01/06/2026
ibylm လေးတွေ ထပ်ရဖို့ရှိလို့ မှာမယ်ဆိုရင် cb ကို အမြန်လာပေးပါနော်....🤍❤💙
စာအုပ်များကို ထိုင်းနိုင်ငံမည်သည့်နေရာမဆို ပို့ခfree အိမ်ရောက်ငွေချေနဲ့ပို့ပေးပါတယ်ရှင့်...📚🌷
01/06/2026
ibylm လေးတွေ ထပ်ရဖို့ရှိလို့ မှာမယ်ဆိုရင် cb ကို အမြန်လာပေးပါနော်....🤍❤💙
Juneရဲ့ မိုးစက်တွေထဲမှာ
ပူလောင်မွန်းကျပ်ခဲ့သမျှစိတ်အမောတွေ
လျော့ပါးသွားစေချင်တယ်
လတ်ဆတ်တဲ့သစ်ရွက်စိမ်းလေးတွေ
ပန်းပွင့်လေးတွေနဲ့အတူငါကိုယ်တိုင်လည်း အနည်းငယ်သော အေးချမ်းစိမ်းမြရိပ်လေးရရှိလိုရုံ
ခပ်သဲ့သဲ့ မြေသင်းရနံ့လေးက စိတ်ခွန်အားတွေနဲ့အတူ ကံကောင်းခြင်းတွေကို
သယ်ဆောင်လာပေးပါစေလေ
-7
31/05/2026
လှနေရောပဲ....🥰
IBYLM လေးမနက်ဖြန် စတင်ပို့ဆောင်တော့ပါမယ်ရှင့်..💙
31/05/2026
May လ အတွက်လက်ဆောင်ရရှိသူလေး၂ဦးပါရှင့်...💙
လိပ်စာဖုန်းနံပါတ်လေးလာပြောပေးပါနော်...
နောက်လ ပြန်ဆုံမယ်နော်🥰
ပျော်ရွှင်ချင်ရင်...
ကိုယ်မဟုတ်တဲ့ တခြားလူဆီက
အလေးထားခံချင်တဲ့စိတ်ကို လျော့ရမယ် ။
ပျော်ရွှင်ချင်ရင်...
ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောက်ဆီမှာ
ပျော်ရွှင်မှုတွေ၊ အနာဂတ်တွေ မူတည်နေတာ
ဖျောက်ရမယ် ။
ပြီးတော့...မနာကျင်ချင်ရင်
တစ်ယောက်တည်းနေတတ်အောင်
ကြိုးစားရမယ်.....။
🍁
28/05/2026
လူမချမ်းသာရင် နေပါစေ ၊ စိတ်ချမ်းချမ်းသာသာနဲ့ပဲ နေချင်တယ် ။ မနာ,လို ဝန်တိုမှုတွေ ၊ ကောက်ကျစ် စဉ်းလဲမှုတွေ ၊ အပြိုင်အဆိုင် စိတ်တွေရဲ့ ခပ်ဝေးဝေးမှာပဲ နေမယ် ။ ဂုဏ်ပကာသနတွေ ၊ မောက်မာဝင့်ကြွားမှုတွေကို ဝေးဝေးရှောင်မယ် ။
အရိုးရှင်းဆုံး ပျော်ရွှင်မှုတွေနဲ့ နေထိုင်မယ် ။ ကော်ဖီတစ်ခွက် ထိုင်သောက်မယ် ။ သစ်ပင် စိုက်မယ် ။ စာဖတ်မယ် ။ ခွေးလေးတစ်ကောင် မွေးမယ် ။ ဂစ်တာတီး သီချင်းဆိုမယ် ။ ကောင်းကောင်း အိပ်မယ် ။ ကောင်းကောင်း စားမယ် ။
ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ချစ်မယ် ။ ကိုယ်က ချစ်တဲ့ ကိုယ့်ကို ချစ်တဲ့ လူတွေအနားမှာ နေမယ် ။ ချစ်ခြင်းမေတ္တာတွေ မျှဝေမယ် ။ အပြန်အလှန် ရိုင်းပင်းကူညီမယ် ။ ပြည့်ပြည့်ဝဝ ချစ်မယ် ။ နောင်တ မရှိတဲ့ ဆက်ဆံရေးတွေ တည်ဆောက်မယ် ။
တချို့ ပျော်ရွှင်မှုတွေဟာ ငွေနဲ့ ပေးဝယ်ရတယ် ။ ငွေပေးပြီး ဝယ်မရတဲ့ ပျော်ရွှင်မှုတွေလည်း ရှိတယ် ။ ပျော်ရွှင်မှုတွေဟာ ရိုးရှင်းပေမဲ့ စစ်မှန်ပါတယ် ။
ဘဝကို ရှုပ်ယှက်ခတ်နေအောင် မနေချင်ဘူး ။ ရှုပ်ယှက်ခတ်နေတဲ့ လူတွေနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူး ။ ရှုပ်ယှက်ခတ်နေတဲ့ ဆက်ဆံရေးတွေ မတည်ဆောက်ချင်ဘူး ။ ရိုးရိုးရှင်းရှင်းလေးပဲ နေမယ် ။ တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းလေး.....
#စိတ်လုံခြုံမှုရပ်ဝန်းငယ် စာအုပ်မှ
#စူးရှမေ
28/05/2026
အသက်တစ်ရက် ကြီးလာရင် အသိတစ်ချက် ကြီးလာအောင် သင်ယူရမယ် ။
အဆိုးကနေ အကောင်းဖြစ်အောင် သင်ယူရမယ် ။
အရှုံးကနေ အမြတ်ဖြစ်အောင် သင်ယူရမယ် ။
ကျရှုံးခြင်းကနေ အောင်မြင်ခြင်းဖြစ်အောင် သင်ယူရမယ် ။
ကြားရတဲ့အသံ ၊ မြင်ရတဲ့ မြင်ကွင်းကိုတောင် ကိုယ့်အတွက် အကျိုးဖြစ်ထွန်းအောင် သင်ယူရမယ် ။
မခက်ပါဘူး ။ သင်ယူလိုစိတ် ရှိရင် ဖြစ်မြောက်အောင် သင်ယူနိုင်မှာပါ ။
ဘဝမှာ သင်ယူလိုစိတ်က မရှိမဖြစ် အရေးကြီးတာကြောင့်
ကမ္ဘာကျော် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက “မနက်ဖြန်မှာ သေရမယ်ဆိုရင်တောင်မှ သင်ယူခြင်းကို ရှာဖွေပါ” လို့ သတိပေးထားတာ ဖြစ်တယ်။
ဒါကြောင့် ဘဝမှာ ထက်မြက်အောင်မြင်ချင်ရင် စဉ်ဆက်မပြတ် သင်ယူနေရမယ် ။
ထက်မြက်တဲ့ မိန်းမတစ်ယောက် ဖြစ်ချင်ရင် သင် ယူလိုစိတ် ရှိနေရမယ် ။
#အက်ရှာ (Asher)
#ထက်မြက်တဲ့မိန်းမ စာအုပ်မှ
26/05/2026
Mayလအတွက် စာအုပ်လက်ဆောင်လေးပါရှင့်..❤️
Mayလအတွက် စာအုပ်လေး၂အုပ်လက်ဆောင်အဖြစ်ပေးပါမယ်ရှင့်...🌾
Post လေးကို shareပြီ ss လေးနဲ့အတူ ကြိုက်နှစ်သက်ရာစာအုပ်နာမည်လေးကိုရွေးပြီး coment တစ်ခုဆီပဲ မန့်ပေးခဲ့ကြနော်..🫶
လာမယ့် 31ရက်နေ့မှာလက်ဆောင်ရရှိသူ ၂ဦးကိုရွေးချယ် ပေးပါမယ်ရှင့် 🙆🏻♀️✨
အားလုံးပဲ အေးချမ်းပျော်ရွှင်ပါစေနော်..
ကောင်းဖို့လုပ်တဲ့ အရာတွေအတွက်
နောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး..
ဘယ်ချိန်မှာပဲ စလုပ်လုပ်
ဘယ်ချိန်မှာပဲ ရပ်တန့်ရပ်တန့်
အဲဒီအချိန်က အကောင်းဆုံးအချိန်ပဲ..
ပြီးရင် အကောင်းဆုံးအရာတွေပဲ
ဘဝမှာ ဆက်ဖြစ်လာတော့မှာ...🤍
(21.5.26)
#မေပလ်ခင် 🍁
26/05/2026
အရေးပါတာကိုအာရုံစိုက်ပါ - ကက်စပါဇော်
“ပိုကြိုးစားတိုင်း ရလဒ်ပိုထွက်လာတာမဟုတ်ပါဘူး။ နည်းနည်းနဲ့ ပိုကောင်းတာကိုလုပ်တာကမှ ရလဒ်ပိုထွက်စေတာပါ။”
ခင်ဗျားကိုယ်ခင်ဗျား မနိုင်ဝန်တွေထမ်းနေရတယ်လို့ ခံစားရဖူးပါသလား။ အလုပ်တွေပိနေပြီး ဘာမှတကယ်အလုပ်ဖြစ်မနေဘူးလို့ ခံစားရဖူးပါသလား။ အသေးအဖွဲလေးတွေကို အရေးတကြီးလုပ်နေရဖူးပါသလား။ အလုပ်ရှုပ်နေပြီး အလုပ်တကယ်မဖြစ်ဘူးလို့ ခံစားရဖူးပါသလား။ အမြဲတရစပ်ရွေ့လျားနေရပြီး ဘယ်ကိုမှမရောက်ဘူးလို့ ခံစားနေရပါသလား။ ဒီမေးခွန်းတွေထဲက တစ်ခုခုကို “ဟုတ်ပါတယ်” လို့ ခင်ဗျားပြန်ဖြေတယ်ဆိုရင် ခင်ဗျားအတွက် အဲဒီထဲကထွက်ရမယ့်လမ်းက “အရေးပါတာကိုပဲလုပ်ခြင်း” ဆိုတဲ့ အတွေးအမြင်ပါပဲ။
လောကမှာ ကျွန်တော်တို့ ထည့်ဝင်နိုင်တဲ့အချိန်၊ အရင်းအမြစ်တွေလောက်နဲ့ လက်လှမ်းမမီနိုင်လောက်တဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ပြီးတော့ အဲဒီအရာတွေထဲက အများအပြားဟာ ကောင်းမွန်တဲ့အရာတွေ၊ ဒါမှမဟုတ် အင်မတန်ကောင်းတယ်ဆိုတာမျိုးလည်း ဖြစ်နေပါလိမ့်မယ်။ အဓိကအချက်က အဲဒါတွေထဲက အများစုဟာ အရေးမပါတဲ့အရာဖြစ်နေပြီး အနည်းငယ်လောက်ကပဲ အရေးပါတဲ့အရာတွေ ဖြစ်နေတယ်ဆိုတာပါပဲ။
အရေးပါတာပဲလုပ်သူတစ်ယောက်ရဲ့လမ်းစဉ်မှာ အဲဒီလိုအရေးမပါတဲ့အရာတွေနဲ့ အရေးပါတဲ့အရာတွေရဲ့ ကွာခြားမှုတွေကို လေ့လာသင်ယူနိုင်ဖို့ဆိုတဲ့အချက် ပါဝင်ပါတယ်။ အဲဒီလို ရွေးချယ်လုပ်ဆောင်စရာအများအပြားထဲကနေမှ အမှန်တကယ် အနှစ်သာရကျတဲ့အရာတွေကို စစ်ထုတ်ယူတတ်ဖို့ကို လေ့လာသင်ယူရမှာဖြစ်ပါတယ်။
အရေးပါတာပဲလုပ်ခြင်းဟာ ကိစ္စရပ်တွေအများကြီး ပြီးမြောက်ဖို့မဟုတ်ပါဘူး။ မှန်ကန်တဲ့အရာတွေကို ပြီးမြောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာဖြစ်ပါတယ်။ နည်းနည်းလုပ်ပြီး နည်းနည်းပဲရယူတာမျိုး မဟုတ်ပါဘူး။တကယ်အနှစ်သာရကျတဲ့အရာတွေကိုပဲ လုပ်ဆောင်ခြင်းအားဖြင့် အမြင့်ဆုံးအကျိုးရလဒ်ကို ဖြစ်စေနိုင်ဖို့ရာ ခင်ဗျားရဲ့ အချိန်နဲ့စွမ်းအင်တွေကို အထိရောက်ဆုံးဖြစ်မယ့်နည်းလမ်းနဲ့ ဉာဏ်ပညာရှိရှိ အသုံးချဖို့ပဲဖြစ်ပါတယ်။
ဒီစာအုပ်က ခင်ဗျားကို ကိုယ့်အစစ်အမှန်အတိုင်း ဘယ်လိုနေထိုင်ရမလဲ၊ ဘ၀နဲ့ လုပ်ငန်းခွင်မှာ ပိုပြီး ထိရောက်အောင်၊ လုပ်ကိုင်နိုင်စွမ်းမြင့်မားလာအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကို လမ်းညွှန်ပေးပါလိမ့်မယ်။ ဘယ်အရာတွေက အရေးကြီးသလဲဆိုတာကို စိစစ်ဖော်ထုတ်ပြီး အရေးမကြီးတဲ့အရာတွေကို ဘယ်လိုဖယ်ထုတ်ကာ အနှစ်သာရရှိတဲ့အရာတွေကိုပဲ အားထုတ်မှုကင်းနိုင်သမျှအကင်းဆုံးနဲ့ လုပ်ဆောင်နိုင်မယ့် စနစ်ကျတဲ့နည်းလမ်းတစ်ခုကို လမ်းညွှန်ပေးပါလိမ့်မယ်။
240ဘတ်
ပို့ခfree
#အရေးပါတာကိုအာရုံစိုက်ပါ
#ကက်စပါဇော်