12/05/2026
Our Nurses
Our Future
Empowered Nurses save lives ❤️
🌍 Happy International Nurses Day!
Today we celebrate the 30 million nurses whose skill, compassion, and courage save and improve lives every single day.
This year’s theme , Empowered Nurses Save Lives reminds us of a powerful truth: nurses create the strongest, safest, and most resilient health systems when they are truly empowered.
At a time of rising health demands and global instability, the evidence is clear: nursing is not a cost, it is a high‑return investment.
We call on leaders everywhere to invest for impact: safe working conditions, fair pay, full scope of practice, strong education, and leadership opportunities!
🔗Read more here: https://bit.ly/42pJ6R8
12/05/2026
ခေတ်ကြီးကောင်းလာတဲ့အခါ မိသားစု အားကိုးရတဲ့
ဆရာမလေး ဖြစ်ချင်တယ်။
လူနာတွေ အားကိုးရတဲ့ သူနာပြုကောင်း တစ်ယောက်ဖြစ်ချင်တယ်။
အများရှေ့ကနေ ယုံကြည်အားကိုးရတဲ့
လမ်းပြကောင်းတစ်ယောက်ဖြစ်ချင်တယ်။🖤🍀
အားလုံးပဲ မင်္ဂလာပါရှင်
ကျမကတော့ ၂၀၂၁ စစ်ကောင်စီ
အာဏာသိမ်းတဲ့အချိန်တုန်းက ကျမက
တတိယနှစ်သူနာပြုကျောင်းသူ (နောက်ဆုံးနှစ်)
တစ်ယောက်ဖြစ်တယ်။
တကယ်ဆိုရင် သိပ်မကြာခင်အချိန်တစ်ခုမှာ
စာမေးပွဲတွေဖြေဆိုပြီး နိုင်ငံ့အတွက်
တာဝန်ထမ်းဆောင်တော့မဲ့ သူနာပြုအလောင်းအလျာတစ်ယောက်ပေါ့ကွယ်။
ဒါပေမဲ့ စစ်ကောင်စီ အာဏာသိမ်းပြီး ၇ ရက်အကြာမှာ စတင်ပြီး ကျောင်းဆက်မတက်ဘဲ
Civil Disobedience Movement လုပ်ခဲ့ပါတယ်….ခုချိန်ထိပေါ့
ကျမရဲ့ Nursing Journey ကဆိုရင်
CDM လုပ်ပြီး သိပ်မကြာဘူး… ကျမလို ခံယူချက်တူ၊ရည်ရွယ်ချက်တူတဲ့ သူနာပြုကျောင်းသား/သူတွေ စုစည်းပြီး အဆင့်ဆင့် ဖွဲ့စည်းခဲ့တယ်။
ယနေ့ လို May -12(International Nurses Day) မှာ
ဖွဲ့စည်းတည်ထောင်ခဲ့တာ (၅)နှစ်တောင်ရှိသွားပါပြီ။❤️
ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့
သူနာပြု-သားဖွား ကျောင်းသား/သူမှန်သမျှကို ပညာရေး အခွင့်အလမ်းတွေရရှိဖို့ပဲ ဖြစ်ပါတယ်။
နောက်ပြီး
-ကျောင်းသား /သူ တစ်ယောက်ချင်းစီတိုင်း လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ပြောရေးဆိုခွင့်၊ တာဝန်ဝတ္တရားတွေကို တန်းတူအခွင့်အရေးရရှိစေရန်၊အပြန်အလှန်လေးစားကြရမယ်၊
-ကိုယ့်ရဲ့ အခွင့်အရေးတွေကို မြှင့်တင်ကာကွယ်ရမယ်၊-ကိုယ့်ရဲ့ professional role ကို အစဉ်အလေးထားရန်၊
-တာဝန်ယူမှု/တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရမယ်-ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်စွာ စီမံခန့်ခွဲမှုများရရှိစေရမယ်၊
-လူမျိုး/ဘာသာ/နေရာမရွေး လူတိုင်း အကျုံးဝင်ပညာရေးစနစ် ထွန်းကားလာစေရမယ်၊-ကျောင်းသားတိုင်း ပညာသင်ယူခွင့် နှင့် ပတ်သက်တဲ့ သာတူညီမျှများ ၊ လွတ်လပ်မှုမှန်သမျှကို အပြည့်အဝရရှိနိုင်စေရမယ်၊
- Diploma နဲ့ကျောင်းပြီးသွားသော သူနာပြုဆရာ/မများအား bridging, masters, PhDs ကဲ့သို့ အဆင့်မြင့်ပညာရေးများကို လက်လှမ်းမီစွာ ဆက်လက်တက်ရောက်နိုင်ဖို့ လက်တွဲခေါ်ရမယ်၊ အခွင့်အရေးများ ဖော်ဆောင်ပေးရမယ်၊
-အရည်အသွေးအာမခံနိုင်တဲ့ နိုင်ငံတကာ အသိအမှတ်ပြုသူနာပြု-သားဖွား ကောင်းများကို မွေးထုတ်ပေးနိုင်တဲ့ သင်ကြားမှုစနစ်ကောင်းတစ်ခု ပေါ်ပေါက်လာစေရမယ်၊
-သူနာပြု-သားဖွား ကျင့်ဝတ်များ ကို ထိန်းသိမ်းစောင့်ရှောက်၍ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးပြုနိုင်တဲ့ သူနာပြုသားဖွားကောင်းများ ပေါ်ထွက်လာစေရမယ်၊-ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်၍လိုအပ်တဲ့အကူအညီများကို ပါဝင်ကူညီဖြည့်တင်းရမယ်၊
-တိုင်းရင်းသားလူမျိုးစုရဲ့ ရိုးရာ၊ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းများကို အပြန်အလှန် လေးစားတန်ဖိုးထားတတ်စေရမှာပဲ ဖြစ်ပါတယ်။
တကယ့်လက်တွေ့မှာရော ဒါတွေ ဆောင်ရွက်နေသလား
မေးရင် …”ဟုတ် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သလို၊ဆက်လက်ပြီးလဲ စစ်မှန်တဲ့ ဖက်ဒရယ်အတွက် တိုက်ပွဲဝင်နေပါတယ်”
တစ်နိုင်ငံလုံးမှာရှိတဲ့ CDM လုပ်ထားတဲ့ သူနာပြု-သားဖွားကျောင်းသား/သူတွေရဲ့ပညာရေးအခွင့်အလမ်းတွေကို ဆက်လက်ဖော်ဆောင်ပြီး ချိတ်ဆက်ဆောင်ရွက်နေပါတယ်။
ဒီလိုနဲ့ Revolution -၅နှစ်တာကာလတွေမှာလဲ
ကိုယ့်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးတာဝန်ယူပြီး
ကျေပွန်အောင် ထမ်းဆောင်ပေးတယ်။
ဒါပေမဲ့ ကျမမှာ လုံလောက်တဲ့ပညာတွေ မရသေးတဲ့အတွက် ဆက်လက်ပြီး သင်ယူတယ်၊ ယခုဘွဲ့ရသည်အထိလဲ
ကိုယ့်ကိုယ်ကို တတ်ကျွမ်းနေပြီလို့ မခံစားရဘူး၊
သင်ချင်နေသေးတာတွေ ထပ်ထပ်တိုးလာတယ် ၊
ဆက်ပြီး လေ့လာသင်ယူနေတယ်၊နောက်ပြီး ကျမအနေနဲ့ သူနာပြုတစ်ယောက်ဆိုတာထက်
သူနာပြုကောင်းတစ်ယောက်ဖြစ်ဖို့ အများကြီး လိုအပ်နေသေးတာဖြစ်တယ်…
အခက်အခဲတွေကြားကနေ ကျောင်းသားတွေရဲ့ပညာရေးကို ဆက်လက်ပြီး ဖော်ဆောင်ပေးတဲ့ ICMNMTS က
တီချယ်တွေ ကျေးဇူးကြောင့် Diploma In Nursing လဲ ပြီးမြောက်အောင်မြင်ခဲ့ပြီ။
ပြည်ပဆရာတွေ၊ ချစ်ရတဲ့ တီချယ်တွေရဲ့ကျေးဇူးကြောင့် နောက်ထပ် Bachelor Degree Level အထိ အောင်မြင်ခဲ့ပြီ ⏫️
ဒီချိန်ထိ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာကို
ကူညီထောက်ပံ့ပေးတဲ့ ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့
ဒီကာလမှာ အတူတူရှိနေပေးတဲ့
ပြည်တွင်းက ဆရာ ဆရာမတွေ၊ ပြည်ပက သူနာပြုပညာရှင်အသီးသီးကို ကျေးဇူးတင်မိပါတယ်ရှင်။
ကျမက သူနာပြုပါ ဘယ်ကျောင်းဆင်းကပါလို့
ဂုဏ်ယူစွာပြောနိုင်ခဲ့တဲ့ မှတ်တမ်းလေးဖြစ်တယ်။
ကျမရဲ့ Nursing Journey လေးက
အထူးအဆန်းတော့ မရှိပါဘူး။
Diploma လက်မှတ်ယူတဲ့နေ့က ဆရာတစ်ယောက်ပြောတဲ့ "အနာဂါတ်လမ်းက ပျောက်တာမဟုတ်ဘဲ
ကိုယ်သွားချင်ရာကို ကိုယ်တိုင်ဖောက်ပြီး လျှောက်ရမှာ"
ဆိုတာက ကျမအတွက်တော့ ပညာဆက်သင်ချင်တယ်
ကျမ ပညာတွေရလေလေ ကျမပတ်ဝန်းကျင်ကို ပိုစောင့်ရှောက်နိုင်လေလေမလို့ Diploma နဲ့တင်ရပ်တန့်မနေချင်ခဲ့ပါဘူး။အရင်တုန်းကလို ပညာရေးလမ်းကြောင်း ဖြောင့်ဖြူးမနေဘူးဆိုတာ သိပေမယ့် အတူအခက်အခဲရင်ဆိုင်မယ့် သူငယ်ချင်းတွေကို စုစည်းတယ်၊ ကိုယ်လိုချင်တာကို တင်ပြတောင်းဆိုတယ်။
မပေးနိုင်သူတွေရဲ့ ငြင်းဆန်မှုတွေ ကြုံခဲ့ရသလို၊
မဖြစ်နိုင်တဲ့အရာတွေကို မလုပ်ဖို့ တားမြစ်သူတွေလည်း
ရှိခဲ့တယ်။ ကျမတို့ လိုချင်တာကို ပေးနိုင်တဲ့
ပညာရှင်တွေနဲ့ တွေ့တော့အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ခဲ့ပါပြီ။
မောတော့မောတာပေါ့ ဒါပေမယ့် လှပစွာ ပြုံးနိုင်ခဲ့ပါပြီ။
ခေတ်ကြီး ကောင်းလာတဲ့အချိန်ကျရင်
ကျမမိသားစုအားကိုးရတဲ့ ဆရာမလေး ဖြစ်ချင်တယ်။ နောက်ပြီး လူနာတွေ အားကိုးရတဲ့ သူနာပြုကောင်းတစ်ယောက်ဖြစ်ချင်တယ်။
အများယုံကြည်အားကိုးရတဲ့
လမ်းပြကောင်းတစ်ယောက်ဖြစ်ချင်တယ်။
သူနာပြုများနေ့မှာ တော်လှန်ရေးကာလအတွင်း
ကျဆုံးသွားသော သူနာပြုဆရာ/ဆရာမများကို
အလေးပြုပါတယ်။
တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာ/ဆရာမများကို ဂုဏ်ပြုလေးစားပါတယ်။
မဝေးတော့တဲ့ အနာဂတ်မှာ လူနာတွေ၊ချစ်ရတဲ့သူတွေကို ကယ်တင်ပြုစုစောင့်ရှောက်ရင်းနဲ့ ကျန်းမာစွာအသက်ရှင်ပေးဖို့ ဆုမွန်ကောင်းတောင်းလျက်။
Happy International Nurses Day ❤️
ချစ်လှစွာသော
2022NT_0129 or 2025PB_009 or အထူးငယ် 🖤
12/05/2026
Happy International Nurses Day ❤️
Our Nurses
Our Future
Empowered Nurses save lives… 🖤🍀
30/04/2026
ဒီပုံတစ်ခုက ကျွန်တော်တို့အတွက်တော့
ယုံကြည်စိတ်ချလောက်စရာမရှိဘူးလို့ ခံစားရပါတယ်။
ပိုစိုးရိမ်စိတ်ဖြစ်သလို ၊
ပိုစိတ်ချရတဲ့ မြင်ကွင်း တစ်ခုခုကို မျှော်လင့်မိတယ်။
15/04/2026
“အဓမ္မ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွတ်ပါ”
-----
လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့အပါအဝင် အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ကြပါစေ။
အာဏာရှင်စနစ်အောက်မှာ “အကျဉ်းထောင်” များထဲက နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ဖို့ လှုပ်ရှားတောင်းဆိုခြင်းဟာ “အကျယ်ထောင်” ထဲက ကျနော်တို့တွေအတွက် လုပ်ကို လုပ်ရမယ့် “တာဝန်” တရပ်ပဲဖြစ်ပါတယ်။
" လက်ပံတောင်းတောင်ပင်မသပိတ် မှBlue Shirt Campaign လှုပ်ရှားမှု ပုံရိပ်များ "
ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ။
အရေးတော်ပုံ အောင်ရမည်။
10/04/2026
Blue Shirt Campaign (၁၂) ရက်တာ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ပေးနိုင်ရေး တိုက်တွန်းနှိုးဆော်ချက်
နေ့စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့သည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမြဲတစေ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂)နှစ် ပြည့်သည့် နေ့ရက်ဖြစ်ပါသည်။
ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့်သည့် နေ့တွင် သမ္မတကြီး ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးနှင့် အရေးတော်ပုံ အောင်နိုင်ရေးအတွက် ယနေ့ ဧပြီလ (၁၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၁၂)ရက်တာ Blue Shirt Campaign လူထုလှုပ်ရှားမှုကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုများမှအွန်လိုင်းနှင့် မြေပြင်များတွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။
နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးသည် ပြည်သူတရပ်လုံး လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအထိ အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ရာ ဤလှုပ်ရှားမှုတွင် ပြည်သူလူထုအားလုံးအနေဖြင့် တစ်ခဲနက် ပါဝင်ကြရန် မိမိတို့မှ အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ နှင့် ပြည်သူလူထုအားလုံးမှ အကျဉ်းထောင်များအတွင်း မတရားထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက်
၁။ အပြာရောင်အဝတ်အစား (Blue Shirt) များ ဝတ်ဆင်၍ ရိုက်ကူးထားသည့်ပုံ (သို့မဟုတ်) ဗွီဒီယိုများကို လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မျှဝေခြင်း၊
၂။ မျှဝေရာတွင် ကမ်ပိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့်အတူ သတ်မှတ်ထားသော Campaign Hashtag များ(
) အသုံးပြုခြင်း၊
၃။ မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက်များအား ဖိတ်ခေါ်၍ ကမ်ပိန်းတွင် ပါဝင်စေခြင်းတို့ဖြင့်
ကျွန်ုပ်တို့နှင့်အတူတကွ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
၁။ ၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု
၂။ အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)
၃။ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)
၄။ နွေဦးတမာန်-နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (NOTM)
၅။ထောင်ဝင်စာပို့ကြမယ် (ကလေးမြို့)
၆။ မြန်မာ့အကျဉ်းထောင်သက်သေ (MPW)
၇။ နိုင်ငံရေးအကျဉ်းသားများတရားမျှတမှုကွန်ရက် (JNPP)
၈။ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN)
၉။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)
၁၀။ ပဲခူးယူနှစ်ဖက်ဒရယ်အင်အားစု (BUFF)
၁၁။ Politics for Women Myanmar
၁၂။ Loveurcontent Entertainment
၁၃။ အမျိုးသမီးမဟာမိတ်အင်အားစု (WAB)
၁၄။ New Myanmar Foundation (NMF)
၁၅။ Women Lead Resource Center (WLRC)
၁၆။ Magway Region Human Rights Network ( MHRN)
၁၇။ Youth Empowerment (YE)
၁၈။ Generation Wave
၁၉။ သမိုင်းသယ်ဆောင်သူမျာ;
၂၀။ Yangon Deaf Group (YDG)
၂၁။ မြန်မာနိုင်ငံ သူနာပြု သားဖွားသင်တန်းကျောင်းများ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (SULMNMTS)
၂၂။ သူနာပြုသင်တန်းကျောင်းမန္တလေးကျောင်းသားများသမဂ္ဂ (NTS_MDYSU)
၂၃။ Anti-junta Forces Coordination Committee - Mandalay
၂၄။ ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ
၂၅။ People Movement Platform Myanmar
၂၆။ Burma Fact Check Community (FNCC)
၂၇။ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု
၂၈။ Defend Myanmar Democracy-DMD
၂၉။ India For Myanmar (I4M)
၃၀။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)
ဆက်သွယ်ရန်
မချောစုစံ (Signal Username- .93)
မရောင်နီလင်း (Signal Username-.144 )
01/04/2026
တောင်သူလယ်သမားတွေ ချွေး၊သွေးနဲ့ရင်းပြီး တည်ဆောက်ထားတဲ့ အိမ်ပေါင်းများစွာ
ခုတော့ 💔
#အညာရဲ့အပူမီးတွေ
28/03/2026
❤️
Myanmar: being educated as nurses under fire | RCN Magazine | Royal College of Nursing
Two student nurses share their extraordinary journey to qualify during Myanmar's brutal conflict
20/03/2026
လက်တွဲခေါ်ဆောင်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 🖤🙏🏻
Rising from the fire: How Myanmar's Nursing Students Reached Graduation Against the Odds | Royal College of Nursing
Rising from the fire: How Myanmar's Nursing Students Reached Graduation Against the Odds
11/03/2026
တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်အင်အား မသုံးဘဲ မဟာမိတ်နည်းလမ်း ဖြင့်သာ ဖြေရှင်းကြရန် တော်လှန်ရေးအင်အားစုအသီးသီးမှ ထုတ်ပြန်ကြေညာချက်
ရက်စွဲ - မတ်လ (၁၀) ရက်/ ၂ဝ၂၆ ခုနှစ်