16/09/2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
မန္တလေး၊ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ၂၀၂၅ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော် ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်လှမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဝင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများနှင့်ဖိတ်ကြားထားသူများတက်ရောက် ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် အိုဇုန်းလွှာသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို အန္တရာယ် ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည်များကို ကမ္ဘာ့မြေပြင်သို့ တိုက်ရိုက် မရောက်ရှိစေရန် ကာကွယ်စစ်ထုတ်ပေးထားသော အငွေ့စစ်ကိရိယာ တစ်ခုအနေဖြင့် အကျိုးပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများကြောင့် အိုဇုန်းလွှာ ထိခိုက် ပျက်စီးနေသည်ကို သိပ္ပံပညာရှင်များမှ လေ့လာတွေ့ရှိခဲ့ကြပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးကြပ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနအပါအဝင်အခြားဌာနများနှင့်ပူးပေါင်းပြီး အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် လစဉ်အသိပညာပေးခြင်း၊ ရေထုအရည်အသွေးနှင့် ဝန်းကျင်လေထုအရည်အသွေး စောင့်ကြည့် တိုင်း တာခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အိုဇုန်းလွှာပျက်စီးမှုကို ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အားလုံံး အတူတကွ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူးက အိုဇုန်းလွှာအကြောင်း သိကောင်းစရာများ နှင့် ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ ပေါ်ပေါက်လာမှုနှင့်စပ်လျဉ်း၍ တင်ပြပြောကြားခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တက်ရောက်လာ ကြသူများသည် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အသိပညာပေး Video Clip ၊ UNEP မှ ဒါရိုက်တာ၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video message ပြသမှု အစီအစဉ်များ၊ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြသ ထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပိုစတာများ ၊ တိုင်းတာရေး စက်ကိရိယာပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
(မန္တလေးနေ့စဉ်)
16/09/2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သုမင်္ဂလာဈေး(ညံတောဈေး)တည်ဆောက်ရေးစီမံကိန်း နှင့် ဆင်လမ်းရေလှောင်တမံရေပိုလွှဲ(၂)ပေမြှင့်တင်ခြင်း လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး
မန္တလေး၊ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းက သုမင်္ဂလာဈေး(ညံတောဈေး)တည်ဆောက်ရေးစီမံကိန်း နှင့် ဆင်လမ်းရေ လှောင်တမံ ရေပိုလွှဲ (၂)ပေမြှင့်တင်ခြင်းလုပ်ငန်းများသို့ကွင်းဆင်းစစ်ဆေး ခဲ့သည်။
ထိုသို့ ကွင်းဆင်းရာ၌ ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး(ညံတောဈေး) ခြောက်ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ ရောက် ရှိ ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအစီအမံများအားရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များကို ဖြည့်စွက်ပြောကြားပြီး စီမံကိန်းအတွင်း ကြည့်ရှုခဲ့ သည်။
၎င်းနောက် ပြင်ဦးလွင်ဒေသ သောက်သုံးရေဖူလုံစွာရရှိရေး ဆင်လမ်း ရေလှောင်တမံရေပိုလွှဲ (၂)ပေမြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် နောင်ခမ်းကြီးရပ်ကွက်အနီး ဆင်လမ်းရေလှောင်တမံသို့ ရောက်ရှိပြီး ပြင်ဦးလွင်မြို့တွင် နေထိုင်လူဦးရေတိုးပွားလာမှုအတွက် ရေပိုမိုပေးဝေနိုင်ရန် ဆင်လမ်းဆည်အား ယခင် ကန်ရေပြည့်ရေမှတ် ၃၇၂၆ ပေ မှ ယခု ၃၇၂၈ပေ အထိ နှစ်ပေတိုးမြှင့် ရေသိုလှောင်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ ရေတံခါးအရွယ်အစား ၁၇ပေ x၂ပေ (၄ချပ်) တပ်ဆင်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ဆင်လမ်းတမံအတွင်း ရေဝင် ရောက်မှုနှင့် သောက်သုံးရေပေးဝေနေမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် အရည် အသွေးစံချိန်စံညွှန်းပြည့်မီရေး အလေးထားကာ ဆောင်ရွက်သွားရန်တို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်း အနီးစခန်းဘူတာလမ်းခွဲအနီးရှိ ဒေသထွက်ကုန် ပစ္စည်းအရောင်ဆိုင်တန်းများအား စနစ်တကျဖြစ်စေရေးအတွက် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှတာဝန်ယူတည်ဆောက်ပြီးစီးသည့် အနီးစခန်း ဈေးတန်းဈေးဆိုင် ခန်းများတွင် ဈေးသူဈေးသားများ ဒေသထွက်ကုန်များ ရောင်းချနေမှုများ ကို လိုက်လံကြည့်ရှုပြီး နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။
(မန္တလေးနေ့စဉ်)
16/09/2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ပြင်ဦးလွင်မြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပေးသည့် အမှိုက်ပုံးအစုံ(၅၀)အား ခွဲဝေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေး၊ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါပြီး ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ မြို့တော်ခန်းမတွင်ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှပြင်ဦးလွင်မြို့နယ်အတွင်း အများပြည်သူ နှင့် သက်ဆိုင်သော နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပေးသည့် အမှိုက်ပုံး အစိမ်းရောင်၊ အဝါရောင်၊ အပြာရောင်နှင့် အနီရောင် ၄ မျိုးပါ အစုံ၅၀ အား ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် အဖွဲ့အစည်းများထံသို့ ခွဲဝေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှိုက်ပုံးများ ပေးအပ် ရခြင်းနှင့်စပ်လျဉ်း၍အမှာစကားပြောကြားရာတွင် လူတစ်ဦးချင်းစီမှထွက် ရှိသော အမှိုက်ပမာဏ အမှိုက်လျှော့ချနိုင်ရန်၊ အမှိုက်ခွဲခြားစွန့်ပစ်မှုနှင့် ပြည်သူလူထုအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အလေ့အကျင့် ကောင်းများရရှိစေပြီး အနာဂတ်မျိုးဆက်သစ်များအတွက် သန့်ရှင်းသော ပတ်ဝန်းကျင် နှင့် ကောင်းမွန်သောဂေဟစနစ်အား လက်ဆင့်ကမ်းပေးနိုင် စေရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ အများပြည်သူ နှင့် သက်ဆိုင် သောနေရာများတွင်စွန့်ပစ်ပစ္စည်းအမျိုးအစားအလိုက်ခွဲခြားစွန့်ပစ်နိုင်သည့် အမှိုက်ပုံးများထားရှိသွားရန်နှင့်စည်ပင်သာယာရေးအဖွဲ့များမှလည်းစွန့်ပစ် အမှိုက်များကို ခွဲခြားသိမ်းဆည်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြင်ဦးလွင်မြို့အား အစဉ်အမြဲသန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများတွင် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းပြောကြားသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှိုက်အမျိုး အစား ခွဲခြားစွန့်ပစ်ခြင်းအား အမှိုက်စိုများကို အမှိုက်ပုံး အစိမ်းရောင်၊ အမှိုက်ခြောက်များကို အမှိုက်ပုံး အဝါရောင်၊ ပလတ်စတစ်အမှိုက်များကို အမှိုက်ပုံး အပြာရောင်နှင့် ဘေးအန္တရာယ်ရှိ အမှိုက်များကို အမှိုက်ပုံး အနီ ရောင်တို့ဖြင့် ခွဲခြားသတ်မှတ်စွန့်ပစ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ၊ ရုံးများ၊အခြေခံပညာကျောင်းများနှင့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများထံ သို့ အမှိုက်ပုံးများကို ခွဲဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(မန္တလေးနေ့စဉ်)
15/09/2025
မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုလျှော့ချနိုင်ရေး
ရေနှင့်သန့်ရှင်းမှုဌာန၏ မိုးရေစွန့်ထုတ်စက်ရုံများမှ ရေများစုပ်ထုတ်
မန္တလေး စက်တင်ဘာ ၁၄
မန္တလေးမြို့တွင် စက်တင် ဘာ ၁၃ ရက် ညပိုင်းမှ ၁၄ ရက် မွန်းလွဲပိုင်းအထိ မိုးရွာသွန်းခြင်း ကြောင့် မြို့တွင်းလမ်းအချို့နှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေ လွှမ်းမှုမရှိစေရေးအတွက fမန္တလေး မြို့တော်စည်ပင်သာယာရေးကော် မတီ၊ ရေနှင့် သန့်ရှင်းမှုဌာန၏ မိုးရေစွန့်ထုတ်စက်ရုံ လေးခုမှ ရေစုပ်စက်ကြီးများဖြင့် မောင်း နှင် စုပ်ထုတ်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တော်၏ အဓိက ရေထွက်ဖြစ်သည့် ရွှေခဲ MBCCD မိုးရေစွန့်ထုတ်စက်ရုံ ရှိ ရေမှတ်မှာ ပုံမှန်အခြေအနေ ထက် ၃ လက်မခန့် မြင့်တက် လာသဖြင့် စုစုပေါင်း ရေစုပ် ပန့် ၂၆ လုံးဖြင့် တစ်နာရီလျှင် မိုးရေဂါလန် သန်းပေါင်း ၁ ဒသမ ၈ သန်း (တစ်ရက်လျှင် ၃၆သန်း)နှုန်းဖြင့် စွန့်ထုတ် လျက်ရှိပြီး ယခုနှစ် မိုးရာသီ အတွင်း စက်တင်ဘာ ၁၃ ရက် အထိ မိုးရေစုစုပေါင်း ဂါလန် သန်း ၃၅၀၀ ကျော် စွန့်ထုတ်ခဲ့ ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဌာန တာဝန်ရှိသူတစ် ဦးက ]]ကျန်တဲ့နေရာတွေမှာ လည်း ရေထိန်းတံခါးတွေ၊ ရေ မှတ်တွေရဲ့အခြေအနေကို စောင့် ကြည့်နေပါတယ်။ ဇောင်းက လောနဲ့ ကပ်ကျော်မှာ ရေစီးဆင်း မှု အခြေအနေကောင်းပါတယ်။ သတ်မှတ်ရေမှတ်ထက် အများ ကြီး ထိုးတက်လာတာမျိုး မရှိ သေးပါဘူး။ ၂၆ လမ်း သင်္ဂဇာ စက်ရုံကတော့ အနီးနား မြေနိမ့် ရပ်ကွက်တွေ ရေဝင်လို့ မြန်မြန် ရေကျသွားအောင် စက်တွေနဲ့ မောင်းနင် စုပ်ထုတ်ပေးနေပါ တယ်}}ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရွှေခဲ MBCCD ယာယီမိုးရေစွန့်ထုတ်စက် ရုံ၊ နဂါးနီးမိုးရေစွန့်ထုတ်စက်ရုံ၊ ၂၆ သင်္ဂဇာမိုးရေစွန့်ထုတ်စက်ရုံ၊ Detention Pond မိုးရေစွန့် ထုတ်စက်ရုံ စုစုပေါင်း မိုးရေစွန့် ထုတ်စက်ရုံ လေးခုမှ ရေစုပ်ပန့် များဖြင့် မိုးရေများ စွန့်ထုတ် လျက်ရှိပြီး မိုးရေချိန်များခြင်းနဲ့ ရေမြောင်းများတွင် အမှိုက်များ ပိတ်ဆို့မှုကြောင့်သာ ရပ်ကွက် အချို့နဲ့လမ်းအချို့မှာ ရေလျှံနေ ခြင်းဖြစ်ပါကြောင်း၊ ရေနှင့်သန့် ရှင်းမှုဌာနအနေဖြင့် အဓိက ရေမြောင်းကြီးများမှ ရေမှတ်ကို လျှော့ချနိုင်ရန် မိုးရေစွန့်ထုတ် စက်ရုံများ လည်ပတ်စုပ်ထုတ် ပေးနေကြောင်း သိရသည်။
ရွှေခဲစက်ရုံကတော့ ပင် ရင်းဖြစ်လို့ ပန့်တွေ တောက် လျှောက်မောင်းထားပါတယ်။ဇောင်းကလောရေထိန်းတံခါး ကတော့ ရေစီးဆင်းမှုကောင်း ပြီး ပုံမှန်အတိုင်း ၂ ပေခွဲခန့်သာ ရှိပါတယ်။ ရေမှတ် ၄ ပေ အထက် မြင့်လာမှ မောင်းရမှာ ပါ။ မြောင်းတွေမှာ အမှိုက် သရိုက်တွေ ပိတ်နေပြီး ရေ မဆင်းနိုင်လို့ သန့်ရှင်းရေးဌာနနဲ့ လမ်းတံတားဌာနက ကွင်းဆင်း စစ်ဆေးပြီး ရှင်းလင်းရေးတွေ ဆောင်ရွက်နေပါတယ် ဟု ၎င်း က ပြောသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသည် မိုး ရွာသွန်းမှုကြောင့် မြို့တွင်းလမ်း အချို့နှင့် မြေနိမ့်ပိုင်းရပ်ကွက် အချို့တွင် ရေလွှမ်းမှု မရှိစေရေး အတွက် သက်ဆိုင်ရာ ဌာနများ က ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး အများပြည်သူအနေဖြင့် လည်း ရေမြောင်းများအတွင်း အမှိုက်များ စွန့်ပစ်ခြင်းတို့ကို မပြုလုပ်ဘဲ စနစ်တကျ စွန့်ပစ်ကြရန် လိုအပ်ကြောင်းသိရသည်။ (မန္တလေးနေ့စဉ်)
11/09/2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး
၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့် (ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့ထံ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
မန္တလေး၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် (ဗဟို)အဆင့် သို့ သွားရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့ထံ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကိုယနေ့မွန်းလွဲပိုင်းက ချမ်းအေး သာစံမြို့နယ်ရှိမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊မြို့တော် ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊ အရေး၊အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ပြိုင်ပွဲကျင်းပရေးကော်မတီ၊ဆပ်ကော်မတီတို့မှ တာဝန်ရှိသူ များ၊အကဲဖြတ်ဒိုင်အဖွဲ့ဝင်ပညာရှင်များ၊ပြိုင်ပွဲဝင် ခရိုင်နှင့် တက္ကသိုလ်များ မှ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် အသက်အရွယ်သတ်မှတ် ချက်အလိုက် အနုပညာရှင်များက ကြိုးစားဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်မည့် ထူးချွန်သော အနုပညာရှင်များကို စနစ်တကျ ရွေးချယ်ဖော်ထုတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပထမဆု ရရှိသူများ အနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲများတွင် တိုင်းဒေသကြီးဂုဏ်ကိုဆောင်ပြီး ဆု တံဆိပ်များစွာ ဆွတ်ခူးနိုင်အောင် စခန်းသွင်းလေ့ကျင့်သည့် အချိန်ကာလ တွင်ဘာသာရပ်အလိုက်အနုပညာအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန် အောင်ထိရောက်မှန်ကန်စွာဖြင့် စနစ်တကျ လေ့ကျင့်ကြိုးစားသွားကြရ မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆို၊ အက၊ အရေး၊ အတီး အကဲဖြတ် ပညာရှင်များအား ဂုဏ်ပြုလက်မှတ် နှင့် ဂုဏ်ပြုငွေများကို ချီးမြှင့်ခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ဝန်ကြီးများနှင့် တာဝန်ရှိသူ များက အဆို ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲ၊ အတီးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကိုဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကိုချီးမြှင့်ပြီးနောက် ဆုရရှိသူများမှဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှု အားပေးခဲ့သည်။
၎င်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က(ဗဟို)အဆင့်သို့ သွားရောက် ယှဉ်ပြိုင်မည့်မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အုပ်ချုပ်သူ စည်ပင် သာယာရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးထံသို့ အောင်နိုင်ရေးအလံကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(မန္တလေးနေ့စဉ်)
10/09/2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး
မန္တလေး၊ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သည် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းက ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းရာတွင် ညောင်ဦးမြို့နယ်ရှိ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၇)မှ တာဝန်ယူဆောက်ရွက်ခဲ့သည့် ဘက်စုံသုံး မြို့နယ်ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ တက်ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် MSMEလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကိုအစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ယခုတည်ဆောက် ပြီးစီးသည်ဘက်စုံသုံးခန်းမမှာဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေသည့်လုပ်ငန်း များမှ တစ်ခုဖြစ်ပါကြောင်း၊ အဆောက်အဦ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပျက်စီးမှုများမရှိစေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၇) ဦးစီးအရာရှိ ဒေါ်တင်တင်အေးက တိုင်းဒေသကြီးစည်းပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုး ထံသို့ ဘက်စုံသုံးမြို့နယ်ခန်းမ အဆောက်အဦနှင့်ပတ်သက်၍ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ် ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့နယ်ခန်းမ အဆောက်အဦအသစ် တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကိုတာဝန်ရှိသူများအားမှာကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာရှိ ပုဂံနန်းမြင့်မျှော်စင်သို့ရောက်ရှိပြီး တာဝန်ရှိသူများက ပုဂံနန်းမြင့်မျှော်စင်မှာ ၁၉၈ ပေ အမြင့်၊ လုံးပတ် ၅၅ပေ ရှိပြီး ၂၀၀၃ ခုနှစ် ဇူလိုင်၂၇ရက်က စတင်တည်ဆောက်၍ ၂၀၀၅ခုနှစ် ဧပြီလတွင် ဖွင့်လှစ် ခဲ့ကြောင်း၊ ပုဂံယဉ်ကျေးမှုဒေသ၏ ပတ်ဝန်းအလှအပများကို အပေါ်စီး မှ ကြည့်ရှုခံစားနိုင်ပြီး ပြည်တွင်းပြည်ပခရီးသွားလူဦးရေ ၂၀၀၀ ဦးခန့် ဝင်ဆံ့ ပါကြောင်း၊ လူဦးရေ ၇၀ ဦးဆံ့ ကျင်းပနိုင်သည့်အစည်းအဝေး ခန်းမ၊ လူဦးရေ ၆၅ ဦးဆံ့ Mini Cinema ၊ စားသောက်ခန်း၊ ရုံးခန်း၊ Galleria & Souvenir shop များ စသည်ဖြင့် ဖွဲ့စည်းထားမှုအခြေအနေ များနှင့် ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုအခြေအနေများကို ရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပုဂံမြို့ဟောင်းရှိ မဟာရာဇသိရီအနိရုဒ္ဓဒေဝ အနော် ရထာမင်းကြီး၏ သိရီဇေယျဘူမိပုဂံရွှေနန်းတော်သို့ရောက်ရှိပြီး တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေကန်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေသည့် အာမနာကန် နှင့် မင်္ဂလာကန် ၃ သို့ ရောက်ရှိပြီးတာဝန်ရှိသူများက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေကန်များအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက် နေမှု၊ ဆောင်ရွက်ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်နေသည့်အခြေအနေ များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ကိုပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
(မန္တလေးနေ့စဉ်)
09/09/2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး
၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊အက၊အရေး၊အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
မန္တလေး၊ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းကချမ်းအေးသာစံမြို့နယ်ရှိမန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး၊ မြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ၊ ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် ပညာရှင်များ၊ ပြိုင်ပွဲဝင် ခရိုင် နှင့် တက္ကသိုလ် များမှ ပြိုင်ပွဲဝင်များနှင့် ဖိတ် ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဦးတည်ချက်များ၊ ရည်ရွယ်ချက်များဖြင့် ဝါသနာရှင် မျိုးဆက်သစ် လူငယ် များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးအနက်ထားကာ အစဉ်အလာ မပျက်ကျင်းပလျက်ရှိပါကြောင်း၊မြန်မာနိုင်ငံသားတို့၏အမျိုးသားယဉ်ကျေး မှုလက္ခဏာများကို ထင်ဟပ်ဖော်ပြနေသည့် ပြိုင်ပွဲတစ်ရပ်လည်း ဖြစ်ပါ ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖွံ့ဖြိုးတိုးတက်စေရုံ သာမက အစဉ်ထာဝရမြင့်မားနေစေရန်၊ ရိုးရာဓလေ့ထုံးစံ အမွေအနှစ်များ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်သည့်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာ စေရန်၊ မြန်မာ့ဂုဏ်ရည်များ အစဉ်ထာဝရရှင်သန်ထက်မြက်နေစေရန် နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို လေးစားမြတ်နိုး ထိန်းသိမ်းလိုသည့်စိတ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း နှင့် ဗဟိုအဆင့်ပြိုင်ပွဲအတွက် အရည်အချင်း ပြည့်ဝသူ အနုပညာရှင်များကို တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများတွင် သမာသမတ် ကျစွာဖြင့် ရွေးချယ်ပေးသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊တိုင်းဒေသကြီးဝန်ကြီးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် နှင့် တာန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဆို၊ က၊ ရေး၊ တီး ဂုဏ်ပြုတေးဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ ပဥ္စဂီတယိမ်း အကဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ အိုးစည်အဖွဲ့လိုက် ဖျော်ဖြေတင်ဆက် မှုများကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနား ဒုတိယပိုင်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ရာ(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ယိမ်းအကအဖွဲ့ များမှ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ (မန္တလေးနေ့စဉ်)
08/09/2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်
ကျောက်ဆည်ခရိုင်အတွင်း MSME လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု
မန္တလေး၊ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းက ကျောက်ဆည်ခရိုင်အတွင်း MSME လုပ်ငန်းများ နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောက်ဆည်ခရိုင် ကျောက် ဆည်မြို့၊ ဆည်တော်နံ ရွှေမုဋ္ဌောဘုရားစေတီတော် ရောက်ရှိပြီး တာဝန်ရှိ သူများက စေတီတော်ပရဝဏ်ရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျ ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းဆောင် ရွက်မှုအခြေအနေများ၊ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာ စေတီ၏ အောက်ခြေကျောက်တုံးကြီးမှာမူလအနေအထားမှ တိမ်းစောင်း သွားခဲ့ပြီး ဘေးပတ်ဝန်းကျင် အန္တရာယ်မဖြစ်ပေါ်စေရေး၊ အင်ဂျင်နီယာ ပညာရှင်၊ဘူမိဗေဒပညာရှင်များ ပါဝင်သည့်အသိပညာရှင်၊ အတတ်ပညာ ရှင်များပူးပေါင်း၍ လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်နေမှုအခြေအနေများ ကိုရှင်းလင်းတင်ပြကြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကအချိန်ကာလတစ်ခု အတွင်း ကဏ္ဍများအလိုက် လုပ်ငန်းများကို အမြန်ဆုံး ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရေး နှင့် လုပ်ငန်းကြန့်ကြာမှုမရှိစေ ရန် သက်ဆိုင်ရာဌာနများ နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေး၍ လိုက်လံကြည့်ရှုခဲ့သည်။
၎င်းနောက် စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာအုပ်စု ရှမ်းကန်(မ) ကျေးရွာရှိ M-Steel (သံရည်ကျို)စက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှ တာဝန်ရှိသူ များက စက်ရုံဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထုတ်ကုန်များ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး၊ ဈေးကွက်လိုအပ် ချက်ပြည့်မီရေး အလေးထားကာ ဆောင်ရွက်သွားရန်တို့ကို ပြောကြားပြီး နောက် သက်ဆိုင်ရာဝန်ကြီးများ နှင့် ပေါင်းစပ်ဆောင်ရွက်ပေးကာ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ စက်ရုံအတွင်း လိုက်လံကြည့်ရှု ခဲ့သည်။
ဆက်လက်၍ သင်းတောင်းကြီးရွာရှိ အနော်ရထာမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့သည့် ရွှေသိမ်တော်စေတီတော်သို့ သွားရောက်ပြီး စေတီတော်တွင် ကိန်းဝပ်အပူဇော်ခံထားသည့် အဓိဋ္ဌာန်အောင်ဆုတောင်း ပြည့် မဟာရွှေသိမ်တော်မြတ်စွာဘုရားအား ဖူးမြော်ကြည်ညို၍ အလှူငွေ များ လှူဒါန်းခဲ့ပြီး စေတီပရဝဏ်အတွင်း လှည့်လည်ကြည့်ရှုကာ ပင်မ ကျောင်းဆောင်တော်ကြီး မိုးလုံ၊ နေလုံ ရင်ပြင်တော် တိုးချဲ့တည်ဆောက် မည့် အစီအမံများနှင့်စပ်လျဉ်း၍ ဂေါကပအဖွဲ့ နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာရှိ ထိုက်ထိုက်(အထည်ချုပ်)စက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ၍ စက်ရုံအတွင်း လိုက်လံကြည့်ရှုခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်- တောင်ငူ-မန္တလေးလမ်း မိုင်(၃၈၈/၇) နှင့် ပလိပ်မြို့ရှောင်လမ်း မိုင် (၃/၂) ဆုံရာ ပလိပ်လမ်းဆုံသို့ သွားရောက်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်များအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းညွှန်၊ လမ်းအမှတ်အသားများဆောင်ရွက်ထားရှိမှု၊ Flower Box များ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(မန္တလေးနေ့စဉ်)
08/09/2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးအဆင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့တက်ရောက်။
မန္တလေး၊ စက်တင်ဘာ ၈
၂၀၂၅-၂၀၂၆ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးအဆင့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားကိုယနေ့နံနက်ပိုင်းကချမ်းအေးသာစံမြို့နယ် ရှိ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသ ကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များ မှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိ သူများ၊ ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ကျောင်းသားကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြား ထားသူများတက်ရောက်ကြပြီးကျောင်းသားကျောင်းသူများကပညာသည် သာရတနာသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၁ ရာစုကာလသည် ပညာခေတ်ဖြစ်သည့်အားလျော်စွာ အသိပညာ၊အတတ်ပညာ၊ နည်းပညာတို့နှင့်လူ့ဘောင်သစ်ကို တည်ထောင် နေကြသည့်ကာလတွင် လူတိုင်းစာတတ်မြောက်ရေးသည် အားလုံးနှင့် သက်ဆိုင်ပြီး လူတစ်ဦးချင်း၏အရေးမဟုတ်ဘဲ လူတိုင်း၏ အရေးဖြစ်ပါ ကြောင်း၊ ပညာရေးကဏ္ဍတွင် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်အောင် အလေးထားကာ စဉ်ဆက်မပြတ် အားပေးဖြည့်ဆည်း ပေးနေပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ ရောက် ရှိရေး၊ ကျောင်းနေမြဲရေးနှင့် ကျောင်းပညာပြီးဆုံးသည်အထိ ပညာသင်ယူ နိုင်ရေး၊ အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်ရေး၊ တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးတို့အတွက် အလေးထားဆောင်ရွက်နေပါကြောင်း၊ KG+9 ပြီး မြောက်သူများအနေဖြင့် ဝါသနာပါရာအလိုက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်အတွဲများကို ရွေးချယ်၍ တက်ရောက်ပညာသင်ယူ နိုင်ရေး အတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိပါကြောင်း၊ စာမတတ်သူပပျောက်ရေး နှင့် စာမတတ်သူနှုန်းမတိုး လာစေရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် ၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု video clip အား ပြသပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅ခုနှစ်နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အထက် တန်း နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ဂုဏ် ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးသည်။
၎င်းနောက် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ နှင့်ပြည်ကြီးတံခွန်မြို့နယ်ကျောင်းပြင်ပမူလတန်းပညာရေးမှ ကျောင်းသား ကျောင်းသူများမှ ဂုဏ်ပြုသီချင်းများဖြင့် သီဆိုတင်ဆက်မှုများကို ကြည့်ရှု အားပေးပြီး ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြောင်းနှင့် ပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ (မန္တလေးနေ့စဉ်)
06/09/2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅ အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေး၊ စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့မှ ရတနာပုံ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ နှင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းကအမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် အားကစားခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက် ရောက်ခဲ့ကြသည့် တိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်များ၊ ရတနာပုံ တက္ကသိုလ်မှ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ နှင့် ဖိတ် ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် ရန်ကုန်မြို့တွင်ကျင်းပခဲ့သော မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ကိုတက်ရောက်ခဲ့ကြသည့် တိုင်းဒေသကြီး ကိုယ်စားလှယ်အဖွဲ့က လူငယ်များကဖိုရမ်၏ ရည်ရွှယ်ချက်များနှင့် ဆွေးနွေးပွဲအတွေ့အကြုံများကို ယခုလို ပြန်လည်မျှဝေခြင်းဖြင့် လူငယ် ကွန်ရက်တစ်ခုကိုဖန်တီးပေးနိုင်ရာတွင် များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊လူငယ်လူရွယ်များအားလုံးပါဝင်သော လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို လူငယ်ရေးရာမူဝါဒများချမှတ်၍ အစီအမံများဖြင့် ပိုမို ထိရောက်စွာ ဆောင်ရွက်ပေးနေပါကြောင်း၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်လာစေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ၊ စိတ် ဓာတ်အတွေးအခေါ် မှန်ကန်မြင့်မားစေရေး စသည့် အခြေခံကောင်းများ ဖွံ့ဖြိုးတိုးတက်နေစေရန် ကဏ္ဍပေါင်းစုံမှပြုစုပျိုးထောင်ပေးနေပါကြောင်း နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုစွမ်းဆောင်ပေးနိုင်သည့် စွမ်းရည်ထက်မြက်သူ များဖြစ်အောင် ဘက်ပေါင်းစုံမှ အစဉ်တစိုက်ကြိုးစားနေကြရမည် ဖြစ်ပါ ကြောင်းပြောကြားပြီးနောက် ရတနာပုံတက္ကသိုလ်စာကြည့်တိုက်အတွက် သုတ၊ရသစာအုပ်များကိုရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူ များထံ ပေးအပ်လှူဒါန်းခဲ့သည်။
၎င်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးက နိုင်ငံတော်က လူစွမ်းအားအရင်းအမြစ်များဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ပြောကြားပြီးနောက် ရတနာပုံတက္ကသိုလ်အတွက် အားကစားပစ္စည်း များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က စကားဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးမည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ် မဟာဗျူဟာဖိုရမ်-၂၀၂၅သို့ တက်ရောက်ခဲ့သည့် တိုင်းဒေသကြီး လူငယ် ကိုယ်စားလှယ်များကိုအမှတ်တရလက်ဆောင်ပေးအပ်ပြီးနောက် စကားဝိုင်း ဆွေးနွေးပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အခမ်းအနားဒုတိယပိုင်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြေသာစံ မြို့နယ်ရှိအနုပညာဦးစီးဌာန၊လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ အနုပညာ အထက်တန်းကျောင်း(မန္တလေး)သို့ရောက်ရှိပြီး (၂၆)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (မန္တလေးနေ့စဉ်)
06/09/2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)
၂၀၂၄-၂၀၂၅ ပညာသင်နှစ်
(၁၉)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့်
ဂီတ၊ သဘင်၊ ရုပ်ရှင် နှင့် ပြဇာတ် စင်တင် တင်ဆက်ပွဲ အခမ်းအနားသို့တက်ရောက်
မန္တလေး၊ စက်တင်ဘာ ၆
အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(မန္တလေး)၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၁၉)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင် နှင့် ပြဇာတ် စင်တင် တင်ဆက်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပုသိမ်ကြီးမြို့နယ်ရှိ အဆိုပါတက္ကသိုလ်တွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ မန္တလေးမြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်အားပေး ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်၊တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့၊ တက်ရောက်လာကြသူများသည် ပန်းချီပညာ ဌာနမှ ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်အနုပညာဒီပလိုမာတန်းမှ ကျောင်းသူများက ဆီဆေး၊ ရေဆေး၊ Acrylic တို့ဖြင့် ရေးဆွဲထားသည့် လက်ရာမွန် ပန်းချီကားများ၊ ပန်းပုပညာ ဌာနတွင် ပညာဆည်းပူးခဲ့သည့် စတုတ္ထနှစ်ကျောင်းသားက ဖိုက်ဘာဖြင့် ပုံဖော်ထုဆစ်ထားသည့်ပန်းပုလက်ရာမွန်တို့ကိုကြည့်ရှုအားပေးကြသည်။
၎င်းနောက် အခမ်းအနားကို ရတနာခန်းမတွင် ဆက်လက်ကျင်းပပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားရာတွင် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ထူးချွန်သောမျိုးဆက်သစ် အနုပညာရှင် များပေါ်ထွက်လာစေရန်၊ အတတ်ပညာနှင့် အသိပညာ နှစ်ရပ်ပေါင်းစပ် ကာအသက်မွေးဝမ်းကြောင်းအနုပညာရပ်များကို လေ့ကျင့်ပျိုးထောင်ပေး နေသည့်တက္ကသိုလ်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် တတ်မြောက်ထားသည့်အနုပညာစွမ်းရည်များကို ထိန်းသိမ်းစောင့်ရှောက် ပြီး တတ်ကျွမ်းသောအနုသုခုမပညာရပ်များဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အနုပညာဖြင့် အကျိုးပြုနိုင်သည့် ထူးချွန်ထက်မြက် သော ပညာတတ်အနုပညာရှင်ကောင်းများဖြစ်အောင် ကြိုးစားသွားကြရ မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဂီတ၊ သဘင်၊ ရုပ်ရှင် နှင့် ပြဇာတ်ပညာရပ်များကို သင်ကြားလျက်ရှိသောကျောင်းသား၊ ကျောင်းသူများ၏စင်တင်တင်ဆက်မှု များကို ကြည့်ရှုအားပေးပြီးနောက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။(မန္တလေးနေ့စဉ်)