Network of Burma Supporters

Contact the organization

Network of Burma Supporters Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Network of Burma Supporters, Social service, New York, NY.

10/17/2026
10/11/2026
NYC ကအမျိုးတို့ရေ …Oct 17 St. James Church မှာ ဆုံမယ်နော် 💪ကျနော် တို့ ဆီမှာ @ငါတို့ရန်ကုန် လက်ဖက်အချိုနှပ်, NOBS Freshl...
10/10/2026

NYC ကအမျိုးတို့ရေ …
Oct 17 St. James Church မှာ ဆုံမယ်နော် 💪
ကျနော် တို့ ဆီမှာ @ငါတို့ရန်ကုန် လက်ဖက်အချိုနှပ်, NOBS Freshly brewed Coffee, ချဉ်ပေါင်ဖူးဖျော်ရည် Roselle / Hibiscus juice နှင့် NOBS hoodies လေးတွေ အားပေးနိုင်ပါတယ် လို့ သတင်းကောင်းပါး လိုက်ပါတယ် ခင်ဗျာ ✨

09/28/2026

ခေတ်အပိုင်းအခြားကြည့်ရင်
ကွက်ကွက်ကွင်းကွင်းမြင်လိမ့်မည်။
ကြည်ညိုလေးစားထိုက်တဲ့ တိုက်ပွဲဝင်ပြည်သူတွေ
တော်လှန်ရေးမှာ ယနေ့ထက်တိုင် ပါဝင်နေကြတယ်။

ပုံထဲမှာတော့ ပြည့်သူ့အချစ်တော်
အမေ့သားတေးသံရှင် လင်းလင်း
Road to Rangoon တီရှပ်
ငါတို့ရန်ကုန် လက်ဖက်ထုပ်
ပြက္ခဒိန်

ဒါတွေက
တော်လှန်ရေးခရီး ရှည်လျားနေလည်း
ချီတက်နေဆဲ ရုန်းကန်နေစမြဲ အားထုတ်နေဆဲ
အိမ်အရောက်ပြန်ဖို့ တော်လှန်ပုန်ကန်ရင်း
ဇွဲမလျှော့ပဲ ကြိုးစားနေတဲ့ပုံရိပ်။

”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊

အိမ်အရောက်ပြန်ကြမယ်။

Let's do it... .lll. "

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

09/07/2026

SpringZey Promotions ဗျို့

ငါတို့ရန်ကုန် ထုတ်ကုန်များ မှာယူ အားပေးကြနော်!

SpringZey ကနေမှာရင် ပို့ခ မယူဘူး
Delivery ခ သူတို့ စိုက်ပေးမှာတဲ့ ... Yeah! baby!

ဘာတွေမှာရမှာလဲဆိုတော့ ...

၃ မျိုးစပ်လက်ဖက် (ခုအသစ်ထွက်တာ)
လက်ဖက်ချဉ်စပ်
လက်ဖက်ညွန့်
ခုနှစ်ထွေအကြော်စုံ
ပုဇွန်ခြောက်
ဗာလချောင်ကြော် (လူတိုင်းကြိုက်)

ရောင်းချင်လှပါပြီ ရောင်းချင်လှပါပြီ
အဆင်ပြေရင် အိမ်ကတစ်ယောက်ပါ
သေချာလေးထုတ်ပြီး ထည့်ရောင်းပေးမှာ 🥳

”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊

အိမ်အရောက်ပြန်ကြမယ်။

Let's do it... .lll. "

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

"ဦးနှောက်ရဲ့ အမှတ်တရပိုင်းကို အမြန်ဆုံး နှိုးဆွနိုင်တာ အနံ့ပါတဲ့..." ​သိပ္ပံပညာမှာ Olfactory Memory လို့ ခေါ်ကြတယ်။ တခြာ...
09/06/2026

"ဦးနှောက်ရဲ့ အမှတ်တရပိုင်းကို
အမြန်ဆုံး နှိုးဆွနိုင်တာ အနံ့ပါတဲ့..."

​သိပ္ပံပညာမှာ Olfactory Memory လို့ ခေါ်ကြတယ်။
တခြား အာရုံတွေထက် "အနံ့" က
လူတစ်ယောက်ကို အတိတ်ရဲ့ တစ်နေရာဆီ ချက်ချင်း ပြန်ပို့ပေးနိုင်လောက်အောင် စွမ်းအားကြီးတယ်။

​နိုင်ငံခြားရောက်နေသူတွေအဖို့ကတော့
ငါတို့ရန်ကုန် အထုပ်လေးကို ကတ်ကြေးနဲ့ ညှပ်၊ အိတ်ပါးစပ်ကို ဟလိုက်တာနဲ့ ထွက်လာတဲ့ ရနံ့ဟာ ...

​အညှော်တွေကြော်နေတဲ့ ရန်ကုန်တိုက်ခန်းလေးထဲက မီးဖိုချောင်ဆီ ချက်ချင်း ပြန်ရောက်သွားစေခဲ့တယ်…
​မိုးရွာချိန် အိမ်ရှေ့ဝရန်တာမှာ ထိုင်ငေးပြီး
အပေါင်းအသင်းတွေနဲ့ လက်ဖက်သုပ်စားခဲ့တဲ့အချိန်
ကျောင်းအပြန် ဗိုက်ဆာနေတဲ့အချိန်
ရုံးအပြန်မောလှတဲ့အချိန်တွေက
ညနေစောင်းမိုးတွင်းမှာ ကြားရတဲ့ဖားအော်သံတွေနဲ့
ရန်ကုန်အိမ်မှာရှိတဲ့ ထမင်းစား စားပွဲကို
ချက်ချင်း ပြန်ပို့ပေးလိုက်သလိုပါပဲ။

မိသားစုမစုံပေမဲ့ အဝေးတနေရာမှာ
တစ်ယောက်တည်းနေရင်း အခုလို
အရသာ အရောင်အဆင်း အနံ့တွေနဲ့ပြည့်စုံတွေရတော့
နေ့တိုင်း တစ်ရက်မပျက် လွမ်းရတဲ့ရန်ကုန်ကို
ဒီနေ့ ဒီအနံ့က အရင်ထက် ပိုပြီးလွမ်းစေတယ်။

အိတ်ကလေးကို ဖွင့်လိုက်တဲ့ ခဏမှာတင်
​စာတစ်လုံးနဲ့မှ မဖော်ပြပဲ ရလာတဲ့
ရန်ကုန်ရဲ့ အငွေ့အသက်တွေ
အခန်းထဲ အပြည့် ရောက်လာရတာ
လွမ်းပြီး မွန်းကြပ်စေရတယ်၊
ပြီးတော့ အိမ်ကိုလည်း အရမ်းပြန်ချင်တယ် ... 😔

​ငါတို့ရန်ကုန်အထုပ်ကို
ဖောက်ဖောက်ချင်းလေးအချိန်မှာ
ထွက်လာတဲ့ ရနံ့က သင့်ကို
ရန်ကုန်ရဲ့ ဘယ်အမှတ်တရဆီ
ခေါ်သွားပေးခဲ့သလဲဆိုတာ
လွမ်းနေရတဲ့သူချင်းတူတူ ပြောပြပေးခဲ့ပါဦး။

US က တော်လှန်မိတ်ဆွေများ ငါတို့ရန်ကုန် ထုတ်ကုန်များကို ကျနော်တို့ဆီမှာ မှာယူနိုင်ပါတယ်။
All States Delivery 🚚
US မှာ ဘယ် ပြည်နယ် နေနေ ဘယ်နှစ်ထုပ်မှာမှာ အိမ် အရောက်ပို့ပေးပါတယ် ခင်ဗျ။
▪️ငါတို့ရန်ကုန်လက်ဖက်အချိုနှပ် ၆.၅$
▪️ငါတို့ရန်ကုန်လက်ဖက်ချဉ်စပ်နှပ် ၇ $
▪️ငါတို့ရန်ကုန် ခုနစ်ထွေအကြော်စုံ ၉$
▪️ငါတို့ရန်ကုန် ဗာလချောင်ကြော် ၉ $

”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊
အိမ်အရောက်ပြန်ကြမယ်။
Let's do it... .lll. "

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

US က ဘော်ဘော်တို့ အတွက် ငါတို့ရန်ကုန် ရဲ့ထုတ်ကုန်အသစ်လေး  ကျနော် တို့ဆီမှာ ရောက်ပါပြီ All States Delivery 🚚  US မှာ ဘယ် ...
09/06/2026

US က ဘော်ဘော်တို့ အတွက် ငါတို့ရန်ကုန် ရဲ့ထုတ်ကုန်အသစ်လေး ကျနော် တို့ဆီမှာ ရောက်ပါပြီ All States Delivery 🚚 US မှာ ဘယ် ပြည်နယ် နေနေ ဘယ်နှစ်ထုပ်မှာမှာ အိမ် အရောက်ပို့ပေးပါတယ် ခင်ဗျ။
▪️ငါတို့ရန်ကုန်လက်ဖက်အချိုနှပ် ၆.၅$
▪️ငါတို့ရန်ကုန်လက်ဖက်ချဉ်စပ်နှပ် ၇ $
▪️ငါတို့ရန်ကုန် ခုနစ်ထွေအကြော်စုံ ၉$
▪️ငါတို့ရန်ကုန် ဗာလချောင်ကြော် ၉ $

”ခြေလှမ်းတိုင်းမှာငါတို့အတူရှိမယ်၊
အိမ်အရောက်ပြန်ကြမယ်။
Let's do it... .lll. "

#ငါတို့ရန်ကုန်
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

လက်စွမ်းပြချင်သူတွေအတွက်"ငါတို့ရန်ကုန် ငါတို့လက်ရာ" 🏆လက်ဖက်ကိုသုပ်စားတာအပြင်မီနူးအမျိုးမျိုးတီထွင်ဖန်တီးချင်သူတွေအတွက် C...
07/24/2026

လက်စွမ်းပြချင်သူတွေအတွက်
"ငါတို့ရန်ကုန် ငါတို့လက်ရာ" 🏆

လက်ဖက်ကိုသုပ်စားတာအပြင်
မီနူးအမျိုးမျိုးတီထွင်ဖန်တီးချင်
သူတွေအတွက် Challenge

ဒီ Challenge မှာ ငါတို့ရန်ကုန်ရဲ့
ဖေ့ဘုတ်နဲ့ တစ်တော့တို့ကနေ
တစ်ပတ်တစ်ကြိမ် လက်ဖက်နဲ့
ဖန်တီးထားတဲ့မီနူးဗီဒီယိုလေးတွေ
တင်ဆက်သွားပါမယ်။

အဲ့ဒီဗီဒီယိုထဲကအတိုင်းပဲဖြစ်ဖြစ်
ကိုယ့်စိတ်ကြိုက်ဖန်တီးထားတဲ့
မီနူးအသစ်တွေကိုပဲဖြစ်ဖြစ်ဗီဒီယို
ရိုက်ကူးပြီးတော့ ကိုယ့်ရဲ့ဆိုရှယ်
မီဒီယာအကောင့်တွေမှာတင်ရုံပါပဲ။

တင်တဲ့အခါမှာ #ငါတို့ရန်ကုန်ငါတို့လက်ရာ
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ စတဲ့
hasgtag ၂ ခုကိုတော့ထည့်ပေးပြီးတော့
public နဲ့တင်ပေးရပါမယ်။

ဒီ Challenge ကိုပါဝင်ကြမယ့်သူတွေ
အတွက် ဆုအမျိုးအစား (၃) မျိုးကို
ငါတို့ရန်ကုန်အဖွဲ့သားတွေကရွေးချယ်
ပေးအပ်သွားပါ့မယ်။

📌ဗီဒီယို view အများဆုံးဆု (FB &Tiktok)
📌ငါတို့ရန်ကုန်မှရွေးချယ်ပေးသောဆု (FB &Tiktok)
📌မေတ္တာလက်ဆောင်ဆု

ဆုအမျိုးအစားခေါင်းစဉ် (၁) ခုစီမှာ
ပါဝင်တဲ့သူတွေထဲက (၃) ယောက်စီ
ရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။

အထူးသတိပြုရမှာက ကိုယ်ဖန်တီးမယ့်
မီနူးတိုင်းမှာ ငါတို့ရန်ကုန်လက်ဖက်(သို့)
ငါတို့ရန်ကုန်ထုတ်ကုန်တစ်ခုပါဝင်ရမှာ
ဖြစ်ပါတယ်။

Challenge ကာလကတော့ ဇူလိုင်လ
(၂၅) ရက်နေ့ကနေ ဩဂုတ်လ (၂၅) ရက်
နေ့အထိဖြစ်ပါတယ်။

ဆုများကိုတော့ ဩဂုတ်လ (၃၀) ရက်
နေ့မှာ ငါတို့ရန်ကုန်ရဲ့ဖေ့ဘုတ်နဲ့တစ်တော့
တို့မှာကြေငြာပေးသွားမှာဖြစ်ပါတယ်။

#ငါတို့ရန်ကုန်ငါတို့လက်ရာ
#အိမ်အရောက်ပြန်မယ့်ခြေလှမ်းများ

Address

New York, NY
USA

Website

Alerts

Be the first to know and let us send you an email when Network of Burma Supporters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Network of Burma Supporters:

Shortcuts

Share

Category