Myanmar Community in NRW

Wegbeschreibung

Myanmar Community in NRW INTERFAITH UNITY , Heritage,Freedom, Democracy, Human Rights

11/10/2026

၁၀.၁၀.၂၀၂၆

အမေစု အမြန်ဆုံးလွတ်မြောက်ရေးအတွက် နှင့်အတူ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် ပွဲ Video မှတ်တမ်း

၁၀.၁၀.၂၀၂၆ ရက်နေ့ NRW ပြည်နယ် Bielefeld မြို့၊ Bielefeld Rathaus ရှေ့တွင် ကျင်းပပြုလုပ်သော အမေစု အမြန်ဆုံးလွတ်မြောက်ရေးအ...
11/10/2026

၁၀.၁၀.၂၀၂၆ ရက်နေ့ NRW ပြည်နယ် Bielefeld မြို့၊ Bielefeld Rathaus ရှေ့တွင် ကျင်းပပြုလုပ်သော အမေစု အမြန်ဆုံးလွတ်မြောက်ရေးအတွက် နှင့်အတူ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် ပွဲကို အချိန်ပေးပြီး လာရောက်ဝန်းရံပေးကြသော မြန်မာနိုင်ငံသား အယောက်စီတိုင်းကို ဦးစွာ ကျေးဇူးတင်ရှိပါသည်။
ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်သော ပွဲဖြစ်သော်ငြားလည်း တစ်ပွဲထက်တစ်ပွဲ လာရောက်ပူးပေါင်းဝန်းရံပေးသူ ပိုမိုများပြားလာသည့်အတွက်လည်း ပိုမိုဝမ်းသာရပါသည်။ ငွေအားဖြင့် ကူညီဝန်းရံပေးမှုကြောင့် ကူညီငွေအဖြစ် ယူရို ၂၆၀ လက်ခံရရှိခဲ့ပါသည်။ အရင်ပွဲမှ လက်ကျန်ငွေ ယူရို ၅၀ အပါအဝင် စုစုပေါင်း ၃၁၀ ယူရို ရရှိခဲ့ပါသည်။
ပွဲအစအဆုံး ကုန်ကျငွေ စုစုပေါင်း ၄၅၁ ယူရို ဖြစ်သည့်အတွက် လိုငွေ ၁၄၁ ယူရိုကို ကျွန်တော်တို့အဖွဲ့မှ စိုက်ထုတ်ကျခံပေးခဲ့ပါသည်။ ကူညီပေးခဲ့ကြသော အယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ရှိပါသည်။
Photographer: သဒ္ဒါ
MC: မခင်မာလာကျော်
Guitar: ကိုရန်မျိုးကျော်၊ ကိုဖြိုး
Violin: Nokia
Cajón: ကိုမျိုး
အချက်အပြုတ်: ကိုနောင် မိသားစု၊ ကိုမင်း မိသားစု
Protest Signboard များ: ကူညီလုပ်ကိုင်ပေးခဲ့သော ညီမများဖြစ်သည့် မဆု၊ အိမ့်၊ ခိုင်ဝါ
ပါဝင်ကူညီပေးခဲ့သူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။ အားလုံး၏ စုပေါင်းအင်အားဖြင့် ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အမည်မဖော်ပြနိုင်သော်လည်း အခြားနိုင်ရာဘက်မှ ကူညီပေးခဲ့ကြသူများကိုလည်း ကျေးဇူးတင်ရှိပါသည်။ နောင်ကျင်းပပြုလုပ်မည့် ပွဲများတွင်လည်း ယခုကဲ့သို့ပင် လာရောက်ကူညီဝန်းရံပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

မနက်ဖြန်ပွဲအတွက် တစ်နေရာဆီကနေ တက်ညီလက်ညီ ပူးပေါင်းပါဝင်နေကြသော ချစ်ရသော အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေးများအား ပဏာမအနေဖြင့် ...
09/10/2026

မနက်ဖြန်ပွဲအတွက် တစ်နေရာဆီကနေ တက်ညီလက်ညီ ပူးပေါင်းပါဝင်နေကြသော ချစ်ရသော အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေးများအား ပဏာမအနေဖြင့် မှတ်တမ်းတင် ကျေးဇူးတင်အပ်ပါသည်။ ❤️💕❤️💕

08/10/2026

10.10.2026 Bielefeld မှာ ပြုလုပ်မယ့် ပွဲနဲ့ ပတ်
သက်ပြီး Remind လုပ်ချင်တာရော အသိပေးချင်တာရော ရှိလ်ို့ပါ ☺️
NRW ပြည်နယ် Bielefeld မြို့တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ရသည့် 🍀ရည်ရွယ်ချက် 🍀- ပုံမှန်အားဖြင့် ဆန္ဒထုတ်ဖော်ပွဲများသည် Berlin မြို့တွင်အများဆုံးပြုလုပ်သည်
ဖြစ်သည့်အတွက် NRW အတွင်း နေထိုင်ကြသော Senior မြန်မာနိုင်ငံသားများ၊ Aslyum Seeker များ ၊ Granted ဖြစ်ပြီးသူများ အနေဖြင့် Berlin သို့သွားရောက်ရာတွင် အချိန်ကုန်၊ လူပန်း၊ငွေကုန်ကြေးကျ နည်းစေရန် အဓိက ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပါသည်။
- 👉🏿ကုန်ကျစရိတ် 👈🏿
ပွဲတခု ပြုလုပ်ရာတွင် ငွေသုံးရပါတယ် ၊ အချိန်၊ အကြံဥာဏ် ၊ အကုန်ပြည့်စုံအောင် စဉ်စားစီစဉ်ရပါတယ် ၊ ကျွန်တော်တို့ကို မည်သူမှ Sponsor ပေးထားခြင်း မရှိပါဘူး၊ ၈.၈.၂၀၂၆ ပွဲတွင် ကုန်ကျစရိတ် ယူရို ၁၅၀ ခန့် ရှိခဲ့ပါတယ် ၊ ဝိုင်းဝန်းကူညီငွေ ယူရို ၂၀၀ လက်ခံရှိခဲ့ပါတယ် ၊ ယခု ၁၀ .၁၀.၂၀၂၆ ပွဲကိုလည်း အရင်ပွဲထက် ပိုပြည့်စုံ ၊ ပိုကောင်းအောင် စီစဉ်ထားလို့ လက်ရှိ အချိန်ထိ ကုန်ကြငွေ ယူရို ၄၅၀ ခန့် ရှိနေပါပြီ ၊ အရင်ပွဲမှ ပိုငွေ ယူရို ၅၀ ကို ထည့်သွင်း အသုံးပြုပါမည်၊ ဝိုင်းဝန်းကူညီပေးဖို့ ဆန္ဒရှိတဲ့လူတိုင်းကို ကြိုဆိုလျက်ပါခင်ဗျာ၊ကူမယ့်သူမရှိလည်း ကိစ္စမရှိပါဘူးခင်ဗျာ ☺️ ကျွန်တော်တို့စီစဉ်သူ ၃ ယောက်ကပဲ ကျခံပေးပြီး ပွဲတွေကို ဆက်လုပ်သွားမှာပါ ( မှတ်ချက် ထီပေါက်ထားခြင်း မဟုတ်ပါဘူးခင်ဗျာ 😂) ကိုယ်ချင်းစာစိတ်နဲ့ ပြုလုပ်ပေးခြင်း ဖြစ်ပါတယ် ခင်ဗျာ ၊ ပွဲကျင်းပ ခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ပွဲတွေ ဖြစ်ပေါ်လာဖို့ အတွက်လည်း အကြံဥာဏ် ပေးမယ့်သူတွေကိုလည်း အစဉ်အမြဲ ကြိုဆိုလျက်ပါ ၊
🫶🏾အားလုံးပဲ ၁၀.၁၀.၂၀၂၆ စနေနေ့ Bielefeld မြို့ Rathaus ရှေ့မှာ နေ့လည် ၂ နာရီမှ ၃ :၃၀ အထိ ဆုံကြရအောင်ပါခင်ဗျာ ✌🏻✌🏻✌🏻🫶🏾🍀❤️

🛎️ ၁၀.၁၀.၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အမေစု အမြန်ဆုံးလွတ်မြောက်ဖို့အတွက်   နဲ့အတူ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ...
01/10/2026

🛎️ ၁၀.၁၀.၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အမေစု အမြန်ဆုံးလွတ်မြောက်ဖို့အတွက် နဲ့အတူ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင်ဆက်လက်တည်ရှိ‌ ရေးအတွက်
ပွဲတွင် အကျွေးအမွေးအစီအစဉ်အဖြစ် #ကြက်သားထောပတ်ထမင်း နှင့် ရေသန့် တို့ကို ပြင်ဆင်ထားပါတယ်၊ ပွဲတွင် အမှတ်တရ စကားပြောချင်သော လူများလည်း Page Cb မှာ လာရောက် စာရင်းပေးလို့ရပါတယ် ၊ တစ်ယောက်ကို အချိန် (၃) မိနစ် ရပါမယ် ၊ A seeker များ အနေနဲ့ မည့်သည့်အလှုငွေမှ ထည့်ဝင်စရာမလိုပဲ ကျွန်တော်တို့နဲ့ အတူတူ လာရောက် ပူပေါင်းဝန်းရံပေးဖို့ ဖိတ်ခေါ်အပ်ပါတယ် ၊ တစ်စုံတရာကူညီဖို့ ဆန္ဒရှိသူများအနေဖြင့်လည်း ပွဲစီစဉ်သူများနှင့် ချိတိဆက်ပြီး ကူညီဖို့ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ ✌🏻
👉🏿NRW ပြည်နယ် Bielefeld မြို့ Rathaus ရှေ့တွင် ၁၀.၁၀.၂၀၂၆ (စနေနေ့) ၊ နေ့လည် ၂ နာရီမှ ၃ :၃၀ နာရီ အချိန်ထိ ကျင်းပပြုလုပ်သွားပါမယ်ခင်ဗျာ ၊ NRW ပြည်နယ်အတွင်း နေထိုင်ကြသော အမှန်တရားကို ချစ်မြတ်နိုးပြီး မြန်မာနိုင်ငံအတွက် တရားမျှတမှူကို လိုလားသော မြန်မာနိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ပေးကြပါဖို့ ဖိတ်ခေါ်အပ်ပါတယ် ၊

PS -ဆန္ဒထုတ်‌ ဖော်ပွဲသို့ လာရောက်ကြမည့် သူများအနေဖြင့် မည်သည့် Protest Signs မှ ပြင်ဆင်ယူလာစရာမလိုပါဘူးခင်ဗျာ၊ အကုန်ပြည့်စုံအောင် စီစဉ်ထားပါတယ်
- ဓါတ်ပုံမှတ်တမ်းယူနိုင်စေဖို့ အတွက် ဓါတ်ပုံဆရာလည်း စီစဉ်ထားပါတယ်
- လူတစ်ဦးချင်းစီ ၊ အဖွဲ့လိုက် ဓါတ်ပုံ မှတ်တမ်းယူနိုင်အောင် လည်း အချိန်ကို ထည့်စီစဉ်ထားပါတယ်
🤟အရောက်လာပြီး ပူးပေါင်းဝန်းရံဖို့ တခုပဲ လိုပါတယ်ခင်ဗျာ

အမေစု အမြန်ဆုံးလွတ်မြောက်ဖို့အတွက်   နဲ့အတူ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင်ဆက်လက်တည်ရှိ‌ ရေးအတွက်  ကို NRW...
22/09/2026

အမေစု အမြန်ဆုံးလွတ်မြောက်ဖို့အတွက် နဲ့အတူ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင်ဆက်လက်တည်ရှိ‌ ရေးအတွက်
ကို NRW ပြည်နယ် Bielefeld မြို့ Rathaus ရှေ့တွင် ၁၀.၁၀.၂၀၂၆ (စနေနေ့) ၊ နေ့လည် ၂ နာရီမှ ၃ :၃၀ နာရီ အချိန်ထိ ကျင်းပပြုလုပ်သွားပါမယ်ခင်ဗျာ ၊ NRW ပြည်နယ်အတွင်း နေထိုင်ကြသော အမှန်တရားကို ချစ်မြတ်နိုးပြီး မြန်မာနိုင်ငံအတွက် တရားမျှတမှူကို လိုလားသော မြန်မာနိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ပေးကြပါဖို့ ဖိတ်ခေါ်အပ်ပါတယ် ၊

PS -ဆန္ဒထုတ်‌ ဖော်ပွဲသို့ လာရောက်ကြမည့် သူများအနေဖြင့် မည်သည့် Protest Signs မှ ပြင်ဆင်ယူလာစရာမလိုပါဘူးခင်ဗျာ၊ အကုန်ပြည့်စုံအောင် စီစဉ်ထားပါတယ်
- ဓါတ်ပုံမှတ်တမ်းယူနိုင်စေဖို့ အတွက် ဓါတ်ပုံဆရာလည်း စီစဉ်ထားပါတယ်
- လူတစ်ဦးချင်းစီ ၊ အဖွဲ့လိုက် ဓါတ်ပုံ မှတ်တမ်းယူနိုင်အောင် လည်း အချိန်ကို ထည့်စီစဉ်ထားပါတယ်
-အကျွေးအမွေး အစီအစဉ်လည်း စီစဉ်ထားပါတယ်
🤟အရောက်လာပြီး ပူးပေါင်းဝန်းရံဖို့ တခုပဲ လိုပါတယ်ခင်ဗျာ 🤗🤗🤗

၈.၈.၂၀၂၆ (စနေနေ့) တွင် ဂျာမဏီ နိုင်ငံ NRW ပြည်နယ် Bielefeld မြို့ Rathaus ရှေ့တွင် (၃၈)ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ ဆန္ဒ...
09/08/2026

၈.၈.၂၀၂၆ (စနေနေ့) တွင် ဂျာမဏီ နိုင်ငံ NRW ပြည်နယ် Bielefeld မြို့ Rathaus ရှေ့တွင် (၃၈)ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ ဆန္ဒထုတ်ဖော်ပွဲသို့ လာရောက်၍ ပူးပေါင်း ဝန်းရံ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ၊ အမှတ်တရ စကားပြောပေးပါသော Uncle George ၊ Uncle ဦးမန်းအောင်လွင် ၊ ကိုထိန်လင်းတို့အား ကျေးဇူးအထူးတင်ရှိပါတယ်၊ ဒီပွဲလေး ခုလိုမျိုး စည်စည်ကားကားနဲ့ ဖြစ်သွားအောင် ပူပေါင်းဝန်းရံ ကူညီအားဖြည့်ပေးခဲ့ကြတဲ့ ချစ်ရတဲ့ Uncle , Aunty, အကို၊အစ်မ ၊ညီလေး၊ညီမလေး ၊သူငယ်ချင်းများအားလုံးကို ကျွန်တော်တို့ အဖွဲ့မှ ကျေးဇူးအထူးပင်တင်ရှိပါကြောင်းထပ်လောင်းပြောပါရစေခင်ဗျာ ၊ နောင်ပြုလုပ်မယ့် ပွဲတွေမှာလည်း ခုလိုမျိုး လာရောက် ဝန်းရံကူညီအားဖြည့်ပေးကြပါဦးခင်ဗျာ 🤗🤗🤗🤗
မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပေးပါသော ညီလေး သဒ္ဒါ Heinhtet Soe ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်🤗🤗

07/08/2026

မနက်ဖြန် ၈.၈.၂၀၂၆ (စနေနေ့) တွင် ကျင်းပ ပြုလုပ်မယ့် (၃၈)ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ ဆန္ဒထုတ်ဖော်ပွဲသို့ လာရောက်ကြမည့် သူများအနေဖြင့် အင်္ကျီ (အနက်ရောင်) ကို ကျေးဇူးပြု၍ ဝတ်ဆင်လာဖို့ အသိပေးပါရစေခင်ဗျာ -
- ဆန္ဒထုတ်‌ ဖော်ပွဲသို့ လာရောက်ကြမည့် သူများအနေဖြင့် မည်သည့် Protest Signs မှ ပြင်ဆင်ယူလာစရာမလိုပါဘူးခင်ဗျာ၊ အကုန်ပြည့်စုံအောင် စီစဉ်ထားပါတယ်
- ဓါတ်ပုံမှတ်တမ်းယူနိုင်စေဖို့ အတွက် ဓါတ်ပုံဆရာလည်း စီစဉ်ထားပါတယ်
- လူတစ်ဦးချင်းစီ ၊ အဖွဲ့လိုက် ဓါတ်ပုံ မှတ်တမ်းယူနိုင်အောင် လည်း အချိန်ကို ထည့်စီစဉ်ထားပါတယ်
-အကျွေးအမွေး အစီအစဉ်အနေဖြင့် - ပြည်ထမင်းသုပ်(ကြက်ဥကြော်) ၊ရေသန့် စီစဉ်ထားပါတယ်
🤟အရောက်လာပြီး ပူးပေါင်းဝန်းရံဖို့ တခုပဲ လိုပါတယ်ခင်ဗျာ 🤗🤗🤗

၈.၈.၂၀၂၆ (စနေနေ့) တွင် ပြုလုပ်မည့် (၃၈) ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ ဆန္ဒထုတ်ဖော်ပွဲတွင် ၈၈၈၈ နဲ့ ပတ်သတ်သော အ‌တွေ့အကြုံ ...
05/08/2026

၈.၈.၂၀၂၆ (စနေနေ့) တွင် ပြုလုပ်မည့် (၃၈) ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ ဆန္ဒထုတ်ဖော်ပွဲတွင် ၈၈၈၈ နဲ့ ပတ်သတ်သော အ‌တွေ့အကြုံ ၊ခံစားချက် များ ၊ နွေဦးတော်လှန်ရေးနဲ့ ပတ်သတ်သော အတွေ့ကြုံ၊ခံစားချက်များအား မိမိတို့၏ ဆန္ဒ‌အလျောက် ပြောဆိုချင်သူများ ၇.၈.၂၀၂၆ (သောကြာနေ့) နေ့လည် ၁၂ နာရီနောက်ဆုံးထား၍ Page cb မှာ စာရင်း လာပေးလို့ ရပါတယ် ၊ တစ်ဦးလျှင် အချိန် (၃) မိနစ် ပြောကြားခွင့် ရပါမည် ။

၈.၈.၂၀၂၆ ရက် (စနေနေ့) တွင်  (၃၈) ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ဆန္ဒထုတ်ဖော် ပွဲကို  NRW ပြည်နယ် Bielefeld မြိ...
29/07/2026

၈.၈.၂၀၂၆ ရက် (စနေနေ့) တွင် (၃၈) ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ဆန္ဒထုတ်ဖော် ပွဲကို NRW ပြည်နယ် Bielefeld မြိို့ Rathaus ရှေ့တွင် နေ့လည် ၂:၀၀ မှ ၃:၃၀ နာရီအထိ ကျင်းပ ပြုလုပ်သွားပါမည် ၊ A seekers (Granted မဖြစ်သေးသူ) များအနေဖြင့် မည်သည့်အလှုငွေမှ ထည့်ဝင်စရာမလိုပဲ လာရောက်ကူညီပူးပေါင်းဝန်းရံပေးဖို့ ဖိတ်ခေါ်ပါတယ် ၊ အကျွေးအမွေး အစီအစဥ်လည်း စီစဥ်ထားပါတယ် ၊ လွတ်လပ်တဲ့ နိုင်ငံမှာ ချစ်ရသော မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ သွေးမအေးတဲ့ အကြောင်း ပြလိုက်ကြရအောင်ဗျာ ☺
အားလုံး အတူ ဆုံကြရအောင် 💪✌

Adresse

Else-Scheuer Weg
Münster
48161

Website

Benachrichtigungen

Erfahren Sie als Erste/r von Neuigkeiten und Aktionen: Wir schicken Ihnen eine E-Mail, wenn Myanmar Community in NRW etwas veröffentlicht. Ihre E-Mail-Adresse wird für keinen anderen Zweck verwendet, und Sie können sich jederzeit abmelden.

Verknüpfungen

Teilen