PDF - Tatkon "Battalion 803"

PDF - Tatkon "Battalion 803"

Share

To fight military junta Let's donate NUG & PDF

Photos from PDF - Tatkon "Battalion 803"'s post 28/05/2026

၂၆/၅/၂၀၂၆

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်အိုးအိမ်နှင့် ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး စစ်ဘေးရှောင်နေရသောကျေးရွာတစ်ခုမှ ပြည်သူလူထုအား အလှူရှင်တစ်ဉီး၏ ထောက်ပံ့ကူညီမှုဖြင့် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ်(၈၀၃) မှ ဆန်နှင့်ဆီအချို့ သွားရောက်ကူညီပေးခဲ့ပါတယ်။ စစ်ရှောင်ပြည်သူများမှလည်း လှူဒါန်းမှုပြုပေးသော အလှူရှင်မိသားစုများ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါသည်။ စားနပ်ရိက္ခာ အချို့ကူညီပေးမှုနှင့်အတူ တပ်ရင်းအမှတ် (၈၀၃) မှ ဆေးတပ်သား ရဲဘော်/ရဲမေများမှ စစ်ဘေးရှောင်ပြည်သူလူထုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။


27/05/2026

ဒီနေ့သည် ကျွန်တော်တို့ လေးစားချစ်ခင်ရသော နေပြည်တော်တိုင်းစစ်ဌာန ၊တပ်ရင်းအမှတ် (၈၀၃) မှ တပ်ရင်းမှူး ရဲဘော် ရက်(ဂ်) နာ ကျဆုံးခြင်း (၈) လပြည့် နေ့ ဖြစ်သည့်အတွက် တပ်ရင်းအမှတ် (၈၀၃) ရဲဘော်/ရဲမေများမှ လွမ်းဆွတ်သတိရခြင်းအနေဖြင့် ရဲဘော် ရက်(ဂ်)နာ ၏ ကိုယ်ရေးအတ္ထုပတ္တိအားဖတ်ကြားခြင်း နှင့် (၃) မိနစ်ငြိမ်သက် အလေးပြုခြင်း အခမ်းအနားကိုရှေ့တန်းတစ်နေရာတွင်ပြုလုပ်ခဲ့ပါသည်။


25/05/2026

ကျန်စစ်သားနဲ့မဏိစန္ဒာလေး
နီးစပ်ရဖို့အတွက် တပ်ရင်းအမှတ်803တွင်
PDF - Tatkon "Battalion 803" ထောက်ပို့ထီများကို
လာရောက်အားပေးလို့ရပါပြီခင်ဗျာ။
#ထောက်ပို့ထီ
#တစောင်2000ကျပ်
#ပေါက်ရင်ယူမပေါက်ရင်ကူ


လျှော့ကြည့်ရန်

22/05/2026

ကျွန်တော်တို့ရဲဘော်တွေဟာ နွေးထွေးလွန်းတဲ့အမေ့အိမ် ၊လွပ်လပ်တဲ့လူငယ်ဘဝ နဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ကျောခိုင်းခဲ့ကြတယ်။ အခုတော့ အေးချမ်းတဲ့ ရွှေဗဟိုရ် စည်သံတွေအစား လက်နက်ကြီးသံတွေ၊ ‌-Tနတ်သံတွေ ပဲ ကြားနေရတဲ့ ရှေ့တန်းစစ်မြေပြင်မှာ ပြည်သူလူထုလွတ်မြောက်ဖို့ဆိုတဲ့ "တော်လှန်ရေးတာဝန်" ကို ပခုံးထက်မှာ ဂုဏ်ယူဝံ့ကြွားစွာ လွယ်ပိုးလို့ စစ်ကြောင်းထွက် တိုက်ပွဲဝင်နေကြရပါတယ်။
ဒီနေရာမှာ မင်းခ‌ယောက်ျားဆိုတာ အာဏာရှင်ရဲ့ကျွန် မဟုတ်ဘဲ ၊ပြည်သူက အပ်နှင်းထားတဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေတဲ့ "ပြည်သူ့ ရဲဘော်ကောင်း" တွေပဲဖြစ်ပါတယ်။
"စစ်အာဏာရှင်စနစ် အမြစ်မပြတ်မချင်း အိမ်မပြန်ဘူး "ဆိုတဲ့ ပြတ်သားတဲ့သစ္စာအဓိဌာန်ကြောင့် ၊ အိမ်လွမ်းစိတ်တွေကို ရင်ထဲမှာပဲ အံကြိတ်မြိုသိပ်ရင်း မိဘနဲ့ ချစ်ခင်ရသူတွေဆီ ပြည်တော်မပြန်နိုင်သေးပဲ ဆက်လက်တိုက်ပွဲ ဝင်ကြရပါအုံးမယ်ခင်ဗျာ။


21/05/2026

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန
နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၃) တွင် ပြုလုပ်သောအပတ်စဉ် -၇ / ၂၀၂၆ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား (ရုပ်သံ) မှတ်တမ်း



Photos from PDF - Tatkon "Battalion 803"'s post 20/05/2026

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန
နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၃) တွင် ပြုလုပ်သောအပတ်စဉ် -၇ / ၂၀၂၆ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ‌မေလ (၂၀) ရက်နေ့တွင် ရှေ့တန်း တစ်နေရာ၌ပြုလုပ်ခဲ့ပြီး သင်တန်းသားရဲဘော်များအနေဖြင့် သင်တန်းကွင်းအတွင်း ချီတက်နေရာယူ အလေးပြုသစ္စာဆိုခြင်း၊ နေပြည်တော်တိုင်း စစ်ဆင်ရေးမှူး မှ မိန့်ခွန်းပြောကြားခြင်း နှင့် ဖက်ဒရယ် ဒီမိုကရေစီတိုက်ပွဲအတွက် တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် အသက်ပေးပြီး ကာကွယ်သွားမည်ဟု သင်တန်းဆင်းရဲဘော်များက ကတိသစ္စာပြုကျိန်ဆိုခဲ့ကြပါသည်။

Photos from PDF - Tatkon "Battalion 803"'s post 05/05/2026

ယနေ့ (5-5-2026) တွင်ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားအား နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (803) ရဲဘော်/ရဲမေများမှ
(၁) ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံလွှင့်တင်ခြင်း။
(၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အားအလေးပြုခြင်း။
(၃) ခေတ်အဆက်ဆက် ဖက်ဒရယ် ဒီမိုကရေစီအရေးတော်ပုံအတွင်းကျဆုံးခဲ့သော ရဲဘော်များအားအလေးပြုခြင်း။
(၄) သစ္စာအဓိဌာန် (၄) ချက်ရွတ်ဆိုခြင်း။
များကိုရှေ့တန်းတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။



Photos from PDF - Tatkon "Battalion 803"'s post 03/05/2026

(၂၈) ကြိမ်မြောက်ထောက်ပို့ထီကံစမ်းပွဲမှာ
ကျွန်တော်တို့ တပ်ရင်းအမှတ်(၈၀၃) ရောင်းတဲ့ထဲမှ
၁သောင်းဆု (၁၂)ဆု၊နှစ်​သောင်းဆု (၂)ဆုကံထူးသွားပါတယ်ဗျ။
ကဲ....
(၂၈)ကြိမ်မြောက် ထောက်ပို့ထီ
မှာ ကံထူးရှင် မဖြစ်သေးရင်လည်းစိတ်ဓာတ်မကျပဲ
ဒီလ( ၂၉) ကြိမ်မြောက်မှာ ဆက်လက် ကံစမ်းပြီး
ကံထူးရှင်ဖြစ်နိုင်ပါသေးတယ်ဗျ။
#ထောက်ပို့ထီ
#နေပြည်တော်pdf_battalion_803

Photos from PDF - Tatkon "Battalion 803"'s post 27/04/2026

ဒီနေ့သည် ကျွန်တော်တို့ လေးစားချစ်ခင်ရသော ရဲဘော် ရက်(ဂ်)နာ ကျဆုံးခြင်း (၇) လပြည့်နေ့ ဖြစ်သည့်အတွက်ကြောင့် တပ်ရင်းအမှတ် (၈၀၃) ရဲဘော်/ရဲမေများမှ လွမ်းဆွတ်သတိရခြင်းအနေဖြင့် ရဲဘော် ရက်(ဂ်)နာ ၏ကိုယ်ရေးအတ္ထုပတ္တိအားဖတ်ကြားခြင်း နှင့် (၃)မိနစ်ငြိမ်သက်အလေးပြုခြင်း အခမ်းအနားကို ရှေ့တန်းတစ်နေရာတွင် ပြုလုပ်ခဲ့ပါသည်။


Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Website

Address


Naypyidaw