02/06/2026
Hera ကနေ အမေစု မွေးနေ့အမှီ ထုတ်လုပ်ထားတဲ့ တီရှပ်လေး တွေ မှာယူချင်တယ် ဆို အမြန်မှာပေးနော်
June 19 မွေးနေ့အမှီ ရဖို့အတွက် ခုကတည်းက မှာပေးကြပါခင်ဗျာ 🤍
We'll Protect The Heroes
ဒို့ သူရဲကောင်း ဒို့ ကာကွယ်
"အရေးတော်ပုံ အောင်ရမည်"
ရဲဘော်တွေအတွက် အရည်အသွေးပြည့်မီတဲ့ စစ်ဦးထုပ်နှင့် ကျည်ကာအင်္ကျီတွေ ဝယ်ယူရန်အတွက် ရန်ပုံငွေလိုအပ်ချက်များကို အဓိကထား ဖြည့်ဆည်းပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
02/06/2026
Hera ကနေ အမေစု မွေးနေ့အမှီ ထုတ်လုပ်ထားတဲ့ တီရှပ်လေး တွေ မှာယူချင်တယ် ဆို အမြန်မှာပေးနော်
June 19 မွေးနေ့အမှီ ရဖို့အတွက် ခုကတည်းက မှာပေးကြပါခင်ဗျာ 🤍
Campaign Day " 16 "
ဆန်အိတ် ၁,၀၀၀ ရိက္ခာ ကမ်ပိန်း ကို
ကျွန်တော် တို့ ပေ့ခ်ျအပြင် Spring Crowdfund ( SCF Platform ) မှာလည်း စိတ်ချလုံခြုံစွာပါ၀င်လို့ရပါပီနော်
21/05/2026
THE LADY I BLACK TEE
“နိုင်ငံတကာမှာ The Lady လို့ သိထားကြတဲ့ အမျိုးသမီးတစ်ယောက်”
🌹သူမဟာ ဟိုးအရင်ကနေ ယနေ့အထိ စစ်အုပ်စုရဲ့ မတရားပြုမှုတွေ အန္တရာယ်ပြုမှုတွေကို လူထုရှေ့ကနေ အကြိမ်ကြိမ် ရင်ဆိုင်ကျော်ဖြတ်ခဲ့သူဖြစ်ပါတယ်။ ဒီနေ့ဒီချိန်အထိ သူမဟာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးအကျဉ်းချမှုအောက်မှာ သတင်းအစအန ပျောက်ဆုံးလျက်ရှိပါတယ်။
🌹လာမယ့် (၂၈) ရက်အလိုဆိုရင်ပဲ သူမဟာ အသက် (၈၁) နှစ် ပြည့်တော့မှာပါ။
🌹အခုအထိ ကျမတို့အားလုံးရဲ့ရင်ထဲမှာ အမေးမိဆုံးမေးခွန်းတစ်ခုက “အမေစု သက်ရှိထင်ရှား၊ ကျန်းကျန်းမာမာ ရှိရဲ့လား” ဆိုတာပါပဲ။
🌹သူမရှိနေသေးကြောင်း၊ ကျမတို့တွေ သူမကို မေ့မနေကြောင်း သူမရဲ့ “Proof of Life” အတွက် တောင်းဆိုဆန္ဒထုတ်ဖော်တဲ့အနေနဲ့ The Lady | Black Tee လေးကို ဖန်တီးလိုက်တာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီအင်္ကျီလေးကို အမေစုမွေးနေ့မှာဝတ်ဆင်ပြီး သူမရဲ့ Proof of Life အတွက် မမေ့မလျော့ ရှိနေပေးကြဖို့ မေတ္တာရပ်ခံပါရစေ။
🌹ဒီအင်္ကျီလေးရဲ့ ကျောဘက်က အမေ့ပုံလေးကို Artist Harry က ပုံဖော်ပေးထားပါတယ်။
🌹ဒီ Tee လေးကိုတော့
▪️ခန္ဓာကိုယ်အချိုးအစားမရွေး စမတ်ကျကျ ဝတ်ဆင်လို့ရမယ့် Unisex Design
▪️အမှောင်ထုကြားက အမှန်တရားကို ကိုယ်စားပြုတဲ့ အနက်ရောင်သီးသန့်
▪️ရေရှည်ဝတ်ဆင်နိုင်မယ့် Premium Fabric
▪️စိတ်ကြိုက်ရွေးချယ်နိုင်မယ့် M, L, XL Size များ ဖန်တီးထုတ်လုပ်ထားပါတယ်ရှင်။
🌹နိုင်ငံတကာမှာရှိတဲ့ အမေ့ကို ချစ်မြတ်နိုးသူတွေဆီကို အမေ့မွေးနေ့အမီ ဝတ်ဆင်နိုင်ဖို့ကိုလည်းကိုယ်စားလှယ်တွေကနေတဆင့် အချိန်မီ ပို့ဆောင် ပေးသွားမှာပဲဖြစ်ပါတယ်။
🌹HERA က ထုတ်လုပ်တဲ့ အမေ့မွေးနေ့အမှတ်တရ အင်္ကျီတွေဟာ သမာရိုးကျဖက်ရှင် သက်သက်မဟုတ်ဘဲ တန်ဖိုးရှိတဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် အမြဲတမ်းကျန်ရှိနေမှာပါ။
🌹“သူမ မတရားမှုအောက်မှာပဲ ရှိနေသေးတယ်ဆိုတာကို မမေ့ကြဖို့” ဆန္ဒပြုရင်း “The Lady” Black Tee လေးကို လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
21/05/2026
Unbroken I White Tee
“သူမအတွက် ငါတို့စိတ်တွေ မကျိုးမပဲ့ ရှိနေသေးလား”
ဒီမေးခွန်းဟာ ကျမတို့အားလုံး ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ဖို့သင့်တဲ့ အကောင်းဆုံးမေးခွန်းတစ်ခုဖြစ်ပါလိမ့်မယ်။ ကျွန်မတို့စိတ်တွေ အခုချိန် ထိ မယိုင်မလဲရှိသေးတယ်ဆိုရင် ကျမတို့ဟာ မတရားမှုကို တွန်းလှန်နေတဲ့သူတွေပါပဲ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မယိုင်လဲဘဲ တောင့်ခံခဲ့ရတဲ့အကြောင်းအရင်းက သူမအတွက်ဖြစ်သလို သူမရှိနေခြင်းကလည်း ကျမတို့ အားလုံးအတွက်
ခွန်အားပါပဲ။ 🌹
ဒီလိုနက်ရှိုင်းတဲ့ခံစားချက်၊ ရည်ရွယ်ချက်တွေနဲ့ HERA ရဲ့ပင်တိုင် Designer က “We are Unbroken” ဆိုတဲ့ White Tee လေးကို ပုံဖော်
ဖန်တီးလိုက်တာပဲဖြစ်ပါတယ်။
ပိတောက်ပန်းဟာ မြန်မာ့ ကိုယ်စားပြုပန်းဖြစ်သလို အမေစုကလည်း ခုချိန်အထိ မြန်မာကိုကိုယ်စားပြုထားဆဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာ့ ကိုယ်စားပြုခေါင်းဆောင်ရဲ့ ဆံကေသာထက် မှာ မြန်မာ့ကိုယ်စားပြု ပိတောက်ပန်းလေးကို တယုတယ ပန်ဆင် စိတ်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
ဒီ Tee လေးကိုတော့
▪️အမျိုးသား၊ အမျိုးသမီး အားလုံး စမတ်ကျကျ ဝတ်ဆင်လို့ရမယ့် Unisex Design
▪️အဖြူရောင်တစ်မျိုးတည်းသီးသန့်
▪️Cotton 100% နှင့် အကောင်းဆုံးအရည်သွေးဖြစ်တဲ့ 210-220 GSM အထူကို အသုံးပြုထားပြီး
▪️M, L, XL Size များ ဖန်တီးထုတ်လုပ်ထားပါတယ်ရှင်။
ဒီ “We are Unbroken” အင်္ကျီလေးကို လာမယ့် အမေ့မွေးနေ့အမီ ဝတ်ဆင်နိုင်ဖို့အတွက် နိုင်ငံအသီး သီးကို အချိန်မီ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။
နောက်ဆုံးအနေနဲ့ကတော့ အားလုံးသိတဲ့အတိုင်း HERA ကထုတ်လုပ်တဲ့ အမေစုမွေးနေ့အမှတ်တရ အင်္ကျီလေးတွေဟာ အဓိပ္ပာယ်ရှိတဲ့ စီးဆင်းမှုအဖြစ် ကျန်ရှိနေမယ် ဆိုတာပါပဲ။
လှပတဲ့ ပိတောက်တွေနဲ့အတူ မကျိုးမပဲ့ဘဲ ဆက်လက်ရှင်သန်နေမယ့် “We are Unbroken” White Tee လေးကို UAE အတွက် အခုပဲ လာရောက်မှာယူနိုင်ပါပြီ ခင်ဗျာ
Price - 150 AeD ( Dubai အရောက် ဈေးပါ ခင်ဗျာ )
"ဆန်အိတ် ၁,၀၀၀"ရိက္ခာကမ်ပိန်း အား
ရှေ့တန်းစစ်ဆင်ရေးမှ
ရဲဘော်များ၏တိုက်တွန်းနှိုးဆော်ချက်✊🏼
အတူတူတွန်းရင်ရွေ့နိုင်တာမို့
အတူတူဆက်ကြိုးစားကြရအောင်
📣ထောက်ပို့နိုင်သည့်နေရာများ
စစ်ကြောင်း၏တရား၀င် page 👈
PDF Brothers
Spring Crowdfund ( SCF Platform ) 👈
https://springcrowdfund.org/c/cz6KTU
The Hero's Savior Page 👈
The Hero's Savior
ဂေါ်ရခါးဒီမိုကရေစီလှုပ်ရှားမှုကွန်ယက် 👈
Gurkha Movement for Democracy
အမျိုးသမီးနှင့်ကလေး
ကာကွယ်စောင့်ရှောက်ရေးကွန်ယက် 👈
MBG women and children protection network
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊
ရန်ကုန်တိုင်းစစ်ဌာန၊
ရန်ကုန်ဗျူဟာစစ်ကြောင်း(၁)
#ရန်ကုန်ဗျူဟာစစ်ကြောင်း၁
#ဆန်အိတ်၁၀၀၀
#ရိက္ခာကမ်ပိန်း
20/05/2026
"81st Suu"
▪️အမေစုရဲ့ (၈၁) နှစ်ပြည့်မွေးနေ့အတွက် ရည်ရွယ် ပြီး HERA က ထုတ်လုပ်ထားတဲ့ အင်္ကျီလေး မနက်ဖြန် ထွက်ဖို့ရှိပါမယ်။ ဒီပရောဂျက်လေးကို “81st Suu” လို့ပဲ ရိုးရိုးရှင်းရှင်းလေး အမည်ပေးထားပါတယ်။
▪️တကယ်တော့ ဒီပရောဂျက်ကို အခက်အခဲတွေအများကြီးကြားက လုပ်သင့်/မလုပ်သင့်တော်တော် လေးစဉ်းစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ချစ်ရတဲ့ Customer များရဲ့ ဝန်းရံအားပေးမှုတွေကြောင့် ဒီပရောဂျက်လေးကို လုပ်ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် အင်္ကျီလေးတွေ မကြော်ငြာခင်မှာ HERA အနေနဲ့ အမေစုမွေးနေ့အင်္ကျီလေးတွေကို ဘာကြောင့်ထုတ်ဖြစ်တာလဲဆိုတဲ့ ရည်ရွယ် ချက်လေးကို အရင်ရှင်းပြချင်ပါတယ်။
▪️HERA က The Lady (In honor of Suu’s 78th Birthday), Unstoppable (Collaboration with Artist Nu Yin) , Freedom of Suu (In honor of Suu’ 80th Birthday) စတဲ့ ပရောဂျက်တွေကို အမေစုမွေးနေ့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီပရောဂျက်တွေရဲ့အမြတ်တွေထဲကနေ ရာခိုင်နှုန်းသတ်မှတ်ပြီးCDMers/Education / IDPs စတဲ့ နယ်ပယ်တွေကို တိုက်ရိုက် စီးဆင်းခဲ့ပါတယ်။
▪️အဲ့ဒီအပြင် ပရောဂျက်ပြီးတဲ့အခါတိုင်း HERA Team Members တွေကို Bonus ပေးတာတွေ၊ရေရှည်ရပ်တည်နိုင်ဖို့အတွက် Career Development ပိုင်း ဖြည့်တင်းပေးတာတွေကိုလည်းပြုလုပ်ပါတယ်။ မဲဆောက်ရှိ ရဲဘော်အမျိုး သမီးတွေ၊ တလရထဲက အမျိုးသမီးတွေအတွက် ချည်ထိုးသင်တန်းနှင့် စက်ချုပ်သင်တန်းများ ပညာဒါနပေးခဲ့တဲ့အပြင် ကရင်နီ (မယ်စဲ၊ဖားဆောင်း) မှာရှိတဲ့ ရဲမေများနှင့်ဒေသခံများကိုပါ HERA Team က သွားရောက်သင်တန်းပို့ချပေးခဲ့ဖူးပါတယ်။
▪️ဒါကြောင့် HERA ကထုတ်တဲ့ အမေစုမွေးနေ့အင်္ကျီလေးတွေဟာ မြေပြင်ကိုစီးဆင်းဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ထုတ်လုပ်ထားတာဖြစ်တာမို့ အင်္ကျီတစ်ထည် ဝယ်ယူအားပေးတိုင်း မြေပြင်ကိုရောက်ရှိမှာပဲဖြစ်ပါတယ်။
▪️ဒီနှစ် (၈၁) နှစ်မြောက်မွေးနေ့အတွက် ရည်ရွယ်
ထုတ်လုပ်တဲ့ အင်္ကျီလေးတွေကလည်း နယ်စပ်ဘက်တွေမှာရှိတဲ့ CDMer အမျိုးသမီး၊ ရဲဘော်အမျိုးသမီးများရဲ့ ကလေးတွေပညာရေးအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒီတစ်ခေါက်ပရောဂျက်က ပုံမှန်ထုတ်နေကျပုံလေးတွေမဟုတ်လို့ ကြိုက်ကြပါ့မလားဆိုတာကိုလည်း HERA Team က စိုးရိမ်နေပါတယ်။ ဒါပေမယ့် အကောင်းဆုံးကြိုးစားပြီးတော့ Quality ကိုလည်း သေချာဂရုစိုက်ထားတာမို့ 81st Suu အင်္ကျီလေးတွေ ထွက်လာခဲ့ရင် အားပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
20/05/2026
UAE အတွက် အရေအတွက် 30 ပဲရတာမို့ ကြိုတင်စာရင်းပေးထားသူတွေ ကို အရင်ဆုံး ပရီအော်ဒါတင်ပေးမှာဖြစ်ပါတယ်။
ဈေးနှုန်း - 480 AeD ပါ။
19 July 2025 မှာ 21CM ကနေ ပထမဆုံး စတင်ထွက်ရှိခဲ့တဲ့ Limited Edition watch 1200လုံး 24နာရီအတွင်း all sold out တဲ့အထိစံချိန်တင်နိုင်ခဲ့တာကို 21CM ချစ်သူ အားလုံး မှတ်မိကြ မယ်ထင်ပါတယ်။
June 1 ရက်နေ့မှာ 21CM ကနေ အသစ်ထွက်ရှိလာမယ့် အမေစုရဲ့ 81 နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဖန်တီးထားတဲ့ 81 Tribute Collection ဖြစ်တဲ့ SHE ကိုလည်း 21CM ချစ်သူတွေအနေနဲ့ ပထမ နာရီရဲ့ စံချိန်ကို အမှီချိုးနိုင်ပါ့မလားဆိုတာ သိချင်မိပါတယ်။
SHE ဟာ June 1 ရက်နေ့မှာ 21CM ချစ်သူအားလုံးရဲ့ အရှေ့ကို အမိုက်စားနဲ့ ရောက်ရှိလာဖို့ အဆင်သင့်ဖြစ်နေပါပြီ။ 21CM ချစ်သူတွေအနေနဲ့ SHE အတွက် အားအင်အပြည့် ဝန်းရံအားပေး ကြမယ်လို့ ယုံကြည်ပါတယ်ဗျို့။
Are you ready for SHE ?
Japan နိုင်ငံ Nagoya မြို့ရှိ
Nine Family မိသားစုမှ ဆန်အိတ်(၄၀) စာ မြန်မာငွေသိန်း (၄၀) ထောက်ပို့လှုဒါန်းပေးခြင်းကိုလက်ခံရရှိထားပါတယ်ခင်ဗျာ
Nine Family နှင့် ထောက်ပို့သူတစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ဂုဏ်ပြုရပါတယ်ခင်ဗျာ ✊🏼
အတူတူတွန်းရင်ရွေ့နိုင်တာမို့
အတူတူဆက်ကြိုးစားကြရအောင်
📣ထောက်ပို့နိုင်သည့်နေရာများ
စစ်ကြောင်း၏တရား၀င် page 👈
PDF Brothers
Spring Crowdfund ( SCF Platform ) 👈
https://springcrowdfund.org/c/cz6KTU
The Hero's Savior Page 👈
The Hero's Savior
ဂေါ်ရခါးဒီမိုကရေစီလှုပ်ရှားမှုကွန်ယက် 👈
Gurkha Movement for Democracy
အမျိုးသမီးနှင့်ကလေး
ကာကွယ်စောင့်ရှောက်ရေးကွန်ယက် 👈
MBG women and children protection network
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊
ရန်ကုန်တိုင်းစစ်ဌာန၊
ရန်ကုန်ဗျူဟာစစ်ကြောင်း(၁)
#ရန်ကုန်ဗျူဟာစစ်ကြောင်း၁
#ဆန်အိတ်၁၀၀၀
#ရိက္ခာကမ်ပိန်း
Campagin Day 10