Yangon , MSMEs Development Department , DISI , MOI

Call Directions Website Contact the organization

Yangon , MSMEs Development Department  , DISI , MOI We are here to help SME in Myanmar.

👉 ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်မည့်MSME talk show စကားဝိုင်းလုပ်ငန်းရှင်များအတွက် တစ်နေရာတည်းမှာပဲ ✴ထုတ်ကု...
23/10/2026

👉 ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်
မည့်MSME talk show စကားဝိုင်း

လုပ်ငန်းရှင်များအတွက် တစ်နေရာတည်းမှာပဲ

✴ထုတ်ကုန်များ ခေတ်မီလက်လီရောင်းချရေးဈေးကွက်တွေမှာ တင်သွင်းရောင်းချရန်၊
ဈေးကွက်ရဲ့ လက်ခံနိုင်မှု၊

✴ထုတ်ကုန်ဈေးကွက်ချိတ်ဆက်မှုနှင့်ပတ်သက်၍သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအကြောင်း

✴တီထွင်ဖန်တီးမှုအသိပညာများ

✴Packaging ဆိုင်ရာအကြောင်းအရာများ

✴သုတေသနနှင့်စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာအကြောင်းအရာများ

✴လူငယ်လုပ်ငန်းရှင်၏လုပ်ငန်းအတွေ့အကြုံများကိုသိခွင့်ရမှာဖြစ်လို့

(၂၅. ၁၀. ၂၀၂၆)
(၂၆.၁၀.၂၀၂၆)

နေ့လယ် (၂) နာရီတွင်

ပြည်သူ့ရင်ပြင်

Talkshow စကားဝိုင်းသို့ကြွရောက် ပေးနိုင်ပါရန်

ဖိတ်ကြားအပ်ပါတယ်

MSME လုပ်ငန်းရှက်များအတွက်စက္ကူထုပ်ပိုးပစ္စည်းများအားတင်ဒါဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းသတင်းကောင်းပါးခြင်း🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓...
20/10/2026

MSME လုပ်ငန်းရှက်များအတွက်စက္ကူထုပ်ပိုးပစ္စည်းများအားတင်ဒါဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းသတင်းကောင်းပါးခြင်း
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းအောက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်၊ အင်ရောင်း) တို့အတွက်
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည့် ကုန်ထုပ်ပိုးပစ္စည်းများ တင်ဒါခေါ်ယူ ခြင်း
ဝယ်ယူမည့် ကုန်ထုပ်ပိုးပစ္စည်း အမျိုးအစားများ
Carton Box (၁၅) မျိုးနှင့် Printed Box (၄) မျိုး
ရက်စွဲနှင့် အချိန်
ဈေးနှုန်းတင်သွင်းလွှာပုံစံ စတင်ရောင်းချမည့်ရက် - ၁၆ - ၁၀ - ၂၀၂၆
တင်ဒါပိတ်မည့်ရက်နှင့် အချိန် - ၂၉ - ၁၀ - ၂၀၂၆ (၁၆:၀၀ နာရီ)


MSME လုပ်ငန်းရှင်များအနေဖြင့် အဆိုပါတင်ဒါယှဉ်ပြိုင်လိုပါက အသေးစိတ်အချက် အလက် များကို
ရုံးအမှတ် (၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း (ရုံးချုပ်)၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်
အရည်အသွေးထိန်းသိမ်းရေးဌာန
e-Submission စနစ် Website: https://www.etender.mpie.gov.mm
ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၆၇၃-၄၀၈၃၈၈၊ ၄၀၈၃၅၄
လုပ်ငန်းရှင်များ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အချိန်မီပါဝင်ယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာရုံးဌာနများသို့ ဆက်သွယ်စုံစမ်းနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

*MSME လုပ်ငန်းရှင်များအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Saju International Trading Company မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးန...
15/10/2026

*MSME လုပ်ငန်းရှင်များအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Saju International Trading Company မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကိုက်ညီသော ၁၀၀ ရာခိုင်နှုန်း သဘာဝ (ဂုန်လျှော်) နှင့် Seagrass ထုတ်ကုန်များကို မြန်မာနိုင်ငံသို့ တင်ပို့လိုကြောင်း နှင့် နည်းပညာဖလှယ်နိုင်ရေးချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း သတင်းကောင်းပါးခြင်း
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎

၁။ တင်ပို့လိုသည့် ပစ္စည်းအမျိုးအစားများ
(ဂုံလျှော်) ထုတ်ကုန်များ: ဂျုတ်အထည် (Jute cloth/fabrics)၊ အိတ်/အိတ်ခွံများ (Jute bag/sack)၊ ဂျုတ်ချည်မျှင် (Jute yarn/Twine)၊ ကြိုး (Rope)၊ ပျိုးထုပ် ပျိုးအိုးများ (Jute nursery Pot/Sheet/Tape)၊ ကြမ်းခင်းကော်ဇော (Jute Floor Mat)၊ အပင်ကာကွယ်ရေးကွန်ရက် (Plant Protection Net)၊ ဆိုးဆေးဆိုးထားသော ကြိုးနှင့် အထည်များ၊ ဈေးဝယ်အိတ်များ -
Seagrass ထုတ်ကုန်များ: သဘာဝ Seagrass ဖြင့် ပြုလုပ်ထားသော ခြင်းတောင်းများ (Baskets)၊ အပင်စိုက်အိုးများ (Plant Pots)၊ ပန်းကန်တင်ဖျာများ (Placements) -
၂။ စီးပွားရေးနှင့် နည်းပညာဖလှယ်ရေး အခွင့်အလမ်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထောက်ပံ့မှု: ဘင်္ဂလားဒေ့ရှ်အစိုးရသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ကုန်ကြမ်းမှ တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်လာစေရန် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ နည်းပညာအကူအညီ များ ရရှိနိုင်ခြင်း-
မြန်မာနိုင်ငံရှိ MSME လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများ ကို တိုးမြှင့်ဆောင်ရွက် နိုင်ရန်နှင့်ထုတ်ကုန်များတိုက်ရိုက်တင်သွင်းခြင်းထက် စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း (B2B) ချိတ်ဆက်၍ ထုတ်ကုန်နည်းပညာများကို လေ့လာဖလှယ်နိုင်သည့် အခွင့်အလမ်း များ ရရှိနိုင်မည် ဖြစ်ခြင်း-
(ဂုံလျှော်) နှင့် Seagrass ထုတ်ကုန်များ တင်သွင်းလိုသူများ၊ စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များအနေဖြင့် အောက်ပါလိပ်စာသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်-
Company Name: Saju International Trading Company
Name : Md. Lutfur Rahaman (Managing Director)
Address Suite # 7/20, Eastern Plus Commercial Complex, 145 Shantinagar, Dhaka-1217, Bangladesh.
Website: www.sbjutex.net / www.sbjutex.com
Ph / WhatsApp / Messenger / Viber: +880-1819489309 /TEL 880-2-48313939 / +880-2-48313946
Email: [email protected] / [email protected]

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်နိုင်ပါရန်သတင်းအချက်အလက်ဖြန့်ဝေခြင်း🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓...
14/10/2026

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်နိုင်ပါရန်သတင်းအချက်အလက်ဖြန့်ဝေခြင်း
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအသိပညာ ပေးဆွေးနွေးပွဲအား (၂၀.၁၀.၂၀၂၆)ရက်နေ့၊ အင်္ဂါနေ့ ၊ နံနက် (၁၀:၀၀)နာရီ မှ (၁၂:၀၀ )နာရီ အထိ Virtual (Zoom Meeting)ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက်ရောက်လိုသည့် MSME လုပ်ငန်းရှင်များသည် (၁၆.၁၀.၂၀၂၆)ရက်နေ့၊နံနက် (၁၁:၀၀)နာရီအရောက် ရန်ကုန်တိုင်းMSME ဌာနသို့အောက်ပါဖုံးနံပါတ်များမှတဆင့် စာရင်းပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ၀၉ ၇၉၈ ၄၇၃ ၄၇၂
၀၉ ၉၈၅ ၂၂၂ ၇၅၃
၀၉-၇၈၈၉၃၃၈၉၄
၀၉ ၂၅၅၉၁၀၃၆၃
၀၉-၄၅၁၀၉၅၉၈၉

26/08/2026

Google Gemini AI ကို မြန်မာ SME တွေမှာ အသုံးချနိုင်အောင် သင်ကြားပေးမယ့် သြဂုတ်လ AI သင်တန်း | AIM ASEAN Program

စာရေးတာ၊ Idea ထုတ်တာ၊ Data တွေ ခွဲခြမ်းစိတ်ဖြာတာကအစ လုပ်ငန်းရဲ့ ပြဿနာတွေကို ဖြေရှင်းတာအထိ Gemini က ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ ဒီ Webinar မှာ အစအဆုံး လေ့လာနိုင်မှာပါ။

ဒီ Webinar မှာ ဘာတွေသင်ယူရမလဲ?
Google Gemini ကို အပေါ်ယံတင်မဟုတ်ဘဲ အထဲထိ နှိုက်နှိုက်ချွတ်ချွတ် (Deep Dive) လေ့လာသွားကြမှာပါ။ ဒါ့အပြင် product catalog တွေကို Notebook LM နဲ့ခွဲခြမ်းစိတ်ဖြာခြင်း
စာရင်းတွေကို ကိုယ်တိုင်တွက်စရာမလိုပဲ Google Gemini နဲ့ အရှုံးအမြတ်တွက်ခိုင်းခြင်း
စတဲ့ SMEs လုပ်ငန်းတွေ တကယ်လိုအပ်တဲ့နည်းလမ်းတွေကို AI အသုံးပြုပြီး ဖြေရှင်းနိုင်အောင် သင်ကြားပေးသွားမှာပါ။

🛠 ဘယ် AI Tools တွေ သုံးမလဲ?
Google Gemini
Google Vids
Notebook LM
Gemini Advance

Webinar အသေးစိတ်
နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်နေ့၊ တနင်္ဂနွေနေ့
အချိန်: နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအထိ
နေရာ: Zoom Online Webinar

သင်ကြားပေးမယ့် Instructor:
ကိုမင်းခန့်ကိုကို (Alex Vlog) ဖြစ်ပြီး မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုတွေ ပိုမိုတိုးတက်လာအောင် ကြိုးပမ်းနေတဲ့ Digital Creator၊ AI Evaluator နဲ့ AI Researcher တစ်ဦးလည်း ဖြစ်ပါတယ်။

ဘာလို့ တက်ရောက်သင့်တာလဲ?

ဒီသင်တန်းက ခက်ခဲတဲ့ နည်းပညာတွေကို သင်ပေးမှာ မဟုတ်ပါဘူး။ နည်းပညာနဲ့ အလှမ်းဝေးတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက် လွယ်လွယ်ကူကူ လေ့လာနိုင်အောင် ဖန်တီးထားတာပါ။
AIM ASEAN Program အကြောင်း:
AIM ASEAN Program ကို ASEAN Foundation က ဦးဆောင်ပြီး AVPN နဲ့ ပူးပေါင်းကာ AI Opportunity Fund: Asia-Pacific ရဲ့ အစိတ်အပိုင်းအဖြစ် Google.org နှင့် Asian Development Bank (ADB) တို့၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
AIM ASEAN Program ဟာ ASEAN ဒေသအတွင်း လုပ်ငန်းရှင်များအပြင် မြန်မာနိုင်ငံရဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက်ပါ သီးသန့် AI training များဖြင့် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်တဲ့အပြင် တက်ရောက်ကြောင်း Certificate ကိုပါချီးမြင့်သွားမှာပါ။

ရန်ကုန်မြို့ရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များကို ပိုမိုထိရောက်စွာ သင်ကြားပေးနိုင်ရန်အတွက် Women Transforming Myanmar မှ Venue နှင့် Organizing Support များကို ကူညီပံ့ပိုးပေးထားပြီး Community Strategist Partner အဖြစ်လည်း ပူးပေါင်းပါဝင်ပေးထားပါသည်။

အခုပဲ Register လုပ်လိုက်ပါ!

Register Here: https://bit.ly/AISkillsTrainingRegistrationFormW4

{မှတ်ချက်။ ။ ယခင် SME Hub Asia Myanmar ကနေ ကျင်းပခဲ့တဲ့ AI သင်တန်းတွေမှာ တက်ရောက်ပြီးသား သင်တန်းသားဟောင်းများအနေနဲ့ Register ထပ်တင်ရန် မလိုအပ်ပါ။}

Disclaimer: ယခု​ဖော်ပြပါရုပ်ပုံများသည် AI အကူအညီဖြင့် ဖန်တီးထားပါသည်။ ပါဝင်သော ဇာတ်ကောင်များနှင့် ဖြစ်ရပ်များမှာ AI အကူအညီဖြင့် ပုံဖော်ဖန်တီးထားခြင်းဖြစ်ပြီး မည်သည့် လူပုဂ္ဂိုလ်အစစ်အမှန်ကိုမျှ ကိုယ်စားပြုထားခြင်း မဟုတ်ပါ။

18/08/2026
*MSME စိုက်ပျိုးရေးထွက်ကုန် လုပ်ငန်းရှင်များ အတွက် ပြည်တွင်း/ပြည်ပဈေးကွက်ချိတ်ဆက်ရန် သတင်းကောင်း ပါးခြင်း*🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎...
14/08/2026

*MSME စိုက်ပျိုးရေးထွက်ကုန် လုပ်ငန်းရှင်များ အတွက် ပြည်တွင်း/ပြည်ပဈေးကွက်ချိတ်ဆက်ရန် သတင်းကောင်း ပါးခြင်း*
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎

ပြည်တွင်း/ပြည်ပ ဈေးကွက်ချိတ်ဆက်နိုင်ရေးတို့အတွက် MSME လုပ်ငန်းရှင်များထံ ဈေးကွက်သတင်းအချက်အလက် ပေးပို့အကြောင်းကြားအပ်ပါသည်။
City Winner ကုမ္ပဏီ သည် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ လယ်ယာထွက်ကုန်နှင့် အခြားထွက်ကုန်ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသော MSME လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက် ဝယ်ယူလိုပါသည်။
*ရရှိနိုင်မည့် အခွင့်အလမ်း -*
MSME လုပ်ငန်းရှင်များမှ လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များကို တိုက်ရိုက်ရောင်းချခွင့် နှင့်နိုင်ငံတကာ ဈေးကွက်သို့ တိုက်ရိုက်ချိတ်ဆက် တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသဖြင့်
Agro Supplier အဖြစ် City Winner ကုမ္ပဏီ သို့ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်လိုသည့် စိုက်ပျိုးရေးထွက်ကုန် MSME လုပ်ငန်းရှင်များ၊ တောင်သူများ၊ အသင်းအဖွဲ့များအနေဖြင့် -
ဈေးကွက်ဝယ်လိုအားရှိသော ပစ္စည်းအမည်စာရင်းဂိုဒေါင်အရောက် Target Offer နှုန်းထားများတို့ကို ပူးတွဲ၍ အောက်ပါ Viber နံပါတ်သို့ တိုက်ရိုက်ချိတ်ဆက် စုံစမ်းမေးမြန်းနိုင်ပါ ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဆက်သွယ်ရန် Viber -
City Winner Admin Viber: +959681171994

MSME လုပ်ငန်းရှင်များအနေဖြင့် ကြော်ငြာပါ MSME  ချေးငွေလျောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးခြင်း 🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓       ...
13/08/2026

MSME လုပ်ငန်းရှင်များအနေဖြင့် ကြော်ငြာပါ MSME ချေးငွေလျောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးခြင်း
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓


ရန်ကုန်တိုင်းဒေသကြီးမှ MSME လုပ်ငန်းရှင်များအနေဖြင့် ချေးငွေ
လျှောက် ထားနိုင်ရန်အတွက် အောက်ဖော်ပြပါစာရွက်စာတမ်းများအား ပြင်ဆင် နိုင်ရန် နှင့် အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပါတ်များအားစုံစမ်းမေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ။
၁။ MSME ချေးငွေအဆိုပြုလွှာ
၂။သက်တမ်းရှိ SME Member card
၃။သက်တမ်းရှိလုပ်ငန်းမှတ်ပုံတင်/လိုင်စင်ရရှိပြီးသူ
၄။ကုမ္ပဏီလုပ်ငန်းဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်
လက်မှတ် (မိတ္တူ)ဒါရိုက်တာများစာရင်းရှယ်ယာ ရှင်များအစည်းအဝေးမှတ်တမ်း
၅။ ချေးငွေလျှောက်ထားသူအမည်ပေါက်၊အာမခံ ပိုင်ဆိုင်မှုအထောက်အထား ၊ဘိုးဘွားပိုင်မြေ၊ဂ ရန်မြေ၊လန(၃၉)၊လယ(၃၀)(က)(ခ)
၆။လုပ်ငန်းရှင်လိုင်စင်ဓါတ်ပုံ၊မှတ်ပုံတင်(မိတ္တူ)
၇။လုပ်ငန်းသမိုင်းကြောင်းအကျဥ်းချုပ်
၈။ချေးငွေလျောက်ထားသည့်လုပ်ငန်းဖြင့်ချေးငွေ ထုတ်ချေးထာခြင်းရှိ/မရှိ ဝန်ခံဂတိပြုလွှာ
၉။ဘဏ္ဍာရေးရှင်းတမ်း ၁ နှစ်(သို့) ၃ နှစ်
၁၀။ချေးငွေအသုံးပြုမည့်အစီအစဥ်
၁၁။ပြန်လည်ပေးဆပ်မည့်အစီအစဥ်
၁၂။လုပ်ငန်းတွင်ခန့်ထားသည့်လုပ်သားဦးရေ
နှင့်လစာနှုန်းထား
၁၃။ချေးငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းအစီ
အစဥ်(Business plan)
၁၄။လုပ်ငန်းဓါတ်ပုံ (ရှေ့၊နောက်၊ဝဲယာ
အတွင်းအပြင်)
၁၅။အာမခံပစ္စည်းဓါတ်ပုံ (ရှေ့၊နောက်၊ဝဲယာ အတွင်းအပြင်)
၁၆။(၁)နှစ် ( သို့ )(၃)နှစ် အခွန်ပေးဆောင်ထားမှု(သို့) အခွန်ကင်းရှင်းကြောင်းအထောက်အ ထား
၁၇။ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် များ
တွင်ဖွင့်လှစ်ထားသော MSME Agency များမှ လုပ်ငန်းအမှန်တစ်ကယ်ဆောင်ရွက်နေကြောင်းထောက်ခံချက်

ချေးငွေထုတ်ချေးခြင်းမပြုရန် ကန့်သတ်တားမြစ်ထားသောလုပ်ငန်းများ

-အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊
-အာမခံလုပ်ငန်းများ၊
-အသေးစားငွေရေး၊ကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ၊
-အဖိုးတန် သတ္တုကျောက်များရောင်းဝယ်ရေး၊
-အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံများ (ခရီးသွားလုပ်ငန်းမှ အပ)၊
-ဖျော်ဖြေရေး၊ ပျော်ပွဲရွှင်ပွဲဆိုင်ရာလုပ်ငန်းများ၊
-ပေါက်ကွဲစေတတ်သောပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း (လက်နက်များ၊ ခဲယမ်းမီးကျောက်များ)၊
-မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော အရာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ခြင်းလုပ်ငန်းများ၊
-ဥပဒေအရ ကိုက်ညီမှု မရှိသော တားမြစ်ကန့်သတ်ထားသော လုပ်ငန်းများ၊
-သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လုပ်ငန်းများ၊

စုံစမ်းမေးမြန်းရန်

- ၀၉-၄၅၀၈၆၉၁၇၄

၀၉-၄၂၅၂၈၅၁၃၄

ဖုန်း၀၉-၂၆၀၂၀၀၈၄၃
ဖုန်း၀၉-၇၉၈၄၇၃၄၇၂
ဖုန်း ၀၉-၇၉၉၂၅၅၁၃၉
၀၉-၇၈၈၉၃၃၈၉၄
၀၉-၉၈၅၂၂၂၇၅၃

MSMEလုပ်ငန်းရှင်များထံ သို့ သတင်းကောင်းပါးခြင်းအိန္ဒိယနိုင်ငံတွင် ကျင်းပမည့် "Reverse Buyer-Seller Meet (RBSM)" ပွဲသို့ ...
04/08/2026

MSMEလုပ်ငန်းရှင်များထံ သို့ သတင်းကောင်းပါးခြင်း
အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် "Reverse Buyer-Seller Meet (RBSM)" ပွဲသို့ တက်ရောက်ရန် MSME လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခြင်း
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓

အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ Vijayawada မြို့တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့မှ (၈) ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်သော Reverse Buyer-Seller Meet (RBSM) ပွဲသို့ တက်ရောက်ရန် MSME စီးပွားရေးလုပ်ငန်းရှင်များ အမည်စာရင်းပေးသွင်းရန် ဖိတ်ခေါ်ခြင်း
အပြည်ပြည်ဆိုင်ရာ ဝယ်ယူသူများ (Buyers) နှင့် အိန္ဒိယနိုင်ငံမှ MSME စီးပွားရေးလုပ်ငန်းများနှင့်ပို့ကုန်လုပ်ငန်းရှင်များထံမှ အရည်အသွေးမြင့် ကုန်ပစ္စည်း/ဝန်ဆောင်မှု ရောင်းချသူများ အကြား ချိတ်ဆက်ဆောင်ရွက်နိုင်ရန်တစ်ဦးချင်း (One-on-One) တွေ့ဆုံဆွေးနွေးမှုများ မှတစ်ဆင့် ရေရှည်ခိုင်မာသော ကုန်သွယ်ရေး မိတ်ဖက် ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။
အဓိက ပါဝင်မည့် ကဏ္ဍများ
1. စိုက်ပျိုးရေးနှင့် အစားအသောက်
2. အထည်အလိပ်နှင့် အဝတ်အထည်
3. လက်မှုအနုပညာနှင့် လက်ရက်ကန်း
4. စက်မှုအင်ဂျင်နီယာဆိုင်ရာ ကုန်ပစ္စည်းများ
5. တုပပြုလုပ်ထားသော လက်ဝတ်ရတနာများနှင့်
6. ဆေးဝါးနှင့် ဓာတုဗေဒဆိုင်ရာ ပစ္စည်းများ ပါဝင်ပါသည်။
စိတ်ပါဝင်စားသော ဝယ်ယူသူများ အနေဖြင့်
အောက်ပါ လင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည် -
https://indiasmeforum.org/itd/register-as-buyer
အသေးစိတ်အချက်အလက်ကြည့်ရှုရန်: https://www.indiasmeforum.org/itd/upcoming-events
တိုက်ရိုက် ဆက်သွယ်ရန် မေးမြန်းနိုင်သည့် ဖုန်းနှင့် အီးမေးလ်များ:
Mr. Aayush Sharma: +91 86556 74289
Mr. Harsh Nirwan: +91 86556 74286
Email: [email protected] /
[email protected] သို့ စာရင်းပေးဆက်သွယ် ဆောင်ရွက်ပြီးသည့်လုပ်ငန်းရှင်များအနေဖြင့် (၂၉.၈.၂၀၂၆)ရက်မတိုင်မီ ရန်ကုန်တိုင်းMSME ဌာနသို့အောက်ပါဖုံးနံပါတ်များမှတဆင့် စာရင်းပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ☎ ၀၉ ၇၉၈ ၄၇၃ ၄၇၂
☎ ၀၉ ၉၈၅ ၂၂၂ ၇၅၃
☎၀၉-၇၈၈၉၃၃၈၉၄
☎၀၉ ၂၅၅၉၁၀၃၆၃
☎ ၀၉-၄၅၁၀၉၅၉၈၉

A wing of the India SME Forum, the International Trade Division supports Indian MSMEs in expanding globally through export advisory, market access, and trade facilitation in collaboration with governments and global partners.

*MSMEလုပ်ငန်းရှင်များထံ သို့ သတင်းကောင်းပါးခြင်း*                                                                       ...
30/07/2026

*MSMEလုပ်ငန်းရှင်များထံ သို့ သတင်းကောင်းပါးခြင်း*
*(၂၇ ကြိမ်မြောက် International Sericultural Commission (ISC) Congress on Sericulture and Silk Industry (ISCC-2026) ကျင်းပမည့်အကြောင်း သတင်းကောင်းပါးခြင်း*
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓

(၂၇) ကြိမ်မြောက် International Sericultural Commission (ISC) Congress on Sericulture and Silk Industry (ISCC-2026) ကို "Silk for a Sustainable Future" ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၇) ရက်အထိ အိန္ဒိယနိုင်ငံ ၊ချန်နိုင်းမြို့ Hyatt Regency Hotel တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်
စာတမ်းတင်သွင်းလိုသူများ လိုက်နာရမည့်အချက်များ
- ISCCသည် (၃) နှစ်လျှင်(၁)ကြိမ် ကျင်းပသည့်အခမ်းအနားဖြစ်ကြောင်း
- ISCC-2026 ၏ "Silk for a Sustainable Future" ခေါင်းစဉ် ဖြင့်ကျင်းပမည်ဖြစ်ပြီး၊ဘာသာရပ်ပညာရှင်များ၊ လုပ်ငန်းရှင်များ၊မူဝါဒချမှတ်သူများ စသည့်ပိုးချည်ထုတ်လုပ်မှုနှင့် ဆက်စပ်သည့်ကဏ္ဍများမှ ပုဂ္ဂိုလ်ပေါင်း (၃၅၀) ဦးခန့်ပါဝင်တက်ရောက်နိုင်ရန်ရည်မှန်းထားကြောင်း
- အခမ်းအနားကိုအစီအစဉ်(၈) ခု ဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း
- ပါဝင်တက်ရောက်လိုသူများ အနေဖြင့် မိမိရွေးချယ်သည့်ပါဝင်မှုအလိုက် အခကြေးငွေပေးသွင်းပြီး လျှောက်လွှာကို [email protected] သို့ အီးမေးလ်ဖြင့် (၂၅.၉.၂၀၂၆) ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း
- စာတမ်းအနှစ်ချုပ်ကို ၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ (၂၅) ရက် နောက်ဆုံးထား၍ ပေးပို့ရမည်။
- စာတမ်းအပြည့်အစုံကို ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာလ (၂၃) ရက် နောက်ဆုံးထား၍ ပေးပို့ရမည်။
- စာတမ်းများကို *[email protected]* သို့ အီးမေးလ်ဖြင့် ပေးပို့တင်သွင်းနိုင်ပါသည်။

Address

No(192) Kaba Aye Pagoda Road, Bahan Township, Yangon Division
Yangon
11201

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+9518605335

Alerts

Be the first to know and let us send you an email when Yangon , MSMEs Development Department , DISI , MOI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Yangon , MSMEs Development Department , DISI , MOI:

Shortcuts

Share

Nearby government services