Gurkha Movement for Democracy

Gurkha Movement for Democracy

แชร์

Revolution for For Democracy and Renovation System

Do or Die

21/03/2026

“ငါမပါရင် မင်းတို့က စက္ကူကျားလို့ဒေါ်နယ်လ်က NATO ကို တည့်တည့်

ဆော်လိုက်တာပဲ— လကြောက်အဖွဲ့တဲ့

သူ့ဆိုလိုရင်းက

တရုတ်မပါရင် MAL အဖွဲ့ က စက္ကူခွေးလား?





Photos from Gurkha Movement for Democracy's post 05/03/2026

နိုင်ရာတာဝန်ကို ထမ်းဆောင်ရင်း
မလျှော့သောဇွဲ နှင့် ဤနွေဦးတော်လှန်ရေးတွင် ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တစ်သားတည်းရှိနေပါမည်ဟု ကတိပြုပါတယ် 💪💪💪
ကမ်ပိန်းမှာပါဝင်အားဖြည့်ပေးခဲ့တဲ့ တော်လှန်ပြည်သူများကိုလည်း လေးစားလျက်ပါ 🫡🫡🫡

04/03/2026

ရဲဘော်သက်တံ့ဟာ တိုက်ပွဲမှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ပြီးနောက် သူ့ဘဝက ရပ်တန့်သွားသလို ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ တော်လှန်လိုစိတ်ကတော့ အခုထိ မရပ်တန့်ခဲ့ပါဘူး။

ရဲဘော်သက်တံ့ ကျန်းမာရေး ပြန်ကောင်းလာဖို့အတွက် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်း ကူညီပေးကြဖို့ မေတ္တာရပ်ခံပါရစေဗျာ။

02/03/2026

အရေးပေါ် ဆေးကုသစရိတ် အကူအညီတောင်းခံခြင်းဟာ အခုဆို ကမ်ပိန်းကာလ (1) လပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

မျှော်မှန်းပမာဏရဲ့ 30% သာ ရရှိသေးတာကြောင့် ကမ်ပိန်းကာလကို March 26 အထိ တိုးမြှင့်ထားပါတယ်ခင်ဗျာ။

တော်လှန်ပြည်သူများအနေနဲ့လဲ ဆေးကုသစရိတ် 100% ပြည့်မှီအောင်ပါဝင်ကူညီအားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

🎯 Target - သိန်း (၅၀၀)
📅 Jan 26 to March 26

ဒီ page တွေကတဆင့် ပါဝင်ကူညီလို့ရပါတယ်ဗျာ

Gurkha Movement For Democracy
https://www.facebook.com/share/185cBUrmQM/

Anna's Supporting Team
https://www.facebook.com/share/1B34Bz1i2z/

နွေဦးအားမာန်
https://www.facebook.com/share/17Nguv4AjE/

PRF- Fundraising Team
https://www.facebook.com/share/1DguSUEg2Q/

21/02/2026

ရဲဘော်သက်တံ့ ဆေးကုသမှု ခံယူနိုင်ရေးအတွက် အလှူရှင်များထံ အကူအညီတောင်းခံရခြင်းနဲ့ ပတ်သက်ပြီး အချက် (၂) ချက်ကို အသိပေး တင်ပြလိုပါတယ်။

၁။ ခွဲစိတ်ကုသရန် အဘယ်ကြောင့် လိုအပ်သနည်း
ရဲဘော်သက်တံ့ ဒဏ်ရာရရှိခဲ့စဉ်က မိုးတွင်းကာလ ဖြစ်နေသည့်အပြင် အခြေအနေအရ ဒဏ်ရာပိုးဝင်မှုကို အမြန်ဆုံး ဟန့်တားနိုင်ရန်အတွက်သာ အဓိကထားခဲ့ရပါသည်။ ထိုစဉ်က အသက်အန္တရာယ် ကင်းဝေးစေရန် ရရှိနိုင်သော ဆေးကုသမှု အရင်းအမြစ်များဖြင့်သာ အရေးပေါ် ကုသပေးခဲ့ရခြင်း ဖြစ်ပါသည်။

လက်ရှိတွင် ဒဏ်ရာရရှိပြီး (၇) လကျော် ကြာမြင့်လာသော်လည်း မျက်နှာအစိတ်အပိုင်းရှိ ဒဏ်ရာများမှာ ပုံမှန် အစာစားရန် ခက်ခဲနေဆဲ ဖြစ်ပါသည်။ အစာမာများ လုံးဝ စား၍မရဘဲ အရည်ကိုပင် အပူအအေး မျှတအောင် ချိန်ညှိပြီး ခက်ခဲစွာ သောက်သုံးနေရပါသည်။ ထို့အပြင် နှာခေါင်းပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် အသက်ရှူရ ခက်ခဲပြီး မောလွယ်ခြင်း စသည့် နောက်ဆက်တွဲ ဝေဒနာများကိုလည်း အပြင်းအထန် ခံစားနေရပါသည်။

ထို့ကြောင့် ရဲဘော်သက်တံ့အနေဖြင့် ပုံမှန်လူတစ်ယောက်ကဲ့သို့ ပြန်လည် နေထိုင်နိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ ပြန်လည် ခွဲစိတ်ကုသရန် မဖြစ်မနေ လိုအပ်နေခြင်း ဖြစ်ပါသည်။

၂။ ဆေးကုသစရိတ်အတွက် အဘယ်ကြောင့် အကူအညီတောင်းခံရသနည်း
ရဲဘော်၏ ကုသမှုကို နှစ်ပိုင်း ခွဲခြားထားပါသည်။ လက်တု တပ်ဆင်ခြင်းကို ပြည်တွင်းရှိ ဆေးရုံအချို့တွင် ဆောင်ရွက်နိုင်သော်လည်း၊ မျက်နှာအစိတ်အပိုင်း (မေးရိုးနှင့် သွား) ပြန်လည် အစားထိုး ကုသမှုမှာ ခေတ်မီ နည်းပညာများ လိုအပ်ပါသည်။ လက်ရှိ လွတ်မြောက်နယ်မြေရှိ ဆေးရုံများတွင် ကုသရန် ခက်ခဲသည့်အတွက် လိုအပ်သော ဆေးကုသမှု ရရှိနိုင်မည့် နေရာများနှင့် ချိတ်ဆက် စုံစမ်းရာတွင် စုစုပေါင်း ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ သိန်း (၅၀၀) ဝန်းကျင် ခန့် ကုန်ကျမည်ဟု ခန့်မှန်းရပါသည်။

တပ်ဖွဲ့အနေဖြင့် ဤမျှ များပြားသော ပမာဏကို တတ်နိုင်စွမ်း မရှိသည့်အတွက် ယခုကဲ့သို့ အကူအညီတောင်းခံရခြင်း ဖြစ်ပါသည်။ ရဲဘော်၏ ရှေ့ဆက်ရမည့် ဘဝအတွက် ဤကုသမှုမှာ အလွန် အရေးကြီးနေသည့်အတွက် မိဘပြည်သူများထံ အကူအညီ တောင်းခံအပ်ပါသည်။

မေတ္တာရပ်ခံချက်
ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်သက်တံ့၏ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန်အတွက် စေတနာရှင် မိဘပြည်သူများအနေဖြင့် တတ်နိုင်သရွေ့ ပါဝင် ကူညီပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

18/02/2026

နဂါးမှန်းသိအောင်
အမောက်ထောင်ပြရတာပေါ့ ဒါကစကားပုံး

သတင်းအရတော့

နဂါးမှန်းသိအောင်
သစ္စာဖောက်ပြရတာပေါ့

#လကြောက်
#တော်လှန်သစ္စာဖောက်

15/02/2026

ရဲဘော်သက်တံ့အတွက် ဆေးကုသစရိတ် အကူညီတောင်းခံခြင်းက တော်လှန်ပြည်သူတွေရဲ့ ပါဝင်အားဖြည့်မှုကြောင့် 20% ထိ ရောက်ရှိခဲ့ပါပြီခင်ဗျာ။

ဆက်လက် ပံ့ပိုးကူညီပေးကြဖို့ အကူညီ တောင်းခံပါတယ်ခင်ဗျာ။

📆 သတ်မှတ်ကာလ
ဇန်နဝါရီ ၂၆ ရက်နေ့မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ (၁)လ သတ်မှတ်ထားပါတယ်ဗျာ။

ဒီ page တွေကတဆင့် ပါဝင်ကူညီလို့ရပါတယ်ဗျာ

Gurkha Movement For Democracy
https://www.facebook.com/share/185cBUrmQM/

Anna's Supporting Team
https://www.facebook.com/share/1B34Bz1i2z/

နွေဦးအားမာန်
https://www.facebook.com/share/17Nguv4AjE/

PRF- Fundraising Team
https://www.facebook.com/share/1DguSUEg2Q/

12/02/2026
09/02/2026

တိုက်ပွဲမှာ ဒဏ်ရာရခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ ရဲဘော်သက်တံ့ဟာ တိုက်ပွဲသံ ကြားလိုက်ရတိုင်း တိုက်ပွဲတွေကို ကိုယ်တိုင် တိုက်ချင်စိတ်က အမြဲရှိနေခဲ့ပါတယ်။

လက်တစ်ဖက် ထိခိုက်သွားပြီးနောက် သူ့ဘဝက ရပ်တန့်သွားသလို ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ တော်လှန်လိုစိတ်ကတော့ အခုထိ မရပ်တန့်ခဲ့ပါဘူး။

သူဟာ တိုက်ပွဲတွေဆီကို အမြဲ ပြန်သွားချင်နေခဲ့ပါတယ်။ သူဟာ ထိခိုက်ဒဏ်ရာရပြီးတဲ့နောက် ကျန်ရှိနေတဲ့ လက်တစ်ဖက်နဲ့ပဲ ဖြစ်ဖြစ် တော်လှန်တိုက်ပွဲဝင်ချင်ခဲ့တာပါ။

အကောင်းပကတိအတိုင်း ပြန်မဖြစ်နိုင်တော့ပေမယ့် သူ့ရဲ့ နေ့တနေ့တာ ကိစ္စရပ်တွေမှာ အဆင်ပြေစေဖို့အတွက် ကုသမှုအချို့ လိုအပ်နေပါတယ်။

ဒီလို ကုသမှုတွေ ခံယူနိုင်ဖို့အတွက် ရဲဘော်သက်တံ့ဟာ ငွေကြေးအခက်အခဲကလည်း ရှိနေပြန်တာကြောင့် ပြည်သူလူထုထံ အကူအညီ တောင်းခံထားပါတယ်။

ဒီရဲဘော်အတွက် ဆေးကုသရေးစရိတ်ကို တတ်အားသရွေ့ ပါဝင်အားဖြည့်ပေးကြပါဦးခင်ဗျာ။

💰 ဘယ်လို ပါဝင်ရမလဲ?
K Pay, Wave, NUG Pay, SDB, Singapore, Japan, Korea, Thai, Malaysia တို့ဖြင့် ပါဝင်လို့ရပါတယ် ခင်ဗျာ။

⚠️ ပါဝင်ဖို့အတွက် ပမာဏ သတ်မှတ်ထားခြင်း မရှိတာကြောင့် တတ်အားသရွေ့ အားဖြည့်ပေးနိုင်ပါတယ် ခင်ဗျာ။

📅 သတ်မှတ်ကာလ – ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ။

ဒီပိုစ့်လေးကို RCS ပေးခြင်းဖြင့် ကူညီပေးကြပါဦးခင်ဗျာ။ 🔄

ဒီ page တွေကတဆင့် ပါဝင်ကူညီလို့ရပါတယ်ဗျာ -

Gurkha Movement For Democracy
https://www.facebook.com/share/185cBUrmQM/

Anna's Supporting Team
https://www.facebook.com/share/1B34Bz1i2z/

နွေဦးအားမာန်
https://www.facebook.com/share/17Nguv4AjE/

PRF- Fundraising Team
https://www.facebook.com/share/1DguSUEg2Q/

03/02/2026

🔴 အရေးပေါ် ဆေးကုသစရိတ် အကူအညီတောင်းခံခြင်း 🔴

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာ ရဲစခန်းသိမ်းတိုက်ပွဲမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)မှ "ရဲဘော်သက်တံ့" အတွက် ခွဲစိတ်ကုသစရိတ် လိုအပ်နေပါတယ်။

📅 ဖြစ်စဉ်အကျဉ်း
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ကျေးရွာ ရဲစခန်းသိမ်း တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဒဏ်ရာတွေဟာ သူ့ကိုယ်သူ ကာကွယ်ရင်း ရခဲ့တာ မဟုတ်ပါဘူး။ တိုက်ပွဲကြား ကျည်ထိမှန်နေတဲ့ ရဲဘော်တစ်ဦးကို ရဲဘော်ရဲဘက်စိတ် အပြည့်အဝဖြင့်အသက်စွန့် ဝင်ရောက် ကယ်ယူရင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ရန်သူ့ကျည်ဟာ ရဲဘော်သက်တံ့ရဲ့ ဘယ်ဘက်လက်ဖျံကို ဖောက်ထွင်းပြီး မျက်နှာကိုပါ ထိမှန်ခဲ့တာကြောင့် ဘယ်ဘက်လက်ကို ဖြတ်တောက်ခဲ့ရသလို မျက်နှာတစ်ခြမ်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

⚠️ ထိခိုက်ဒဏ်ရာ အခြေအနေ
*ဘယ်ဘက်လက် (လက်ဖြတ်တောက်ထားရ)
* ဘယ်ဘက် မေးရိုးနှင့် သွားများ ပျက်စီးဆုံးရှုံးခြင်း

🏥 လက်ရှိ ကျန်းမာရေးအခြေအနေ
လုံလောက်တဲ့ ဆေးဝါးကုသမှု ရရှိနိုင်ရန် ခက်ခဲသည့်အတွက် အသက်ရှူကျပ်ခြင်း၊ အစာစားရခက်ခဲခြင်းနှင့် မောပန်းလွယ်ခြင်း စသဖြင့် နေ့စဉ် ဘဝကိစ္စများကို ဆောင်ရွက်ရန် အခက်အခဲဖြစ်နေပြီး ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နေပါတယ်။

🎯လိုအပ်သော ကုန်ကျစရိတ်
အဆင့်ဆင့် ခွဲစိတ် ကုသရမည်ဖြစ်သောကြောင့် ခန့်မှန်းကုန်ကျစရိတ် ကျပ်သိန်း (၄၀၀) မှ (၅၀၀) ကြား လိုအပ်လျက်ရှိပါတယ်။

ဒီပမာဏဟာ ကျွန်တော်တို့အနေနဲ့ မနိုင်ဝန်ဖြစ်နေတာမို့ ရဲဘော်သက်တံ့ ကျန်းမာရေး ပြန်ကောင်းလာဖို့အတွက် မိဘပြည်သူများရဲ့ အကူအညီကို လိုအပ်နေပါတယ်။ ရဲဘော် သက်သာပျောက်ကင်းစေရန် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါရစေ။

📆 သတ်မှတ်ကာလ
ဇန်နဝါရီ ၂၆ ရက်နေ့မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ (၁)လ သတ်မှတ်ထားပါတယ်ဗျာ။

✊ဘယ်လို ပါဝင်လို့ ရမလဲ ??
K pay, Wave, Nug pay, SDB, Singapore, Japan, Korea, Thai, Malaysia တို့ဖြင့် ပါဝင်လို့ရပါတယ် ခင်ဗျာ။

ဒီပိုစ့်လေး ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားအောင် Like, Comment, Share (RCS)❣️ပြုလုပ်ပေးကြဖို့ အနူးအညွတ် တောင်းခံအပ်ပါတယ်။

(မှတ်ချက် - ရဲဘော်ရဲ့ ဒဏ်ရာပုံများကို Publicတွင် မတင်လိုသဖြင့် အသေးစိတ် သိရှိလိုပါက Admin Teamကို ဆက်သွယ်လို့ ရပါတယ်ခင်ဗျာ)

01/02/2026

ကျန်းမာပါစေ အမေစု🌹❤️‍🔥
ရက်ပေါင်း ၁၈၂၆ ရက် ရှိပြီ

၅နှစ်ရှိပြီ

FREE OUR LEADER
DAW AUNG SAN SUU KYI (1991 NOBEL Peace LAUREATE)

"Please use your liberty to promote ours"
🌹❤️‍🔥

31/01/2026

Hello တော်လှန်ပြည်သူများ အားလုံးမဂ်လာပါခင်ဗျာ
ဒီနေ့ဟာဆို ရင် ၂၀၂၆ ပထမဆုံးလရဲ့နောက်ဆုံးရက်ဖြစ်ပါတယ်🥰 လကုန်ရက်နဲ့ အတူ ကျနော်တို့ရဲ့ ရေဆန်ခရီး ကမ်ပိန်း ရဲ့နောက်ဆုံးရက်လေးမှာ မျှော်မှန်းပမာဏမရရှိသေးပေမဲ့ ရဲဘော်တွေ အတွက် နောက်ဆုံးရက်မှာ တတ်နိုင်သလောက် ပါဝင်ကူပေးအားဖြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ

ရေဆန်ကို ပြန်တတ်မဲ့ ကျနော်တို့ ရဲဘော်လေးတွေအတွက် ဝိုင်းဝန်ကူညီပေးကြပါအုံးခင်ဗျာ🥰


ကမ်ပိန်းလေးကို နိုင်ငံတကာ Fundraiser များမှတဆင့်ပါဝင်နိုင်ပါတယ်ခင်ဗျာ့
📌နိုင်ငံတကာ Fr list
https://www.facebook.com/share/p/1G3BLfHAbz/

#ရေဆန်ခရီးအမြန်ပြီးအောင်ရွက်စုံလွှင့်တက်ကုန်ဖွင့်

#ရေဆန်ခရီး


#အင်းလေး

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok Yai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok Yai