲ့ဖူးသလို အကြွေးလို့လဲ မသတ်မှတ်ထားပဲကျွန်မရှာဖွေပေးခဲ့တာပါ။ မန်း လေးမှာမှ စီးပွားရှာတတ်ပါတယ်ဆိုလို့ ဒုတိယံမိလိုက်လာခဲ့ တော့လဲ အိမ်စီစဉ်ဖို့ကို ပြောတဲ့စကားတွေက နားနဲ့တောင်မဆံ့ နင့်မှာပိုက်ဆံရှိလား $ဆံရှိလားတဲ့.......

သူအမေယောက္ခမရဲ့ စကားဒဏ်တွေမခံနိုင်လို့ အိမ်အသစ်မှာ ကုတင်အသစ်ဝယ်မယ် မယူနဲ့ပြောတော့ ကုတင်တလုံးကအစ နင့်မှာ $ ဆံရှိရင်ဝယ်ဆိုပီး ယုတ်ယုတ်မာမာတွေပြောခံခဲ့ရတာ (ဘာကားစီးလဲ ဘယ်မှာနေလဲ တချက်လေးမှဂရုမစိုက် ၂ နှစ် ကျော်အတွင်း သူ့ပိုက်ဆံအိတ်ယောင်လို့တောင်ကျွန်မ မဖွင့် ကြည့် သူ့banking တွေကျွန်မ ယူမစစ် ယူမကြည့် ဟိုးအစထဲ အဲ့လိုနေပီး အရှေ့ကနေပဲအမြဲပြေးနေနိုင်ဖို့ ကိုယ့်အားကိုယ်ကိုး ကြိုးစားပီးရင်းကြိုးစားခဲ့တဲ့ ကျွန်မလိုလူမျိုးကိုသူက ဆွံ့အ လိုက်တာ ချပြဖို့လိုခဲ့ရင်လဲ ချပြဖို့အဆင်သင့်ပါ။

အဲ့ကစပီး လက်ပါခြေပါနဲ့ သူပုံစံတွေတအားကိုစပြောင်းလာတော့တာပါ ပဲ စကားပြောနေရင် ဖုန်းနဲ့အပစ်ပေါက်ခံရတာခနခန သူ့ဖုန်း back တောင်ကွဲပါတယ်။

ခြေထောက်နဲ့ ထထကန်လို့ ခြေနှစ် ဖက်လုံးလဲ အမြဲညိုပုပ်ဒဏ်ရာမပျက်ခဲ့ပါအဓိကက လက်ခြေ ပါတဲ့သူဖြစ်နေတဲ့အပြင်လို့ သူ့မိသားစုကိုယ်တိုင်ပြောလို့ ကိုယ် မယုံခဲ့ပေမဲ့ ကိုယ်တကယ်ကြုံတော့မှမယုံနိုင်အောင်ပါပဲ။

ဒါပေမဲ့လဲ သူ့မိသားစုကလဲ သူ့ဘက်ကဖြစ်သလို သူကလဲ သူ့မိသားစုနဲ့အမြ တစိတ်ထဲပါ အထိမခံကိုယ့်ကိုပဲ အမြဲ ရန်မူတာ ပါ မန်းလေးကိုဒုတိယံမိလိုက်လာခဲ့တဲ့အချိန်မှာ စိတ်အဆင်မ ပြေလဲ စိတ်လျော့ပီး ယောက္ခမတွေနဲ့နေပေးလိုက်ပါလို့ မိဘ တွေကမန်းလေးသွားနေတဲ့လမ်းမှာ ပို့တဲ့စာကိုလဲ သူသိရော အိမ်ပေါ်လိုက်မနေနိုင်အောင် ရန်ကုန်ကမိဘတွေကို ထပ်ပီး ယုတ်မာပီး မဟုတ်တာတွေလှမ်းပြောပီး ကျွန်မအမျက်ကိုပို ထွက်ပီး သူတို့အိမ်မှာလိုက်မနေဖြစ်အောင်ထပ်လုပ်ကြပါတယ်....

သူတို့အိမ်မှာ ဘယ်အချိန်ဘယ်သူရှိလဲတော့သူတို့ပဲပိုသိပါလိမ့် မယ် နောက်ပီး ကျွန်မကို ဘယ်လိုတုန့်ပြန်ပီး ဘာတွေထရေးရေးပါ ကျွန်မဖြေရှင်းမဲ့အကြောင်းအရာက သူတို့ဖန်တီးလို့ ဖြစ်ရတာတွေမို့ ဖြေစရာအဖြေအဆင်သင့်ပါ။

အဲ့တော့ ကျွန်မနဲ့ မှ ကျွန်မနဲ့ပဲ လက်ထက်စာချုပ်မှာ လက်မှတ်ထိုးဖူးတာပါဆိုပီး ကျွန်မကိုကောင်းကောင်းအသုံးချ အမရဲ့ ကွာရှင်းစာချုပ်ကို အေးချမ်းစွာထိုးပေးလိုက်တဲ့စေတနာကိုလဲ အသုံးချတဲ့လူတွေ တစ်ခုဆီအသေးစိတ်ကအစ တစ်ချက်ခြင်း ကျွန်မဖြေရှင်းဖို့ အဆင်သင့်ပဲမို့

ကိုစိုင်းလွှမ်း

ရုပ်ရှင်ထပ်ရိုက်နေရင်တော့ ကျွန်မဘာကိုမှဂရုမစိုက်တော့ဘူး။

ဆိုတာပဲနော် ဒီထက်ပိုပီးခိုင်လုံတဲ့သက်သေတွေနဲ့ ကျွန်မကို ဘယ်လို အကွက်ချပီး ဘာပြန်လိုချင်တာလဲဆိုတာကအစ ကျွန်မကိုဘယ်လိုအထိရက်ရက်စက်စက်စီစဉ်ထားကြပီး ဘယ်အထိသွားဖို့ဆိုတာကအစကျွန်မ လုံးဝမသိတဲ့

ဓာတ်မြေဩဇာနဲ့ telecon page တွေမှာ ရှင့်ဖုန်းနံပါတ်ကြီးနဲ့ ဖြစ်နေတာ ဘာအကြောင်းတရားတွေလဲ ဆိုတာကအစ ကားတွေအများကြီးကျွန်မနောက်ကလိုက်လာတာ

သူတို့(26Bလမ်းအိမ်ရှေ့ကနေ လူတအုပ်လိုက်ကြီး ထွက်လာ ပီး ဝိုင်းယုတ်မာကြလို့ သူအနှစ်နှစ်အလလက ကြိုးစားခဲ့တဲ့ အရာကို ပျက်စီးအောင်လုပ်လို့ဆိုပီး မီးကတလမ်းလုံးမှာ တ အိမ်ထဲကွက်ပီးပျက် သရဲခြောက်လို့ တရက်ပဲနေခဲ့ဖူးတဲ့ ငှား

ထားတဲ့မယ်ကင်းကုန်းကအိမ်ကို အမှောင်ကြီးထဲမှာ that မယ်

ဆိုပီး ခေါ်သွားပီး vd တွေရိုက် ကျွန်မအဖေဆီပို့မယ်ဆိုပီး

ပြောဆိုခြိမ်းခြောက် ကျွန်မမိဘတွေက စိတ်ပူလို့ လိုက်လာရမ လားမေးနေတော့လဲ လိုက်လာကြည့်လေ ဘာလုပ်မယ်ညာလုပ် မယ်ဆိုပီးခြိမ်းခြောက်ခဲ့တာတွေက ……ရန်ကုန်ကိုကျွန်မပြန် ရောက်တဲ့အထိမပီးပါဘူး ချော့လိုက်ခြောက်လိုက်နဲ့ မျိုးစုံကို လိုအပ်ရင် တခုမကျန်ကျွန်မချပြမှာပါ !

အခုလဲ ကျွန်မဒီအကောင့်အသစ်က cb သုံးမရတော့ပြန်ပါဘူး ရှင် အချိန်နဲ့အမျှ တစ်ခုပီးတစ်ခု ဖြစ်နေတာမို့ ကျွန်မကို တစ်ခုခုဆက်သွယ်မေးမြန်းသိချင်ပြောပြချင်တာရှိများရှိရင် အောက်ကဖုန်းနံပါတ်

09421037021 vb ကို လာဆက်သွယ်ပေးပါရှင် မိသားစုများ အားလုံး ချမ်းသာကိုယ်စိတ်မြဲကြပါစေရှင်။

ခိုးသုံးနေတဲ့သူတွေလည်း သိစေချင်လို့ 😅

17/04/2026

ဒုတိယသမ္မတနှစ်ဦးအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အ တွက် ထူးကဲစွာအမှုထမ်းသူ၊ အကျိုးဆောင်သူများဖြစ်သည့် ဒုတိယသမ္မတနှစ်ဦးအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခဲ့သည်။

ဒုတိယသမ္မတဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား နိုင်ငံ တော်သမ္မတက သုဓမ္မသင်္ဂဟဘွဲ့ဖြစ်သည့် "မဟာသီရိသုဓမ္မ"ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်သည့် "သတိုးမဟာသရေစည်သူ"ဘွဲ့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)၊ "မဟာသရေစည်သူ"ဘွဲ့အား ဒုတိယသမ္မတဦးညိုစော၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေးတို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။

စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် "သီရိပျံချီ"ဘွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်(ငြိမ်း)ဦးစိုးဦး၊ "ဝဏ္ဏကျော်ထင်"ဘွဲ့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး (ငြိမ်း)ဦးဇော်ဝင်းတို့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။

17/04/2026

နိုင်ငံခြားသား(၁၇၉)ဦးကို
လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၁၇ ရက်(မြန်မာနှစ်ဆန်းတစ်ရက်)နေ့တွင် နိုင်ငံခြားသား (၁၇၉)ဦးကို ပြည်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုပြီး ပြည် နှင်ဒဏ်ပေးခဲ့သည်။

မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်၊ ပြည် သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားကာ နိုင်ငံအ ချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေးရှု၍ အ ကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင်ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်း သား/သူ(၁၇၉)ဦးကို ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။

Want your business to be the top-listed Government Service in Singapore?

Click here to claim your Sponsored Listing.

Location

Website

Address

Singapore