30/10/2026
CREATIVE READINESS PROGRAMME 2026
Protect Your Creativity. Strengthen Your Business.
REGISTRATION IS NOW OPEN!
ဖန်တီးမှုလက်ရာကောင်းတစ်ခုကို အောင်မြင်ပြီး ရေရှည်တည်တံ့တဲ့ လုပ်ငန်းတစ်ခုအဖြစ် တည်ဆောက်နိုင်ဖို့ ဖန်တီးနိုင်မှုစွမ်းရည်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
မိမိဖန်တီးထားတဲ့ လက်ရာတွေကို မူပိုင်ခွင့်ဥပဒေအရ ဘယ်လိုကာကွယ်မလဲ၊ လုပ်ငန်းအပ်နှံသူတွေနဲ့ စာချုပ်တွေကို ဘယ်လိုစနစ်တကျ ချုပ်ဆိုမလဲ၊ လုပ်ငန်းရဲ့ ဝင်ငွေ၊ ထွက်ငွေနဲ့ ဘဏ္ဍာရေးကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာတွေကိုလည်း သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။
Institut français de Birmanie (IFB) က ဦးဆောင်ပြီး ဖူးပွင့်စ (Phoo Pwint Sa) စီမံကိန်းမှတစ်ဆင့် ကျင်းပမယ့် Creative Readiness Programme 2026 မှာ PRIME IP & Legal Solutions က Training Provider အဖြစ် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ ဖန်တီးမှုလုပ်ငန်းရှင်များ၊ အနုပညာရှင်များ၊ Freelancers များနဲ့ Creative Professionals များအတွက် ရည်ရွယ်ထားတဲ့ နှစ်ရက်တာ လက်တွေ့အခြေပြု သင်တန်းအစီအစဉ် ဖြစ်ပါတယ်။
WHAT WILL YOU LEARN?
01 | INTELLECTUAL PROPERTY & COPYRIGHT
မူပိုင်ခွင့်နှင့် ဉာဏပစ္စည်းဆိုင်ရာ အသိပညာ
မိမိဖန်တီးထားတဲ့ လက်ရာတွေရဲ့ မူပိုင်ခွင့်၊ ပိုင်ဆိုင်မှုနဲ့ အသုံးပြုခွင့်တွေကို နားလည်နိုင်ဖို့၊ Copyright၊ Trademark နဲ့ အခြား IP Rights တွေကို ခွဲခြားသိရှိနိုင်ဖို့၊ Digital Content နဲ့ AI အသုံးပြုမှုတွေမှာ သတိပြုရမယ့် IP ဆိုင်ရာ အချက်တွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။
02 | LEGAL & CONTRACT MANAGEMENT
ဥပဒေနှင့် စာချုပ်စီမံခန့်ခွဲမှု
Freelance Service Agreements၊ Creative Commission Agreements၊ Collaboration Agreements နဲ့ Non-Disclosure Agreements (NDAs) တွေကို လေ့လာပြီး စာချုပ်တစ်စောင်မှာ မဖြစ်မနေပါဝင်သင့်တဲ့ အချက်တွေ၊ ငွေပေးချေမှုသတ်မှတ်ချက်တွေ၊ လုပ်ငန်းတာဝန်နဲ့ မူပိုင်ခွင့်ပိုင်ဆိုင်မှုဆိုင်ရာ သဘောတူညီချက်တွေကို ဘယ်လိုရှင်းလင်းစွာ သတ်မှတ်ရမလဲဆိုတာ လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။
03 | FINANCIAL MANAGEMENT
ဘဏ္ဍာရေးစီမံခန့်ခွဲမှု
ဖန်တီးမှုလုပ်ငန်းတွေအတွက် Project Budget ရေးဆွဲခြင်း၊ ဝန်ဆောင်ခနဲ့ ဈေးနှုန်းသတ်မှတ်ခြင်း၊ Quotation နဲ့ Invoice ပြင်ဆင်ခြင်း၊ ဝင်ငွေ၊ ထွက်ငွေမှတ်တမ်းတင်ခြင်းနဲ့ Cash Flow စီမံခန့်ခွဲခြင်းတို့ကို လက်တွေ့လေ့လာသွားမှာ ဖြစ်ပါတယ်။
MORE THAN JUST A TRAINING
ဒီသင်တန်းမှာ စာတွေ့သဘောတရားတွေကိုသာ ရှင်းပြသွားမှာ မဟုတ်ဘဲ Case Studies၊ Group Discussions၊ Hands-on Exercises နဲ့ Practical Workshops တွေကို ပေါင်းစပ်သင်ကြားသွားမှာ ဖြစ်ပါတယ်။
သင်တန်းသားတွေအနေနဲ့ မိမိတို့ရဲ့ ဖန်တီးမှုလုပ်ငန်းတွေမှာ တိုက်ရိုက်အသုံးချနိုင်မယ့်—
✓ IP Asset Inventory & IP Profile
✓ Copyright & IP Protection Checklists
✓ Sample Contracts & Legal Templates
✓ Project Budget & Financial Tracking Tools
✓ Creative Business Readiness Action Plan
စတဲ့ လက်တွေ့အသုံးဝင်တဲ့ နမူနာပုံစံတွေ၊ အထောက်အကူပြုအရင်းအမြစ်တွေ ပါဝင်တဲ့ Creative Readiness Pack (မြန်မာ/အင်္ဂလိပ် နှစ်ဘာသာ) ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
🎓 CERTIFICATE OF COMPLETION
သင်တန်းအစီအစဉ်ကို သတ်မှတ်ချက်များနှင့်အညီ ပြီးဆုံးအောင် တက်ရောက်သူများအား Certificate of Completion ပေးအပ်သွားမှာ ဖြစ်ပါတယ်။
📌 PROGRAMME DETAILS
📅 Date: 7–8 November 2026
🕘 Time: 9:00 AM – 4:00 PM
📍 Venue: Institut français de Birmanie (IFB), Yangon
REGISTER NOW!
https://forms.gle/GjcwMBHCMSPicUQi7
မိမိရဲ့ ဖန်တီးမှုလက်ရာတွေကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ဖို့၊ လုပ်ငန်းဆိုင်ရာ အန္တရာယ်တွေကို ကြိုတင်စီမံနိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ Creative Business တစ်ခု တည်ဆောက်နိုင်ဖို့အတွက် ဒီအစီအစဉ်မှာ ပါဝင်လျှောက်ထားကြဖို့ ဖိတ်ခေါ်ပါတယ်။
━━━━━━━━━━━━━━━━━━
🇬🇧 ENGLISH VERSION
CREATIVE READINESS PROGRAMME 2026
Protect Your Creativity. Strengthen Your Business.
APPLICATIONS ARE NOW OPEN!
Creativity is the foundation of every creative business. However, building a successful and sustainable creative career requires more than creative talent alone.
Understanding intellectual property rights, managing professional contracts, and developing essential financial skills are equally important for protecting creative work and strengthening business operations.
PRIME IP & Legal Solutions is pleased to serve as the Training Provider for the Creative Readiness Programme 2026, led by the Institut français de Birmanie (IFB) through the Phoo Pwint Sa initiative.
Designed for artists, freelancers, creative entrepreneurs, and professionals across Myanmar’s cultural and creative industries, this two-day programme combines essential knowledge with practical learning experiences.
WHAT WILL YOU LEARN?
01 | INTELLECTUAL PROPERTY & COPYRIGHT
Understand intellectual property rights, creative ownership, copyright protection, licensing, digital content protection, and AI-related IP considerations.
02 | LEGAL & CONTRACT MANAGEMENT
Learn how to manage professional agreements, understand essential contract clauses, define deliverables and payment terms, protect ownership rights, and minimise contractual risks.
03 | FINANCIAL MANAGEMENT
Develop practical skills in project budgeting, pricing, quotations, invoicing, cash-flow management, and financial record-keeping.
A PRACTICAL LEARNING EXPERIENCE
The programme goes beyond traditional classroom learning by incorporating real-world case studies, interactive discussions, and hands-on exercises.
Participants will also receive the bilingual Creative Readiness Pack (English & Myanmar), featuring practical templates, sample agreements, checklists, and resources that can be applied directly to their creative businesses.
🎓 CERTIFICATE OF COMPLETION
Participants who successfully complete the programme in accordance with its requirements will receive a Certificate of Completion.
📌 PROGRAMME DETAILS
📅 Date: 7–8 November 2026
🕘 Time: 9:00 AM – 4:00 PM
📍 Venue: Institut français de Birmanie (IFB), Yangon
📝 APPLY NOW!
https://forms.gle/GjcwMBHCMSPicUQi7
Join us to strengthen your professional knowledge, protect the value of your creative work, and build a stronger foundation for a sustainable creative business.
PRIME IP & Legal Solutions
Your Creation is Our Protection.